HomeCharacterလူတွေ မထင်ထားတဲ့ နည်းလမ်းတစ်ခုနဲ့ Sandman ကို အနိုင်ယူခဲ့ဖူးတဲ့ Spider-Man

လူတွေ မထင်ထားတဲ့ နည်းလမ်းတစ်ခုနဲ့ Sandman ကို အနိုင်ယူခဲ့ဖူးတဲ့ Spider-Man

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

Spider-Man ဟာ စစပိုင်းမှာ Vulture နဲ့ Doctor Octopus တို့လို ဗီလိန်တွေကို တိုက်ခိုက်ခဲ့ရပြီးတော့ ၁၉၆၃ ခုနှစ်မှာ ထွက်ခဲ့တဲ့ Amazing Spider-Man #4 ဆိုတဲ့ ကောမစ်ထဲမှာတော့ Spidey ပထမဆုံးအကြိမ်အဖြစ် Sandman နဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ Sandman ဟာ လွယ်လွယ်နဲ့ အနိုင်ယူလို့ရတဲ့ ဗီလိန်တစ်ယောက် မဟုတ်ပေမယ့်လည်း Spidey ကတော့ Sandman ကိုအနိုင်ယူဖို့အတွက် သာမန်လူတွေ မစဉ်းစားမိလောက်တဲ့ နည်းလမ်းတစ်ခုနဲ့ အနိုင်ယူနိုင်ခဲ့ပါတယ်။

Sandman ရဲ့နာမည် အရင်းကတော့ Flint Marko ဖြစ်ပြီးတော့ နိုင်ငံတော်တော်များများက အလိုရှိနေတဲ့ ရာဇဝတ်သားတစ်ယောက်လည်း ဖြစ်ပါတယ်။ တစ်ရက်မှာတော့ သူဟာ ထောင်ဖောက်ပြေးလာပြီးတော့ စမ်းသပ်မှုတွေ ပြုလုပ်နေတဲ့ နေရာနားကို ရောက်သွားခဲ့ပါတယ်။ အဲ့ဒီနေရာဟာ နျူကလီးယားစမ်းသပ်မှုတွေ ပြုလုပ်နေတာကို မသိဘဲ Flint က ပုန်းဖို့အတွက် စဉ်းစားနေတဲ့ အချိန်မှာ အမှားအယွင်းတစ်ခုကြောင့် အဲ့ဒီနေရာဟာ ပေါက်ကွဲသွားခဲ့ပါတယ်။

ဒါပေမယ့်လည်း ထူးဆန်းတာ တစ်ခုကတော့ သူဟာ ပေါက်ကွဲမှုကြောင့် မသေဆုံးသွားဘဲနဲ့ သူ့ရဲ့ခန္ဓာကိုယ်က မော်လီကျူးတွေဟာ ပတ်ဝန်းကျင်မှာရှိတဲ့ သဲတွေရဲ့ မော်လီကျူးတွေနဲ့ ပေါင်းစပ်သွားပြီး သူဟာ သဲတွေကို လိုသလို ထိန်းချုပ်လို့ရသွားတဲ့အပြင် သူကိုယ်တိုင်ကလည်း သဲတွေ ဖြစ်သွားခဲ့ပါတယ်။ အဲ့ဒီနောက်မှာတော့ Sandman လို့ နာမည်ကြီးလာပြီး နယူးယော့ခ်မြို့မှာ ရာဇဝတ်မှုတွေကို ပြုလုပ်ပါတော့တယ်။

photo via screenrant

Flint ဟာ ဘဏ်ဓားပြတိုက်မှုတွေ အများကြီး ပြုလုပ်ပြီးသွားတဲ့အချိန်မှာ ရဲတွေကို လှည့်စားဖို့အတွက် သူဟာ မြို့လယ်မှာရှိတဲ့ အထက်တန်းကျောင်း တစ်ကျောင်းထဲမှာ ပုန်းကွယ်နေခဲ့ပါတယ်။ ဒါပေမယ့်လည်း သူမသိတဲ့အချက်တစ်ခုကတော့ သူ့ရဲ့ ရန်သူတစ်ယောက် ဖြစ်တဲ့ Peter Parker ဟာ အဲ့ဒီကျောင်းမှာ တက်နေတဲ့ ကျောင်းသားတစ်ယောက် ဆိုတာပါပဲ။ နောက်ပိုင်းမှာတော့ သူတို့နှစ်ယောက်ဟာ တွေ့မိသွားကြပြီး အဲ့ဒီကျောင်းက စက်ခန်းထဲမှာ တိုက်ပွဲအပြင်းအထန် ဖြစ်ကြပါတော့တယ်။

