HomeEntertainmentFilmThe King: Eternal Monarch အပြီး အလွမ်းပြေကြည့်သင့်တဲ့ ဇာတ်ကား(၅)ကား 

The King: Eternal Monarch အပြီး အလွမ်းပြေကြည့်သင့်တဲ့ ဇာတ်ကား(၅)ကား 

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

ကိုရီးယားဒရာမာ ပရိသတ်တွေကြားမှာ နာမည်ကြီးနေတဲ့ The King: Eternal Monarch စီးရီး ဇာတ်သိမ်းသွားပြီးနောက်မှာ သရုပ်ဆောင်တွေကို လွမ်းပြီး ယောင်လည်လည်ဖြစ်နေသူများအတွက် မျှဝေချင်တာလေး ရှိပါတယ်။ အဲ့ဒါကတော့ The King: Eternal Monarch ဇာတ်လမ်းတွဲထဲမှာ ပါဝင်သရုပ်ဆောင်ထားတဲ့ သရုပ်ဆောင်တွေရဲ့ နာမည်ကြီး ဇာတ်လမ်းတွဲ(၅)ခုပဲ ဖြစ်ပါတယ်။

The Legend of the Blue Sea
Photo: mydramalist

Lee Min Ho ပရိသတ်တွေအတွက် အလွမ်းပြေ ကြည့်ရှုသင့်တဲ့ ဇာတ်လမ်းတွဲတစ်ခုအနေနဲ့ Legend of the Blue Sea ကို ညွှန်းလိုက်ပါရစေ။ Lee Min Ho မှာ နာမည်ကြီးတဲ့ ဇာတ်လမ်းတွဲတွေ အများကြီးရှိတာမှန်ပေမယ့် The King: Eternal Monarch အပြီး ဘုရင်ကြီးကို လွမ်းပြီး ဟာတာတာဖြစ်နေတဲ့ ရင်ဘတ်ကို ဖြည့်ဆည်းဖို့ဆိုရင် ဒီဇာတ်လမ်းတွဲလေးက အသင့်တော်ဆုံးလို့ ထင်ပါတယ်။

ဒီဇာတ်လမ်းတွဲထဲမှာ Lee Min Ho ဟာ Heo Joon Jae ဆိုတဲ့ လူတစ်ယောက်အနေနဲ့ သရုပ်ဆောင်ထားပါတယ်။ ပျောက်ဆုံးနေတဲ့မိခင်ကို ရှာဖွေရင်းနဲ့မှ ပဟေဠိဆန်တဲ့ မိန်းကလေးတစ်ယောက်နဲ့ တွေ့ရှိပြီး အဲ့ဒီ့မိန်းကလေးဟာ တကယ်တမ်းမှာ လူစင်စစ်မဟုတ်ဘဲ ရေသူမ ဖြစ်နေတဲ့ ဇာတ်လမ်းပါ။ ရေသူမလေးနေရာမှာတော့ မင်းသမီးချော Jun Ji Hyun က သရုပ်ဆောင်ထားပါတယ်။ ဒီဒရာမာလေးဟာ ဟာသလည်းပါဝင်သလို ငိုရတဲ့အခန်းတွေလည်း ပါဝင်ပါတယ်။ သရုပ်ဆောင်နှစ်ယောက်လုံးကလည်း ရူပါမှာ ပြောစရာမလိုအောင် ချောမောလှပကြသူတွေဖြစ်ပြီး လှပတဲ့ သဘာဝရှုခင်းများစွာကိုလည်း ဒီဇာတ်လမ်းတွဲထဲမှာ ကြည့်ရှုခံစားရမှာ ဖြစ်ပါတယ်။

