HomeCelebs Update NewsInternationalDr. Strange နဲ့ Sherlock Holmes ဇာတ်ရုပ်နှစ်ခုကို နှိုင်းယှဉ်ပြီး ပြောပြလာတဲ့ Benedict Cumberbatch

Dr. Strange နဲ့ Sherlock Holmes ဇာတ်ရုပ်နှစ်ခုကို နှိုင်းယှဉ်ပြီး ပြောပြလာတဲ့ Benedict Cumberbatch

နာမည်ကျော်မင်းသား Benedict Cumberbatch ကတော့ လက်ရှိ သူသရုပ်ဆောင်နေတဲ့ Marvel Cinematic Universe (MCU)ထဲက Doctor Strange ဇာတ်ကောင်နဲ့ သူ့ရဲ့ အခြားသော နာမည်ကျော်ဇာတ်ရုပ် ဖြစ်တဲ့ Sherlock Holmes တို့ရဲ့ ကွာခြားချက်ကို နှိုင်းယှဉ်ပြီး ပြောပြလာပါတယ်။

Cumberbatch ကတော့ MCU ထဲကို မဝင်ရောက်လာခင်တည်းက နာမည်ကျော် ဇာတ်ရုပ်တွေမှာ သရုပ်ဆောင်ထားသူ ဖြစ်ပါတယ်။ အဲဒီဇာတ်ရုပ်တွေထဲမှာတော့ ခေတ်သစ်ပုံစံနဲ့ ပြန်လည် ဆန်းသစ် ရိုက်ကူးထားတဲ့ စုံထောက်ဇာတ်လမ်းတွဲ Sherlock Holmes လည်း ပါဝင်ပါတယ်။ သူဟာ Sherlock ဇာတ်လမ်းတွဲထဲမှာ MCU ထဲက သရုပ်ဆောင်တစ်ယောက် ဖြစ်တဲ့ Martin Freeman နဲ့အတူ အတွဲညီညီ သရုပ်ဆောင်ထားပါတယ်။

Photo via IMDb

Martin Freeman ကတော့ Sherlock ထဲမှာ စုံထောက် Sherlock Holmes ရဲ့တွဲဘက် ဒေါက်တာ John Watson အဖြစ် သရုပ်ဆောင်ထားပြီး MCU ထဲမှာတော့ ၂၀၁၆ ခုနှစ်က ထွက်ရှိခဲ့တဲ့ Captain America: Civil War ရုပ်ရှင်ထဲမှာ Everett K. Ross အဖြစ် သရုပ်ဆောင်ထားပြီး ၂၀၁၈ ခုနှစ်ထွက် Black Panther ထဲမှာလည်း ပါဝင်ထားပါတယ်။

Sherlock ဇာတ်လမ်းတွဲကတော့ Cumberbatch ရဲ့ သရုပ်ဆောင်ဘဝကို တဆစ်ချိုး ပြောင်းလဲစေခဲ့တဲ့ ဇာတ်လမ်းတွဲလည်း ဖြစ်ပါတယ်။ ဒီဇာတ်လမ်းတွဲဟာ ပရိသတ်တွေရဲ့ အားပေးမှု တခဲနက် ရရှိခဲ့တာ ဖြစ်ပြီး Cumberbatch ကတော့ Sherlock ဟာ အဲဒီလောက်ထိ အောင်မြင်သွားလိမ့်မယ်လို့ မထင်မိခဲ့ဘူးလို့လည်း ပြောပြဖူးပါတယ်။

Cumberbatch ဟာ မကြာသေးခင်ကပဲ The Treatment ဆိုတဲ့ podcast တစ်ခုကို အလည်လာရောက်ခဲ့ပြီး သူ့ရဲ့ နာမည်အကြီးဆုံး ဇာတ်ရုပ်နှစ်ခု ဖြစ်တဲ့ Doctor Strange နဲ့ Sherlock Holmes တို့ကို နှိုင်းယှဉ်ပြီး ပြောပြသွားတာ ဖြစ်ပါတယ်။

Photo via IMDb

“သေချာတာပေါ့။ သူ့(Dr. Strange)မှာ ရှားလော့ခ်ဆန်တဲ့ ကာရိုက်တာစရိုက်မျိုး နည်းနည်းရှိတယ်လို့ ထင်တယ်။ ရှားလော့ခ်က တကယ်ပဲ လွှမ်းမိုးနေတာလား ဆိုတာတော့ ဘုရားပဲ သိလိမ့်မယ်လေ။ သူက လူတွေကို ကြည့်တဲ့အခါ ဖြေရှင်းရမယ့် ပြဿနာတွေလို့ပဲ ကြည့်တယ်လေ။ ဒါကလည်း ရှားလော့ခ် ဆန်တာပေါ့။ ပြီးတော့ သူ့ရဲ့ လူတွေကို ဆက်ဆံပုံ၊ သူ့လူနာတွေကို ချဉ်းကပ်ပုံတွေကတော့ အပြင်လောကမှာ မရှိနိုင်မယ့် ပုံစံတွေပေါ့ … ”

