HomeEntertainmentFilmHarry Potter ထဲက ပရော်ဖက်ဆာ Dumbledore ရဲ့ အကြီးမားဆုံး အားသာချက်(၅)ခု

Harry Potter ထဲက ပရော်ဖက်ဆာ Dumbledore ရဲ့ အကြီးမားဆုံး အားသာချက်(၅)ခု

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

ပရော်ဖက်ဆာကြီး Dumbledore ဟာ Hogwarts ကျောင်းက ကျောင်းသားတွေနဲ့ ဆရာတွေ လေးစားအားထားရတဲ့ ပရော်ဖက်ဆာကြီးတစ်ယောက် ဖြစ်သလို Harry Potter ပရိသတ်တွေ နှစ်သက်တဲ့ ဇာတ်ကောင်တစ်ယောက်လည်း ဖြစ်ပါတယ်။ Dumbledore ဟာ စွမ်းအားကြီးမားပြီး အရည်အချင်းနဲ့ ပြည့်စုံတဲ့ မှော်ပညာရှင်တစ်ယောက် ဖြစ်တာနဲ့အညီ အားသာချက်တွေများစွာ ပိုင်ဆိုင်ထားသူ ဖြစ်ပါတယ်။ အဲ့ဒီထဲကမှ အကြီးမားဆုံး အားသာချက်(၅)ခုကို ဖော်ပြရမယ်ဆိုရင်တော့ …

(၁) အလွန်အလုပ်ကြိုးစားသူ ဖြစ်ပါတယ်။
Photo via IMDb

Dumbledore ဟာ မွေးရာပါ မှော်ပညာ ပါရမီပါလာသူ ဖြစ်ပြီး စွမ်းရည်မျိုးစုံနဲ့ ပြည့်ဝနေပေမယ့် သူ့ဘဝကို ဒီလက်ဆောင်တွေနဲ့ပဲ အလိုက်သင့် မျှောလိုက်နေသူ မဟုတ်ပါဘူး။ သူဟာ Voldemort နဲ့ နောက်လိုက်ပါတွေကို ဖြိုခွဲ နှိမ်နင်းဖို့အရေးမှာ အပြည့်အဝ အာရုံစိုက်ထားသူ ဖြစ်ပြီး သူ့ရဲ့ဘဝအချိန်အများစုကိုလည်း ဒီကိစ္စအတွက်ကိုပဲ မြှုပ်နှံထားတာ ဖြစ်ပါတယ်။ Voldemort ကို နှိမ်နင်းဖို့အရေးမှာ အလျှော့မပေးဘဲ ဇွဲနပဲကြီးမားသူဖြစ်ပြီး မမောနိုင် မပန်းနိုင် အလုပ်ကြိုးစားခဲ့ရုံသာမက Order of the Phoenix ကိုတောင် တည်ထောင်ခဲ့သူ ဖြစ်ပါတယ်။

(၂) ကမ္ဘာကြီးကို ပိုပြီးပြည့်စုံကောင်းမွန်စေချင်သူ ဖြစ်ပါတယ်။
Photo via IMDb

Dumbledore ဟာ Grindelwald နဲ့ အနီးကပ် နေထိုင်ခဲ့ဖူးသူဖြစ်ပြီး တစ်ခါတုန်းက anti-muggle ဖြစ်ခဲ့ဖူးတယ်ဆိုတဲ့ အချက်ဟာ ပရိသတ်တွေကို အံ့အားသင့်စေခဲ့ပါတယ်။ ဒီနေရာမှာ ပရိသတ်တွေအနေနဲ့ Dumbledore အပေါ် ရှုမြင်တဲ့ အမြင်ဟာ ပြောင်းလဲသွားခဲ့ရပါတယ်။ သူဟာ ယခင်ကပြုလုပ်ခဲ့ဖူးတဲ့ အမှားတွေကြောင့် အပြစ်ရှိတဲ့ ခံစားချက်တွေကို သယ်ပိုးထားရသူ ဖြစ်ပြီး Voldemort ကို ချေမှုန်းလိုတဲ့ သူ့ရဲ့ရည်ရွယ်ချက်ဟာ လုံးဝသန့်စင်တယ်လို့ ပြောဖို့ခက်ပေမယ့် ပိုမိုကောင်းမွန်တဲ့ ကမ္ဘာကြီးဖြစ်လာဖို့အတွက် သူတတ်နိုင်သမျှ အရာအားလုံးကို ကြိုးစားကာ တိုက်ခိုက်ခဲ့တယ်ဆိုတာကတော့ အသေအချာပဲ ဖြစ်ပါတယ်။

