HomeEntertainmentFilmThe Flash ရုပ်ရှင်ထဲက Henry Cavill နဲ့ Gal Gadot ရဲ့ Cameo တို့ကို ဖျက်ပစ်ခဲ့တဲ့...

The Flash ရုပ်ရှင်ထဲက Henry Cavill နဲ့ Gal Gadot ရဲ့ Cameo တို့ကို ဖျက်ပစ်ခဲ့တဲ့ DCU

DCU ရဲ့ Reboot ပြုလုပ်သွားမယ့် အစီအစဉ်ကြောင့် အသစ်ထွက်လာမယ့် The Flash ရုပ်ရှင်ထဲက Henry Cavill နဲ့ Gal Gadot တို့ရဲ့ Cameo တွေကို ဖျက်ပစ်လိုက်ပြီလို့ သိရပါတယ်။ The Flash ရုပ်ရှင်ထဲမှာတော့ Barry Allen ဟာ DCU ရဲ့ Multiverse တွေကို သွားလာမှာ ဖြစ်ပြီး ဟီးရိုးတွေရဲ့ မတူညီတဲ့ ဗားရှင်းတွေကို မြင်တွေ့ရမှာပါ။ လောလောဆယ်မှာတော့ Sasha Calle ရဲ့ Supergirl နဲ့ Michael Keaton တို့ရဲ့ Batman တို့ကို မြင်တွေ့ရမယ်လို့ အတည်ပြုထားပါတယ်။

photo via screenrant

ယခုအချိန်မှာတော့ The Flash ရုပ်ရှင်ထဲက Henry Cavill နဲ့ Gal Gadot ရဲ့ Cameo တွေကို ဖျက်ပစ်လိုက်ပြီလို့ The Hollywood Reporter သတင်းဌာနက ဖော်ပြခဲ့ပါတယ်။ မကြာခင်ကပဲ James Gunn ဟာ ပိုမိုငယ်ရွယ်တဲ့ Superman ဗားရှင်းကို ဖန်တီးသွားမယ်လို့ ကြေညာခဲ့ပြီး Henry Cavill ကလည်း Superman ဇာတ်ကောင်က ထွက်ခွာသွားခဲ့ပါတယ်။ Wonder Woman 3 ကို ဖန်တီးဖို့ ပြင်ဆင်ခဲ့တဲ့ ဒါရိုက်တာ Patty Jenkins က ထွက်ခွာသွားတာကြောင့် Gal Gadot ရဲ့ Cameo ကိုလည်း ဖျက်ပစ်ခဲ့တယ်လို့ သိရပါတယ်။ လောလောဆယ်မှာတော့ Gal Gadot ဟာ Wonder Woman ဇာတ်ကောင်က ထွက်ခွာသွားလား ဆက်လက်သရုပ်ဆောင်သွားမှာလား ဆိုတာတော့ သေချာမသိရသေးပါဘူး။ The Hollywood Reporter သတင်းဌာနရဲ့ ဖော်ပြချက်ကတော့

“၂၀၂၃ မှာ ထွက်လာမယ့် DC ရုပ်ရှင်လေးကားထဲက တစ်ကားဖြစ်တဲ့ The Flash အတွက် Cavill ကလည်း Cameo ရိုက်ခဲ့ပါတယ်။ Cavill နဲ့အတူ Gal gadot လည်း ရိုက်ခဲ့ပြီး ဒါရိုက်တာ Patty Jenkins ရဲ့ Wonder Woman 3 ဗားရှင်းကို မဖန်တီးတော့တာကြောင့် ဒီ Cameo ကို ဖျက်ပစ်ခဲ့တယ်”

photo via screenrant

ယခုအချိန်မှာတော့ Henry Cavill က ထွက်ခွာသွားခဲ့သလို Gal Gadot ရဲ့ Cameo ကလည်း ဖျက်ပစ်ခံခဲ့ရတာကြောင့် DCU ဇာတ်ကောင်တွေရဲ့ အနာဂတ်ဟာလည်း မသေမရေရာ ဖြစ်နေပါတယ်။ James Gunn ကတော့ DCU ကို လက်ရှိကောမစ်ထဲကလိုမျိူး မြိုင်မြိုင်ဆိုင်ဆိုင်နဲ့ စိတ်ဝင်စားဖို့တဲ့ Universe တစ်ခု ဖြစ်အောင် Reboot ပြုလုပ်ဖို့ စီစဉ်နေတာ ဖြစ်ပါတယ်။ ဒါကြောင့်ပဲ Justice League တစ်ခုလုံးရဲ့ သရုပ်ဆောင်တွေလည်း ပြောင်းလဲသွားနိုင်ပါတယ်။

Legos

Source: Screenrant

RELATED ARTICLES

Most Popular