HomeEntertainmentFilmNo Way Home မှာ မပါဘူးလို့ လိမ်ရတာကို နှစ်ခြိုက်ခဲ့တဲ့ Andrew Garfield

No Way Home မှာ မပါဘူးလို့ လိမ်ရတာကို နှစ်ခြိုက်ခဲ့တဲ့ Andrew Garfield

The Amazing Spider-Man ရုပ်ရှင်နှစ်ကားမှာ Spider-Man အဖြစ် ပါဝင်ခဲ့တဲ့ Andrew Garfield ကတော့ Spider-Man: No Way Home ထဲမှာလည်း ပြန်လည်ပါဝင်ခဲ့ပါတယ်။ No Way Home ထဲမှာတော့ Andrew Garfield တင် မဟုတ်ဘဲ Tobey Maguire လည်း ပါဝင်ခဲ့ပါတယ်။ အင်တာဗျူးတစ်ခုမှာတော့ Andrew ဟာ No Way Home ထဲမှာ မပါဝင်ပါဘူးလို့ လိမ်ရတာကို ကြိုက်နှစ်သက်နေတယ်လို့ ပြောပြခဲ့ပါတယ်။

photo via screenrant

No Way Home ထဲမှာ ပြန်လည်ပါဝင်လာတဲ့ သရုပ်ဆောင်တွေကတော့ သူတို့နှစ်ယောက်တည်းတင် မဟုတ်ဘဲ ပရိသတ်တွေ ကြိုက်နှစ်သက်ကြတဲ့ ဗီလိန်တွေဖြစ်တဲ့ Green Goblin ၊ Doc Ock ၊ Sandman ၊ Electro နဲ့ Lizard တို့လည်း ပြန်လည်ပါဝင်ခဲ့ပါတယ်။ ဒီဇာတ်ကောင်တွေနေရာမှာတော့ အရင်က သရုပ်ဆောင်ခဲ့သူတွေကပဲ ပြန်လည်သရုပ်ဆောင်ထားတာ ဖြစ်ပြီး ဒီအချက်တွေကြောင့်ပဲ ပရိသတ်တွေကြားမှာ အလွန်ရေပန်းစားတဲ့ ရုပ်ရှင်တစ်ကား ဖြစ်လာတာပါ။

TheWarp သတင်းဌာနနဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာတော့ Andrew Garfield ဟာ အောက်ပါအတိုင်း ပြောသွားခဲ့ပါတယ်။

“ကျွန်တော် မလိမ်ပါဘူး။ အဲ့ဒါက အရမ်းစိတ်ပင်ပန်းဖို့ ကောင်းပါတယ်။ ဒီလိုမျိူး စိတ်ပင်ပန်းဖို့ ကောင်းပေမယ့်လည်း ပျော်ဖို့တော့ ကောင်းတယ်ဗျ။ ဂျာနယ်လစ်တွေနဲ့ ခန့်မှန်းနေတဲ့လူတွေနဲ့ ကျွန်တော်က Werewolf ဂိမ်း ကစားနေရသလိုပဲလေ။ တော်တော်ပျော်စရာ ကောင်းတာပါ။ လိမ်ရတာကို မုန်းခဲ့တဲ့ အချိန်တွေလည်း ရှိခဲ့ပြီး ကျွန်တော်ကလည်း ကောင်းကောင်းမလိမ်တတ်ဘူးလေ။ ဒါပေမယ့်လည်း ဒီလိုမျိူး လိမ်နေရတာကို ကျွန်တော်က ဂိမ်းတစ်ခုလို သဘောထားလိုက်တော့ အဆင်ပြေသွားပါတယ်။”

photo via screenrant

ဒါ့အပြင် အခုလိုမျိူး အင်တာဗျူးတိုင်းမှာ လိမ်ခဲ့ရတဲ့ အကြောင်းကလည်း ပရိသတ်တွေကို ဒီရုပ်ရှင်အကြောင်း Spoil မလုပ်ချင်လို့ ဖြစ်ပါတယ်လို့ ပြောခဲ့ပါသေးတယ်။ ပရိသတ်တွေက ခန့်မှန်းရင်းနဲ့ပဲ ရုပ်ရှင်ရုံထဲ ရောက်သွားမှ “ငါခန့်မှန်းတာ မှန်တယ်ကွ” ဆိုတဲ့ ခံစားချက်ကိုလည်း အပြည့်အဝခံစားစေချင်လို့ပါလို့ ပြောခဲ့ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် Spider-Man: No Way Home ဟာ မျှော်လင့်ထားတဲ့အတိုင်း ဖြစ်လာတာကြောင့် ပရိသတ်တွေအတွက် ဝမ်းသာစရာပဲ ဖြစ်ပါတယ်။

Legos

Source: Screenrant

RELATED ARTICLES

Most Popular