Sunset in My Hometown
Photo: mydramalist

မင်းသမီးလေး Kim Go Eun ကတော့ ဒရာမာလောကထက် ရုပ်ရှင်လောကမှာ ပိုပြီးကျင်လည်ခဲ့သူမို့ The King: Eternal Monarch နဲ့မှ ဒရာမာသုံးခုမှာပဲ သရုပ်ဆောင်ရသေးပါတယ်။ ဒါကြောင့် Kim Go Eun သရုပ်ဆောင်ထားတဲ့ ဒီရုပ်ရှင်ဇာတ်ကားလေးကို ကြည့်ဖို့ ညွှန်းချင်ပါတယ်။ ဒီဇာတ်ကားဟာ ၂၀၁၈ခုနှစ်က ထွက်ရှိခဲ့တာဖြစ်ပြီး Kim Go Eun ကတော့ Sun Mi ဆိုတဲ့ ဇာတ်ကောင်နေရာကနေ သရုပ်ဆောင်ထားပါတယ်။

ဇာတ်လမ်းကတော့ Hak Soo ဆိုတဲ့ ကောင်လေးဟာ ရက်ပ်ပါ ဖြစ်ချင်သူပါ။ ဒါပေမယ့် ဆိုးလ်မြို့ကြီးမှာ အောင်မြင်အောင် မတိုးနိုင်တဲ့အတွက် စိတ်ဓာတ်ကျနေစဉ် နယ်မြို့လေးက အဖေဖြစ်သူက နာမကျန်းဖြစ်လာတဲ့အတွက် မွေးရပ်မြေမြို့လေးကို ပြန်ခဲ့ရပါတော့တယ်။ ဒီမှာတင် ငယ်ငယ်က အထက်တန်းကျောင်း တစ်ကျောင်းတည်းမှာ အတူတူ တက်ခဲ့ပြီး သူ့ကိုကြိတ်ကြွေနေခဲ့တဲ့ ကောင်မလေး Sun Mi နဲ့ ပြန်လည်တွေ့ဆုံခဲ့ပါတယ်။ Hak Soo တစ်ယောက် အဖေဖြစ်သူနဲ့ ဆက်ဆံရေး အဆင်မပြေတာတွေ၊ အောင်မြင်တဲ့ ရက်ပ်ပါဖြစ်ချင်တဲ့ အိပ်မက်ကို အကောင်အထည်ဖော်ဖို့‌ ကြိုးစားရတာတွေကို Sun Mi က ဘေးကနေ တောက်လျှောက်လိုက်ပါပြီး အားဖြည့်ပေးခဲ့ပါတယ်။ ဒီဇာတ်ကားလေးဟာ စိတ်နှလုံးကို နွေးထွေးသွားအောင် ခံစားရစေမှာဖြစ်ပြီး လူတစ်ယောက်ရဲ့ အရွယ်ရောက်၊ ရင့်ကျက်မှုတွေကို လှလှပပလေး ကြည့်ရှုရမှာ ဖြစ်ပါတယ်။

Mad Dog
Photo: mydramalist

Woo Do Hwan ဟာ The King: Eternal Monarch ထဲမှာဆိုရင် Jo Yeong နဲ့ Jo Eun Soeb နေရာကနေ သရုပ်ဆောင်ထားပြီး ပရိသတ်တွေရဲ့ အသည်းကို ခိုးယူထားသူတစ်ယောက် ဖြစ်ပါတယ်။ Woo Do Hwan ဟာ အောင်မြင်တဲ့ဒရာမာတွေထဲမှာလည်း ပါဝင်ထားပြီး သူ့ရဲ့သရုပ်ဆောင်စွမ်းရည်ဟာလည်း ပရိသတ်တွေရဲ့ အသိအမှတ်ပြုမှုကို ရရှိထားပါသေးတယ်။

