HomeCharacterဗီလိန်အဖြစ်ကနေ ဟီးရိုးအဖြစ်ကို တဖြည်းဖြည်း ပြောင်းလဲသွားတဲ့ Marvel ဇာတ်ကောင်များ

ဗီလိန်အဖြစ်ကနေ ဟီးရိုးအဖြစ်ကို တဖြည်းဖြည်း ပြောင်းလဲသွားတဲ့ Marvel ဇာတ်ကောင်များ

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

ဗီလိန်တစ်ယောက်က နောက်ပိုင်းမှှာ တဖြည်းဖြည်းနဲ့ ပြောင်းလဲသွားပြီး ဟီးရိုးဖြစ်လာတာမျိူးကို ပရိသတ်အများစုဟာ သဘောကျလေ့ရှိပါတယ်။ Marvel ဇာတ်ကောင်တွေထဲမှာ အလားတူ ဗီလိန်ကနေ ဟီးရိုးအဖြစ် ပြောင်းလဲသွားတဲ့ ဇာတ်ကောင်တွေလည်း ရှိပါတယ်။ တချို့ဇာတ်ကောင်တွေဆိုရင် အခုချိန်မှာ နာမည်ကြီးဟီးရိုးတွေ ဖြစ်နေကြပြီး ပရိသတ်တွေကတောင် သူတို့ကို ဗီလိန် ဖြစ်ခဲ့ဖူးတယ်ဆိုတာ မေ့လျော့နေကြတာမျိုး ရှိပါတယ်။ အဲ့ဒါကြောင့် ဒီတစ်ခါမှာတော့ ဗီလိန်ကနေ ဟီးရိုးဖြစ်သွားတဲ့ Marvel ဇာတ်ကောင်တွေကို ဖော်ပြပေးချင်ပါတယ်။

(1) Rogue
photo via cbr

Rogue ကတော့ X-Men အဖွဲ့ရဲ့ အရေးကြီးတဲ့ အဖွဲ့ဝင်တစ်ယောက် ဖြစ်သလို ပရိသတ်အများအပြားကို ပိုင်ဆိုင်ထားတဲ့ ဇာတ်ကောင်တစ်ယောက်လည်း ဖြစ်ပါတယ်။ ဒါပေမယ့်လည်း သူဟာ Avengers တွေရဲ့ ဗီလိန်အနေနဲ့ စတင်ပါဝင်လာတယ်ဆိုတာ မေ့နေကြတဲ့သူတွေလည်း ရှိသလို လုံးဝမသိကြသူတွေလည်း ရှိပါတယ်။ Marvel ကောမစ်ထဲမှာ သူမ စတင်ပါဝင်လာတဲ့အချိန်မှာတော့ သူမဟာ Mystique နဲ့ Brotherhood of Evil Mutants အဖွဲ့တို့နဲ့ အလုပ်တွဲလုပ်ခဲ့ပါတယ်။

အဲ့ဒီအချိန်တုန်းကတော့ သူမဟာ Marvel ရဲ့ ဟီးရိုးတွေအများစုကို တိုက်ခိုက်ခဲ့ဖူးပြီး အဲ့ဒီထဲက အမှတ်ရစရာအကောင်းဆုံးကတော့ Carol Danvers နဲ့ တိုက်ခိုက်တဲ့အချိန်ပဲ ဖြစ်ပါတယ်။ Rogue ဟာ Carol ရဲ့ စွမ်းအားတွေကို စုပ်ယူခဲ့ပြီး လေပေါ်ပျံနိုင်စွမ်း၊ သာမန်လူတွေထက် သာလွန်တဲ့ခွန်အားနဲ့ အလွယ်တကူ မထိခိုက်နိုင်တဲ့ အစွမ်းတွေကို ပိုင်ဆိုင်သွားပါတယ်။ Carol ကတော့ အဲ့ဒီအဖြစ်အပျက်အပြီးမှာ အချိန်အတော်ကြာ စွမ်းအားတွေ ပျောက်ဆုံးသွားခဲ့ပါတယ်။ အဲ့ဒီတိုက်ပွဲ ပြီးဆုံးသွားပြီး သိပ်မကြာခင်မှာပဲ သူမဟာ Brotherhood of Evil Mutants ကနေ ထွက်ခွာခဲ့ပြီး X-Men အဖွဲ့ထဲကို ဝင်ရောက်ခဲ့တာ ဖြစ်ပါတယ်။

