HomeCelebs Update NewsInternationalMerry Christmas MV ရဲ့ ရိုက်ကူးရေးမှာ Elton John ကို ခေါင်းခွဲမိမလိုဖြစ်ခဲ့တဲ့ Ed Sheeran

Merry Christmas MV ရဲ့ ရိုက်ကူးရေးမှာ Elton John ကို ခေါင်းခွဲမိမလိုဖြစ်ခဲ့တဲ့ Ed Sheeran

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

Ed Sheeran ဟာ Merry Christmas သီချင်းရဲ့ music video အတွက် ရိုက်ကူးရေး ပြုလုပ်နေရင်း ဂန္ထဝင်အဆိုတော်ကြီး Elton John ကို သတ်မိမလိုတောင် ဖြစ်သွားခဲ့တယ်လို့ ပြောပြထားပါတယ်။

Ed ဟာ Apple Music ရဲ့ Zane Lowe နဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ အခုလို မတော်တဆ ဖြစ်ရပ်ကို ပြောပြသွားတာ ဖြစ်ပါတယ်။ အဲဒါကတော့ လွန်ခဲ့တဲ့ ရက်ပိုင်းလောက်ကမှ အသစ်ထွက်ရှိထားတဲ့ Merry Christmas သီချင်းအတွက် ရိုက်ကူးရေး ပြုလုပ်တုန်းက မတော်တဆ ဖြစ်ခဲ့တဲ့ ဖြစ်ရပ်တစ်ခု ဖြစ်ပါတယ်။

အသက်(၃၀)နှစ်အရွယ် Ed ဟာ အသက်(၇၄)နှစ်အရွယ် ဂန္ထဝင် artist ကြီး Elton John ကို ဆိုးဆိုးရွားရွား ထိခိုက်ဒဏ်ရာရအောင် လုပ်မိတော့မလို ဖြစ်သွားခဲ့တာ ဖြစ်ပါတယ်။

Photo Credit: Ed Sheeran/ YouTube

“တလောလေးကပဲ ခရစ်စမတ်အတွက် music video တစ်ခုကို ကျွန်တော်တို့ ရိုက်ခဲ့တာပါ။ အိုး … ကိုယ့်လူရေ … ။ ကျွန်တော်လေ John ကို ခေါင်းလောင်းတစ်ခုနဲ့ သတ်မိတော့မလို ဖြစ်ခဲ့သေးတယ်။ အဲ့ဒီဗွီဒီယိုထဲမှာ ကျွန်တော်က ဆက်ဆီကျတဲ့ ဆန်တာပုံစံမျိုး ဝတ်ထားပြီး လက်ဆောင်ဘူးတစ်ခုကို ကန်လိုက်တဲ့အခန်းတစ်ခန်း ပါတယ်လေ … ”

“ဒါပေမယ့် ဖြစ်ချင်တော့ အဲဒီလက်ဆောင်ဘူးပေါ်မှာ ခေါင်းလောင်းကြီးတစ်ခု ရှိနေတယ်ဗျ။ အဲဒီအခန်းကို ဒီနေ့ပဲ ကျွန်တော် သူ့ကို ပြလိုက်တာ။ အဲဒီနားကို အရှိန်လျှော့ပြီး ဖြည်းဖြည်းလေး ကြည့်ကြည့်လိုက်ရင် အဲဒီခေါင်းလောင်းက သူ့ခေါင်းအပေါ်နားလေးကပဲ ဖြတ်ပျံသွားတာ မြင်ရလိမ့်မယ်။ ထိသာ ထိသွားရင် ခေါင်းပါ ကွဲသွားမှာဗျာ … ”

“အိုးမိုင်ဂေါ့ … အဲဒီခေါင်းလောင်းက လေထဲမှာ ပျံသွားတဲ့အချိန် ကျွန်တော့်တစ်ကိုယ်လုံးမှာ ထိတ်လန့်တုပ်လှုပ်မှုတွေချည်းပဲ ပြည့်သွားတော့တာပဲ။ ဒါပေမယ့် ကိုယ့်လူရေ … အဲဒီ music video ကတော့ တကယ် အလန်းစားနော်။ ကျွန်တော်တို့က ခရစ်စမတ်ကာလမှာ ထွက်လာတဲ့ ဗြိတိန် music video တွေ အကုန်လုံးကို အဲဒီထဲမှာ ရောသမမွှေပြီး သရော်ထားတာလေ … ” လို့ Ed က သူ့ရဲ့ ငိုရခက်၊ ရယ်ရခက် ဖြစ်ရပ်ကို ပြောပြသွားပါတယ်။

Photo Credit: Ed Sheeran/ YouTube

Merry Christmas လို့ အမည်ပေးထားတဲ့ ခရစ်စမတ်သီချင်းဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာလ(၃)ရက်နေ့ကပဲ ထွက်ရှိလာတာ ဖြစ်ပြီး နာမည်ကျော်အဆိုတော် Ed Sheeran နဲ့အတူ ဂန္ထဝင် artist ကြီး Elton John တို့ အတူတူ ပူးပေါင်း ဖန်တီးထားတဲ့ သီချင်းတစ်ပုဒ် ဖြစ်ပါတယ်။