Mad Dog ဇာတ်လမ်းတွဲထဲမှာတော့ Woo Do Hwan ဟာ Kim Min Joon ဆိုတဲ့ ဇာတ်ရုပ်ကနေ သရုပ်ဆောင်ထားပါတယ်။ Kim Min Joon ဟာ လျှို့ဝှက်တတ်တဲ့ ရုံးဝန်ထမ်းတစ်ယောက်ဖြစ်ပြီး အစပိုင်းမှာ သိပ်ပြီးမပွင့်လင်းခဲ့ပေမယ့် နောက်ပိုင်းမှာတော့ သူ့ရဲ့စိတ်ရင်းအမှန်နဲ့ စမတ်ဖြစ်တဲ့ ကျွမ်းကျင်သူတစ်ယောက်အဖြစ် ပြောင်းလဲသွားတာကိုလည်း တွေ့ရမှာပါ။ ဒါ့အပြင် ဒီဒရာမာထဲမှာ Woo Do Hwan နဲ့ မင်းသမီး Ryu Hwa Young တို့ကြားက ရင်ခုန်ဖွယ်ရာ ဆက်ဆံရေးကိုလည်း ကြည့်ရှုရဦးမှာ ဖြစ်ပါတယ်။

The Guest
Photo: mydramalist

မင်းသမီးချော Jung Eun Chae ရဲ့ ပရိသတ်ဆိုရင်တော့ The Guest ဆိုတဲ့ ဒရာမာလေးကို ကြည့်ဖို့ ညွှန်းချင်ပါတယ်။ ကြည့်နေကျ ကိုရီးယားဒရာမာတွေမျိုး မဟုတ်ဘဲ horror အမျိုးအစားဖြစ်ပြီး ရင်တထိတ်ထိတ်၊ ကျောတစိမ့်စိမ့်နဲ့ ကြည့်ရှုရမှာပါ။

ဇာတ်လမ်းကတော့ အစဉ်အဆက် ထိတ်လန့်စရာ ဖြစ်ရပ်တွေကို ဖြစ်စေခဲ့တဲ့ မိစ္ဆာနတ်ဆိုးရဲ့ ပူးကပ်မှုကြောင့် လူ့အသက်တွေ ဆုံးရှုံးရတဲ့ ဇာတ်လမ်းမျိုးပါ။ ဒီဇာတ်လမ်းတွဲထဲမှာ ကိုရီးယားနိုင်ငံရဲ့ နတ်ဝင်သည်တွေ၊ ဝိဉာဉ်ရေးရာနဲ့ ပတ်သက်တဲ့ ဓလေ့ရိုးရာတွေကိုလည်း ကြည့်ရှုရမှာ ဖြစ်ပါတယ်။ မင်းသမီး Jung Eun Chae ကတော့ ဒီစီးရီးထဲမှာ ရဲမေမလေး Kang Gil Young အဖြစ် သရုပ်ဆောင်ထားပါတယ်။ နာမည်ကျော်မင်းသားတွေဖြစ်တဲ့ Kim Jae Wook နဲ့ Kim Dong Wook တို့လည်း ပါဝင်ထားပါသေးတယ်။

Where Stars Land
Photo: mydramalist

ဒီဒရာမာလေးကတော့ office drama ပုံစံမျိုးလေးဖြစ်ပြီး ရင်ထဲမှာနွေးနွေးလေးနဲ့ ကြည့်ရှုလို့ကောင်းတဲ့ ဇာတ်လမ်းတွဲလေး ဖြစ်ပါတယ်။ ဇာတ်လမ်းကတော့ လေဆိပ်တစ်ခုမှာ ခရီးသည်တွေကို ဝန်ဆောင်မှုပေးရတဲ့အဖွဲ့က ကြုံတွေ့ရတဲ့ အခက်အခဲတွေနဲ့ ဝန်ထမ်းအချင်းချင်း တစ်ယောက်နဲ့တစ်ယောက် ဖေးမကူညီတာ၊ စိန်ခေါ်မှုတွေကို အတူတူဖြတ်ကျော်ကြတာမျိုး ဖြစ်ပါတယ်။ ခေါင်းဆောင်သရုပ်ဆောင်တွေအနေနဲ့ Lee Je Hoon နဲ့ Chae Soo Bin တို့က ပါဝင်ထားပါတယ်။