(2) Scarlet Witch & Quicksilver
photo via cbr

ဒီအမွှာမောင်နှမ နှစ်ယောက်ကလည်း Magneto ရဲ့ Brotherhood of Evil Mutants အဖွဲ့ဝင်တွေ ဖြစ်ခဲ့ကြပါတယ်။ Magento ဟာ သူတို့နှစ်ယောက်ကို မီးထဲကနေ ကယ်တင်ခဲ့တာကြောင့် သူတို့ဟာ အဲ့ဒီကျေးဇူးကို ပြန်ဆပ်ဖို့အတွက် Brotherhood of Evil Mutants ထဲကို ဝင်ရောက်ခဲ့တာ ဖြစ်ပါတယ်။

ဂြိုဟ်သားတစ်ယောက်က Magneto ကို ပြန်ပေးဆွဲသွားပြီး တစ်ခြားအဖွဲ့ဝင်တွေကလည်း ဘာမှမလုပ်နိုင်တဲ့ အခြေအနေမှာတော့ သူတို့တွေဟာ အဖွဲ့ထဲက ထွက်ခွာခဲ့ပါတယ်။ သူတို့နှစ်ယောက်လုံးဟာ Magneto အပေါ်မှာ ဘာကျေးဇူးမှ မရှိတော့ဘူးလို့ ခံစားခဲ့ရတာကြောင့် Brotherhood of Evil Mutants ကနေ ထွက်ခွာပြီး Avengers အဖွဲ့ထဲကို ဝင်ရောက်လာခဲ့ပါတယ်။

(3) Hawkeye
photo via cbr

Clint Barton (ခေါ်) Hawkeye ဟာလည်း ယခင်တုန်းက Iron Man ရဲ့ ဗီလိန် ဖြစ်ခဲ့ဖူးပါတယ်။ ဒီလိုမျိူး ဗီလိန်ဖြစ်သွားရတဲ့ အကြောင်းရင်းကတော့ Black Widow ဟာ Iron Man ကို အနိုင်ယူဖို့အတွက် သူမနဲ့အတူ တိုက်ခိုက်ပေးဖို့ သူ့ကို လှည့်စားကာ ကြိုးကိုင်ခြယ်လှယ်ခဲ့တာကြောင့် ဖြစ်ပါတယ်။ အဲ့ဒီနောက်မှာတော့ သူတို့ရဲ့မစ်ရှင် ကျဆုံးသွားပြီး နောက်ပိုင်းမှာတော့ တဖြည်းဖြည်းနဲ့ ပြောင်းလဲလာကာ Avengers အဖွဲ့ဝင်ဖြစ်လာပါတယ်။

(4) Black Widow
photo via cbr

Natasha Romanoff (ခေါ်) Black Widow ဟာလည်း ဆိုဗီယက်ပြည်ထောင်စုကနေ အမေရိကန်ကို စပိုင်လုပ်ဖို့ စေလွှတ်ခဲ့တဲ့ ဗီလိန်တစ်ယောက် ဖြစ်ပါတယ်။ သူမရဲ့ မစ်ရှင်ကတော့ အမေရိကန်နိုင်ငံရဲ့ အရေးကြီးသတင်းတွေကို စပိုင်လုပ်ပေးဖို့နဲ့ Iron Man ကို အနိုင်ယူဖို့ပဲ ဖြစ်ပါတယ်။ အပေါ်မှာ ဖော်ပြခဲ့သလိုပဲ သူမဟာ အဲ့ဒီမစ်ရှင်ကို ပြုလုပ်ဖို့အတွက် Clint ကိုလည်း သူမဘက်ပါလာအောင် လှည့်စားခဲ့ပါတယ်။ နောက်ပိုင်းကျမှ ပြောင်းလဲသွားပြီး ဆိုဗီယက်ကို သစ္စာဖောက်ကာ Avengers အဖွဲ့ဝင် ဖြစ်လာခဲ့တာပါ။

(5) Magneto
photo via cbr

Magneto ကတော့ Marvel ရဲ့ အအောင်မြင်ဆုံး ဗီလိန်တွေထဲတစ်ယောက် ဖြစ်ပြီး သူဟာ အခြေအနေပေါ်မှာ မူတည်ကာ ဗီလိန်နဲ့ဟီးရိုး နှစ်မျိူးလုံး ဖြစ်ခဲ့ဖူးပါတယ်။ သူကတော့ ဂျူးတွေကို လူမျိူးတုန်း သတ်ဖြတ်မှုအတွင်းမှာ ရှင်သန်ခဲ့သူတစ်ယောက် ဖြစ်ပြီး ကလေးဘဝတည်းက ကိုယ့်လူမျိူးတွေကို လူမျိူးတုန်း သတ်ပစ်နေတာကို မြင်တွေ့ခဲ့ရတာ ဖြစ်ပါတယ်။

