HomeEntertainmentFilmSkrull ဖြစ်နေနိုင်တဲ့ No Way Home ထဲက Doctor Strange (Fan Theory)

Skrull ဖြစ်နေနိုင်တဲ့ No Way Home ထဲက Doctor Strange (Fan Theory)

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

ပရိသတ်တွေ စောင့်မျှော်နေကြတဲ့ Spider-Man: No Way Home ထွေလာဟာ ထွက်ရှိလာပြီ ဖြစ်ပြီး အဲ့ဒီထွေလာပေါ် မူတည်ပြီးတော့ ပရိသတ်တွေဟာလည်း သီအိုရီတွေများစွာ ဖော်ထုတ်လာကြပါတယ်။ အဲ့ဒီသီအိုရီတွေထဲက တစ်ခုကတော့ Doctor Strange ဟာ Skrull ဖြစ်နေနိုင်တယ်ဆိုတဲ့ အချက်ပဲ ဖြစ်ပါတယ်။

အကြောင်းကတော့ ဒီထွေလာထဲမှာ မြင်တွေ့ခဲ့ရတဲ့ Doctor Strange ဟာ ယခင် MCU ရုပ်ရှင်တွေမှာလို မဟုတ်ဘဲ ထူးဆန်းနေတာကြောင့် ဖြစ်ပါတယ်။ MCU မှာ Skrull တွေ တည်ရှိနေတာကို Captain Marvel ရုပ်ရှင်ထဲမှာ ပထမဆုံးအကြိမ် မြင်တွေ့ခဲ့ရပါတယ်။ ဒီရုပ်ရှင်ထဲမှာတော့ Skrull တွေဟာ လုံလုံခြုံခြုံ နေထိုင်နိုင်တဲ့အိမ်ကို ရှာဖွေနေတဲ့ပုံစံမျိူး ပြသထားပါတယ်။

photo via screenrant

သို့ပေမယ့်လည်း Skrull တွေအကြောင်းကို ရိုက်ကူးသွားမယ့် Secret Invasion ဇာတ်လမ်းတွဲ ထွက်ရှိလာရင်တော့ ဒီအချက်ဟာ ပြောင်းလဲသွားနိုင်ပါတယ်။ ကောမစ်ထဲမှာတော့ Skrull တွေဟာ ဟိုးအရင်ကတည်းက ကမ္ဘာပေါ်မှာ လူသားတွေနဲ့ ရောနှော နေထိုင်နေတာ ဖြစ်ပြီး စူပါဟီးရိုးတွေနဲ့လည်း နေရာချင်း လဲထားကြပါတယ်။ Marvel ကလည်း Secret Invasion ထွက်လာရင် MCU ကြီးဟာ လုံးဝပြောင်းလဲသွားလိမ့်မယ်လို့ တရားဝင် ကြေညာထားပါသေးတယ်။

No Way Home ထွေလာထဲမှာတော့ Doctor Strange ရဲ့ အပြုအမူတွေဟာ ထူးဆန်းနေတာကြောင့် ဒီ Doctor Strange က အစစ်မဟုတ်ဘဲ Skrull ဖြစ်နေနိုင်တယ်လို့ ပရိသတ်တချို့က သီအိုရီထုတ်ခဲ့ပါတယ်။ အားလုံးသိကြတဲ့အတိုင်း ဒီထွေလာထဲမှာတော့ Doctor Strange အသုံးပြုရမယ့် Spell ဟာ အန္တရာယ်များတာကြောင့် Wong က မပြုလုပ်ဖို့ တားမြစ်ခဲ့ပါတယ်။ Doctor Strange ကတော့ Wong ကို မလုပ်ဘူးလို့ ပြောခဲ့ပြီး Peter Parker ကို မျက်လုံးမှိတ်ပြလိုက်ပါတယ်။ အဲ့ဒီနောက်မှာတော့ Doctor Strange ဟာ Spell ကို စတင်ပြုလုပ်ပါတော့တယ်။

Photo via IMDb

ဒီ Spell ဟာ Time နဲ့ Space ကို ထိခိုက်သွားနိုင်ချေ အများကြီး ရှိနေပြီး Doctor Strange ကလည်း Peter ကို ဘာမေးခွန်းမှ မထုတ်ဘဲ တန်းကူညီခဲ့တာက ထူးဆန်းနေပါတယ်။ ဒီထွေလာရဲ့ နောက်ပိုင်းမှာတော့ Doctor Strange ဟာ Spider-Man နဲ့ တိုက်ခိုက်နေတာကိုလည်း မြင်တွေ့ခဲ့ရပါတယ်။