Sandman ဟာ သူ့ရဲ့ခန္ဓာကိုယ်ကလည်း သဲဖြစ်နေတာကြောင့် သူ့ကိုယ်သူ ပုံစံအမျိူးမျိူး ပြောင်းပြီး တိုက်ခိုက်နေတာကြောင့် အဲ့ဒီတိုက်ပွဲမှာတော့ Flint ဟာ အသာစီးရနေပါတယ်။ ဒါပေမယ့်လည်း Spidey ကတော့ အကြံတစ်ခု ရသွားပြီးတော့ အနားမှာရှိနေတဲ့ စက်ရုံသုံး ဖုန်စုတ်စက်အကြီးကြီးနဲ့ စုတ်ယူပြီး Flint ကို အနိုင်ယူခဲ့ပါတယ်။ အဲ့ဒီနောက်မှာတော့ Spidey ဟာ ဖုန်စုတ်စက်မှာ တပ်ထားတဲ့ အမှိုက်အိတ်ကို ယူပြီးတော့ ကျောင်းအပြင်မှာ ရှိနေတဲ့ ရဲတွေကို လက်လွှဲပေးခဲ့ပါတယ်။

Spidey ဟာ အခုလိုမျိူး ရီစရာကောင်းပြီး အနည်းငယ် ကြောင်တောင်တောင်နိုင်တဲ့ နည်းလမ်းတွေနဲ့ အနိုင်ယူခဲ့တာဟာ Sandman တစ်ယောက်တည်း မဟုတ်ဘဲ Electro ကိုလည်း သာမန်မီးသတ်ပိုက်ခေါင်းနဲ့ အနိုင်ယူခဲ့သလို Doctor Octopus ရဲ့မျက်မှန်ကိုလည်း သူ့ရဲ့ ပင့်ကူမျှင်နဲ့ ပစ်လိုက်တာကြောင့် မမြင်ရတော့တဲ့ အခြေအနေမှာ အနိုင်ယူခဲ့ပါသေးတယ်။ Spidey ဟာ အဲ့လိုမျိူး ပုံမှန်အတိုင်း တိုက်ခိုက်လို့ မနိုင်နိုင်တဲ့ အခြေအနေဆိုရင် အနည်းငယ် ကြောင်တောင်တောင်နိုင်တဲ့ အကြံဉာဏ်တွေနဲ့ ဗီလိန်တွေကို အနိုင်ယူလေ့ရှိပါတယ်။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

(Zawgyi Version)

Spider-Man ဟာ စစပိုင္းမွာ Vulture နဲ႔ Doctor Octopus တို႔လို ဗီလိန္ေတြကို တိုက္ခိုက္ခဲ့ရၿပီးေတာ့ ၁၉၆၃ ခုႏွစ္မွာ ထြက္ခဲ့တဲ့ Amazing Spider-Man #4 ဆိုတဲ့ ေကာမစ္ထဲမွာေတာ့ Spidey ပထမဆုံးအႀကိမ္အျဖစ္ Sandman နဲ႔ ရင္ဆိုင္ခဲ့ရပါတယ္။ Sandman ဟာ လြယ္လြယ္နဲ႔ အႏိုင္ယူလို႔ရတဲ့ ဗီလိန္တစ္ေယာက္ မဟုတ္ေပမယ့္လည္း Spidey ကေတာ့ Sandman ကိုအႏိုင္ယူဖို႔အတြက္ သာမန္လူေတြ မစဥ္းစားမိေလာက္တဲ့ နည္းလမ္းတစ္ခုနဲ႔ အႏိုင္ယူႏိုင္ခဲ့ပါတယ္။

Sandman ရဲ႕နာမည္ အရင္းကေတာ့ Flint Marko ျဖစ္ၿပီးေတာ့ ႏိုင္ငံေတာ္ေတာ္မ်ားမ်ားက အလိုရွိေနတဲ့ ရာဇဝတ္သားတစ္ေယာက္လည္း ျဖစ္ပါတယ္။ တစ္ရက္မွာေတာ့ သူဟာ ေထာင္ေဖာက္ေျပးလာၿပီးေတာ့ စမ္းသပ္မႈေတြ ျပဳလုပ္ေနတဲ့ ေနရာနားကို ေရာက္သြားခဲ့ပါတယ္။ အဲ့ဒီေနရာဟာ န်ဴကလီးယားစမ္းသပ္မႈေတြ ျပဳလုပ္ေနတာကို မသိဘဲ Flint က ပုန္းဖို႔အတြက္ စဥ္းစားေနတဲ့ အခ်ိန္မွာ အမွားအယြင္းတစ္ခုေၾကာင့္ အဲ့ဒီေနရာဟာ ေပါက္ကြဲသြားခဲ့ပါတယ္။