ခေါင်းဆောင်အတွဲလေးက ချစ်စရာကောင်းသလို ဒုတိယအတွဲနေရာမှာတော့ Kim Kyung Nam နဲ့ Lee Soo Kyung တို့က ပါဝင်ထားပါတယ်။ The King: Eternal Monarch မှာ Kim Kyung Nam ကို ကြိုက်ခဲ့ကြသူတွေဆိုရင် ဒီဒရာမာလေးထဲမှာလည်း သူ့ရဲ့ကြောင်စီစီနဲ့ ချစ်စရာကောင်းတဲ့ပုံစံလေးတွေကို ကြွေရဦးမယ်ဆိုတာ အသေအချာပါပဲ။

ဒါကတော့ The King: Eternal Monarch ကို နှစ်သက်သူတွေအတွက် အလွမ်းပြေ ကြည့်ရှုနိုင်မယ့် ရုပ်ရှင်တွေနဲ့ ဇာတ်လမ်းတွဲတွေ ဖြစ်ပါတယ်။ ဖတ်ရှုပြီး ဘယ်ဒရာမာလေးကို ကြည့်ချင်သွားလည်းဆိုတာ ပြောပြခဲ့ပါဦး။

LaNina

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

(Zawgyi Version)

ကိုရီးယားဒရာမာ ပရိသတ္ေတြၾကားမွာ နာမည္ႀကီးေနတဲ့ The King: Eternal Monarch စီးရီး ဇာတ္သိမ္းသြားၿပီးေနာက္မွာ သ႐ုပ္ေဆာင္ေတြကို လြမ္းၿပီး ေယာင္လည္လည္ျဖစ္ေနသူမ်ားအတြက္ မွ်ေဝခ်င္တာေလး ရွိပါတယ္။ အဲ့ဒါကေတာ့ The King: Eternal Monarch ဇာတ္လမ္းတြဲထဲမွာ ပါဝင္သ႐ုပ္ေဆာင္ထားတဲ့ သ႐ုပ္ေဆာင္ေတြရဲ႕ နာမည္ႀကီး ဇာတ္လမ္းတြဲ(၅)ခုပဲ ျဖစ္ပါတယ္။

The Legend of the Blue Sea
Photo: mydramalist

Lee Min Ho ပရိသတ္ေတြအတြက္ အလြမ္းေျပ ၾကည့္ရႈသင့္တဲ့ ဇာတ္လမ္းတြဲတစ္ခုအေနနဲ႔ Legend of the Blue Sea ကို ၫႊန္းလိုက္ပါရေစ။ Lee Min Ho မွာ နာမည္ႀကီးတဲ့ ဇာတ္လမ္းတြဲေတြ အမ်ားႀကီးရွိတာမွန္ေပမယ့္ The King: Eternal Monarch အၿပီး ဘုရင္ႀကီးကို လြမ္းၿပီး ဟာတာတာျဖစ္ေနတဲ့ ရင္ဘတ္ကို ျဖည့္ဆည္းဖို႔ဆိုရင္ ဒီဇာတ္လမ္းတြဲေလးက အသင့္ေတာ္ဆုံးလို႔ ထင္ပါတယ္။

