HomeCelebs Update NewsInternationalဆယ်စုနှစ်အတွင်း Spotify မှာ Streaming လုပ်ခံရဆုံး Artist ဖြစ်လာတဲ့ Drake 

ဆယ်စုနှစ်အတွင်း Spotify မှာ Streaming လုပ်ခံရဆုံး Artist ဖြစ်လာတဲ့ Drake 

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

Drake ဟာ ပြီးခဲ့တဲ့ ဆယ်စုနှစ်အတွင်း Spotify မှာ stream အလုပ်ခံရဆုံး အဆိုတော်အဖြစ် သတ်မှတ်ခံလိုက်ရတာ ဖြစ်ပါတယ်။ ဒီအကြောင်းကိုတော့ ပြီးခဲ့တဲ့ အင်္ဂါနေ့မှာ Spotify က ကြေငြာလိုက်တာဖြစ်ပြီး လူတွေဟာ Drake ရဲ့သီချင်းတွေကို ပြီးခဲ့တဲ့ ဆယ်နှစ်တာအတွင်း အကြိမ်ရေပေါင်း (၂၈)ဘီလျံလောက် streaming လုပ်ခဲ့ကြတယ်လို့ ဆိုပါတယ်။

ဆယ်စုနှစ်တစ်ခုစာအတွက် Streaming လုပ်ခံရဆုံး Artist တွေရဲ့ စာရင်းမှာ Drake က ပထမနေရာကို ရယူထားပြီး Ed Sheeran က ဒုတိယနေရာမှာ ရပ်တည်နေပါတယ်။ အဲ့ဒီ့နောက်မှာတော့ Post Malone ၊ Ariana Grande နဲ့ Eminem တို့က တတိယ၊ စတုတ္ထ၊ ပဉ္စမနေရာတွေမှာ အသီးသီးရပ်တည်နေကြတယ်လို့ သိရပါတယ်။ Ed Sheeran ရဲ့ Shape of You သီချင်းကတော့ ဆယ်စုနှစ်အတွင်း Stream အများဆုံးသီချင်းအဖြစ် ရပ်တည်နေပါသေးတယ်။

Photo: champagnepapi/ Instagram

၂၀၁၉ခုနှစ် တစ်နှစ်စာတည်းအတွက်ဆိုရင်တော့ တစ်ကမ္ဘာလုံးမှာ Streaming အများဆုံး Artist အဖြစ် Post Malone က ရပ်တည်နေပါတယ်။ သူ့ရဲ့နောက်မှာတော့ Billie Eilish က ဒုတိယ၊ Ariana Grande က တတိယ၊ Ed Sheeran က စတုတ္ထနဲ့ Bad Bunny က ပဉ္စမနေရာမှာ ရပ်တည်နေတယ်လို့ Spotify က ဖော်ပြထားပါတယ်။

Photo: camila_cabello/ Instagram

၂၀၁၉ခုနှစ်ရဲ့ streaming လုပ်ခံရဆုံး တေးအယ်လ်ဘမ်ကတော့ Billie Eilish ရဲ့ ပွဲဦးထွက် အယ်လ်ဘမ်ဖြစ်တဲ့ “When We All Fall Asleep, Where Do We Go?” ဖြစ်ပါတယ်။ ၂၀၁၉အတွက် Streaming အများဆုံး တေးသီချင်းကတော့ Shawn Mendes နဲ့ Camila Cabello တို့ရဲ့ “Senorita” လို့ သိရပါတယ်။

LaNina

Ref: indianexpress

(Zawgyi Version)

Drake ဟာ ၿပီးခဲ့တဲ့ ဆယ္စုႏွစ္အတြင္း Spotify မွာ stream အလုပ္ခံရဆုံး အဆိုေတာ္အျဖစ္ သတ္မွတ္ခံလိုက္ရတာ ျဖစ္ပါတယ္။ ဒီအေၾကာင္းကိုေတာ့ ၿပီးခဲ့တဲ့ အဂၤါေန႔မွာ Spotify က ေၾကျငာလိုက္တာျဖစ္ၿပီး လူေတြဟာ Drake ရဲ႕သီခ်င္းေတြကို ၿပီးခဲ့တဲ့ ဆယ္ႏွစ္တာအတြင္း အႀကိမ္ေရေပါင္း (၂၈)ဘီလ်ံေလာက္ streaming လုပ္ခဲ့ၾကတယ္လို႔ ဆိုပါတယ္။

ဆယ္စုႏွစ္တစ္ခုစာအတြက္ Streaming လုပ္ခံရဆုံး Artist ေတြရဲ႕ စာရင္းမွာ Drake က ပထမေနရာကို ရယူထားၿပီး Ed Sheeran က ဒုတိယေနရာမွာ ရပ္တည္ေနပါတယ္။ အဲ့ဒီ့ေနာက္မွာေတာ့ Post Malone ၊ Ariana Grande နဲ႔ Eminem တို႔က တတိယ၊ စတုတၳ၊ ပၪၥမေနရာေတြမွာ အသီးသီးရပ္တည္ေနၾကတယ္လို႔ သိရပါတယ္။ Ed Sheeran ရဲ႕ Shape of You သီခ်င္းကေတာ့ ဆယ္စုႏွစ္အတြင္း Stream အမ်ားဆုံးသီခ်င္းအျဖစ္ ရပ္တည္ေနပါေသးတယ္။

Photo: champagnepapi/ Instagram

၂၀၁၉ခုႏွစ္ တစ္ႏွစ္စာတည္းအတြက္ဆိုရင္ေတာ့ တစ္ကမာၻလုံးမွာ Streaming အမ်ားဆုံး Artist အျဖစ္ Post Malone က ရပ္တည္ေနပါတယ္။ သူ႔ရဲ႕ေနာက္မွာေတာ့ Billie Eilish က ဒုတိယ၊ Ariana Grande က တတိယ၊ Ed Sheeran က စတုတၳနဲ႔ Bad Bunny က ပၪၥမေနရာမွာ ရပ္တည္ေနတယ္လို႔ Spotify က ေဖာ္ျပထားပါတယ္။

Photo: camila_cabello/ Instagram

၂၀၁၉ခုႏွစ္ရဲ႕ streaming လုပ္ခံရဆုံး ေတးအယ္လ္ဘမ္ကေတာ့ Billie Eilish ရဲ႕ ပြဲဦးထြက္ အယ္လ္ဘမ္ျဖစ္တဲ့ “When We All Fall Asleep, Where Do We Go?” ျဖစ္ပါတယ္။ ၂၀၁၉အတြက္ Streaming အမ်ားဆုံး ေတးသီခ်င္းကေတာ့ Shawn Mendes နဲ႔ Camila Cabello တို႔ရဲ႕ “Senorita” လို႔ သိရပါတယ္။

 LaNina

Ref: indianexpress

 

RELATED ARTICLES

Most Popular