အဲ့ဒါကြောင့်ပဲ သူဟာ သန္ဓေပြောင်းလူသားတွေအပေါ်မှာလည်း အလားတူ ကံကြမ္မာမျိူး မဖြစ်စေချင်တာပါ။ သူလုပ်သမျှ လုပ်ရပ်တွေဟာ သန္ဓေပြောင်းလူသားတွေကို ကာကွယ်ဖို့အတွက်ပဲ ဖြစ်ပြီးတော့ သန္ဓေပြောင်းလူသားတွေအတွက် အကောင်းဆုံးလို့ ထင်တဲ့အရာတွေကိုပဲ လုပ်လေ့ရှိပါတယ်။ အဲ့ဒါကြောင့်ပဲ သူဟာ အခြေအနေပေါ်မူတည်ပြီးတော့ ဗီလိန်လည်း ဖြစ်ခဲ့သလို တခါတရံမှာတော့ ဟီးရိုးလည်း ဖြစ်နေတတ်ပါတယ်။

(6) Dr. Octopus
photo via cbr

ဒီအဖြစ်အပျက်ကတော့ ဘယ်သူမှ မထင်မှတ်ထားတဲ့ အဖြစ်အပျက်တစ်ခုလို့တောင် ပြောလို့ရပါတယ်။ Dr. Octopus ဟာ ကောမစ်တိုင်းမှာ ဗီလိန်နေရာက ပါဝင်ခဲ့ပြီး အမြဲတမ်း ဗီလိန်ဖြစ်နေသူပဲ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း Superior Spider-Man ဆိုတဲ့ ကောမစ်ထဲမှာတော့ သူဟာ ဟီးရိုးတစ်ယောက် ဖြစ်လာခဲ့ပါတယ်။ ဇာတ်လမ်းရဲ့အစမှာတော့ Doctor Octopus ဟာ သေခါနီးဖြစ်နေတာကြောင့် သူ့ရဲ့အသိစိတ်ကို သေဆုံးသွားတဲ့ Peter Parker ရဲ့ခန္ဓာကိုယ်ထဲကို လွှဲပြောင်းခဲ့ပါတယ်။ အဲ့ဒီအချိန်မှာတော့ Peter ရဲ့မှတ်ဉာဏ်တွေဟာ Doctor Octopus ကို ပြောင်းလဲသွားစေပြီး သူ့ရဲ့ ဘဝအသစ်ကို ဒုစရိုက်မှုတွေ မလုပ်တော့ဘူးလို့ ဆုံးဖြတ်လိုက်ပါတယ်။

အဲ့ဒါကြောင့်ပဲ သူဟာ Peter ထက်ရော၊ Spider-Man ထက်ရော သာလွန်တဲ့ စူပါဟီးရိုးတစ်ယောက် ဖြစ်လာစေရမယ်လို့ စိတ်ဆုံးဖြတ်ကာ Superior Spider-Man ဆိုတဲ့နာမည်နဲ့ ဟီးရိုးတစ်ယောက် ဖြစ်လာပါတယ်။ အဲ့ဒီနောက်မှာတော့ သူဟာ Boomerang ဦးဆောင်ထားတဲ့ Sinister Six အဖွဲ့ကို တိုက်ခိုက်ခဲ့ပြီး Sinister Six ကို သူကိုယ်တိုင် ဦးဆောင်ဖို့အတွက် အကြံရသွားပါတယ်။ အဲ့ဒါကြောင့်ပဲ သူဟာ Sinister Six အဖွဲ့ဝင်တွေရဲ့ စိတ်ကို ထိန်းချုပ်ခဲ့ပြီး Superior Six အနေနဲ့ သူ့ရဲ့ဦးဆောင်မှုအောက်မှာ ဒုစရိုက်မှုတွေကို တိုက်ဖျက်စေခဲ့ပါတယ်။

