HomeEntertainmentFilmWandaVision ဇာတ်လမ်းတွဲရဲ့ အံ့ဩစရာ မူလဇာတ်ညွှန်း အကြောင်းအရာများ 

WandaVision ဇာတ်လမ်းတွဲရဲ့ အံ့ဩစရာ မူလဇာတ်ညွှန်း အကြောင်းအရာများ 

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

Disney+ က ပြသခဲ့တဲ့ ပထမဆုံး Marvel ဇာတ်လမ်းတွဲဖြစ်တဲ့ WandaVision ကတော့ ပရိသတ်တွေကြားမှာ အတော်လေး ရေပန်းစားပါတယ်။ ဇာတ်လမ်းရဲ့အစမှာတော့ Wanda နဲ့ Vision တို့ရဲ့ အချစ်ဇာတ်လမ်းကို ပျော်စရာပုံစံလေး မြင်တွေ့ရပြီး အဲ့ဒီနောက်မှာတော့ တဖြည်းဖြည်းနဲ့ မတူညီတဲ့ ဇာတ်လမ်းတွဲပုံစံကို မြင်တွေ့ခဲ့ရပါတယ်။ ဒါပေမယ့်လည်း ဇာတ်သိမ်းကတော့ အရှေ့မှာ ပြသခဲ့တဲ့ ဇာတ်ဝင်ခန်းတွေနဲ့ လုံးဝ ခြားနားပါတယ်။

photo via screenrant

တကယ်တမ်းမှာတော့ ဒီဇာတ်လမ်းတွဲထဲက sitcom လောကဟာ Wanda ရဲ့ Chaos Magic ကြောင့် ဖြစ်ပေါ်လာတာပါ။ သူမအတွက် ဆုံးရှုံးမှုတွေ အလွန်များပြားတာကြောင့် သူမရဲ့ မသိစိတ်ကတောင် လက်မခံနိုင်တော့ဘဲ အခုလိုမျိူး ပြီးပြည့်စုံတဲ့ ကမ္ဘာလေးတစ်ခုကို ဖန်တီးမိသွားတာ ဖြစ်ပါတယ်။ ဇာတ်သိမ်းခန်းမှာတော့ Wanda ဟာ Scarlet Witch ဖြစ်သွားပြီး အသိစိတ် ပြန်ဝင်လာကာ သူမ ချစ်ခင်ရသူတွေ ပါဝင်နေတဲ့ ကမ္ဘာလေးကို နှုတ်ဆက်ခဲ့ရပါတယ်။ ဒါပေမယ့်လည်း ၂၀၂၂ ခုနှစ်မှာ ထွက်ရှိလာမယ့် Doctor Strange in the Multiverse of Madness ထဲမှာလည်း Wanda ပါဝင်လာဦးမယ်လို့ သိရပါတယ်။

photo via screenrant

မကြာသေးခင်ကပဲ WandaVision ဇာတ်လမ်းတွဲ ဖြစ်ပေါ်လာအောင် ဖန်တီးပေးခဲ့ကြသူတွေဟာ ဒီဇာတ်လမ်းတွဲ နောက်ကွယ်က စိတ်ဝင်စားဖို့ကောင်းတဲ့ အချက်တွေကို ပြောပြခဲ့ပါတယ်။ မူလက ဖန်တီးခဲ့တဲ့ WandaVision ရဲ့ ဇာတ်ညွှန်းအကြမ်းထဲမှာဆိုရင် Kat Dennings သရုပ်ဆောင်ထားတဲ့ Darcy ဟာ Hex မှာ ဘာကြောင့် မစ်ရှင်လာလုပ်တာလည်းဆိုတာ မြင်ရမယ့် flashback ပါဝင်ခဲ့ပါတယ်။

ဒါ့အပြင် တချို့ဇာတ်ညွှန်းတွေထဲမှာတော့ Agatha ဟာ Wanda ရဲ့ ဆရာ ဖြစ်ခဲ့ပြီး Wanda ကို အရေးကြီးတဲ့ မှော်ပညာတွေ သင်ပေးခဲ့တယ်လို့ ဆိုပါတယ်။ သို့သော်လည်း WandaVision မှာ ဗီလိန်လိုအပ်နေတာကြောင့် Agatha ကို ဗီလိန်အဖြစ် ပြောင်းလဲစေခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။ ဒါတင်မကသေးဘဲ Westview မှာ နေထိုင်ကြသူတွေဟာ သူတို့နဲ့ မတူညီတဲ့သူတွေကို မုန်းတီးတဲ့ စိတ်အခြေအနေ ဖြစ်လာပြီး Sokovia နိုင်ငံသူ Wanda နဲ့ စက်ရုပ် Vision တို့ကို ဆန့်ကျင်ကြတဲ့ ဇာတ်ညွှန်းလည်း ရှိခဲ့ပါတယ်။

