HomeCelebs Update NewsInternationalဟောလိဝုဒ်က ညစ်ပတ်အိုးတွေကြားမှာ တစ်နေ့ ရေသုံးခါချိုးကြောင်း ဆိုလာတဲ့ Dwayne Johnson 

ဟောလိဝုဒ်က ညစ်ပတ်အိုးတွေကြားမှာ တစ်နေ့ ရေသုံးခါချိုးကြောင်း ဆိုလာတဲ့ Dwayne Johnson 

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

Dwayne Johnson ကတော့ အခု ဟောလိဝုဒ်မှာ ခေတ်စားနေတဲ့ trend မှာ မပါဝင်ဘဲ နောက်ချန်နေခဲ့ပါပြီ။ အဲဒါကတော့ အချို့သော ဟောလိဝုဒ်ဆယ်လီတွေဟာ နေ့စဉ်နေ့တိုင်း ရေချိုးဖို့ မလိုအပ်ဘူးလို့ ထုတ်ပြောလာကြတဲ့အချိန်မှာ Dwayne ကတော့ တစ်နေ့ကို ရေသုံးခါ ချိုးကြောင်း ဆိုလာတာ ဖြစ်ပါတယ်။

“ကျုပ်ကတော့ ရေမချိုးကြတဲ့ ဆယ်လီတွေနဲ့ ဆန့်ကျင်ဘက်ပါပဲ။ မနက် အိပ်ရာထထချင်းဆို လန်းသွားအောင် ရေအေးနဲ့ တစ်ခါ ချိုးတယ်။ အလုပ်မသွားခင် လေ့ကျင့်ခန်း လုပ်ပြီးတာနဲ့ ရေနွေးနွေးလေးနဲ့ တစ်ခါ ထပ်ချိုးတယ်။ အလုပ်က ပြန်ရောက်လာရင်တော့ ရေပူနဲ့ ထပ်ချိုးတယ်။ facial wash တွေ၊ body wash တွေ သုံးတယ်။ ပြီးရင် scrub ပါ တိုက်သေးတယ်။ ရေချိုးခန်းထဲမှာ ကီးမဝင် အသံကြောင်ကြီးနဲ့ သီချင်းတွေ အော်ဆိုသေးတယ် … ” လို့ Dwayne က သူ့ရဲ့ တွစ်တာမှာ ပြောထားတာ ဖြစ်ပါတယ်။

Photo: therock/ Twitter

တကယ်တော့ ရေချိုးသင့်၊ မချိုးသင့်ဆိုတဲ့ ငြင်းခုန်မှုဟာ ပြီးခဲ့တဲ့လက စတင်ခဲ့တာ ဖြစ်ပါတယ်။ အဲဒါကတော့ နာမည်ကျော် သရုပ်ဆောင်စုံတွဲ ဖြစ်တဲ့ Ashton Kutcher နဲ့ Mila Kunis တို့ဟာ Dax Shepard ရဲ့ Armchair Expert podcast မှာ အင်တာဗျူး လာဖြေစဉ်မှာ စတင်ခဲ့တာပါ။

“သူတို့ကိုယ်ပေါ်မှာ ညစ်ပတ်နေပြီလား ကြည့်လိုက်တယ်။ ညစ်ပတ်နေတော့မှ သန့်ရှင်းပေးလိုက်တယ်။ မဟုတ်လို့ကတော့ ရေချိုးပေးမနေဘူး … ” လို့ မင်းသား Ashton Kutcher က ဆိုပါတယ်။

ဒါ့အပြင် ဇနီးဖြစ်သူ Mila Kunis ကလည်း “ကျွန်မ ကလေးမွေးတုန်းကလည်း သူတို့ကို နေ့တိုင်း ရေမချိုးပေးဘူး။ မွေးကင်းစ ကလေးကို နေ့တိုင်း ရေချိုးပေးတဲ့ မိဘတွေထဲမှာ ကျွန်မတော့ မပါဘူး … ” လို့ သူတို့ရဲ့ကလေးတွေကို နေ့တိုင်း ရေမချိုးပေးတဲ့အကြောင်းဆိုထားပါတယ်။

Photo: therock/ Instagram

ဒါတင်မက အစီအစဉ်တင်ဆက်သူ Dax Shepard နဲ့ မင်းသမီး Kristen Bell တို့စုံတွဲကလည်း သူတို့ကလေးတွေကို နံလာတော့မှ ရေချိုးပေးတယ်လို့ မကြာသေးခင်က အင်တာဗျူးတစ်ခုမှာ ပြောသွားပါသေးတယ်။

