HomeEntertainmentFilmHarry Potter(၈)ကားလုံးမှာ မိနစ်သုံးဆယ်လောက်ပဲ screen time ရခဲ့တဲ့ Draco Malfoy 

Harry Potter(၈)ကားလုံးမှာ မိနစ်သုံးဆယ်လောက်ပဲ screen time ရခဲ့တဲ့ Draco Malfoy 

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

နာမည်ကျော် Harry Potter ဇာတ်ကားတွေထဲမှာ ပရိသတ်အချစ်တော် ဇာတ်ကောင်များစွာ ပါဝင်ခဲ့ပြီး Draco Malfoy ဟာလည်း ပရိသတ်အားပေးမှုများစွာ ရရှိခဲ့တဲ့ ဇာတ်ကောင်တစ်ခု ဖြစ်ပါတယ်။ Harry Potter ဟာ ၂၀၀၁ခုနှစ်ကနေ ၂၀၁၁ခုနှစ်အထိ စုစုပေါင်း ရုပ်ရှင်(၈)ကား ထွက်ရှိခဲ့ပြီး fandom လည်း အခိုင်အမာ ရရှိထားပေမယ့် ယခုဖော်ပြမယ့် အချက်တစ်ခုကိုတော့ ဘယ်သူကမှ သတိမပြုမိခဲ့ကြပါဘူး။ အဲ့ဒါကတော့ စုစုပေါင်း ရုပ်ရှင်(၈)ကားလုံးမှာမှ Draco Malfoy ဟာ screen time မိနစ်သုံးဆယ်စွန်းရုံလေးပဲ ရရှိခဲ့တယ်ဆိုတဲ့အချက် ဖြစ်ပါတယ်။

Harry Potter (၈)ကားရဲ့ စုစုပေါင်း ပြသချိန်ဟာ (၁၉)နာရီနဲ့ မိနစ်(၄၀)ရှိခဲ့ပါတယ်။ သို့ပေမယ့် Tom Felton သရုပ်ဆောင်ထားတဲ့ Draco Malfoy ဇာတ်ကောင်ရဲ့ စုစုပေါင်း screen time မှာ (၈)ကားလုံးမှာမှ (၃၁)မိနစ်နဲ့ (၃၀)စက္ကန့်သာ ပါဝင်ခဲ့တာ ဖြစ်ပါတယ်။

Photo via IMDb

ဒီအကြောင်းကိုတော့ အရင်တုန်းက ဘယ်သူကမှ သတိမပြုမိခဲ့ကြပါဘူး။ လွန်ခဲ့တဲ့ ရက်အနည်းငယ်ခန့်က တွစ်တာအကောင့်ပိုင်ရှင် Alexsummersx ဆိုသူက IMDb ဝက်ဘ်ဆိုဒ် စာမျက်နှာမှာ ဖော်ပြထားတဲ့ screen time တွေကို screen shot ရိုက်ပြီး သူ့ရဲ့အကောင့်မှာ ပြန်လည်ဖော်ပြခဲ့တဲ့ အချိန်ကျမှသာ အားလုံးက ဒီအချက်ကို သတိထားမိပြီး အံ့ဩတကြီး ဖြစ်ခဲ့ကြရတာ ဖြစ်ပါတယ်။

Draco Malfoy ဇာတ်ကောင်ဟာ Harry Potter ရဲ့ ဇာတ်လမ်းတစ်လျှောက်လုံးမှာ အရေးပါတဲ့ နေရာကနေ ပါဝင်ခဲ့ပေမယ့် တကယ်တမ်း သူ့ရဲ့ဇာတ်ဝင်ခန်းတွေဟာ ပရိသတ်တွေ ထင်ထားသလောက် မများခဲ့ပါဘူး။ (၈)ကားလုံးစာအတွက် (၃၁)မိနစ်နဲ့ (၃၀)စက္ကန့်လေးပဲ ပါဝင်ခဲ့ရတဲ့အတွက် Draco Malfoy ဇာတ်ကောင်အတွက်ရော ဒီနေရာမှာ သရုပ်ဆောင်ခဲ့တဲ့ Tom Felton အတွက်ကိုပါ ပရိသတ်အများအပြားက မချင့်မရဲ ဖြစ်နေကြပါတယ်။

Photo: alexsummersx/ Twitter

အဆိုပါ screen shot မှာတော့ Draco Malfoy အပြင် အခြားသရုပ်ဆောင်တွေရဲ့ screen time တွေလည်း ပါဝင်ခဲ့ပါသေးတယ်။ Neville Longbottom ရဲ့ စုစုပေါင်း screen time ဟာ (၂၈)မိနစ်နဲ့ (၁၅)စက္ကန့်ရှိပြီး ပရော်ဖက်ဆာ McGonagall ရဲ့ screen time ကတော့ (၂၈)မိနစ်နဲ့ (၄၅)စက္ကန့် ရှိခဲ့ပါတယ်။

ဒီအကြောင်းကို အခုအချိန်မှ သတိထားမိခဲ့တဲ့ ပရိသတ်တွေဟာလည်း မယုံကြည်နိုင်လောက်အောင် အံ့ဩသွားသူတွေ ရှိသလို အချိန်တိုတိုလေးအတွင်းမှာ သူ့ရဲ့ဇာတ်ကောင်စရိုက်နဲ့ အရေးကြီးပုံတွေကို ပရိသတ်တွေဆီ အတိအကျ ပို့ဆောင်ပေးနိုင်ခဲ့တဲ့ သရုပ်ဆောင် Tom Felton ကိုလည်း ချီးကျူးအားပေးနေကြပါတယ်။

Glasgow

Source: cosmopolitanme

(Zawgyi Version)