photo via screenrant

ဒီဇာတ်လမ်းတွဲရဲ့ ခေါင်းစဉ်ကို WandaVision လို့ ပေးခဲ့ရတဲ့ အကြောင်းရင်းကလည်း Kevin Feige ဟာ BlacKkklansman ဆိုတဲ့ ရုပ်ရှင်မှာ စာလုံးတွေ ဆက်ပြီးရေးထားတာကို သဘောကျလို့ပဲ ဖြစ်ပါတယ်။ ဒါ့အပြင် Wanda ဟာ ဘာကြောင့် သူမရဲ့ sitcom ကို ထုတ်လွှင့်နေရတာလည်း ဆိုတာကိုတော့ ဇာတ်ညွှန်းအကြီးအကဲ Jac Schaeffer က ပြောပြထားပါတယ်။ Wanda ဟာ သူမရဲ့ အတွေ့အကြုံတွေကို ရွေးချယ်ဖော်ထုတ်ပြီး သူမရဲ့မသိစိတ်က အကူအညီတောင်းနေလို့ပဲ ဖြစ်ပါတယ်။ နောက်ဆုံးတစ်ချက်ကတော့ Doctor Strange 2 ထဲက Wanda ကို ပိုပြီးပြင်းထန်တဲ့ လေယူလေသိမ်းနဲ့ မြင်တွေ့ရမယ်လို့ Elizabeth Olsen ကိုယ်တိုင်က ပြောထားပါတယ်။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

(Zawgyi Version)

Disney+ က ျပသခဲ့တဲ့ ပထမဆုံး Marvel ဇာတ္လမ္းတြဲျဖစ္တဲ့ WandaVision ကေတာ့ ပရိသတ္ေတြၾကားမွာ အေတာ္ေလး ေရပန္းစားပါတယ္။ ဇာတ္လမ္းရဲ႕အစမွာေတာ့ Wanda နဲ႔ Vision တို႔ရဲ႕ အခ်စ္ဇာတ္လမ္းကို ေပ်ာ္စရာပုံစံေလး ျမင္ေတြ႕ရၿပီး အဲ့ဒီေနာက္မွာေတာ့ တျဖည္းျဖည္းနဲ႔ မတူညီတဲ့ ဇာတ္လမ္းတြဲပုံစံကို ျမင္ေတြ႕ခဲ့ရပါတယ္။ ဒါေပမယ့္လည္း ဇာတ္သိမ္းကေတာ့ အေရွ႕မွာ ျပသခဲ့တဲ့ ဇာတ္ဝင္ခန္းေတြနဲ႔ လုံးဝ ျခားနားပါတယ္။

photo via screenrant

တကယ္တမ္းမွာေတာ့ ဒီဇာတ္လမ္းတြဲထဲက sitcom ေလာကဟာ Wanda ရဲ႕ Chaos Magic ေၾကာင့္ ျဖစ္ေပၚလာတာပါ။ သူမအတြက္ ဆုံးရႈံးမႈေတြ အလြန္မ်ားျပားတာေၾကာင့္ သူမရဲ႕ မသိစိတ္ကေတာင္ လက္မခံႏိုင္ေတာ့ဘဲ အခုလိုမ်ိဴး ၿပီးျပည့္စုံတဲ့ ကမာၻေလးတစ္ခုကို ဖန္တီးမိသြားတာ ျဖစ္ပါတယ္။ ဇာတ္သိမ္းခန္းမွာေတာ့ Wanda ဟာ Scarlet Witch ျဖစ္သြားၿပီး အသိစိတ္ ျပန္ဝင္လာကာ သူမ ခ်စ္ခင္ရသူေတြ ပါဝင္ေနတဲ့ ကမာၻေလးကို ႏႈတ္ဆက္ခဲ့ရပါတယ္။ ဒါေပမယ့္လည္း ၂၀၂၂ ခုႏွစ္မွာ ထြက္ရွိလာမယ့္ Doctor Strange in the Multiverse of Madness ထဲမွာလည္း Wanda ပါဝင္လာဦးမယ္လို႔ သိရပါတယ္။