ဒီဇာတ္လမ္းတြဲထဲမွာ Lee Min Ho ဟာ Heo Joon Jae ဆိုတဲ့ လူတစ္ေယာက္အေနနဲ႔ သ႐ုပ္ေဆာင္ထားပါတယ္။ ေပ်ာက္ဆုံးေနတဲ့မိခင္ကို ရွာေဖြရင္းနဲ႔မွ ပေဟဠိဆန္တဲ့ မိန္းကေလးတစ္ေယာက္နဲ႔ ေတြ႕ရွိၿပီး အဲ့ဒီ့မိန္းကေလးဟာ တကယ္တမ္းမွာ လူစင္စစ္မဟုတ္ဘဲ ေရသူမ ျဖစ္ေနတဲ့ ဇာတ္လမ္းပါ။ ေရသူမေလးေနရာမွာေတာ့ မင္းသမီးေခ်ာ Jun Ji Hyun က သ႐ုပ္ေဆာင္ထားပါတယ္။ ဒီဒရာမာေလးဟာ ဟာသလည္းပါဝင္သလို ငိုရတဲ့အခန္းေတြလည္း ပါဝင္ပါတယ္။ သ႐ုပ္ေဆာင္ႏွစ္ေယာက္လုံးကလည္း ႐ူပါမွာ ေျပာစရာမလိုေအာင္ ေခ်ာေမာလွပၾကသူေတြျဖစ္ၿပီး လွပတဲ့ သဘာဝရႈခင္းမ်ားစြာကိုလည္း ဒီဇာတ္လမ္းတြဲထဲမွာ ၾကည့္ရႈခံစားရမွာ ျဖစ္ပါတယ္။

Sunset in My Hometown
Photo: mydramalist

မင္းသမီးေလး Kim Go Eun ကေတာ့ ဒရာမာေလာကထက္ ႐ုပ္ရွင္ေလာကမွာ ပိုၿပီးက်င္လည္ခဲ့သူမို႔ The King: Eternal Monarch နဲ႔မွ ဒရာမာသုံးခုမွာပဲ သ႐ုပ္ေဆာင္ရေသးပါတယ္။ ဒါေၾကာင့္ Kim Go Eun သ႐ုပ္ေဆာင္ထားတဲ့ ဒီ႐ုပ္ရွင္ဇာတ္ကားေလးကို ၾကည့္ဖို႔ ၫႊန္းခ်င္ပါတယ္။ ဒီဇာတ္ကားဟာ ၂၀၁၈ခုႏွစ္က ထြက္ရွိခဲ့တာျဖစ္ၿပီး Kim Go Eun ကေတာ့ Sun Mi ဆိုတဲ့ ဇာတ္ေကာင္ေနရာကေန သ႐ုပ္ေဆာင္ထားပါတယ္။

ဇာတ္လမ္းကေတာ့ Hak Soo ဆိုတဲ့ ေကာင္ေလးဟာ ရက္ပ္ပါ ျဖစ္ခ်င္သူပါ။ ဒါေပမယ့္ ဆိုးလ္ၿမိဳ႕ႀကီးမွာ ေအာင္ျမင္ေအာင္ မတိုးႏိုင္တဲ့အတြက္ စိတ္ဓာတ္က်ေနစဥ္ နယ္ၿမိဳ႕ေလးက အေဖျဖစ္သူက နာမက်န္းျဖစ္လာတဲ့အတြက္ ေမြးရပ္ေျမၿမိဳ႕ေလးကို ျပန္ခဲ့ရပါေတာ့တယ္။ ဒီမွာတင္ ငယ္ငယ္က အထက္တန္းေက်ာင္း တစ္ေက်ာင္းတည္းမွာ အတူတူ တက္ခဲ့ၿပီး သူ႔ကိုႀကိတ္ေႂကြေနခဲ့တဲ့ ေကာင္မေလး Sun Mi နဲ႔ ျပန္လည္ေတြ႕ဆုံခဲ့ပါတယ္။ Hak Soo တစ္ေယာက္ အေဖျဖစ္သူနဲ႔ ဆက္ဆံေရး အဆင္မေျပတာေတြ၊ ေအာင္ျမင္တဲ့ ရက္ပ္ပါျဖစ္ခ်င္တဲ့ အိပ္မက္ကို အေကာင္အထည္ေဖာ္ဖို႔‌ ႀကိဳးစားရတာေတြကို Sun Mi က ေဘးကေန ေတာက္ေလွ်ာက္လိုက္ပါၿပီး အားျဖည့္ေပးခဲ့ပါတယ္။ ဒီဇာတ္ကားေလးဟာ စိတ္ႏွလုံးကို ေႏြးေထြးသြားေအာင္ ခံစားရေစမွာျဖစ္ၿပီး လူတစ္ေယာက္ရဲ႕ အ႐ြယ္ေရာက္၊ ရင့္က်က္မႈေတြကို လွလွပပေလး ၾကည့္ရႈရမွာ ျဖစ္ပါတယ္။