ဒီလို ထူးဆန်းတဲ့အချက်တွေကြောင့် Doctor Strange ဟာ အစစ်မဟုတ်နိုင်ဘဲ Skrull ဖြစ်နေတယ်လို့ သီအိုရီ ထွက်လာတာ ဖြစ်ပါတယ်။ Mystic Art တွေကတော့ သင်ယူထားရင် တတ်မြောက်နိုင်တယ်ဆိုပေမယ့် လွယ်တော့မလွယ်ကူပါဘူး။ ဒါပေမယ့်လည်း ကောမစ်ထဲက တချို့ skrull တွေဟာ လူတစ်ယောက်ရဲ့ ပုံပန်းသဏ္ဍာန်အပြင် စွမ်းအားတွေကိုပါ ပုံတူကူးယူနိုင်ကြပါတယ်။

photo via screenrant

အကျဉ်းချုံး ပြောရရင်တော့ Doctor Strange ဟာ Peter Parker တစ်ယောက်တည်းအတွက်နဲ့ Multiverse ကြီးကိုပါ အထိခိုက်ပြီး ကူညီဖို့ဆိုတာ ထူးဆန်းနေပါတယ်။ Secret Invasion ဇာတ်လမ်းတွဲကလည်း ထွက်ရှိလာဦးမှာ ဖြစ်တာကြောင့် MCU ထဲက ကျွန်တော်တို့သိထားတဲ့ ဘယ်ဇာတ်ကောင်မဆို Skrull တွေ ဖြစ်နေနိုင်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဒီအချက်ကတော့ သီအိုရီသက်သက်ပဲ ရှိသေးပြီး တကယ်ဖြစ်လာမလား ဆိုတာကိုတော့ စောင့်ကြည့်ရမှာပါ။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

(Zawgyi Version)

ပရိသတ္ေတြ ေစာင့္ေမွ်ာ္ေနၾကတဲ့ Spider-Man: No Way Home ေထြလာဟာ ထြက္ရွိလာၿပီ ျဖစ္ၿပီး အဲ့ဒီေထြလာေပၚ မူတည္ၿပီးေတာ့ ပရိသတ္ေတြဟာလည္း သီအိုရီေတြမ်ားစြာ ေဖာ္ထုတ္လာၾကပါတယ္။ အဲ့ဒီသီအိုရီေတြထဲက တစ္ခုကေတာ့ Doctor Strange ဟာ Skrull ျဖစ္ေနႏိုင္တယ္ဆိုတဲ့ အခ်က္ပဲ ျဖစ္ပါတယ္။

အေၾကာင္းကေတာ့ ဒီေထြလာထဲမွာ ျမင္ေတြ႕ခဲ့ရတဲ့ Doctor Strange ဟာ ယခင္ MCU ႐ုပ္ရွင္ေတြမွာလို မဟုတ္ဘဲ ထူးဆန္းေနတာေၾကာင့္ ျဖစ္ပါတယ္။ MCU မွာ Skrull ေတြ တည္ရွိေနတာကို Captain Marvel ႐ုပ္ရွင္ထဲမွာ ပထမဆုံးအႀကိမ္ ျမင္ေတြ႕ခဲ့ရပါတယ္။ ဒီ႐ုပ္ရွင္ထဲမွာေတာ့ Skrull ေတြဟာ လုံလုံၿခဳံၿခဳံ ေနထိုင္ႏိုင္တဲ့အိမ္ကို ရွာေဖြေနတဲ့ပုံစံမ်ိဴး ျပသထားပါတယ္။

photo via screenrant

သို႔ေပမယ့္လည္း Skrull ေတြအေၾကာင္းကို ႐ိုက္ကူးသြားမယ့္ Secret Invasion ဇာတ္လမ္းတြဲ ထြက္ရွိလာရင္ေတာ့ ဒီအခ်က္ဟာ ေျပာင္းလဲသြားႏိုင္ပါတယ္။ ေကာမစ္ထဲမွာေတာ့ Skrull ေတြဟာ ဟိုးအရင္ကတည္းက ကမာၻေပၚမွာ လူသားေတြနဲ႔ ေရာေႏွာ ေနထိုင္ေနတာ ျဖစ္ၿပီး စူပါဟီး႐ိုးေတြနဲ႔လည္း ေနရာခ်င္း လဲထားၾကပါတယ္။ Marvel ကလည္း Secret Invasion ထြက္လာရင္ MCU ႀကီးဟာ လုံးဝေျပာင္းလဲသြားလိမ့္မယ္လို႔ တရားဝင္ ေၾကညာထားပါေသးတယ္။