(7) Deadpool
photo via cbr

Deadpool ကတော့ ဟီးရိုးဆိုတာထက် anti-hero လို့ ပြောရင် ပိုပြီး မှန်လိမ့်မယ်လို့ ထင်ပါတယ်။ ဒါပေမယ့်လည်း သူဟာ တရားဝင် anti-hero ဖြစ်မလာခင်တုန်းကတော့ တကယ့် စူပါဗီလိန်စစ်စစ်တစ်ယောက် ဖြစ်ပါတယ်။ အစတုန်းကတော့ သူဟာ ဒဏ်ရာတွေကို အလွန်လျင်မြန်စွာ ပြန်လည်ကုသနိုင်စွမ်းကို ပိုင်ဆိုင်ထားတဲ့ လုပ်ကြံသတ်ဖြတ်သူတစ်ယောက် ဖြစ်ပြီး ၁၉၉၁ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ New Mutants #98 ကောမစ်ထဲမှာ စတင်ပါဝင်ခဲ့တာ ဖြစ်ပါတယ်။ လုပ်ကြံသတ်ဖြတ်သူတစ်ယောက် ဖြစ်တာကြောင့် သူဟာ မကောင်းမှုတွေ အများကြီးကို ပြုလုပ်ခဲ့တဲ့ ဗီလိန်တစ်ယောက် ဖြစ်ခဲ့ပါတယ်။ နောက်ပိုင်းမှသာ သူ့ကို anti-hero အဖြစ် ပြောင်းလဲခဲ့ပြီး အခုချိန်မှာ လူအများ ကြိုက်နှစ်သက်တဲ့ Deadpool ဖြစ်လာတာပါ။

(8) Venom
photo via cbr

အားလုံးသိကြတဲ့အတိုင်း Venom ကတော့ Spider-Man ရဲ့ အအောင်မြင်ဆုံး ဗီလိန်တွေထဲကတစ်ယောက် ဖြစ်ပါတယ်။ အစတုန်းကတော့ သူဟာ Spider-Man ရဲ့ ဗီလိန်သပ်သပ် ဖြစ်ပေမယ့်လည်း တဖြည်းဖြည်း အလွန်လူကြိုက်များလာခဲ့ပါတယ်။ အဲ့ဒါကြောင့်ပဲ သူဟာ Spider-Man ရဲ့ လောင်းရိပ်ကနေ လွတ်မြောက်နိုင်ခဲ့ပြီး သူ့ရဲ့ကိုယ်ပိုင်ကောမစ်စီးရီးတွေပါ ထွက်လာခဲ့ပါတယ်။

ကနဦးတုန်းကတော့ သူ့ကို အခုလောက်ထိ အောင်မြင်လာမယ်လို့ မထင်ခဲ့ကြပေမယ့်လည်း အချိန်တွေ ကြာလာတာနဲ့အမျှ ပိုပြီးအောင်မြင်လာခဲ့ပါတယ်။ အခုချိန်မှာဆိုရင်တော့ သူဟာ anti-hero ဆိုတာထက် ပိုပြီးတော့ ဟီးရိုးဆန်နေတာကို တွေ့ရမှာဖြစ်ပြီး လောလောဆယ် ထွက်ရှိနေဆဲ ကောမစ်ထဲမှာလည်း သူဟာ Avengers တွေနဲ့ ပူးပေါင်းပြီး Knull ဆိုတဲ့ဗီလိန်ကို ရင်ဆိုင်နေတာကို တွေ့ရပါတယ်။

ဒါကတော့ ဗီလိန်ဘဝကနေ ဟီးရိုးဘဝကို ကူးပြောင်းလာတဲ့ Marvel ဇာတ်ကောင်အချို့ကို ဖော်ပြပေးခဲ့တာ ဖြစ်ပါတယ်။ ဒီလိုဆောင်းပါးတွေ ဖတ်ရတာ နှစ်သက်တယ်ဆိုရင်တော့ ဆံရစ်ဝိုင်းပေ့ချ်ကို Like & See First လုပ်ထားပေးပါဦး။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

(Zawgyi Version)

ဗီလိန္တစ္ေယာက္က ေနာက္ပိုင္းမွွာ တျဖည္းျဖည္းနဲ႔ ေျပာင္းလဲသြားၿပီး ဟီး႐ိုးျဖစ္လာတာမ်ိဴးကို ပရိသတ္အမ်ားစုဟာ သေဘာက်ေလ့ရွိပါတယ္။ Marvel ဇာတ္ေကာင္ေတြထဲမွာ အလားတူ ဗီလိန္ကေန ဟီး႐ိုးအျဖစ္ ေျပာင္းလဲသြားတဲ့ ဇာတ္ေကာင္ေတြလည္း ရွိပါတယ္။ တခ်ိဳ႕ဇာတ္ေကာင္ေတြဆိုရင္ အခုခ်ိန္မွာ နာမည္ႀကီးဟီး႐ိုးေတြ ျဖစ္ေနၾကၿပီး ပရိသတ္ေတြကေတာင္ သူတို႔ကို ဗီလိန္ ျဖစ္ခဲ့ဖူးတယ္ဆိုတာ ေမ့ေလ်ာ့ေနၾကတာမ်ိဳး ရွိပါတယ္။ အဲ့ဒါေၾကာင့္ ဒီတစ္ခါမွာေတာ့ ဗီလိန္ကေန ဟီး႐ိုးျဖစ္သြားတဲ့ Marvel ဇာတ္ေကာင္ေတြကို ေဖာ္ျပေပးခ်င္ပါတယ္။

