HomeEntertainmentFilm၂၀၂၂ ခုနှစ်အတွက် လက်မှတ်အရောင်းရဆုံးရုပ်ရှင် ဖြစ်လာတဲ့ Doctor Strange 2

၂၀၂၂ ခုနှစ်အတွက် လက်မှတ်အရောင်းရဆုံးရုပ်ရှင် ဖြစ်လာတဲ့ Doctor Strange 2

Doctor Strange in the Multiverse of Madness ဟာ The Batman ရုပ်ရှင်ကို ကျော်တက်ပြီး ၂၀၂၂ ခုနှစ်အတွက် လက်မှတ်အရောင်းရဆုံး ရုပ်ရှင် ဖြစ်လာတယ်လို့ သိရပါတယ်။ ဒီရုပ်ရှင်ကိုတော့ ဒါရိုက်တာ Sam Raimi က ရိုက်ကူးထားကာ Benedict Cumberbatch ၊ Elizabeth Olsen တို့အပြင် တခြား MCU သရုပ်ဆောင်တွေများစွာ ပါဝင်လာမှာ ဖြစ်ပါတယ်။

photo via screenrant

ဒီရုပ်ရှင်ထဲမှာတော့ Spider-Man: No Way Home ထဲမှာ Multiverse ကို ထိခိုက်စေခဲ့တဲ့ Doctor Strange နဲ့ WandaVision အပြီးမှာ ကြေကွဲနေတဲ့ Wanda တို့က အဓိက ပါဝင်လာမှာ ဖြစ်ပါတယ်။ ဒါ့အပြင် Doctor Strange နဲ့ Wanda တို့ရဲ့ Variant တွေကိုလည်း မြင်တွေ့ရဦးမှာ ဖြစ်တဲ့အပြင် Professor X တို့လို ပရိသတ်တွေနဲ့ ရင်းနှီးပြီးသား ဇာတ်ကောင်တွေလည်း အနည်းဆုံးတော့ Cameo အနေနဲ့ ပါဝင်လာဦးမှာ ဖြစ်ပါတယ်။

ယခုအချိန်မှာတော့ Fandango ရဲ့ ဖော်ပြချက်အရ Doctor Strange in the Multiverse of Madness ဟာ ကြိုတင်လက်မှတ် စတင်ရောင်းချတဲ့ ပထမဆုံး (၂၄)နာရီအတွင်းမှာတင် ၂၀၂၂ ခုနှစ်ရဲ့ လက်မှတ်အရောင်းရဆုံး ရုပ်ရှင် ဖြစ်လာတယ်လို့ သိရပါတယ်။ မူလတုန်းကတော့ The Batman ရုပ်ရှင်ဟာ ယခုနှစ်ရဲ့ လက်မှတ်အရောင်းရဆုံး ပထမနေရာကို ယူထားတာ ဖြစ်ပါတယ်။ ဒါကြောင့်ပဲ အခုဆိုရင်တော့ Doctor Strange 2 ဟာ The Batman အပါအဝင် ယခုနှစ်အတွင်း ထွက်ရှိထားသမျှ ရုပ်ရှင်တွေအားလုံးကို ကျော်တက်သွားတာ ဖြစ်ပါတယ်။

photo via screenrant

မကြာသေးခင်တုန်းကလည်း Fandago ဟာ ၂၀၂၂ ခုနှစ်အတွက် ပရိသတ်တွေ အကြည့်ချင်ဆုံးရုပ်ရှင်ကို စာရင်းကောက်ယူခဲ့ပြီး Doctor Strange 2 ကတော့ နံပါတ်(၆)နေရာကို ရရှိခဲ့ပါတယ်။ ပထမဆုံး ငါးကားကတော့ Black Panther: Wakanda Forever ၊ Spider-Man: Across the Spider-Verse (Part 1) ၊ The Batman ၊ Thor: Love and Thunder နဲ့ Jurassic World: Dominion တို့ပဲ ဖြစ်ပါတယ်။ ပရိသတ်တွေ စောင့်မျှော်နေကြတဲ့ ဒီရုပ်ရှင်ကတော့ လာမယ့် မေလ (၆)ရက်နေ့မှာ ထွက်ရှိလာတော့မှာ ဖြစ်ပါတယ်။

Legos

Source: Screenrant

RELATED ARTICLES

Most Popular