“ကျွန်မကတော့ နံလာတဲ့အထိ စောင့်တတ်တယ်။ အဲ့လိုကိုယ်နံ့တွေ ထွက်လာပြီဆိုတော့မှ ဇီဝဗေဒအရ ခန္ဓာကိုယ်က သန့်ရှင်းပေးဖို့ လိုအပ်လာပြီဆိုတာ မင်းကို သတိပေးလိုက်တာ … ” လို့ မင်းသမီး Kristen Bell က ဆိုပါတယ်။

သူမရဲ့ခင်ပွန်းသည် Dax Shepard ကတော့ “ပြောရရင် ဒါက ဘက်တီးရီးယားတွေပါပဲ။ ကိုယ်ပေါ်မှာ ဘက်တီးရီးယားတွေ ပေါက်ဖွားလာတာ များလာပြီဆိုရင်တော့ အဲဒီအချိန်က မင်း ရေချိုးရမယ့်အချိန်ပါပဲ။ ဒါကြောင့် Ashton Kutcher နဲ့ Mila Kunis တို့ လုပ်တဲ့ပုံစံကို ကျွန်တော်တော့ အပြစ်မမြင်ပါဘူး။ ကျွန်တော်တို့လည်း နံလာတဲ့အထိ စောင့်ကြပါတယ် … ” လို့ ပြောထားပါတယ်။

Photo: kuniskutcher/ Instagram

နာမည်ကျော် မင်းသားတစ်လက်ဖြစ်တဲ့ Jake Gyllenhaal ကလည်း သူ့မှာ ကလေးမရှိပေမယ့် သူကိုယ်တိုင်ကတော့ နေ့စဉ် မပျက်မကွက် ရေချိုးတတ်သူ မဟုတ်ကြောင်း ဆိုထားပါသေးတယ်။ သူဟာ နေ့တိုင်း ရေမချိုးပေမယ့် ခံတွင်းသန့်ရှင်းရေးကိုတော့ ပုံမှန်လုပ်ကြောင်းလည်း ပြောထားပါတယ်။

“ရေချိုးရတယ်ဆိုတာက မလုပ်မဖြစ် လုပ်ရမယ့်၊ လိုအပ်တဲ့ ကိစ္စမဟုတ်ဘူးလို့ ကျွန်တော်တော့ ပိုပိုပြီး ထင်လာတယ်။ ဒါပေမယ့် လူတစ်ယောက်မှာ ခံတွင်းသန့်ရှင်းရေးကတော့ အရေးကြီးတယ်ဗျ။ အဲဒါကြောင့် ကျွန်တော် သွားတော့ ပုံမှန်တိုက်ဖြစ်တယ် … ” လို့ မင်းသားက ဆိုထားတာ ဖြစ်ပါတယ်။

Photo: jakegyllenhaal/ Instagram

ယခုတလောမှာတင် ရေမချိုးဘဲ နေတဲ့အကြောင်း ဆက်တိုက် ပြောဆိုလာကြတဲ့အတွက် မင်းသား Dwayne Johnson ကတော့ ရေမချိုးဘဲ မနေနိုင်ကြောင်း ရင်ဖွင့်လာတာ ဖြစ်ပါတယ်။ ဒီသတင်းနဲ့ ပတ်သက်ပြီး လူအများစုကတော့ ဆယ်လီတွေဟာ နာမည်သာကြီးပေမယ့် ညစ်ပတ်နိုင်ကြတယ်လို့ စိတ်ပျက်နေကြတာ ဖြစ်ပါတယ်။

သို့သော်လည်း Harvard ကျန်းမာရေးစာစောင်က ဖော်ပြထားတဲ့ တွေ့ရှိချက်တစ်ခုအရ လူရဲ့ အသားအရေဟာ နေ့စဉ်နေ့တိုင်း ရေချိုးသန့်စင်ပေးဖို့ မလိုအပ်ဘူးလို့ ဆိုထားပါတယ်။ နေ့တိုင်း ရေချိုးခြင်းအားဖြင့် အသားအရေကို အန္တရာယ်တောင် ဖြစ်စေနိုင်သေးတယ်လို့လည်း အဆိုပါတွေ့ရှိချက်က ဖော်ပြထားပါတယ်။ နေ့တိုင်း ရေချိုးမယ်ဆိုရင် အသားအရေကို ခြောက်သွေ့ပြီး ယားယံစေရုံသာမက ခန္ဓာကိုယ်ပေါ်က အကျိုးပြုတဲ့ ဘက်တီးရီးယားတွေကို သေစေနိုင်တဲ့အပြင် ကူးစက်မှုတွေကိုလည်း ဖြစ်စေနိုင်တယ်လို့ ဆိုထားတာပါ။

Glasgow

Source: people

(Zawgyi Version)