(1) Rogue
photo via cbr

Rogue ကေတာ့ X-Men အဖြဲ႕ရဲ႕ အေရးႀကီးတဲ့ အဖြဲ႕ဝင္တစ္ေယာက္ ျဖစ္သလို ပရိသတ္အမ်ားအျပားကို ပိုင္ဆိုင္ထားတဲ့ ဇာတ္ေကာင္တစ္ေယာက္လည္း ျဖစ္ပါတယ္။ ဒါေပမယ့္လည္း သူဟာ Avengers ေတြရဲ႕ ဗီလိန္အေနနဲ႔ စတင္ပါဝင္လာတယ္ဆိုတာ ေမ့ေနၾကတဲ့သူေတြလည္း ရွိသလို လုံးဝမသိၾကသူေတြလည္း ရွိပါတယ္။ Marvel ေကာမစ္ထဲမွာ သူမ စတင္ပါဝင္လာတဲ့အခ်ိန္မွာေတာ့ သူမဟာ Mystique နဲ႔ Brotherhood of Evil Mutants အဖြဲ႕တို႔နဲ႔ အလုပ္တြဲလုပ္ခဲ့ပါတယ္။

အဲ့ဒီအခ်ိန္တုန္းကေတာ့ သူမဟာ Marvel ရဲ႕ ဟီး႐ိုးေတြအမ်ားစုကို တိုက္ခိုက္ခဲ့ဖူးၿပီး အဲ့ဒီထဲက အမွတ္ရစရာအေကာင္းဆုံးကေတာ့ Carol Danvers နဲ႔ တိုက္ခိုက္တဲ့အခ်ိန္ပဲ ျဖစ္ပါတယ္။ Rogue ဟာ Carol ရဲ႕ စြမ္းအားေတြကို စုပ္ယူခဲ့ၿပီး ေလေပၚပ်ံႏိုင္စြမ္း၊ သာမန္လူေတြထက္ သာလြန္တဲ့ခြန္အားနဲ႔ အလြယ္တကူ မထိခိုက္ႏိုင္တဲ့ အစြမ္းေတြကို ပိုင္ဆိုင္သြားပါတယ္။ Carol ကေတာ့ အဲ့ဒီအျဖစ္အပ်က္အၿပီးမွာ အခ်ိန္အေတာ္ၾကာ စြမ္းအားေတြ ေပ်ာက္ဆုံးသြားခဲ့ပါတယ္။ အဲ့ဒီတိုက္ပြဲ ၿပီးဆုံးသြားၿပီး သိပ္မၾကာခင္မွာပဲ သူမဟာ Brotherhood of Evil Mutants ကေန ထြက္ခြာခဲ့ၿပီး X-Men အဖြဲ႕ထဲကို ဝင္ေရာက္ခဲ့တာ ျဖစ္ပါတယ္။

(2) Scarlet Witch & Quicksilver
photo via cbr

ဒီအမႊာေမာင္ႏွမ ႏွစ္ေယာက္ကလည္း Magneto ရဲ႕ Brotherhood of Evil Mutants အဖြဲ႕ဝင္ေတြ ျဖစ္ခဲ့ၾကပါတယ္။ Magento ဟာ သူတို႔ႏွစ္ေယာက္ကို မီးထဲကေန ကယ္တင္ခဲ့တာေၾကာင့္ သူတို႔ဟာ အဲ့ဒီေက်းဇူးကို ျပန္ဆပ္ဖို႔အတြက္ Brotherhood of Evil Mutants ထဲကို ဝင္ေရာက္ခဲ့တာ ျဖစ္ပါတယ္။