ဒီဆင်ဂယ်လ်သီချင်းက ရရှိလာမယ့် အကျိုးအမြတ်တွေကိုတော့ Ed နဲ့ John တို့ဟာ ခွဲဝေယူသွားမှာ ဖြစ်ပြီး နှစ်ယောက်စလုံးရဲ့ ရင်ထဲမှာ ရည်စူးထားတဲ့ နေရာတွေဆီကို လှူဒါန်းသွားမယ်လို့ သဘောတူထားကြောင်း ဆိုပါတယ်။

ဒါဟာ John အတွက်ဆိုရင်တော့ သူကိုယ်တိုင် တည်ထောင်ထားတဲ့ Elton John AIDS Foundation ကို လှူဖို့ ဖြစ်နိုင်ပါတယ်။ ဒီဖောင်ဒေးရှင်းဟာ ၁၉၉၂ ခုနှစ်မှာ စတင်တည်ထောင်ခဲ့တာ ဖြစ်ပြီး ကမ္ဘာလုံးဆိုင်ရာ အိဒ်စ်ရောဂါ တိုက်ဖျက်ရေးအတွက် ကူညီထောက်ပံ့ပေးနေတဲ့ ဖောင်ဒေးရှင်းပဲ ဖြစ်ပါတယ်။

Ed ကတော့ Ed Sheeran Suffolk Music Foundation ကို လှူဒါန်းသွားမယ်လို့ ပြောပြထားပါတယ်။ ဒီဖောင်ဒေးရှင်းကတော့ သူ့ရဲ့ ဒေသတွင်းက ဂီတမှာ ဝါသနာထုံတဲ့ အသက်(၁၈)နှစ်အောက် ကလေးတွေကို ဂီတတူရိယာတွေ ထောက်ပံ့လှူဒါန်းပေးတာ၊ ဂီတသင်ခန်းစာတွေ သင်ကြားပေးတာတို့ကို ပြုလုပ်နေတဲ့ ဖောင်ဒေးရှင်း ဖြစ်ပါတယ်။

Glasgow

Source: people

(Zawgyi Version)

Ed Sheeran ဟာ Merry Christmas သီခ်င္းရဲ့ music video အတြက္ ရိုက္ကူးေရး ျပဳလုပ္ေနရင္း ဂႏၴဝင္အဆိုေတာ္ႀကီး Elton John ကို သတ္မိမလိုေတာင္ ျဖစ္သြားခဲ့တယ္လို႔ ေျပာျပထားပါတယ္။

Ed ဟာ Apple Music ရဲ့ Zane Lowe နဲ႔ ျပဳလုပ္ခဲ့တဲ့ အင္တာဗ်ဴးမွာ အခုလို မေတာ္တဆ ျဖစ္ရပ္ကို ေျပာျပသြားတာ ျဖစ္ပါတယ္။ အဲဒါကေတာ့ လြန္ခဲ့တဲ့ ရက္ပိုင္းေလာက္ကမွ အသစ္ထြက္ရွိထားတဲ့ Merry Christmas သီခ်င္းအတြက္ ရိုက္ကူးေရး ျပဳလုပ္တုန္းက မေတာ္တဆ ျဖစ္ခဲ့တဲ့ ျဖစ္ရပ္တစ္ခု ျဖစ္ပါတယ္။

အသက္(၃၀)ႏွစ္အရြယ္ Ed ဟာ အသက္(၇၄)ႏွစ္အရြယ္ ဂႏၴဝင္ artist ႀကီး Elton John ကို ဆိုးဆိုးရြားရြား ထိခိုက္ဒဏ္ရာရေအာင္ လုပ္မိေတာ့မလို ျဖစ္သြားခဲ့တာ ျဖစ္ပါတယ္။

Photo Credit: Ed Sheeran/ YouTube

“တေလာေလးကပဲ ခရစ္စမတ္အတြက္ music video တစ္ခုကို ကၽြန္ေတာ္တို႔ ရိုက္ခဲ့တာပါ။ အိုး … ကိုယ့္လူေရ … ။ ကၽြန္ေတာ္ေလ John ကို ေခါင္းေလာင္းတစ္ခုနဲ႔ သတ္မိေတာ့မလို ျဖစ္ခဲ့ေသးတယ္။ အဲ့ဒီဗြီဒီယိုထဲမွာ ကၽြန္ေတာ္က ဆက္ဆီက်တဲ့ ဆန္တာပုံစံမ်ိဳး ဝတ္ထားၿပီး လက္ေဆာင္ဘူးတစ္ခုကို ကန္လိုက္တဲ့အခန္းတစ္ခန္း ပါတယ္ေလ … ”