“ပြောရရင် အမှုတစ်ခု၊ ကိစ္စတစ်ခုကို ဖြေရှင်းရတာပဲပေါ့။ သူ့မှာတော့ ခွဲစိတ်ခန်း မဝင်နိုင်တော့တဲ့ ပြဿနာပေါ့။ ပြီးတော့ sorcerer supreme အနေနဲ့ ပြောရမယ်ဆိုရင်လည်း သူက sorcerer supreme ဆိုတာထက် domestic arts တွေမှာ ဆရာတစ်ဆူပါ။ ဒါပေမယ့် ကောမစ်ထဲက သူ့ရဲ့အစွမ်းတွေလောက်တော့ ဒီထဲမှာ မရှိဘူးပေါ့။ ဒီကိစ္စကကျ နောက်ထပ် အင်တာဗျူးတစ်ခုမှာ Benedict Wong နဲ့ဖြစ်ဖြစ် သပ်သပ် ပြောရမယ့် ကိစ္စ ဖြစ်သွားပြီဗျ … ”

Photo via IMDb

“ဒါပေမယ့် ကျွန်တော် ထင်တာက အဲဒီမှာ သူတစ်ယောက်တည်း ထီးထီးကြီး ဖြစ်နေတာကတော့ မြင်သာတယ်ဆိုတာပဲ။ ပြီးတော့ အဲဒါကြောင့်ပဲ ပထမဆုံး ရုပ်ရှင်ထဲမှာဆိုရင်လည်း သူ့ရဲ့အချစ်ရေးကို လက်လွှတ် ဆုံးရှုံးခဲ့ရတယ်။ ပြီးတော့ အဲဒါက ရွေးချယ်မှုလို့လည်း ပြောလို့ရပါတယ်။ ပြီးတော့ ဒီရှေးကျတဲ့ ပညာရပ်တွေနဲ့ ကမ္ဘာကြီးထဲကို သူထိတွေ့မိသွားပြီး အဲဒီရဲ့ ဆင့်ကဲပြောင်းလဲမှုတွေကို သူ တွေ့သွားပြီးတည်းက သူ ဘာတွေနဲ့ သွားတွေ့လိုက်မိတယ်ဆိုတာနဲ့ Christine ကို လွမ်းနေရတော့မယ်ဆိုတာ သဘောပေါက်သွားတယ်လို့ ထင်တယ် … ”

“အဲဒီတော့ ဒါဟာ သူတို့နှစ်ယောက်အတွက် နာကျင်စရာ လမ်းခွဲပဲလေ။ တကယ်ဆိုရင် သူတို့နှစ်ယောက်အတွက် အနာဂတ်တစ်ခု ရှိနေတယ်ဆိုတာ သူ သဘောပေါက်တယ်လေ။ အဲဒီအခိုက်အတန့်လေးကို ပထမဆုံးကားထဲမှာ ထည့်ထားတာ ရှိတယ်ဗျ။ ဒါပေမယ့် ခင်ဗျား ပြောတာ မှန်တယ်။ သူ့ရဲ့ တစိတ်တပိုင်းက သူ့ဘာသာ အဆင်ပြေနေတာမျိုးလည်း ဖြစ်နိုင်တယ်။ သူ ရင်ဆိုင်ရမယ့် သတ္တဝါတွေ၊ ဝိဉာဉ်တွေနဲ့ ပတ်သက်ပြီး သူ့ကိုယ်သူ အဆင်ပြေအောင် လိုက်ပြီး ထိန်းညှိနေတာမျိုး၊ ပြီးတော့ သူ့ဆီကို ကြုံလာတဲ့ ဘာကိုမဆို အဆင်ပြေအောင် ရင်ဆိုင်တာမျိုးတွေပေါ့။ ဒါကြောင့်မို့လို့လည်း Avenger တွေထဲမှာတော့ သူက နည်းနည်းလေး စည်းပြင်ရောက်နေသလို ဖြစ်နေတာပေါ့ … ” လို့ Cumberbatch က ပြောပြထားပါတယ်။

Vancouver

Source: screenrant

RELATED ARTICLES

Most Popular