ဒါေပမယ့္လည္း ထူးဆန္းတာ တစ္ခုကေတာ့ သူဟာ ေပါက္ကြဲမႈေၾကာင့္ မေသဆုံးသြားဘဲနဲ႔ သူ႔ရဲ႕ခႏၶာကိုယ္က ေမာ္လီက်ဴးေတြဟာ ပတ္ဝန္းက်င္မွာရွိတဲ့ သဲေတြရဲ႕ ေမာ္လီက်ဴးေတြနဲ႔ ေပါင္းစပ္သြားၿပီး သူဟာ သဲေတြကို လိုသလို ထိန္းခ်ဳပ္လို႔ရသြားတဲ့အျပင္ သူကိုယ္တိုင္ကလည္း သဲေတြ ျဖစ္သြားခဲ့ပါတယ္။ အဲ့ဒီေနာက္မွာေတာ့ Sandman လို႔ နာမည္ႀကီးလာၿပီး နယူးေယာ့ခ္ၿမိဳ႕မွာ ရာဇဝတ္မႈေတြကို ျပဳလုပ္ပါေတာ့တယ္။

photo via screenrant

Flint ဟာ ဘဏ္ဓားျပတိုက္မႈေတြ အမ်ားႀကီး ျပဳလုပ္ၿပီးသြားတဲ့အခ်ိန္မွာ ရဲေတြကို လွည့္စားဖို႔အတြက္ သူဟာ ၿမိဳ႕လယ္မွာရွိတဲ့ အထက္တန္းေက်ာင္း တစ္ေက်ာင္းထဲမွာ ပုန္းကြယ္ေနခဲ့ပါတယ္။ ဒါေပမယ့္လည္း သူမသိတဲ့အခ်က္တစ္ခုကေတာ့ သူ႔ရဲ႕ ရန္သူတစ္ေယာက္ ျဖစ္တဲ့ Peter Parker ဟာ အဲ့ဒီေက်ာင္းမွာ တက္ေနတဲ့ ေက်ာင္းသားတစ္ေယာက္ ဆိုတာပါပဲ။ ေနာက္ပိုင္းမွာေတာ့ သူတို႔ႏွစ္ေယာက္ဟာ ေတြ႕မိသြားၾကၿပီး အဲ့ဒီေက်ာင္းက စက္ခန္းထဲမွာ တိုက္ပြဲအျပင္းအထန္ ျဖစ္ၾကပါေတာ့တယ္။

Sandman ဟာ သူ႔ရဲ႕ခႏၶာကိုယ္ကလည္း သဲျဖစ္ေနတာေၾကာင့္ သူ႔ကိုယ္သူ ပုံစံအမ်ိဴးမ်ိဴး ေျပာင္းၿပီး တိုက္ခိုက္ေနတာေၾကာင့္ အဲ့ဒီတိုက္ပြဲမွာေတာ့ Flint ဟာ အသာစီးရေနပါတယ္။ ဒါေပမယ့္လည္း Spidey ကေတာ့ အႀကံတစ္ခု ရသြားၿပီးေတာ့ အနားမွာရွိေနတဲ့ စက္႐ုံသုံး ဖုန္စုတ္စက္အႀကီးႀကီးနဲ႔ စုတ္ယူၿပီး Flint ကို အႏိုင္ယူခဲ့ပါတယ္။ အဲ့ဒီေနာက္မွာေတာ့ Spidey ဟာ ဖုန္စုတ္စက္မွာ တပ္ထားတဲ့ အမႈိက္အိတ္ကို ယူၿပီးေတာ့ ေက်ာင္းအျပင္မွာ ရွိေနတဲ့ ရဲေတြကို လက္လႊဲေပးခဲ့ပါတယ္။

Spidey ဟာ အခုလိုမ်ိဴး ရီစရာေကာင္းၿပီး အနည္းငယ္ေၾကာင္ေတာင္ေတာင္ႏိုင္တဲ့ နည္းလမ္းေတြနဲ႔ အႏိုင္ယူခဲ့တာဟာ Sandman တစ္ေယာက္တည္း မဟုတ္ဘဲ Electro ကိုလည္း သာမန္မီးသတ္ပိုက္ေခါင္းနဲ႔ အႏိုင္ယူခဲ့သလို Doctor Octopus ရဲ႕မ်က္မွန္ကိုလည္း သူ႔ရဲ႕ ပင့္ကူမွ်င္နဲ႔ ပစ္လိုက္တာေၾကာင့္ မျမင္ရေတာ့တဲ့ အေျခအေနမွာ အႏိုင္ယူခဲ့ပါေသးတယ္။ Spidey ဟာ အဲ့လိုမ်ိဴး ပုံမွန္အတိုင္း တိုက္ခိုက္လို႔ မႏိုင္ႏိုင္တဲ့ အေျခအေနဆိုရင္ အနည္းငယ္ ေၾကာင္ေတာင္ေတာင္ႏိုင္တဲ့ အႀကံဉာဏ္ေတြနဲ႔ ဗီလိန္ေတြကို အႏိုင္ယူေလ့ရွိပါတယ္။

Legos

(ဆံရစ္ဝိုင္းဝက္ဘ္ဆိုဒ္တြင္ ေဖာ္ျပထားေသာ သတင္း၊ေဆာင္းပါးမ်ားကို အျခားမည္သည့္ ဝက္ဘ္ဆိုဒ္၊ Facebook စာမ်က္ႏွာတြင္မွ် ကူးယူေဖာ္ျပခြင့္ မျပဳပါေၾကာင္း အသိေပးအပ္ပါသည္။)

RELATED ARTICLES

Most Popular