နာမည္ေက်ာ္ Harry Potter ဇာတ္ကားေတြထဲမွာ ပရိသတ္အခ်စ္ေတာ္ ဇာတ္ေကာင္မ်ားစြာ ပါဝင္ခဲ့ၿပီး Draco Malfoy ဟာလည္း ပရိသတ္အားေပးမႈမ်ားစြာ ရရွိခဲ့တဲ့ ဇာတ္ေကာင္တစ္ခု ျဖစ္ပါတယ္။ Harry Potter ဟာ ၂၀၀၁ခုႏွစ္ကေန ၂၀၁၁ခုႏွစ္အထိ စုစုေပါင္း ႐ုပ္ရွင္(၈)ကား ထြက္ရွိခဲ့ၿပီး fandom လည္း အခိုင္အမာ ရရွိထားေပမယ့္ ယခုေဖာ္ျပမယ့္ အခ်က္တစ္ခုကိုေတာ့ ဘယ္သူကမွ သတိမျပဳမိခဲ့ၾကပါဘူး။ အဲ့ဒါကေတာ့ စုစုေပါင္း ႐ုပ္ရွင္(၈)ကားလုံးမွာမွ Draco Malfoy ဟာ screen time မိနစ္သုံးဆယ္စြန္း႐ုံေလးပဲ ရရွိခဲ့တယ္ဆိုတဲ့အခ်က္ ျဖစ္ပါတယ္။

Harry Potter (၈)ကားရဲ႕ စုစုေပါင္း ျပသခ်ိန္ဟာ (၁၉)နာရီနဲ႔ မိနစ္(၄၀)ရွိခဲ့ပါတယ္။ သို႔ေပမယ့္ Tom Felton သ႐ုပ္ေဆာင္ထားတဲ့ Draco Malfoy ဇာတ္ေကာင္ရဲ႕ စုစုေပါင္း screen time မွာ (၈)ကားလုံးမွာမွ (၃၁)မိနစ္နဲ႔ (၃၀)စကၠန႔္သာ ပါဝင္ခဲ့တာ ျဖစ္ပါတယ္။

Photo via IMDb

ဒီအေၾကာင္းကိုေတာ့ အရင္တုန္းက ဘယ္သူကမွ သတိမျပဳမိခဲ့ၾကပါဘူး။ လြန္ခဲ့တဲ့ ရက္အနည္းငယ္ခန႔္က တြစ္တာအေကာင့္ပိုင္ရွင္ Alexsummersx ဆိုသူက IMDb ဝက္ဘ္ဆိုဒ္ စာမ်က္ႏွာမွာ ေဖာ္ျပထားတဲ့ screen time ေတြကို screen shot ႐ိုက္ၿပီး သူ႔ရဲ႕အေကာင့္မွာ ျပန္လည္ေဖာ္ျပခဲ့တဲ့ အခ်ိန္က်မွသာ အားလုံးက ဒီအခ်က္ကို သတိထားမိၿပီး အံ့ဩတႀကီး ျဖစ္ခဲ့ၾကရတာ ျဖစ္ပါတယ္။

Draco Malfoy ဇာတ္ေကာင္ဟာ Harry Potter ရဲ႕ ဇာတ္လမ္းတစ္ေလွ်ာက္လုံးမွာ အေရးပါတဲ့ ေနရာကေန ပါဝင္ခဲ့ေပမယ့္ တကယ္တမ္း သူ႔ရဲ႕ဇာတ္ဝင္ခန္းေတြဟာ ပရိသတ္ေတြ ထင္ထားသေလာက္ မမ်ားခဲ့ပါဘူး။ (၈)ကားလုံးစာအတြက္ (၃၁)မိနစ္နဲ႔ (၃၀)စကၠန႔္ေလးပဲ ပါဝင္ခဲ့ရတဲ့အတြက္ Draco Malfoy ဇာတ္ေကာင္အတြက္ေရာ ဒီေနရာမွာ သ႐ုပ္ေဆာင္ခဲ့တဲ့ Tom Felton အတြက္ကိုပါ ပရိသတ္အမ်ားအျပားက မခ်င့္မရဲ ျဖစ္ေနၾကပါတယ္။

Photo: alexsummersx/ Twitter

အဆိုပါ screen shot မွာေတာ့ Draco Malfoy အျပင္ အျခားသ႐ုပ္ေဆာင္ေတြရဲ႕ screen time ေတြလည္း ပါဝင္ခဲ့ပါေသးတယ္။ Neville Longbottom ရဲ႕ စုစုေပါင္း screen time ဟာ (၂၈)မိနစ္နဲ႔ (၁၅)စကၠန႔္ရွိၿပီး ပေရာ္ဖက္ဆာ McGonagall ရဲ႕ screen time ကေတာ့ (၂၈)မိနစ္နဲ႔ (၄၅)စကၠန႔္ ရွိခဲ့ပါတယ္။

ဒီအေၾကာင္းကို အခုအခ်ိန္မွ သတိထားမိခဲ့တဲ့ ပရိသတ္ေတြဟာလည္း မယုံၾကည္ႏိုင္ေလာက္ေအာင္ အံ့ဩသြားသူေတြ ရွိသလို အခ်ိန္တိုတိုေလးအတြင္းမွာ သူ႔ရဲ႕ဇာတ္ေကာင္စ႐ိုက္နဲ႔ အေရးႀကီးပုံေတြကို ပရိသတ္ေတြဆီ အတိအက် ပို႔ေဆာင္ေပးႏိုင္ခဲ့တဲ့ သ႐ုပ္ေဆာင္ Tom Felton ကိုလည္း ခ်ီးက်ဴးအားေပးေနၾကပါတယ္။

Glasgow

Source: cosmopolitanme

RELATED ARTICLES

Most Popular