“ဒါေပမယ့္ ျဖစ္ခ်င္ေတာ့ အဲဒီလက္ေဆာင္ဘူးေပၚမွာ ေခါင္းေလာင္းႀကီးတစ္ခု ရွိေနတယ္ဗ်။ အဲဒီအခန္းကို ဒီေန႔ပဲ ကၽြန္ေတာ္ သူ႔ကို ျပလိုက္တာ။ အဲဒီနားကို အရွိန္ေလၽွာ့ၿပီး ျဖည္းျဖည္းေလး ၾကည့္ၾကည့္လိုက္ရင္ အဲဒီေခါင္းေလာင္းက သူ႔ေခါင္းအေပၚနားေလးကပဲ ျဖတ္ပ်ံသြားတာ ျမင္ရလိမ့္မယ္။ ထိသာ ထိသြားရင္ ေခါင္းပါ ကြဲသြားမွာဗ်ာ … ”

“အိုးမိုင္ေဂါ့ … အဲဒီေခါင္းေလာင္းက ေလထဲမွာ ပ်ံသြားတဲ့အခ်ိန္ ကၽြန္ေတာ့္တစ္ကိုယ္လုံးမွာ ထိတ္လန႔္တုပ္လွုပ္မွုေတြခ်ည္းပဲ ျပည့္သြားေတာ့တာပဲ။ ဒါေပမယ့္ ကိုယ့္လူေရ … အဲဒီ music video ကေတာ့ တကယ္ အလန္းစားေနာ္။ ကၽြန္ေတာ္တို႔က ခရစ္စမတ္ကာလမွာ ထြက္လာတဲ့ ၿဗိတိန္ music video ေတြ အကုန္လုံးကို အဲဒီထဲမွာ ေရာသမေမႊၿပီး သေရာ္ထားတာေလ … ” လို႔ Ed က သူ႔ရဲ့ ငိုရခက္၊ ရယ္ရခက္ ျဖစ္ရပ္ကို ေျပာျပသြားပါတယ္။

Photo Credit: Ed Sheeran/ YouTube

Merry Christmas လို႔ အမည္ေပးထားတဲ့ ခရစ္စမတ္သီခ်င္းဟာ ၿပီးခဲ့တဲ့ ဒီဇင္ဘာလ(၃)ရက္ေန႔ကပဲ ထြက္ရွိလာတာ ျဖစ္ၿပီး နာမည္ေက်ာ္အဆိုေတာ္ Ed Sheeran နဲ႔အတူ ဂႏၴဝင္ artist ႀကီး Elton John တို႔ အတူတူ ပူးေပါင္း ဖန္တီးထားတဲ့ သီခ်င္းတစ္ပုဒ္ ျဖစ္ပါတယ္။

ဒီဆင္ဂယ္လ္သီခ်င္းက ရရွိလာမယ့္ အက်ိဳးအျမတ္ေတြကိုေတာ့ Ed နဲ႔ John တို႔ဟာ ခြဲေဝယူသြားမွာ ျဖစ္ၿပီး ႏွစ္ေယာက္စလုံးရဲ့ ရင္ထဲမွာ ရည္စူးထားတဲ့ ေနရာေတြဆီကို လွူဒါန္းသြားမယ္လို႔ သေဘာတူထားေၾကာင္း ဆိုပါတယ္။

ဒါဟာ John အတြက္ဆိုရင္ေတာ့ သူကိုယ္တိုင္ တည္ေထာင္ထားတဲ့ Elton John AIDS Foundation ကို လွူဖို႔ ျဖစ္နိုင္ပါတယ္။ ဒီေဖာင္ေဒးရွင္းဟာ ၁၉၉၂ ခုႏွစ္မွာ စတင္တည္ေထာင္ခဲ့တာ ျဖစ္ၿပီး ကမၻာလုံးဆိုင္ရာ အိဒ္စ္ေရာဂါ တိုက္ဖ်က္ေရးအတြက္ ကူညီေထာက္ပံ့ေပးေနတဲ့ ေဖာင္ေဒးရွင္းပဲ ျဖစ္ပါတယ္။

Ed ကေတာ့ Ed Sheeran Suffolk Music Foundation ကို လွူဒါန္းသြားမယ္လို႔ ေျပာျပထားပါတယ္။ ဒီေဖာင္ေဒးရွင္းကေတာ့ သူ႔ရဲ့ ေဒသတြင္းက ဂီတမွာ ဝါသနာထုံတဲ့ အသက္(၁၈)ႏွစ္ေအာက္ ကေလးေတြကို ဂီတတူရိယာေတြ ေထာက္ပံ့လွူဒါန္းေပးတာ၊ ဂီတသင္ခန္းစာေတြ သင္ၾကားေပးတာတို႔ကို ျပဳလုပ္ေနတဲ့ ေဖာင္ေဒးရွင္း ျဖစ္ပါတယ္။

Glasgow

Source: people

RELATED ARTICLES

Most Popular