(၃) အဆိုးဝါးဆုံးအမှားတွေထဲက သင်ယူတတ်သူ ဖြစ်ပါတယ်။
Photo via IMDb

Dumbledore ဟာ အတိတ်မှာ မှားယွင်းတဲ့ ရွေးချယ်မှုတွေကို ပြုလုပ်ခဲ့တာကြောင့် ဝေဖန်မှုတွေ ခံယူခဲ့ရပေမယ့် တစ်ခြားကာရိုက်တာတွေနဲ့ မတူညီတဲ့ အချက်ကတော့ သူ့ရဲ့အတွေးအမြင်ကို လုံးဝပြောင်းလဲလိုက်နိုင်တာပဲ ဖြစ်ပါတယ်။ သူဟာ ကမ္ဘာကြီးကို ပိုမိုတရားမျှတပြီး သာတူညီမျှ ဖြစ်စေချင်တဲ့ ရည်ရွယ်ချက်တွေ ရှိလာခဲ့တာကြောင့် အမှားတွေထဲက သင်ယူပြီး အကောင်းတွေ ဖြစ်လာဖို့ကိုပဲ အာရုံစိုက်ခဲ့သူ ဖြစ်ပါတယ်။

(၄) ဉာဏ်ပညာမြင့်မားလွန်းသူ ဖြစ်ပါတယ်။
Photo via IMDb

Dumbledore နဲ့ ပတ်သက်လာရင် သူ့ရဲ့ပညာဉာဏ် ကြွယ်ဝမှုနဲ့ အသိအမြင် ကျယ်ပြန့်မှုတွေကို ငြင်းချက်ထုတ်စရာ မလိုပါဘူး။ သူဟာ စာပေ ပညာရပ်တွေ အပါအဝင် အဖက်ဖက်မှာ ထူးချွန်ထက်မြက်သူ ဖြစ်ပြီး လူတွေကို အကဲခတ်လေ့လာခြင်းနဲ့ လူတွေရဲ့ အတွင်းစိတ်တွေကို ဖတ်ရှု၊ နားလည်နိုင်စွမ်း ရှိသူလည်း ဖြစ်ပါတယ်။

(၅) မှော်ပညာမှာ အလွန်စွမ်းအားကြီးသူ ဖြစ်ပါတယ်။
Photo via IMDb

ဒီအချက်ကတော့ Dumbledore ရဲ့ ပင်ကိုစရိုက်နဲ့ သိပ်ပြီးမသက်ဆိုင်ပေမယ့် ဇာတ်လမ်းရဲ့ နေရာအများစုမှာ ဒီအချက်ဟာ အဓိကနေရာက ပါဝင်နေတာကြောင့် သူ့ရဲ့အားသာချက်လို့ ပြောရင်လည်း မှားမယ်မထင်ပါဘူး။ Dumbledore ဟာ စွမ်းရည်မြင့်မားလွန်းတဲ့ မှော်ပညာရှင်တစ်ယောက်ဖြစ်တာကြောင့် Voldemort ရဲ့ ပြိုင်ဘက်တစ်ယောက်အဖြစ် တည်ရှိနေတာလည်း ဖြစ်ပါတယ်။

ဒါ့အပြင် Dumbledore ဟာ အမှောင်သခင်ကြီး Voldemort အမှန်တကယ် ကြောက်ရွံ့ရတဲ့ လူတစ်ယောက်လည်း ဖြစ်ပါတယ်။ Dumbledore ရဲ့ ကြောက်ခမန်းလိလိ မှော်စွမ်းအားကိုတော့ Order of the Phoenix ရဲ့အဆုံးသတ်နားက Voldemort နဲ့ ယှဉ်ပြိုင်တိုက်ခိုက်ရာမှာ တွေ့ခဲ့ကြရပါတယ်။

ဒါကတော့ Hogwarts ကျောင်းတော်ကြီးရဲ့ ကျောင်းအုပ်ဆရာကြီးလည်းဖြစ်၊ မှော်လောက,က မှော်ပညာရှင်တွေ လေးစားအားထားရသူတစ်ဦးလည်း ဖြစ်တဲ့ Dumbledore ရဲ့ အကြီးမားဆုံး အားသာချက်တွေပဲ ဖြစ်ပါတယ်။ စာဖတ်သူတို့ရဲ့ မတူညီတဲ့ အမြင်တွေရှိရင်လည်း ပြန်လည်ဝေမျှခဲ့ပါဦး။

Linda December

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

(Zawgyi Version)