Dwayne Johnson ကေတာ့ အခု ေဟာလိဝုဒ္မွာ ေခတ္စားေနတဲ့ trend မွာ မပါဝင္ဘဲ ေနာက္ခ်န္ေနခဲ့ပါၿပီ။ အဲဒါကေတာ့ အခ်ိဳ႕ေသာ ေဟာလိဝုဒ္ဆယ္လီေတြဟာ ေန႔စဥ္ေန႔တိုင္း ေရခ်ိဳးဖို႔ မလိုအပ္ဘူးလို႔ ထုတ္ေျပာလာၾကတဲ့အခ်ိန္မွာ Dwayne ကေတာ့ တစ္ေန႔ကို ေရသုံးခါ ခ်ိဳးေၾကာင္း ဆိုလာတာ ျဖစ္ပါတယ္။

“က်ဳပ္ကေတာ့ ေရမခ်ိဳးၾကတဲ့ ဆယ္လီေတြနဲ႔ ဆန႔္က်င္ဘက္ပါပဲ။ မနက္ အိပ္ရာထထခ်င္းဆို လန္းသြားေအာင္ ေရေအးနဲ႔ တစ္ခါ ခ်ိဳးတယ္။ အလုပ္မသြားခင္ ေလ့က်င့္ခန္း လုပ္ၿပီးတာနဲ႔ ေရေႏြးေႏြးေလးနဲ႔ တစ္ခါ ထပ္ခ်ိဳးတယ္။ အလုပ္က ျပန္ေရာက္လာရင္ေတာ့ ေရပူနဲ႔ ထပ္ခ်ိဳးတယ္။ facial wash ေတြ၊ body wash ေတြ သုံးတယ္။ ၿပီးရင္ scrub ပါ တိုက္ေသးတယ္။ ေရခ်ိဳးခန္းထဲမွာ ကီးမဝင္ အသံေၾကာင္ႀကီးနဲ႔ သီခ်င္းေတြ ေအာ္ဆိုေသးတယ္ … ” လို႔ Dwayne က သူ႔ရဲ႕ တြစ္တာမွာ ေျပာထားတာ ျဖစ္ပါတယ္။

Photo: therock/ Twitter

တကယ္ေတာ့ ေရခ်ိဳးသင့္၊ မခ်ိဳးသင့္ဆိုတဲ့ ျငင္းခုန္မႈဟာ ၿပီးခဲ့တဲ့လက စတင္ခဲ့တာ ျဖစ္ပါတယ္။ အဲဒါကေတာ့ နာမည္ေက်ာ္ သ႐ုပ္ေဆာင္စုံတြဲ ျဖစ္တဲ့ Ashton Kutcher နဲ႔ Mila Kunis တို႔ဟာ Dax Shepard ရဲ႕ Armchair Expert podcast မွာ အင္တာဗ်ဴး လာေျဖစဥ္မွာ စတင္ခဲ့တာပါ။

“သူတို႔ကိုယ္ေပၚမွာ ညစ္ပတ္ေနၿပီလား ၾကည့္လိုက္တယ္။ ညစ္ပတ္ေနေတာ့မွ သန႔္ရွင္းေပးလိုက္တယ္။ မဟုတ္လို႔ကေတာ့ ေရခ်ိဳးေပးမေနဘူး … ” လို႔ မင္းသား Ashton Kutcher က ဆိုပါတယ္။

ဒါ့အျပင္ ဇနီးျဖစ္သူ Mila Kunis ကလည္း “ကြၽန္မ ကေလးေမြးတုန္းကလည္း သူတို႔ကို ေန႔တိုင္း ေရမခ်ိဳးေပးဘူး။ ေမြးကင္းစ ကေလးကို ေန႔တိုင္း ေရခ်ိဳးေပးတဲ့ မိဘေတြထဲမွာ ကြၽန္မေတာ့ မပါဘူး … ” လို႔ သူတို႔ရဲ႕ကေလးေတြကို ေန႔တိုင္း ေရမခ်ိဳးေပးတဲ့အေၾကာင္းဆိုထားပါတယ္။

Photo: therock/ Instagram

ဒါတင္မက အစီအစဥ္တင္ဆက္သူ Dax Shepard နဲ႔ မင္းသမီး Kristen Bell တို႔စုံတြဲကလည္း သူတို႔ကေလးေတြကို နံလာေတာ့မွ ေရခ်ိဳးေပးတယ္လို႔ မၾကာေသးခင္က အင္တာဗ်ဴးတစ္ခုမွာ ေျပာသြားပါေသးတယ္။

“ကြၽန္မကေတာ့ နံလာတဲ့အထိ ေစာင့္တတ္တယ္။ အဲ့လိုကိုယ္နံ႔ေတြ ထြက္လာၿပီဆိုေတာ့မွ ဇီဝေဗဒအရ ခႏၶာကိုယ္က သန႔္ရွင္းေပးဖို႔ လိုအပ္လာၿပီဆိုတာ မင္းကို သတိေပးလိုက္တာ … ” လို႔ မင္းသမီး Kristen Bell က ဆိုပါတယ္။

