HomeCelebs Update NewsInternationalအသက်(၆၈)နှစ်ပြည့်မွေးနေ့ကို မိသားစုနဲ့အတူ ဖြတ်သန်းနိုင်ခဲ့တဲ့ မင်းသားကြီး Bruce Willis

အသက်(၆၈)နှစ်ပြည့်မွေးနေ့ကို မိသားစုနဲ့အတူ ဖြတ်သန်းနိုင်ခဲ့တဲ့ မင်းသားကြီး Bruce Willis

နာမည်ကျော်မင်းသားကြီး Bruce Willis ကတော့ ကျန်းမာရေးဘက်မှာ ချို့ယွင်းမှုတွေ ရှိနေပေမယ့် သူချစ်တဲ့မိသားစုနဲ့အတူ အသက်(၆၈)နှစ်ပြည့်မွေးနေ့ကို ပျော်ရွှင်စွာနဲ့ ဖြတ်သန်းနိုင်ခဲ့တယ်လို့ သိရပါတယ်။ မင်းသားကြီးကတော့ ပြီးခဲ့တဲ့ မတ်လ(၁၉)ရက်နေ့မှာ အသက်(၆၈)နှစ် ပြည့်သွားတာ ဖြစ်ပါတယ်။

Bruce Willis ရဲ့မွေးနေ့ရက်မြတ်ကိုတော့ လက်ရှိဇနီးဖြစ်သူ Emma Hemming Willis တင်မဟုတ်ဘဲ ဇနီးဟောင်းဖြစ်တဲ့ နာမည်ကျော်မင်းသမီး Demi Moore နဲ့အတူ သူ့ရဲ့သားသမီးတွေက အတူတူ ကျင်းပထားကြတာကို အင်စတာဂရမ်ပို့စ်မှာ တွေ့ရပါတယ်။ သူ့ရဲ့မိသားစုဟာ “Happy Birthday”သီချင်းကို ပျော်ရွှင်စွာ သီဆိုပေးထားကြပြီး Bruce ဟာလည်း စကားပြောနိုင်နေသေးကာ မိသားစုနဲ့အတူ ပျော်ရွှင်တဲ့မွေးနေ့ပွဲလေးကို ဖြတ်သန်းနိုင်ခဲ့တာ တွေ့ရပါတယ်။

 

View this post on Instagram

 

A post shared by Demi Moore (@demimoore)

အဲဒီဗွီဒီယိုကိုတော့ ဇနီးဟောင်းဖြစ်သူ Demi Moore က တင်ထားတာဖြစ်ပြီး ကပ်ပရှင်မှာလည်း “ဟက်ပီးဘက်ဒေးပါ BW ရေ … ဒီနေ့ ရှင့်ရဲ့မွေးနေ့ကို ကျွန်မတို့လုပ်ပေးနိုင်ခဲ့တာ အရမ်းဝမ်းသာမိပါတယ်။ ရှင့်ကိုလည်း ချစ်တယ်။ ကျွန်မတို့မိသားစုကိုလည်း ချစ်ပါတယ်။ သူ့အတွက် ဆုမွန်ကောင်းတွေ တောင်းပေးကြတဲ့သူတိုင်းကိုလည်း ကျေးဇူးတင်ပါတယ်ရှင်။ ကျွန်မတို့အားလုံး အဲဒီချစ်ခြင်းမေတ္တာတွေကို ခံစားရပါတယ် … “လို့ ရေးထားပါတယ်။

ဒီလိုမိသားစုဝင်အားလုံး ဆုံစည်းတဲ့ပုံကို တင်လာတာဟာ Bruce ရဲ့ရောဂါအခြေအနေကို လူသိရှင်ကြား ထုတ်ပြောပြီးတည်းက ပထမဆုံးအကြိမ် ဖြစ်ပါတယ်။ ပြီးခဲ့တဲ့လတုန်းကပဲ Bruce ရဲ့မိသားစုဟာ မင်းသားကြီးမှာ FTD လို့အတိုကောက်ခေါ်တဲ့ frontotemporal dementia ရောဂါကို ခံစားနေရတယ်လို့ အသိပေးခဲ့တာ ဖြစ်ပါတယ်။

Photo: demimoore/ Instagram

FTD ကတော့ စိတ်ခံစားချက်တွေကို စီမံထိန်းချုပ်ခြင်း၊ အာရုံခံစားနိုင်မှုကနေ သတင်းအချက်အလက်တွေ ရယူခြင်း၊ မှတ်ဉာဏ်တွေ သိမ်းဆည်းခြင်းနဲ့ ပြန်လည်ရယူခြင်းနဲ့ ဘာသာစကားတွေကို နားလည်နိုင်ခြင်းတို့အတွက် ဆောင်ရွက်ပေးတဲ့ ဦးနှောက်အရှေ့ပိုင်းကနေရာမှာ ချို့ယွင်းမှုတွေ ဖြစ်လာစေတဲ့ ရောဂါတစ်ခု ဖြစ်ပါတယ်။ ဒီရောဂါဟာ အဲဒီဦးနှောက်အစိတ်အပိုင်းကို တဖြည်းဖြည်းနဲ့ ကျုံ့လာစေပြီး စကားမပြောနိုင်တာ၊ စိတ်ခံစားမှုတွေ ပတ်သက်တဲ့ ပြဿနာတွေနဲ့ personality တစ်ခုလုံး ပြောင်းလဲတာတွေကို ဖြစ်စေနိုင်ပါတယ်။

မွေးနေ့ဗွီဒီယိုထဲမှာတော့ မင်းသားကြီးဟာ နေကောင်း ကျန်းမာလျက်ရှိပြီး စကားလည်း ပြောနိုင်သေးတာကို တွေ့ရပေမယ့် ပုံမှန်အခြေအနေထက် နည်းနည်း မူမမှန်ဖြစ်နေတာမျိုးကိုတော့ ခံစားသိရှိနိုင်ပါတယ်။ အောင်မြင်ကျော်ကြားလွန်းတဲ့ သရုပ်ဆောင်တစ်ယောက်အဖြစ် ဘဝကို ဖြတ်သန်းလာပြီးမှ ဒီလိုရောဂါမျိုးနဲ့ ရင်ဆိုင်ဖြတ်သန်းရမယ့် မင်းသားကြီးရဲ့အဖြစ်ကတော့ စိတ်မကောင်းစရာပဲလို့ ဆိုနိုင်ပေမယ့် သူ့မိသားစုရဲ့ ချစ်ခြင်းမေတ္တာ၊ ပရိသတ်တွေက ပေးပို့တဲ့ မေတ္တာတွေကြောင့် ကြံ့ကြံ့ခံနိုင်မယ်လို့ မျှော်လင့်ရပါတယ်။

Vancouver

Source: people

RELATED ARTICLES

Most Popular