HomeEntertainmentFilmR-Rated ရုပ်ရှင်နဲ့ Anime ဇာတ်လမ်းတွဲ ထွက်ရှိလာမယ့် Keanu Reeves ရဲ့ BRZRKR ကောမစ်

R-Rated ရုပ်ရှင်နဲ့ Anime ဇာတ်လမ်းတွဲ ထွက်ရှိလာမယ့် Keanu Reeves ရဲ့ BRZRKR ကောမစ်

Keanu Reeves ကိုယ်တိုင်ရေးသားထားတဲ့ BRZRKR ကောမစ်ကတော့ R-Rated ရုပ်ရှင်တစ်ကားနဲ့ Season နှစ်ခု ပါဝင်ထားတဲ့ Anime လည်း ထွက်ရှိလာမယ်လို့ သိရပါတယ်။ ဒါ့အပြင် ဒီ Adaptation တွေကိုတော့ Keanu Reeves ဟာ ဒါရိုက်တာနဲ့ ဇာတ်ညွှန်းရေးဆရာ ဖြစ်တဲ့ Mattson Tomlin နဲ့အတူ ပူးပေါင်းဖန်တီးသွားမယ်လို့ သိရပါတယ်။ ဒါ့အပြင် BRZRKR ကောမစ်ရဲ့ နောက်ဆုံး Issue ကတော့ လာမယ့် စက်တင်ဘာလမှာပဲ ထွက်ရှိလာတော့မှာ ဖြစ်ပါတယ်။

photo via screenrant

BRZRKR ရဲ့ ‌ဇာတ်လမ်းကတော့ မသေမျိူး စစ်သည်တော်တစ်ယောက် ဖြစ်တဲ့ Berzerker ဟာ သူ့ရဲ့ထိန်းချုပ်ဖို့ မလွယ်တဲ့ ဒေါသနဲ့အတူ ရာစုနှစ်ပေါင်းများစွာ တိုက်ခိုက်ရင်း ရှင်သန်နေသူ ဖြစ်ပါတယ်။ ပစ္စပ္ပုန်ကာလမှာတော့ သူဟာ သူ့ရဲ့ဖြစ်တည်မှုကို ရပ်တန့်သွားစေမယ့် လျှို့ဝှက်ချက်တစ်ခုကြောင့် အလဲအလှယ်အနေနဲ့ အမေရိကန်အစိုးရအတွက် အလုပ်လုပ်ပေးနေပါတယ်။ BRZRKR ကောမစ်ရဲ့ Adaptation တွေနဲ့ ပတ်သက်ပြီး ပြီးခဲ့တဲ့ ‌Comic-Con ပွဲမှာပဲ Keanu Reeves က အရိပ်အမြွက် ပြောပြသွားပါတယ်။

Live Action ရုပ်ရှင်ကတော့ R-Rated ဖြစ်မယ်လို့ အတည်ပြုထားပြီး Keanu Reeves ကလည်း ဒီ Adaptation ကို ကောမစ်ရဲ့ ရုပ်ရှင်ဗားရှင်း မဖြစ်စေချင်ဘူးလို့ ဆိုထားပါတယ်။ ဒါကြောင့်ပဲ Live Action မှာတော့ ကောမစ်ထဲမှာနဲ့ မတူညီတဲ့ အချက်တွေများစွာကို မြင်တွေ့ရနိုင်ပါတယ်။ ဒါ့အပြင် တခြားဖန်တီးသူတွေက ဘယ်လိုဇာတ်လမ်းမျိူးကို ဖန်တီးသွားမလည်း ဆိုတာကိုလည်း စိတ်ဝင်စားပါတယ်လို့ ပြောထားပါသေးတယ်။

photo via screenrant

BRZRKR ကောမစ်ကတော့ ပြင်းထန်တဲ့ အကြမ်းဖက်မှုတွေနဲ့ ပြည့်နှက်နေပြီး လူသားတွေရဲ့ သဘာဝနဲ့ စစ်ပွဲတွေကိုပါ သေချာမြင်တွေ့ရမှာလည်း ဖြစ်ပါတယ်။ အဓိကဇာတ်ကောင်ကလည်း သွေးဆာနေတဲ့ မသေမျိူးတစ်ယောက် ဖြစ်ပြီး အဆုံးမသတ်နိုင်တဲ့ သတ်ဖြတ်ချင်စိတ်တွေနဲ့ ထာဝရရှင်သန်နေရသူ ဖြစ်တာကြောင့် ဒီကောမစ်ရဲ့ Adaptation တွေ ထွက်ရှိလာတဲ့ အချိန်မှာလည်း သေချာပေါက် ပရိသတ်တွေကြားမှာ အောင်မြင်ဦးမှာ ဖြစ်ပါတယ်။

Legos

Source: Screenrant

RELATED ARTICLES

Most Popular