HomeEntertainmentFilm၂၀၂၃ ခုနှစ်မှာ Dune Part 2 ထွက်ရှိလာမယ်လို့ ကြေညာလိုက်တဲ့ WB

၂၀၂၃ ခုနှစ်မှာ Dune Part 2 ထွက်ရှိလာမယ်လို့ ကြေညာလိုက်တဲ့ WB

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

Frank Herbert ရေးသားထားတဲ့ဝတ္ထုကို အခြေခံပြီး ရိုက်ကူးထားတဲ့ Dune ရုပ်ရှင်ဟာ မကြာသေးခင်ကပဲ ထွက်ရှိခဲ့ပြီး ဇာတ်လမ်းကိုတော့ Cliffhanger နဲ့ အဆုံးသတ်ထားပါတယ်။ ဒါကြောင့်ပဲ Part 2 က ဘယ်အချိန် ထွက်ရှိလာမလည်းဆိုတာကို ပရိသတ်တွေက သိချင်စိတ်ပြင်းပြနေကြပါတယ်။

ဒါကြောင့်ပဲ ပရိသတ်တွေ မျှော်နေတဲ့ Part 2 ဟာ ၂၀၂၃ ခုနှစ်အတွင်းမှာ ထွက်ရှိလာမယ်လို့ Warner Bros. နဲ့ Legendary Pictures က တရားဝင် ကြေညာလိုက်ပါတယ်။ ဒီရုပ်ရှင်ကိုတော့ ဒါရိုက်တာ Denis Villeneuve က ရိုက်ကူးထားတာ ဖြစ်ပြီး Timothee Chalamet နဲ့ Zendaya တို့အပြင် တခြားနာမည်ကြီး သရုပ်ဆောင်များစွာ ပါဝင်ထားပါတယ်။

photo via screenrant

ဒါရိုက်တာ Denis Villeneuve ကတော့ Dune Part 1 နဲ့ Part 2 ကို တစ်ခါတည်း ရိုက်ကူးချင်ခဲ့ပေမယ့်လည်း အခွင့်အရေး မရရှိခဲ့ဘူးလို့ သိရပါတယ်။ ဒါကြောင့်ပဲ သူဟာ စာအုပ်ရဲ့ တစ်ဝက်စာကို အရင်ရိုက်ကူးပြီး ဒီရုပ်ရှင်က ပရိသတ်တွေကြားမှာ အခြေအနေ ဘယ်လိုရှိလည်းဆိုတာကို စောင့်ကြည့်နေရတာ ဖြစ်ပါတယ်။ အကယ်၍သာ ဒီရုပ်ရှင်ဟာ အခုလိုမျိူး ပရိသတ်တွေကြားမှာ မအောင်မြင်ခဲ့ရင် Part 1 နဲ့ပဲ ပြီးဆုံးသွားမှာ ဖြစ်ပြီး Part 2 ကတော့ ဘယ်တော့မှ ထွက်ရှိလာတော့မှာ မဟုတ်ပါဘူး။

မကြာသေးခင်ကပဲ Legendary Pictures ဟာ သူတို့ရဲ့ တွစ်တာစာမျက်နှာကနေ Part 2 ထပ်မံ ထွက်ရှိလာဦးမယ်လို့ ကြေညာခဲ့တာကြောင့် သူတို့တွေ မျှော်လင့်ထားတဲ့ ပရိသတ်တွေရဲ့ အားပေးမှုနဲ့ Box-Office ဝင်ငွေကို ရရှိခဲ့တယ်လို့ ယူဆနိုင်ပါတယ်။ Legendary Pictures ကတော့ ဒီရုပ်ရှင်ကို ကြည့်ရှုပေးကြတဲ့ ပရိသတ်တွေနဲ့ အနာဂတ်မှာ ကြည့်ရှုသွားမယ့် ပရိသတ်တွေကို ကျေးဇူးတင်စကား ဆိုထားပါသေးတယ်။

Part 1 ထဲမှာ Paul မြင်တွေ့ခဲ့ရတဲ့ အမြင်အာရုံတွေကတော့ Part 2 မှာ ပါဝင်လာမယ့် အဖြစ်အပျက်တွေကို အရိပ်အမြွက် ပြသထားတာ ဖြစ်ပြီး Part 2 ထဲမှာတော့ Paul ဟာ Fremen တွေနဲ့အတူ Arrakis ဂြိုဟ်ကို ပြန်သိမ်းပိုက်ဖို့ ကြိုးစားတာကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။ Part 1 ထဲမှာတော့ Zendaya နဲ့ Dave Bautista တို့ဟာ Screen Time သိပ်မရခဲ့ပေမယ့်လည်း Part 2 ထဲမှာတော့ သူတို့နှစ်ယောက်ဟာလည်း ဇာတ်လမ်းရဲ့ အဓိကကျတဲ့နေရာက ပါဝင်လာမှာ ဖြစ်ပါတယ်။

Legos

Source: Screenrant

(Zawgyi Version)

