HomeEntertainmentFilmSecret Invasion ဇာတ်သိမ်းပိုင်းထဲက စိတ်ဝင်စားစရာအချက်များ

Secret Invasion ဇာတ်သိမ်းပိုင်းထဲက စိတ်ဝင်စားစရာအချက်များ

*** Spoiler Alert ***

Secret Invasion ဇာတ်လမ်းတွဲကတော့ မကြာသေးခင်ကပဲ ဇာတ်သိမ်းသွားပြီ ဖြစ်ပါတယ်။ ဒီအပိုင်းထဲမှာတော့ အပိုင်း(၅)မှာ အဆုံးသတ်သွားတဲ့နေရာကပဲ ဆက်ပြသွားပြီး Nick Fury ဟာ Gravik နဲ့ တွေ့ဆုံဖို့ ရုရှားနိုင်ငံဆီကို သွားရောက်တာကို မြင်တွေ့ခဲ့ရပါတယ်။ ဒါ့အပြင် အဆုံးသတ်ပိုင်းဟာလည်း ပရိသတ်တွေကို Surprise ဖြစ်စေခဲ့ပြီး MCU ထဲမှာ Overpower ဖြစ်မယ့် ဇာတ်ကောင်တစ်ယောက် ပေါ်လာပါပြီ။

ထွေလာထဲက ဇာတ်ဝင်ခန်းကို ပြောင်းလဲခဲ့တဲ့ MCU

photo credit Marvel Studios

MCU ဟာ ထွေလာထဲမှာ ပြသသွားတဲ့ ဇာတ်ဝင်ခန်းတွေကို မကြာခဏ ပြောင်းလဲလေ့ရှိပြီး တခါတရံမှာလည်း ထွေလာထဲက အချို့ဇာတ်ဝင်ခန်းတွေ လုံးဝမပါဝင်လာတာမျိူးလည်း ရှိပါတယ်။ ဒီအပိုင်းရဲ့ အစမှာတော့ Nick Fury အယောင်ဆောင်ထားတဲ့ G’iah ဟာ ရေဒီယိုသတ္တိကြွမှုကြောင့် မောပန်းပြီး အားနည်းနေတဲ့ပုံစံ ဟန်ဆောင်ခဲ့ပါတယ်။

စစချင်း ဇာတ်ဝင်ခန်းမှာတော့ Nick Fury အယောင်ဆောင်ထားတဲ့ G’iah ဟာ ချောင်းတဟွတ်ဟွတ်ဆိုးကာ ယိုင်တိယိုင်တိုင်နဲ့ Gravik ရှိနေတဲ့ အခန်းထဲကို ဝင်လာခဲ့ပါတယ်။ ဒီဇာတ်လမ်းတွဲရဲ့ Official Trailer ထဲမှာတော့ Nick Fury ဟာ Gravik နဲ့ ရင်ဆိုင်ဖို့ ဟီးရိုးဆန်ဆန် ဝင်လာတာကို ပြသခဲ့ပါတယ်။

Gravik နဲ့ G’iah တို့ ရရှိသွားတဲ့ DNA များ

photo credit Marvel Studios

Nick Fury အယောင်ဆောင်ထားတဲ့ G’iah ဟာ Harvest လို့ ခေါ်တဲ့ DNA တွေများစွာကို Gravik ထံ ပေးအပ်ခဲ့ပြီး သူတို့နှစ်ယောက်လုံးဟာ Super Skrull တွေ ဖြစ်လာခဲ့ပါတယ်။ သူတို့ရရှိသွားတဲ့ DNA တွေကတော့ The Ghost (Ant-Man 2 ထဲက ဗီလိန်)၊ Captain America ၊ Black Order အဖွဲ့ (Cull Obsidian၊ Corvus Glaive ၊ Ebony Maw နဲ့ Proxima Midnight) ၊ Thanos ၊ Outrider ၊ Chitauri ၊ Frost Beast ၊ Extremis ၊ Groot ၊ Abomination ၊ Mantis ၊ Drax ၊ Korg ၊ Hulk ၊ Valkyrie ၊ Thor ၊ Gamora ၊ Bucky Barnes တို့အပြင် Captain Marvel တို့ပဲ ဖြစ်ပါတယ်။

President Ross ကို Setup လုပ်သွားတဲ့ MCU

photo credit Marvel Studios

ဒီအပိုင်းရဲ့ အဆုံးသတ်မှာတော့ သမ္မတ Ritson ဟာ Skrull တွေအားလုံးကို စစ်ကြေညာလိုက်တာကြောင့် ကမ္ဘာပေါ်မှာ ကစဉ့်ကလျားတွေ ဖြစ်သွားစေပါတယ်။ ဒါကြောင့်ပဲ Nick Fury ဟာ Ritson ကို ဖုန်းဆက်ပြီး “That’s real one-term-President Stuff” လို့ ပြောလိုက်ပါတယ်။

ဒါကြောင့်ပဲ Ritson ဟာ ဒီဆုံးဖြတ်ချက်ကြောင့် သူ့ရဲ့သမ္မတသက်တမ်း ကုန်သွားရင် နောက်ထပ်တစ်ခါ အရွေးမခံရတော့ဘူးလို့ မှတ်ယူနိုင်ပါတယ်။ အလားတူပဲ အသစ်ထွက်ရှိလာမယ့် Captain America: Brave New World ထဲမှာတော့ မင်းသားကြီး Harrison Ford က President Ross အဖြစ် ပါဝင်သွားမှာ ဖြစ်ပါတယ်။

Evan Peters လား??

photo credit Marvel Studios

Gravik နဲ့ တိုက်ခိုက်ပြီးနောက်မှာတော့ Sonya ဟာ G’iah ကို လာခေါ်သွားပြီး လျှို့ဝှက်နေရာတစ်ခုကို ခေါ်သွားခဲ့ပါတယ်။ အဲဒီနေရာမှာတော့ Skrull တွေဟာ လူပေါင်းများစွာကို ဖမ်းဆီးထားတာ တွေ့ရပါတယ်။ ဒါကြောင့်ပဲ Gravik ရဲ့ လမ်းစဉ်ကို လိုက်နေကြတဲ့ နောက်ထပ် Skrull တွေများစွာ ကျန်နေသေးတယ်လို့ ယူဆရပါတယ်။

ဒါ့အပြင် အဲဒီဖမ်းခံထားရတဲ့ လူတွေထဲက တစ်ယောက်ရဲ့ မျက်နှာကို ပြသွားရာမှာတော့ WandaVision ထဲမှာ Quicksilver အဖြစ် ပါဝင်ခဲ့တဲ့ Evan Peters နဲ့ ဆင်တူနေတယ်လို့ ပရိသတ်တွေက ယူဆနေကြပါတယ်။ လောလောဆယ်မှာတော့ အတည်ပြုထားတာမျိူး မရှိသေးပေမယ့်လည်း ဒါကသာ အမှန်ဆိုရင်တော့ Evan Peters ကို အနာဂတ်မှာ မြင်တွေ့ရနိုင်ချေ ရှိပါတယ်။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

RELATED ARTICLES

Most Popular