HomeCelebs Update NewsInternationalSwarovski Crystal သုံးသောင်းနဲ့ ခန္ဓာကိုယ်ကို အလှဆင်ခဲ့တဲ့ Doja Cat

Swarovski Crystal သုံးသောင်းနဲ့ ခန္ဓာကိုယ်ကို အလှဆင်ခဲ့တဲ့ Doja Cat

Doja Cat ကတော့ ယခုတစ်ပတ်ရဲ့ Paris Fashion Week ကို သူမတူတဲ့ ဖက်ရှင်နဲ့ တက်ရောက်လာခဲ့ပါတယ်။ Need To Know သီချင်းရှင် Doja Cat ဟာ Schiaparelli Haute Couture fashion show ကို အနီရောင် တလက်လက် တောက်ပနေတဲ့ ခရစ်စတယ်လ်ကျောက်တွေ တစ်ကိုယ်လုံးအပြည့် အလှဆင်ပြီး ရောက်လာခဲ့တာ ဖြစ်ပါတယ်။

Couture Week ရဲ့ ပထမဆုံးနေ့မှာပဲ Doja Cat ဟာ ခမ်းနားကြီးကျယ်စွာ ပွဲတက်လာခဲ့ပြီး သူမရဲ့ခန္ဓာကိုယ်မှာတော့ Swarovski ခရစ်စတယ်လ် ကျောက်ပေါင်း သုံးသောင်းခန့်ကို တစ်ပွင့်ချင်းစီ လက်နဲ့အလှဆင်ထားတာ ဖြစ်ပါတယ်။ အပေါ်ပိုင်းမှာတော့ အနီရောင်ပိုးရင်ပြတ်အင်္ကျီနဲ့ ပုဝါတို့ကို ဆင်မြန်းထားပြီး စကတ်ကိုတော့ hand-made ဖြစ်တဲ့ အနီရောင်ဆေးဆိုးထားတဲ့ သစ်သားပုတီးစေ့လေးတွေနဲ့ ဖန်တီးထားတာ တွေ့ရပါတယ်။

Photo Credit: Jacopo Raule/ Getty Images

Doja ရဲ့ Inferno ကို အသက်သွင်းပေးထားတဲ့ မိတ်ကပ်ဆရာကတော့ ဆယ်လီတွေကို လိမ်းခြယ်ပေးနေကျ နာမည်ကြီး makeup artist Pat McGrath ပဲ ဖြစ်ပါတယ်။ Doja ရဲ့မျက်နှာနဲ့ ခေါင်းတစ်ခုလုံး အပါအဝင် ရင်ဘတ်ပိုင်းတစ်ခုလုံးပေါ်မှာ ခရစ်စတယ်လ်တစ်လုံးချင်းစီကို အနုစိတ် လက်နဲ့လိုက်ပြီး အလှဆင်ထားတာ ဖြစ်ပါတယ်။ ဒီ look ကို ရဖို့အတွက် ကျောက်တပ်ဆင်ချိန်ချည်းပဲ (၅)နာရီနီးပါး ကြာမြင့်ခဲ့တယ်လို့ သိရပါတယ်။

 

View this post on Instagram

 

A post shared by British Vogue (@britishvogue)

သူမရဲ့ဦးခေါင်းပိုင်းကိုတော့ ခေါင်းအစွပ်တစ်ခုနဲ့ အရင်အုပ်ပြီးမှ အပေါ်က ဆေးအနီရောင်ဆိုးကာ ခရစ်စတယ်လ်ကျောက်တွေနဲ့ အလှဆင်ထားတာလို့ Pat McGrath က အင်စတာဂရမ်မှာ ရှင်းပြထားပါတယ်။

Vancouver

Source: people

RELATED ARTICLES

Most Popular