ပေရာ္ဖက္ဆာႀကီး Dumbledore ဟာ Hogwarts ေက်ာင္းက ေက်ာင္းသားေတြနဲ႔ ဆရာေတြ ေလးစားအားထားရတဲ့ ပေရာ္ဖက္ဆာႀကီးတစ္ေယာက္ ျဖစ္သလို Harry Potter ပရိသတ္ေတြ ႏွစ္သက္တဲ့ ဇာတ္ေကာင္တစ္ေယာက္လည္း ျဖစ္ပါတယ္။ Dumbledore ဟာ စြမ္းအားႀကီးမားၿပီး အရည္အခ်င္းနဲ႔ ျပည့္စုံတဲ့ ေမွာ္ပညာရွင္တစ္ေယာက္ ျဖစ္တာနဲ႔အညီ အားသာခ်က္ေတြမ်ားစြာ ပိုင္ဆိုင္ထားသူ ျဖစ္ပါတယ္။ အဲ့ဒီထဲကမွ အႀကီးမားဆုံး အားသာခ်က္(၅)ခုကို ေဖာ္ျပရမယ္ဆိုရင္ေတာ့ …

(၁) အလြန္အလုပ္ႀကိဳးစားသူ ျဖစ္ပါတယ္။
Photo via IMDb

Dumbledore ဟာ ေမြးရာပါ ေမွာ္ပညာ ပါရမီပါလာသူ ျဖစ္ၿပီး စြမ္းရည္မ်ိဳးစုံနဲ႔ ျပည့္ဝေနေပမယ့္ သူ႔ဘဝကို ဒီလက္ေဆာင္ေတြနဲ႔ပဲ အလိုက္သင့္ ေမွ်ာလိုက္ေနသူ မဟုတ္ပါဘူး။ သူဟာ Voldemort နဲ႔ ေနာက္လိုက္ပါေတြကို ၿဖိဳခြဲ ႏွိမ္နင္းဖို႔အေရးမွာ အျပည့္အဝ အာ႐ုံစိုက္ထားသူ ျဖစ္ၿပီး သူ႔ရဲ႕ဘဝအခ်ိန္အမ်ားစုကိုလည္း ဒီကိစၥအတြက္ကိုပဲ ျမႇဳပ္ႏွံထားတာ ျဖစ္ပါတယ္။ Voldemort ကို ႏွိမ္နင္းဖို႔အေရးမွာ အေလွ်ာ့မေပးဘဲ ဇြဲနပဲႀကီးမားသူျဖစ္ၿပီး မေမာႏိုင္ မပန္းႏိုင္ အလုပ္ႀကိဳးစားခဲ့႐ုံသာမက Order of the Phoenix ကိုေတာင္ တည္ေထာင္ခဲ့သူ ျဖစ္ပါတယ္။

(၂) ကမာၻႀကီးကို ပိုၿပီးျပည့္စုံေကာင္းမြန္ေစခ်င္သူ ျဖစ္ပါတယ္။
Photo via IMDb

Dumbledore ဟာ Grindelwald နဲ႔ အနီးကပ္ ေနထိုင္ခဲ့ဖူးသူျဖစ္ၿပီး တစ္ခါတုန္းက anti-muggle ျဖစ္ခဲ့ဖူးတယ္ဆိုတဲ့ အခ်က္ဟာ ပရိသတ္ေတြကို အံ့အားသင့္ေစခဲ့ပါတယ္။ ဒီေနရာမွာ ပရိသတ္ေတြအေနနဲ႔ Dumbledore အေပၚ ရႈျမင္တဲ့ အျမင္ဟာ ေျပာင္းလဲသြားခဲ့ရပါတယ္။ သူဟာ ယခင္ကျပဳလုပ္ခဲ့ဖူးတဲ့ အမွားေတြေၾကာင့္ အျပစ္ရွိတဲ့ ခံစားခ်က္ေတြကို သယ္ပိုးထားရသူ ျဖစ္ၿပီး Voldemort ကို ေခ်မႈန္းလိုတဲ့ သူ႔ရဲ႕ရည္႐ြယ္ခ်က္ဟာ လုံးဝသန႔္စင္တယ္လို႔ ေျပာဖို႔ခက္ေပမယ့္ ပိုမိုေကာင္းမြန္တဲ့ ကမာၻႀကီးျဖစ္လာဖို႔အတြက္ သူတတ္ႏိုင္သမွ် အရာအားလုံးကို ႀကိဳးစားကာ တိုက္ခိုက္ခဲ့တယ္ဆိုတာကေတာ့ အေသအခ်ာပဲ ျဖစ္ပါတယ္။