Mad Dog
Photo: mydramalist

Woo Do Hwan ဟာ The King: Eternal Monarch ထဲမွာဆိုရင္ Jo Yeong နဲ႔ Jo Eun Soeb ေနရာကေန သ႐ုပ္ေဆာင္ထားၿပီး ပရိသတ္ေတြရဲ႕ အသည္းကို ခိုးယူထားသူတစ္ေယာက္ ျဖစ္ပါတယ္။ Woo Do Hwan ဟာ ေအာင္ျမင္တဲ့ဒရာမာေတြထဲမွာလည္း ပါဝင္ထားၿပီး သူ႔ရဲ႕သ႐ုပ္ေဆာင္စြမ္းရည္ဟာလည္း ပရိသတ္ေတြရဲ႕ အသိအမွတ္ျပဳမႈကို ရရွိထားပါေသးတယ္။

Mad Dog ဇာတ္လမ္းတြဲထဲမွာေတာ့ Woo Do Hwan ဟာ Kim Min Joon ဆိုတဲ့ ဇာတ္႐ုပ္ကေန သ႐ုပ္ေဆာင္ထားပါတယ္။ Kim Min Joon ဟာ လွ်ိဳ႕ဝွက္တတ္တဲ့ ႐ုံးဝန္ထမ္းတစ္ေယာက္ျဖစ္ၿပီး အစပိုင္းမွာ သိပ္ၿပီးမပြင့္လင္းခဲ့ေပမယ့္ ေနာက္ပိုင္းမွာေတာ့ သူ႔ရဲ႕စိတ္ရင္းအမွန္နဲ႔ စမတ္ျဖစ္တဲ့ ကြၽမ္းက်င္သူတစ္ေယာက္အျဖစ္ ေျပာင္းလဲသြားတာကိုလည္း ေတြ႕ရမွာပါ။ ဒါ့အျပင္ ဒီဒရာမာထဲမွာ Woo Do Hwan နဲ႔ မင္းသမီး Ryu Hwa Young တို႔ၾကားက ရင္ခုန္ဖြယ္ရာ ဆက္ဆံေရးကိုလည္း ၾကည့္ရႈရဦးမွာ ျဖစ္ပါတယ္။

The Guest
Photo: mydramalist

မင္းသမီးေခ်ာ Jung Eun Chae ရဲ႕ ပရိသတ္ဆိုရင္ေတာ့ The Guest ဆိုတဲ့ ဒရာမာေလးကို ၾကည့္ဖို႔ ၫႊန္းခ်င္ပါတယ္။ ၾကည့္ေနက် ကိုရီးယားဒရာမာေတြမ်ိဳး မဟုတ္ဘဲ horror အမ်ိဳးအစားျဖစ္ၿပီး ရင္တထိတ္ထိတ္၊ ေက်ာတစိမ့္စိမ့္နဲ႔ ၾကည့္ရႈရမွာပါ။