ၿဂိဳဟ္သားတစ္ေယာက္က Magneto ကို ျပန္ေပးဆြဲသြားၿပီး တစ္ျခားအဖြဲ႕ဝင္ေတြကလည္း ဘာမွမလုပ္ႏိုင္တဲ့ အေျခအေနမွာေတာ့ သူတို႔ေတြဟာ အဖြဲ႕ထဲက ထြက္ခြာခဲ့ပါတယ္။ သူတို႔ႏွစ္ေယာက္လုံးဟာ Magneto အေပၚမွာ ဘာေက်းဇူးမွ မရွိေတာ့ဘူးလို႔ ခံစားခဲ့ရတာေၾကာင့္ Brotherhood of Evil Mutants ကေန ထြက္ခြာၿပီး Avengers အဖြဲ႕ထဲကို ဝင္ေရာက္လာခဲ့ပါတယ္။

(3) Hawkeye
photo via cbr

Clint Barton (ေခၚ) Hawkeye ဟာလည္း ယခင္တုန္းက Iron Man ရဲ႕ ဗီလိန္ ျဖစ္ခဲ့ဖူးပါတယ္။ ဒီလိုမ်ိဴး ဗီလိန္ျဖစ္သြားရတဲ့ အေၾကာင္းရင္းကေတာ့ Black Widow ဟာ Iron Man ကို အႏိုင္ယူဖို႔အတြက္ သူမနဲ႔အတူ တိုက္ခိုက္ေပးဖို႔ သူ႔ကို လွည့္စားကာ ႀကိဳးကိုင္ျခယ္လွယ္ခဲ့တာေၾကာင့္ ျဖစ္ပါတယ္။ အဲ့ဒီေနာက္မွာေတာ့ သူတို႔ရဲ႕မစ္ရွင္ က်ဆုံးသြားၿပီး ေနာက္ပိုင္းမွာေတာ့ တျဖည္းျဖည္းနဲ႔ ေျပာင္းလဲလာကာ Avengers အဖြဲ႕ဝင္ျဖစ္လာပါတယ္။

(4) Black Widow
photo via cbr

Natasha Romanoff (ေခၚ) Black Widow ဟာလည္း ဆိုဗီယက္ျပည္ေထာင္စုကေန အေမရိကန္ကို စပိုင္လုပ္ဖို႔ ေစလႊတ္ခဲ့တဲ့ ဗီလိန္တစ္ေယာက္ ျဖစ္ပါတယ္။ သူမရဲ႕ မစ္ရွင္ကေတာ့ အေမရိကန္ႏိုင္ငံရဲ႕ အေရးႀကီးသတင္းေတြကို စပိုင္လုပ္ေပးဖို႔နဲ႔ Iron Man ကို အႏိုင္ယူဖို႔ပဲ ျဖစ္ပါတယ္။ အေပၚမွာ ေဖာ္ျပခဲ့သလိုပဲ သူမဟာ အဲ့ဒီမစ္ရွင္ကို ျပဳလုပ္ဖို႔အတြက္ Clint ကိုလည္း သူမဘက္ပါလာေအာင္ လွည့္စားခဲ့ပါတယ္။ ေနာက္ပိုင္းက်မွ ေျပာင္းလဲသြားၿပီး ဆိုဗီယက္ကို သစၥာေဖာက္ကာ Avengers အဖြဲ႕ဝင္ ျဖစ္လာခဲ့တာပါ။

(5) Magneto
photo via cbr

Magneto ကေတာ့ Marvel ရဲ႕ အေအာင္ျမင္ဆုံး ဗီလိန္ေတြထဲတစ္ေယာက္ ျဖစ္ၿပီး သူဟာ အေျခအေနေပၚမွာ မူတည္ကာ ဗီလိန္နဲ႔ဟီး႐ိုး ႏွစ္မ်ိဴးလုံး ျဖစ္ခဲ့ဖူးပါတယ္။ သူကေတာ့ ဂ်ဴးေတြကို လူမ်ိဴးတုန္း သတ္ျဖတ္မႈအတြင္းမွာ ရွင္သန္ခဲ့သူတစ္ေယာက္ ျဖစ္ၿပီး ကေလးဘဝတည္းက ကိုယ့္လူမ်ိဴးေတြကို လူမ်ိဴးတုန္း သတ္ပစ္ေနတာကို ျမင္ေတြ႕ခဲ့ရတာ ျဖစ္ပါတယ္။