No Way Home ေထြလာထဲမွာေတာ့ Doctor Strange ရဲ႕ အျပဳအမူေတြဟာ ထူးဆန္းေနတာေၾကာင့္ ဒီ Doctor Strange က အစစ္မဟုတ္ဘဲ Skrull ျဖစ္ေနႏိုင္တယ္လို႔ ပရိသတ္တခ်ိဳ႕က သီအိုရီထုတ္ခဲ့ပါတယ္။ အားလုံးသိၾကတဲ့အတိုင္း ဒီေထြလာထဲမွာေတာ့ Doctor Strange အသုံးျပဳရမယ့္ Spell ဟာ အႏၲရာယ္မ်ားတာေၾကာင့္ Wong က မျပဳလုပ္ဖို႔ တားျမစ္ခဲ့ပါတယ္။ Doctor Strange ကေတာ့ Wong ကို မလုပ္ဘူးလို႔ ေျပာခဲ့ၿပီး Peter Parker ကို မ်က္လုံးမွိတ္ျပလိုက္ပါတယ္။ အဲ့ဒီေနာက္မွာေတာ့ Doctor Strange ဟာ Spell ကို စတင္ျပဳလုပ္ပါေတာ့တယ္။

Photo via IMDb

ဒီ Spell ဟာ Time နဲ႔ Space ကို ထိခိုက္သြားႏိုင္ေခ် အမ်ားႀကီး ရွိေနၿပီး Doctor Strange ကလည္း Peter ကို ဘာေမးခြန္းမွ မထုတ္ဘဲ တန္းကူညီခဲ့တာက ထူးဆန္းေနပါတယ္။ ဒီေထြလာရဲ႕ ေနာက္ပိုင္းမွာေတာ့ Doctor Strange ဟာ Spider-Man နဲ႔ တိုက္ခိုက္ေနတာကိုလည္း ျမင္ေတြ႕ခဲ့ရပါတယ္။

ဒီလို ထူးဆန္းတဲ့အခ်က္ေတြေၾကာင့္ Doctor Strange ဟာ အစစ္မဟုတ္ႏိုင္ဘဲ Skrull ျဖစ္ေနတယ္လို႔ သီအိုရီ ထြက္လာတာ ျဖစ္ပါတယ္။ Mystic Art ေတြကေတာ့ သင္ယူထားရင္ တတ္ေျမာက္ႏိုင္တယ္ဆိုေပမယ့္ လြယ္ေတာ့မလြယ္ကူပါဘူး။ ဒါေပမယ့္လည္း ေကာမစ္ထဲက တခ်ိဳ႕ skrull ေတြဟာ လူတစ္ေယာက္ရဲ႕ ပုံပန္းသ႑ာန္အျပင္ စြမ္းအားေတြကိုပါ ပုံတူကူးယူႏိုင္ၾကပါတယ္။

photo via screenrant

အက်ဥ္းခ်ဳံး ေျပာရရင္ေတာ့ Doctor Strange ဟာ Peter Parker တစ္ေယာက္တည္းအတြက္နဲ႔ Multiverse ႀကီးကိုပါ အထိခိုက္ၿပီး ကူညီဖို႔ဆိုတာ ထူးဆန္းေနပါတယ္။ Secret Invasion ဇာတ္လမ္းတြဲကလည္း ထြက္ရွိလာဦးမွာ ျဖစ္တာေၾကာင့္ MCU ထဲက ကြၽန္ေတာ္တို႔သိထားတဲ့ ဘယ္ဇာတ္ေကာင္မဆို Skrull ေတြ ျဖစ္ေနႏိုင္ပါတယ္။ ဘယ္လိုပဲျဖစ္ျဖစ္ ဒီအခ်က္ကေတာ့ သီအိုရီသက္သက္ပဲ ရွိေသးၿပီး တကယ္ျဖစ္လာမလား ဆိုတာကိုေတာ့ ေစာင့္ၾကည့္ရမွာပါ။

Legos

(ဆံရစ္ဝိုင္းဝက္ဘ္ဆိုဒ္တြင္ ေဖာ္ျပထားေသာ သတင္း၊ေဆာင္းပါးမ်ားကို အျခားမည္သည့္ ဝက္ဘ္ဆိုဒ္၊ Facebook စာမ်က္ႏွာတြင္မွ် ကူးယူေဖာ္ျပခြင့္ မျပဳပါေၾကာင္း အသိေပးအပ္ပါသည္။)

RELATED ARTICLES

Most Popular