ဇာတ္လမ္းကေတာ့ အစဥ္အဆက္ ထိတ္လန႔္စရာ ျဖစ္ရပ္ေတြကို ျဖစ္ေစခဲ့တဲ့ မိစာၦနတ္ဆိုးရဲ႕ ပူးကပ္မႈေၾကာင့္ လူ႔အသက္ေတြ ဆုံးရႈံးရတဲ့ ဇာတ္လမ္းမ်ိဳးပါ။ ဒီဇာတ္လမ္းတြဲထဲမွာ ကိုရီးယားႏိုင္ငံရဲ႕ နတ္ဝင္သည္ေတြ၊ ဝိဉာဥ္ေရးရာနဲ႔ ပတ္သက္တဲ့ ဓေလ့႐ိုးရာေတြကိုလည္း ၾကည့္ရႈရမွာ ျဖစ္ပါတယ္။ မင္းသမီး Jung Eun Chae ကေတာ့ ဒီစီးရီးထဲမွာ ရဲေမမေလး Kang Gil Young အျဖစ္ သ႐ုပ္ေဆာင္ထားပါတယ္။ နာမည္ေက်ာ္မင္းသားေတြျဖစ္တဲ့ Kim Jae Wook နဲ႔ Kim Dong Wook တို႔လည္း ပါဝင္ထားပါေသးတယ္။

Where Stars Land
Photo: mydramalist

ဒီဒရာမာေလးကေတာ့ office drama ပုံစံမ်ိဳးေလးျဖစ္ၿပီး ရင္ထဲမွာေႏြးေႏြးေလးနဲ႔ ၾကည့္ရႈလို႔ေကာင္းတဲ့ ဇာတ္လမ္းတြဲေလး ျဖစ္ပါတယ္။ ဇာတ္လမ္းကေတာ့ ေလဆိပ္တစ္ခုမွာ ခရီးသည္ေတြကို ဝန္ေဆာင္မႈေပးရတဲ့အဖြဲ႕က ႀကဳံေတြ႕ရတဲ့ အခက္အခဲေတြနဲ႔ ဝန္ထမ္းအခ်င္းခ်င္း တစ္ေယာက္နဲ႔တစ္ေယာက္ ေဖးမကူညီတာ၊ စိန္ေခၚမႈေတြကို အတူတူျဖတ္ေက်ာ္ၾကတာမ်ိဳး ျဖစ္ပါတယ္။ ေခါင္းေဆာင္သ႐ုပ္ေဆာင္ေတြအေနနဲ႔ Lee Je Hoon နဲ႔ Chae Soo Bin တို႔က ပါဝင္ထားပါတယ္။

ေခါင္းေဆာင္အတြဲေလးက ခ်စ္စရာေကာင္းသလို ဒုတိယအတြဲေနရာမွာေတာ့ Kim Kyung Nam နဲ႔ Lee Soo Kyung တို႔က ပါဝင္ထားပါတယ္။ The King: Eternal Monarch မွာ Kim Kyung Nam ကို ႀကိဳက္ခဲ့ၾကသူေတြဆိုရင္ ဒီဒရာမာေလးထဲမွာလည္း သူ႔ရဲ႕ေၾကာင္စီစီနဲ႔ ခ်စ္စရာေကာင္းတဲ့ပုံစံေလးေတြကို ေႂကြရဦးမယ္ဆိုတာ အေသအခ်ာပါပဲ။

ဒါကေတာ့ The King: Eternal Monarch ကို ႏွစ္သက္သူေတြအတြက္ အလြမ္းေျပ ၾကည့္ရႈႏိုင္မယ့္ ႐ုပ္ရွင္ေတြနဲ႔ ဇာတ္လမ္းတြဲေတြ ျဖစ္ပါတယ္။ ဖတ္ရႈၿပီး ဘယ္ဒရာမာေလးကို ၾကည့္ခ်င္သြားလည္းဆိုတာ ေျပာျပခဲ့ပါဦး။

LaNina

(ဆံရစ္ဝိုင္းဝက္ဘ္ဆိုဒ္တြင္ ေဖာ္ျပထားေသာ သတင္း၊ေဆာင္းပါးမ်ားကို အျခားမည္သည့္ ဝက္ဘ္ဆိုဒ္၊ Facebook စာမ်က္ႏွာတြင္မွ် ကူးယူေဖာ္ျပခြင့္ မျပဳပါေၾကာင္း အသိေပးအပ္ပါသည္။)

RELATED ARTICLES

Most Popular