သူမရဲ႕ခင္ပြန္းသည္ Dax Shepard ကေတာ့ “ေျပာရရင္ ဒါက ဘက္တီးရီးယားေတြပါပဲ။ ကိုယ္ေပၚမွာ ဘက္တီးရီးယားေတြ ေပါက္ဖြားလာတာ မ်ားလာၿပီဆိုရင္ေတာ့ အဲဒီအခ်ိန္က မင္း ေရခ်ိဳးရမယ့္အခ်ိန္ပါပဲ။ ဒါေၾကာင့္ Ashton Kutcher နဲ႔ Mila Kunis တို႔ လုပ္တဲ့ပုံစံကို ကြၽန္ေတာ္ေတာ့ အျပစ္မျမင္ပါဘူး။ ကြၽန္ေတာ္တို႔လည္း နံလာတဲ့အထိ ေစာင့္ၾကပါတယ္ … ” လို႔ ေျပာထားပါတယ္။

Photo: kuniskutcher/ Instagram

နာမည္ေက်ာ္ မင္းသားတစ္လက္ျဖစ္တဲ့ Jake Gyllenhaal ကလည္း သူ႔မွာ ကေလးမရွိေပမယ့္ သူကိုယ္တိုင္ကေတာ့ ေန႔စဥ္ မပ်က္မကြက္ ေရခ်ိဳးတတ္သူ မဟုတ္ေၾကာင္း ဆိုထားပါေသးတယ္။ သူဟာ ေန႔တိုင္း ေရမခ်ိဳးေပမယ့္ ခံတြင္းသန႔္ရွင္းေရးကိုေတာ့ ပုံမွန္လုပ္ေၾကာင္းလည္း ေျပာထားပါတယ္။

“ေရခ်ိဳးရတယ္ဆိုတာက မလုပ္မျဖစ္ လုပ္ရမယ့္၊ လိုအပ္တဲ့ ကိစၥမဟုတ္ဘူးလို႔ ကြၽန္ေတာ္ေတာ့ ပိုပိုၿပီး ထင္လာတယ္။ ဒါေပမယ့္ လူတစ္ေယာက္မွာ ခံတြင္းသန႔္ရွင္းေရးကေတာ့ အေရးႀကီးတယ္ဗ်။ အဲဒါေၾကာင့္ ကြၽန္ေတာ္ သြားေတာ့ ပုံမွန္တိုက္ျဖစ္တယ္ … ” လို႔ မင္းသားက ဆိုထားတာ ျဖစ္ပါတယ္။

Photo: jakegyllenhaal/ Instagram

ယခုတေလာမွာတင္ ေရမခ်ိဳးဘဲ ေနတဲ့အေၾကာင္း ဆက္တိုက္ ေျပာဆိုလာၾကတဲ့အတြက္ မင္းသား Dwayne Johnson ကေတာ့ ေရမခ်ိဳးဘဲ မေနႏိုင္ေၾကာင္း ရင္ဖြင့္လာတာ ျဖစ္ပါတယ္။ ဒီသတင္းနဲ႔ ပတ္သက္ၿပီး လူအမ်ားစုကေတာ့ ဆယ္လီေတြဟာ နာမည္သာႀကီးေပမယ့္ ညစ္ပတ္ႏိုင္ၾကတယ္လို႔ စိတ္ပ်က္ေနၾကတာ ျဖစ္ပါတယ္။

သို႔ေသာ္လည္း Harvard က်န္းမာေရးစာေစာင္က ေဖာ္ျပထားတဲ့ ေတြ႕ရွိခ်က္တစ္ခုအရ လူရဲ႕ အသားအေရဟာ ေန႔စဥ္ေန႔တိုင္း ေရခ်ိဳးသန႔္စင္ေပးဖို႔ မလိုအပ္ဘူးလို႔ ဆိုထားပါတယ္။ ေန႔တိုင္း ေရခ်ိဳးျခင္းအားျဖင့္ အသားအေရကို အႏၲရာယ္ေတာင္ ျဖစ္ေစႏိုင္ေသးတယ္လို႔လည္း အဆိုပါေတြ႕ရွိခ်က္က ေဖာ္ျပထားပါတယ္။ ေန႔တိုင္း ေရခ်ိဳးမယ္ဆိုရင္ အသားအေရကို ေျခာက္ေသြ႕ၿပီး ယားယံေစ႐ုံသာမက ခႏၶာကိုယ္ေပၚက အက်ိဳးျပဳတဲ့ ဘက္တီးရီးယားေတြကို ေသေစႏိုင္တဲ့အျပင္ ကူးစက္မႈေတြကိုလည္း ျဖစ္ေစႏိုင္တယ္လို႔ ဆိုထားတာပါ။

Glasgow

Source: people

RELATED ARTICLES

Most Popular