Frank Herbert ေရးသားထားတဲ့ဝတၳဳကို အေျခခံၿပီး ရိုက္ကူးထားတဲ့ Dune ႐ုပ္ရွင္ဟာ မၾကာေသးခင္ကပဲ ထြက္ရွိခဲ့ၿပီး ဇာတ္လမ္းကိုေတာ့ Cliffhanger နဲ႔ အဆုံးသတ္ထားပါတယ္။ ဒါေၾကာင့္ပဲ Part 2 က ဘယ္အခ်ိန္ ထြက္ရွိလာမလည္းဆိုတာကို ပရိသတ္ေတြက သိခ်င္စိတ္ျပင္းျပေနၾကပါတယ္။

ဒါေၾကာင့္ပဲ ပရိသတ္ေတြ ေမၽွာ္ေနတဲ့ Part 2 ဟာ ၂၀၂၃ ခုႏွစ္အတြင္းမွာ ထြက္ရွိလာမယ္လို႔ Warner Bros. နဲ႔ Legendary Pictures က တရားဝင္ ေၾကညာလိုက္ပါတယ္။ ဒီ႐ုပ္ရွင္ကိုေတာ့ ဒါရိုက္တာ Denis Villeneuve က ရိုက္ကူးထားတာ ျဖစ္ၿပီး Timothee Chalamet နဲ႔ Zendaya တို႔အျပင္ တျခားနာမည္ႀကီး သ႐ုပ္ေဆာင္မ်ားစြာ ပါဝင္ထားပါတယ္။

photo via screenrant

ဒါရိုက္တာ Denis Villeneuve ကေတာ့ Dune Part 1 နဲ႔ Part 2 ကို တစ္ခါတည္း ရိုက္ကူးခ်င္ခဲ့ေပမယ့္လည္း အခြင့္အေရး မရရွိခဲ့ဘူးလို႔ သိရပါတယ္။ ဒါေၾကာင့္ပဲ သူဟာ စာအုပ္ရဲ့ တစ္ဝက္စာကို အရင္ရိုက္ကူးၿပီး ဒီ႐ုပ္ရွင္က ပရိသတ္ေတြၾကားမွာ အေျခအေန ဘယ္လိုရွိလည္းဆိုတာကို ေစာင့္ၾကည့္ေနရတာ ျဖစ္ပါတယ္။ အကယ္၍သာ ဒီ႐ုပ္ရွင္ဟာ အခုလိုမ်ိဴး ပရိသတ္ေတြၾကားမွာ မေအာင္ျမင္ခဲ့ရင္ Part 1 နဲ႔ပဲ ၿပီးဆုံးသြားမွာ ျဖစ္ၿပီး Part 2 ကေတာ့ ဘယ္ေတာ့မွ ထြက္ရွိလာေတာ့မွာ မဟုတ္ပါဘူး။

မၾကာေသးခင္ကပဲ Legendary Pictures ဟာ သူတို႔ရဲ့ တြစ္တာစာမ်က္ႏွာကေန Part 2 ထပ္မံ ထြက္ရွိလာဦးမယ္လို႔ ေၾကညာခဲ့တာေၾကာင့္ သူတို႔ေတြ ေမၽွာ္လင့္ထားတဲ့ ပရိသတ္ေတြရဲ့ အားေပးမွုနဲ႔ Box-Office ဝင္ေငြကို ရရွိခဲ့တယ္လို႔ ယူဆနိုင္ပါတယ္။ Legendary Pictures ကေတာ့ ဒီ႐ုပ္ရွင္ကို ၾကည့္ရွုေပးၾကတဲ့ ပရိသတ္ေတြနဲ႔ အနာဂတ္မွာ ၾကည့္ရွုသြားမယ့္ ပရိသတ္ေတြကို ေက်းဇူးတင္စကား ဆိုထားပါေသးတယ္။

Part 1 ထဲမွာ Paul ျမင္ေတြ႕ခဲ့ရတဲ့ အျမင္အာ႐ုံေတြကေတာ့ Part 2 မွာ ပါဝင္လာမယ့္ အျဖစ္အပ်က္ေတြကို အရိပ္အႁမြက္ ျပသထားတာ ျဖစ္ၿပီး Part 2 ထဲမွာေတာ့ Paul ဟာ Fremen ေတြနဲ႔အတူ Arrakis ၿဂိဳဟ္ကို ျပန္သိမ္းပိုက္ဖို႔ ႀကိဳးစားတာကို ျမင္ေတြ႕ရမွာ ျဖစ္ပါတယ္။ Part 1 ထဲမွာေတာ့ Zendaya နဲ႔ Dave Bautista တို႔ဟာ Screen Time သိပ္မရခဲ့ေပမယ့္လည္း Part 2 ထဲမွာေတာ့ သူတို႔ႏွစ္ေယာက္ဟာလည္း ဇာတ္လမ္းရဲ့ အဓိကက်တဲ့ေနရာက ပါဝင္လာမွာ ျဖစ္ပါတယ္။

Legos

Source: Screenrant

RELATED ARTICLES

Most Popular