HomeCelebs Update NewsInternationalကိုယ်ပိုင် brand က ရောင်းရငွေတွေကို လက်ဘနွန်ပြည်သူတွေဆီ လှူဒါန်းခဲ့တဲ့ Drake 

ကိုယ်ပိုင် brand က ရောင်းရငွေတွေကို လက်ဘနွန်ပြည်သူတွေဆီ လှူဒါန်းခဲ့တဲ့ Drake 

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

နာမည်ကျော် ရက်ပ်အဆိုတော် Drake ဟာ လက်ဘနွန်နိုင်ငံက ပြည်သူတွေအတွက် လှူဒါန်းမှုတစ်ခု ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

အခုဆိုရင် လက်ဘနွန်နိုင်ငံ ဘီရုဒ်မြို့မှာ ပြင်းထန်တဲ့ ပေါက်ကွဲမှုကြီး ဖြစ်ပွားခဲ့ပြီးတာ သုံးလခန့် ရှိပါပြီ။ ကြောက်မက်ဖွယ် ပေါက်ကွဲမှုကြီးကြောင့် ဘီရုဒ်မြို့နေ လူအများစု ထိခိုက်ခံစားခဲ့ရတဲ့အတွက် နိုင်ငံတကာက လူအများအပြားက ဝိုင်းဝန်းကူညီ လှူဒါန်းခဲ့ကြပါတယ်။ ဒီထဲမှာတော့ နာမည်ကျော် ရက်ပ်အဆိုတော် Drake လည်း အပါအဝင် ဖြစ်ပါတယ်။

Photo: champagnepapi/ Instagram

Drake ဟာ ဂီတအလုပ်အပြင် စီးပွားရေးအနေနဲ့ ကိုယ်ပိုင်အဝတ်အထည် အမှတ်တံဆိပ်တစ်ခုကိုလည်း ပိုင်ဆိုင်ပါသေးတယ်။ OVO လို့ အမည်ရတဲ့ အမှတ်တံဆိပ်ဟာ အမျိုးသားဝတ် တီရှပ်တွေနဲ့ hoodie အင်္ကျီတွေကို ထုတ်လုပ်ပါတယ်။ Drake ဟာ အဆိုပါကုမ္ပဏီရဲ့ ပူးတွဲတည်ထောင်သူဖြစ်ပါတယ်။

ဒါကြောင့်ပဲ သူ့ရဲ့အမှတ်တံဆိပ် OVO ကနေ အသစ်ထပ်မံ ထုတ်လုပ်လိုက်တဲ့ တီရှပ်အင်္ကျီတွေနဲ့ hoodie တွေကို အွန်လိုင်းကတစ်ဆင့် ရောင်းချခဲ့ပြီး အဲ့ဒီ့ကရရှိတဲ့ အမြတ်ငွေအားလုံးကို ဘီရုဒ်မြို့ ပေါက်ကွဲမှုမှာ ထိခိုက်ခံစားခဲ့ကြရတဲ့ ပြည်သူတွေကို ကူညီပေးဖို့အတွက် လက်ဘနွန်နိုင်ငံ ကြက်ခြေနီအသင်းကို လှူဒါန်းပေးခဲ့တယ်လို့ သိရပါတယ်။

Photo: welcomeovo/ Instagram

Drake နဲ့ နီးစပ်သူတွေဖြစ်ကြတဲ့ သူ့ရဲ့မန်နေဂျာနဲ့ producer တို့ဟာ လက်ဘနွန်သွေးစပ်သူတွေ ဖြစ်တာကြောင့် လက်ဘနွန်အတွက် အခုလို လှူဒါန်းပေးခဲ့တာဟာ ကိုယ့်အချင်းချင်း ပြန်ကူညီသလိုပဲ ဝမ်းမြောက်ဖွယ်ရာ ဖြစ်ပါတယ်လို့ တင်ပြရင်း … ။

Glasgow

Source: cosmopolitanme

(Zawgyi Version)