အဲ့ဒါေၾကာင့္ပဲ သူဟာ သေႏၶေျပာင္းလူသားေတြအေပၚမွာလည္း အလားတူ ကံၾကမၼာမ်ိဴး မျဖစ္ေစခ်င္တာပါ။ သူလုပ္သမွ် လုပ္ရပ္ေတြဟာ သေႏၶေျပာင္းလူသားေတြကို ကာကြယ္ဖို႔အတြက္ပဲ ျဖစ္ၿပီးေတာ့ သေႏၶေျပာင္းလူသားေတြအတြက္ အေကာင္းဆုံးလို႔ ထင္တဲ့အရာေတြကိုပဲ လုပ္ေလ့ရွိပါတယ္။ အဲ့ဒါေၾကာင့္ပဲ သူဟာ အေျခအေနေပၚမူတည္ၿပီးေတာ့ ဗီလိန္လည္း ျဖစ္ခဲ့သလို တခါတရံမွာေတာ့ ဟီး႐ိုးလည္း ျဖစ္ေနတတ္ပါတယ္။

(6) Dr. Octopus
photo via cbr

ဒီအျဖစ္အပ်က္ကေတာ့ ဘယ္သူမွ မထင္မွတ္ထားတဲ့ အျဖစ္အပ်က္တစ္ခုလို႔ေတာင္ ေျပာလို႔ရပါတယ္။ Dr. Octopus ဟာ ေကာမစ္တိုင္းမွာ ဗီလိန္ေနရာက ပါဝင္ခဲ့ၿပီး အၿမဲတမ္း ဗီလိန္ျဖစ္ေနသူပဲ ျဖစ္ပါတယ္။ ဒါေပမယ့္လည္း Superior Spider-Man ဆိုတဲ့ ေကာမစ္ထဲမွာေတာ့ သူဟာ ဟီး႐ိုးတစ္ေယာက္ ျဖစ္လာခဲ့ပါတယ္။ ဇာတ္လမ္းရဲ႕အစမွာေတာ့ Doctor Octopus ဟာ ေသခါနီးျဖစ္ေနတာေၾကာင့္ သူ႔ရဲ႕အသိစိတ္ကို ေသဆုံးသြားတဲ့ Peter Parker ရဲ႕ခႏၶာကိုယ္ထဲကို လႊဲေျပာင္းခဲ့ပါတယ္။ အဲ့ဒီအခ်ိန္မွာေတာ့ Peter ရဲ႕မွတ္ဉာဏ္ေတြဟာ Doctor Octopus ကို ေျပာင္းလဲသြားေစၿပီး သူ႔ရဲ႕ ဘဝအသစ္ကို ဒုစ႐ိုက္မႈေတြ မလုပ္ေတာ့ဘူးလို႔ ဆုံးျဖတ္လိုက္ပါတယ္။

အဲ့ဒါေၾကာင့္ပဲ သူဟာ Peter ထက္ေရာ၊ Spider-Man ထက္ေရာ သာလြန္တဲ့ စူပါဟီး႐ိုးတစ္ေယာက္ ျဖစ္လာေစရမယ္လို႔ စိတ္ဆုံးျဖတ္ကာ Superior Spider-Man ဆိုတဲ့နာမည္နဲ႔ ဟီး႐ိုးတစ္ေယာက္ ျဖစ္လာပါတယ္။ အဲ့ဒီေနာက္မွာေတာ့ သူဟာ Boomerang ဦးေဆာင္ထားတဲ့ Sinister Six အဖြဲ႕ကို တိုက္ခိုက္ခဲ့ၿပီး Sinister Six ကို သူကိုယ္တိုင္ ဦးေဆာင္ဖို႔အတြက္ အႀကံရသြားပါတယ္။ အဲ့ဒါေၾကာင့္ပဲ သူဟာ Sinister Six အဖြဲ႕ဝင္ေတြရဲ႕ စိတ္ကို ထိန္းခ်ဳပ္ခဲ့ၿပီး Superior Six အေနနဲ႔ သူ႔ရဲ႕ဦးေဆာင္မႈေအာက္မွာ ဒုစ႐ိုက္မႈေတြကို တိုက္ဖ်က္ေစခဲ့ပါတယ္။

