HomeEntertainmentFilmရိုက်ကူးရေး စတင်နေပြီ ဖြစ်တဲ့ Dune Part: Two

ရိုက်ကူးရေး စတင်နေပြီ ဖြစ်တဲ့ Dune Part: Two

Dune ရုပ်ရှင်ကတော့ ၂၀၂၁ ခုနှစ်က ထွက်ရှိခဲ့ပြီး အော်စကာ (၆)ဆုတောင် ရရှိခဲ့တဲ့ ရုပ်ရှင်လည်း ဖြစ်ပါတယ်။ ဒီရုပ်ရှင်ကတော့ ၁၉၆၅ ခုနှစ်မှာ ထွက်ခဲ့တဲ့ စာရေးဆရာ Frank Herbert ရဲ့ ဝတ္ထုကို ပြန်လည်ရိုက်ကူးထားတာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဒီရုပ်ရှင်ဟာ ဇာတ်လမ်းအစအဆုံး မဟုတ်သေးဘဲ ပရိသတ်တွေဟာ ဆက်လက်ထွက်ရှိလာမယ့် Part Two ကို စောင့်မျှော်နေကြပါတယ်။ ယခုအချိန်မှာတော့ ပရိသတ်တွေ စောင့်မျှော်နေတဲ့ Dune Part: Two ဟာ ရိုက်ကူးရေး စတင်နေပြီလို့ အတည်ပြုသွားခဲ့ပါတယ်။

photo via screenrant

HBO Max ကနေ Dune ကို စတင်ပြသခဲ့ပြီး လေးရက်အကြာမှာပဲ Dune: Part Two ဟာ ၂၀၂၃ ခုနှစ်မှာ ထွက်ရှိလာမယ်လို့ Warner Bros. စတူဒီယိုက ကြေညာခဲ့ပါတယ်။ Dune: Part Two ကိုလည်း ဒါရိုက်တာ Villeneuve ကပဲ ရိုက်ကူးသွားမှာ ဖြစ်ပြီး Eric Roth နဲ့ Jon Spaiths တို့က ဇာတ်ညွှန်းရေးဆရာတွေအဖြစ် တွဲဖက်ပါဝင်လာမှာ ဖြစ်ပါတယ်။ ပထမကားထဲမှာ ပါဝင်ခဲ့တဲ့ သရုပ်ဆောင်အများစုကလည်း Part Two ထဲမှာ ပြန်လည်ပါဝင်လာမယ်လို့ သိရပါတယ်။

ယခုအချိန်မှာတော့ Warner Bros. စတူဒီယိုဟာ Dune: Part Two အတွက် ရိုက်ကူးရေး စတင်နေပါပြီလို့ ကြေညာခဲ့ပါတယ်။ Warner Bros. ကတော့ ဒီလိုမျိူး ကြေညာတဲ့ အချိန်မှာ ရိုက်ကွင်းနောက်ကွယ်က Clapperboard ပုံနဲ့ ပြသခဲ့ပါတယ်။ အဲဒီ Clapperboard မှာတော့ Fremen တွေရဲ့ တိုက်ပွဲခေါ်သံဖြစ်တဲ့ “Long Live the Fighters!” လို့ ရေးထားတာ မြင်တွေ့ခဲ့ရပါတယ်။ ဒါ့အပြင် ပထမဆုံး Dune မှာ Best Cinematography အတွက် အော်စကာရခဲ့ပြီး The Batman မှာလည်း ပါဝင်ခဲ့တဲ့ Greig Fraser က ပြန်လည်ပါဝင်လာမှာကိုလည်း မြင်တွေ့ခဲ့ရပါတယ်။

photo via screenrant

ပထမ Dune ရုပ်ရှင်ကတော့ Cliffhanger နဲ့ ပြီးဆုံးသွားခဲ့ပြီး Paul ဟာ Fremen တွေနဲ့ ပူးပေါင်းသွားကာ သူ့အဖေရဲ့ အစီအစဉ်တွေဖြစ်တဲ့ Arrakis ကို ငြိမ်းချမ်းမှု ရရှိလာဖို့ ကြိုးစားတော့မှာကို မြင်တွေ့ခဲ့ရပါတယ်။ ဒီသတင်းကတော့ ရုပ်ရှင်ပရိသတ်တွေအတွက် သတင်းကောင်းပဲ ဖြစ်ပြီး ဒီထက်ပိုပြီး စိတ်ဝင်စားဖို့ ကောင်းတဲ့ သတင်းတွေလည်း ရှိပါသေးတယ်။ အဲဒါကတော့ Black Widow ရုပ်ရှင်ထဲမှာ ပါဝင်ခဲ့တဲ့ Florence Pugh ၊ Elvis ထဲမှာ ပါဝင်ထားတဲ့ Austin Butler ၊ No Time to Die ထဲမှာ ပါဝင်ထားတဲ့ Lea Seydoux နဲ့ Christopher Walken တို့ ပါဝင်လာမှာပဲ ဖြစ်ပါတယ်။ ဒီရုပ်ရှင်ကတော့ ၂၀၂၃ ခုနှစ် နိုဝင်ဘာလ (၁၇)ရက်နေ့မှာ ထွက်ရှိလာနိုင်ပါတယ်။

Legos

Source: Screenrant

RELATED ARTICLES

Most Popular