နာမည္ေက်ာ္ ရက္ပ္အဆိုေတာ္ Drake ဟာ လက္ဘႏြန္ႏိုင္ငံက ျပည္သူေတြအတြက္ လႉဒါန္းမႈတစ္ခု ျပဳလုပ္ခဲ့တယ္လို႔ သိရပါတယ္။

အခုဆိုရင္ လက္ဘႏြန္ႏိုင္ငံ ဘီ႐ုဒ္ၿမိဳ႕မွာ ျပင္းထန္တဲ့ ေပါက္ကြဲမႈႀကီး ျဖစ္ပြားခဲ့ၿပီးတာ သုံးလခန႔္ ရွိပါၿပီ။ ေၾကာက္မက္ဖြယ္ ေပါက္ကြဲမႈႀကီးေၾကာင့္ ဘီ႐ုဒ္ၿမိဳ႕ေန လူအမ်ားစု ထိခိုက္ခံစားခဲ့ရတဲ့အတြက္ ႏိုင္ငံတကာက လူအမ်ားအျပားက ဝိုင္းဝန္းကူညီ လႉဒါန္းခဲ့ၾကပါတယ္။ ဒီထဲမွာေတာ့ နာမည္ေက်ာ္ ရက္ပ္အဆိုေတာ္ Drake လည္း အပါအဝင္ ျဖစ္ပါတယ္။

Photo: champagnepapi/ Instagram

Drake ဟာ ဂီတအလုပ္အျပင္ စီးပြားေရးအေနနဲ႔ ကိုယ္ပိုင္အဝတ္အထည္ အမွတ္တံဆိပ္တစ္ခုကိုလည္း ပိုင္ဆိုင္ပါေသးတယ္။ OVO လို႔ အမည္ရတဲ့ အမွတ္တံဆိပ္ဟာ အမ်ိဳးသားဝတ္ တီရွပ္ေတြနဲ႔ hoodie အက်ႌေတြကို ထုတ္လုပ္ပါတယ္။ Drake ဟာ အဆိုပါကုမၸဏီရဲ႕ ပူးတြဲတည္ေထာင္သူျဖစ္ပါတယ္။

ဒါေၾကာင့္ပဲ သူ႔ရဲ႕အမွတ္တံဆိပ္ OVO ကေန အသစ္ထပ္မံ ထုတ္လုပ္လိုက္တဲ့ တီရွပ္အက်ႌေတြနဲ႔ hoodie ေတြကို အြန္လိုင္းကတစ္ဆင့္ ေရာင္းခ်ခဲ့ၿပီး အဲ့ဒီ့ကရရွိတဲ့ အျမတ္ေငြအားလုံးကို ဘီ႐ုဒ္ၿမိဳ႕ ေပါက္ကြဲမႈမွာ ထိခိုက္ခံစားခဲ့ၾကရတဲ့ ျပည္သူေတြကို ကူညီေပးဖို႔အတြက္ လက္ဘႏြန္ႏိုင္ငံ ၾကက္ေျခနီအသင္းကို လႉဒါန္းေပးခဲ့တယ္လို႔ သိရပါတယ္။

Photo: welcomeovo/ Instagram

Drake နဲ႔ နီးစပ္သူေတြျဖစ္ၾကတဲ့ သူ႔ရဲ႕မန္ေနဂ်ာနဲ႔ producer တို႔ဟာ လက္ဘႏြန္ေသြးစပ္သူေတြ ျဖစ္တာေၾကာင့္ လက္ဘႏြန္အတြက္ အခုလို လႉဒါန္းေပးခဲ့တာဟာ ကိုယ့္အခ်င္းခ်င္း ျပန္ကူညီသလိုပဲ ဝမ္းေျမာက္ဖြယ္ရာ ျဖစ္ပါတယ္လို႔ တင္ျပရင္း … ။

Glasgow

Source: cosmopolitanme

RELATED ARTICLES

Most Popular