(7) Deadpool
photo via cbr

Deadpool ကေတာ့ ဟီး႐ိုးဆိုတာထက္ anti-hero လို႔ ေျပာရင္ ပိုၿပီး မွန္လိမ့္မယ္လို႔ ထင္ပါတယ္။ ဒါေပမယ့္လည္း သူဟာ တရားဝင္ anti-hero ျဖစ္မလာခင္တုန္းကေတာ့ တကယ့္ စူပါဗီလိန္စစ္စစ္တစ္ေယာက္ ျဖစ္ပါတယ္။ အစတုန္းကေတာ့ သူဟာ ဒဏ္ရာေတြကို အလြန္လ်င္ျမန္စြာ ျပန္လည္ကုသႏိုင္စြမ္းကို ပိုင္ဆိုင္ထားတဲ့ လုပ္ႀကံသတ္ျဖတ္သူတစ္ေယာက္ ျဖစ္ၿပီး ၁၉၉၁ခုႏွစ္မွာ ထြက္ရွိခဲ့တဲ့ New Mutants #98 ေကာမစ္ထဲမွာ စတင္ပါဝင္ခဲ့တာ ျဖစ္ပါတယ္။ လုပ္ႀကံသတ္ျဖတ္သူတစ္ေယာက္ ျဖစ္တာေၾကာင့္ သူဟာ မေကာင္းမႈေတြ အမ်ားႀကီးကို ျပဳလုပ္ခဲ့တဲ့ ဗီလိန္တစ္ေယာက္ ျဖစ္ခဲ့ပါတယ္။ ေနာက္ပိုင္းမွသာ သူ႔ကို anti-hero အျဖစ္ ေျပာင္းလဲခဲ့ၿပီး အခုခ်ိန္မွာ လူအမ်ား ႀကိဳက္ႏွစ္သက္တဲ့ Deadpool ျဖစ္လာတာပါ။

(8) Venom
photo via cbr

အားလုံးသိၾကတဲ့အတိုင္း Venom ကေတာ့ Spider-Man ရဲ႕ အေအာင္ျမင္ဆုံး ဗီလိန္ေတြထဲကတစ္ေယာက္ ျဖစ္ပါတယ္။ အစတုန္းကေတာ့ သူဟာ Spider-Man ရဲ႕ ဗီလိန္သပ္သပ္ ျဖစ္ေပမယ့္လည္း တျဖည္းျဖည္း အလြန္လူႀကိဳက္မ်ားလာခဲ့ပါတယ္။ အဲ့ဒါေၾကာင့္ပဲ သူဟာ Spider-Man ရဲ႕ ေလာင္းရိပ္ကေန လြတ္ေျမာက္ႏိုင္ခဲ့ၿပီး သူ႔ရဲ႕ကိုယ္ပိုင္ေကာမစ္စီးရီးေတြပါ ထြက္လာခဲ့ပါတယ္။

ကနဦးတုန္းကေတာ့ သူ႔ကို အခုေလာက္ထိ ေအာင္ျမင္လာမယ္လို႔ မထင္ခဲ့ၾကေပမယ့္လည္း အခ်ိန္ေတြ ၾကာလာတာနဲ႔အမွ် ပိုၿပီးေအာင္ျမင္လာခဲ့ပါတယ္။ အခုခ်ိန္မွာဆိုရင္ေတာ့ သူဟာ anti-hero ဆိုတာထက္ ပိုၿပီးေတာ့ ဟီး႐ိုးဆန္ေနတာကို ေတြ႕ရမွာျဖစ္ၿပီး ေလာေလာဆယ္ ထြက္ရွိေနဆဲ ေကာမစ္ထဲမွာလည္း သူဟာ Avengers ေတြနဲ႔ ပူးေပါင္းၿပီး Knull ဆိုတဲ့ဗီလိန္ကို ရင္ဆိုင္ေနတာကို ေတြ႕ရပါတယ္။

ဒါကေတာ့ ဗီလိန္ဘဝကေန ဟီး႐ိုးဘဝကို ကူးေျပာင္းလာတဲ့ Marvel ဇာတ္ေကာင္အခ်ိဳ႕ကို ေဖာ္ျပေပးခဲ့တာ ျဖစ္ပါတယ္။ ဒီလိုေဆာင္းပါးေတြ ဖတ္ရတာ ႏွစ္သက္တယ္ဆိုရင္ေတာ့ ဆံရစ္ဝိုင္းေပ့ခ်္ကို Like & See First လုပ္ထားေပးပါဦး။

Legos

(ဆံရစ္ဝိုင္းဝက္ဘ္ဆိုဒ္တြင္ ေဖာ္ျပထားေသာ သတင္း၊ေဆာင္းပါးမ်ားကို အျခားမည္သည့္ ဝက္ဘ္ဆိုဒ္၊ Facebook စာမ်က္ႏွာတြင္မွ် ကူးယူေဖာ္ျပခြင့္ မျပဳပါေၾကာင္း အသိေပးအပ္ပါသည္။

RELATED ARTICLES

Most Popular