photo via screenrant

မၾကာေသးခင္ကပဲ WandaVision ဇာတ္လမ္းတြဲ ျဖစ္ေပၚလာေအာင္ ဖန္တီးေပးခဲ့ၾကသူေတြဟာ ဒီဇာတ္လမ္းတြဲ ေနာက္ကြယ္က စိတ္ဝင္စားဖို႔ေကာင္းတဲ့ အခ်က္ေတြကို ေျပာျပခဲ့ပါတယ္။ မူလက ဖန္တီးခဲ့တဲ့ WandaVision ရဲ႕ ဇာတ္ၫႊန္းအၾကမ္းထဲမွာဆိုရင္ Kat Dennings သ႐ုပ္ေဆာင္ထားတဲ့ Darcy ဟာ Hex မွာ ဘာေၾကာင့္ မစ္ရွင္လာလုပ္တာလည္းဆိုတာ ျမင္ရမယ့္ flashback ပါဝင္ခဲ့ပါတယ္။

ဒါ့အျပင္ တခ်ိဳ႕ဇာတ္ၫႊန္းေတြထဲမွာေတာ့ Agatha ဟာ Wanda ရဲ႕ ဆရာ ျဖစ္ခဲ့ၿပီး Wanda ကို အေရးႀကီးတဲ့ ေမွာ္ပညာေတြ သင္ေပးခဲ့တယ္လို႔ ဆိုပါတယ္။ သို႔ေသာ္လည္း WandaVision မွာ ဗီလိန္လိုအပ္ေနတာေၾကာင့္ Agatha ကို ဗီလိန္အျဖစ္ ေျပာင္းလဲေစခဲ့တာ ျဖစ္တယ္လို႔ သိရပါတယ္။ ဒါတင္မကေသးဘဲ Westview မွာ ေနထိုင္ၾကသူေတြဟာ သူတို႔နဲ႔ မတူညီတဲ့သူေတြကို မုန္းတီးတဲ့ စိတ္အေျခအေန ျဖစ္လာၿပီး Sokovia ႏိုင္ငံသူ Wanda နဲ႔ စက္႐ုပ္ Vision တို႔ကို ဆန႔္က်င္ၾကတဲ့ ဇာတ္ၫႊန္းလည္း ရွိခဲ့ပါတယ္။

photo via screenrantဒီဇာတ္လမ္းတြဲရဲ႕ ေခါင္းစဥ္ကို WandaVision လို႔ ေပးခဲ့ရတဲ့ အေၾကာင္းရင္းကလည္း Kevin Feige ဟာ BlacKkklansman ဆိုတဲ့ ႐ုပ္ရွင္မွာ စာလုံးေတြ ဆက္ၿပီးေရးထားတာကို သေဘာက်လို႔ပဲ ျဖစ္ပါတယ္။ ဒါ့အျပင္ Wanda ဟာ ဘာေၾကာင့္ သူမရဲ႕ sitcom ကို ထုတ္လႊင့္ေနရတာလည္း ဆိုတာကိုေတာ့ ဇာတ္ၫႊန္းအႀကီးအကဲ Jac Schaeffer က ေျပာျပထားပါတယ္။ Wanda ဟာ သူမရဲ႕ အေတြ႕အႀကဳံေတြကို ေ႐ြးခ်ယ္ေဖာ္ထုတ္ၿပီး သူမရဲ႕မသိစိတ္က အကူအညီေတာင္းေနလို႔ပဲ ျဖစ္ပါတယ္။ ေနာက္ဆုံးတစ္ခ်က္ကေတာ့ Doctor Strange 2 ထဲက Wanda ကို ပိုၿပီးျပင္းထန္တဲ့ ေလယူေလသိမ္းနဲ႔ ျမင္ေတြ႕ရမယ္လို႔ Elizabeth Olsen ကိုယ္တိုင္က ေျပာထားပါတယ္။

Legos

(ဆံရစ္ဝိုင္းဝက္ဘ္ဆိုဒ္တြင္ ေဖာ္ျပထားေသာ သတင္း၊ေဆာင္းပါးမ်ားကို အျခားမည္သည့္ ဝက္ဘ္ဆိုဒ္၊ Facebook စာမ်က္ႏွာတြင္မွ် ကူးယူေဖာ္ျပခြင့္ မျပဳပါေၾကာင္း အသိေပးအပ္ပါသည္။)

RELATED ARTICLES

Most Popular