(၃) အဆိုးဝါးဆုံးအမွားေတြထဲက သင္ယူတတ္သူ ျဖစ္ပါတယ္။
Photo via IMDb

Dumbledore ဟာ အတိတ္မွာ မွားယြင္းတဲ့ ေ႐ြးခ်ယ္မႈေတြကို ျပဳလုပ္ခဲ့တာေၾကာင့္ ေဝဖန္မႈေတြ ခံယူခဲ့ရေပမယ့္ တစ္ျခားကာ႐ိုက္တာေတြနဲ႔ မတူညီတဲ့ အခ်က္ကေတာ့ သူ႔ရဲ႕အေတြးအျမင္ကို လုံးဝေျပာင္းလဲလိုက္ႏိုင္တာပဲ ျဖစ္ပါတယ္။ သူဟာ ကမာၻႀကီးကို ပိုမိုတရားမွ်တၿပီး သာတူညီမွ် ျဖစ္ေစခ်င္တဲ့ ရည္႐ြယ္ခ်က္ေတြ ရွိလာခဲ့တာေၾကာင့္ အမွားေတြထဲက သင္ယူၿပီး အေကာင္းေတြ ျဖစ္လာဖို႔ကိုပဲ အာ႐ုံစိုက္ခဲ့သူ ျဖစ္ပါတယ္။

(၄) ဉာဏ္ပညာျမင့္မားလြန္းသူ ျဖစ္ပါတယ္။
Photo via IMDb

Dumbledore နဲ႔ ပတ္သက္လာရင္ သူ႔ရဲ႕ပညာဉာဏ္ ႂကြယ္ဝမႈနဲ႔ အသိအျမင္ က်ယ္ျပန႔္မႈေတြကို ျငင္းခ်က္ထုတ္စရာ မလိုပါဘူး။ သူဟာ စာေပ ပညာရပ္ေတြ အပါအဝင္ အဖက္ဖက္မွာ ထူးခြၽန္ထက္ျမက္သူ ျဖစ္ၿပီး လူေတြကို အကဲခတ္ေလ့လာျခင္းနဲ႔ လူေတြရဲ႕ အတြင္းစိတ္ေတြကို ဖတ္ရႈ၊ နားလည္ႏိုင္စြမ္း ရွိသူလည္း ျဖစ္ပါတယ္။

(၅) ေမွာ္ပညာမွာ အလြန္စြမ္းအားႀကီးသူ ျဖစ္ပါတယ္။
Photo via IMDb

ဒီအခ်က္ကေတာ့ Dumbledore ရဲ႕ ပင္ကိုစ႐ိုက္နဲ႔ သိပ္ၿပီးမသက္ဆိုင္ေပမယ့္ ဇာတ္လမ္းရဲ႕ ေနရာအမ်ားစုမွာ ဒီအခ်က္ဟာ အဓိကေနရာက ပါဝင္ေနတာေၾကာင့္ သူ႔ရဲ႕အားသာခ်က္လို႔ ေျပာရင္လည္း မွားမယ္မထင္ပါဘူး။ Dumbledore ဟာ စြမ္းရည္ျမင့္မားလြန္းတဲ့ ေမွာ္ပညာရွင္တစ္ေယာက္ျဖစ္တာေၾကာင့္ Voldemort ရဲ႕ ၿပိဳင္ဘက္တစ္ေယာက္အျဖစ္ တည္ရွိေနတာလည္း ျဖစ္ပါတယ္။

ဒါ့အျပင္ Dumbledore ဟာ အေမွာင္သခင္ႀကီး Voldemort အမွန္တကယ္ ေၾကာက္႐ြံ႕ရတဲ့ လူတစ္ေယာက္လည္း ျဖစ္ပါတယ္။ Dumbledore ရဲ႕ ေၾကာက္ခမန္းလိလိ ေမွာ္စြမ္းအားကိုေတာ့ Order of the Phoenix ရဲ႕အဆုံးသတ္နားက Voldemort နဲ႔ ယွဥ္ၿပိဳင္တိုက္ခိုက္ရာမွာ ေတြ႕ခဲ့ၾကရပါတယ္။

ဒါကေတာ့ Hogwarts ေက်ာင္းေတာ္ႀကီးရဲ႕ ေက်ာင္းအုပ္ဆရာႀကီးလည္းျဖစ္၊ ေမွာ္ေလာက,က ေမွာ္ပညာရွင္ေတြ ေလးစားအားထားရသူတစ္ဦးလည္း ျဖစ္တဲ့ Dumbledore ရဲ႕ အႀကီးမားဆုံး အားသာခ်က္ေတြပဲ ျဖစ္ပါတယ္။ စာဖတ္သူတို႔ရဲ႕ မတူညီတဲ့ အျမင္ေတြရွိရင္လည္း ျပန္လည္ေဝမွ်ခဲ့ပါဦး။

Linda December

(ဆံရစ္ဝိုင္းဝက္ဘ္ဆိုဒ္တြင္ ေဖာ္ျပထားေသာ သတင္း၊ေဆာင္းပါးမ်ားကို အျခားမည္သည့္ ဝက္ဘ္ဆိုဒ္၊ Facebook စာမ်က္ႏွာတြင္မွ် ကူးယူေဖာ္ျပခြင့္ မျပဳပါေၾကာင္း အသိေပးအပ္ပါသည္။)

 

RELATED ARTICLES

Most Popular