HomeEntertainmentFilmEddie ရဲ့ဇာတ်လမ်းကို ပိုဝမ်းနည်းစရာကောင်းသွားစေတဲ့ Halloween Reference

Eddie ရဲ့ဇာတ်လမ်းကို ပိုဝမ်းနည်းစရာကောင်းသွားစေတဲ့ Halloween Reference

*** SPOILER ALERT ***

Stranger Things Season 4 ထဲမှာတော့ Eddie Munson ဟာ ရုပ်ဖျက်ဖို့အတွက် Max ရဲ့ Michael Myers ခေါင်းစွပ်ကြီးကို စွပ်ခဲ့ပါတယ်။ ဒီဇာတ်ဝင်ခန်းဟာ ရယ်စရာကောင်းခဲ့ပေမယ့် ဒီ season ရဲ့ အဆုံးသတ် ဇာတ်လမ်းက Eddie ရဲ့ အဖြစ်အပျက်နဲ့ ဆက်စပ် တွေးတောကြည့်လိုက်ရင်တော့ ပိုပြီးဝမ်းနည်းစရာဖြစ်သွားပါတယ်။

Stranger Things ဟာ သူ့ရဲ့ဇာတ်လမ်းတလျှောက် ၈၀ ခုနှစ်ကာလတွေက ခေတ်စားခဲ့တဲ့ ပေါ့ပ်ယဉ်ကျေးမှု အစိတ်အပိုင်းတွေကို reference ထည့်သွင်းလေ့ရှိပါတယ်။ အလားတူပဲ Season 4 ထဲမှာဆိုရင်လည်း ဂန္ထဝင် လူသတ်ကားတွေဖြစ်တဲ့ Nightmare On Elm Street ကနေ Hellraiser အထိ reference တွေ ထည့်သွင်းထားပါတယ်။

Photo Credit: Netflix

သို့ပေမယ့်လည်း တချို့သော pop culture reference တွေကတော့ အဲဒီခေတ်အခါက နာမည်ကျော်ကြား အောင်မြင်ခဲ့တဲ့ ရုပ်ရှင်၊ တေးသီချင်း၊ တီဗွီရှိုးတွေကို လေးစားသောအားဖြင့် ထည့်သွင်းထားတာထက် ပိုပါတယ်။ Kate Bush ရဲ့ Running Up That Hill (A Deal With God) သီချင်းဆိုရင်လည်း reference တစ်ခုထက် ပိုသွားပြီး Max Mayfield ရဲ့ သူရဲကောင်းဆန်တဲ့ personality ကို ပိုပြီး မီးမောင်းထိုးပြရာ ရောက်ပါတယ်။

အလားတူပဲ Eddie ရဲ့ Halloween ရုပ်ရှင် reference ဟာလည်း အဲဒီခေတ်က အောင်မြင်တဲ့ ရုပ်ရှင်ဇာတ်ကောင်တစ်ယောက်ကို လေးစားသမှုအနေနဲ့ ထည့်သွင်းထားတာထက် ပိုအဓိပ္ပာယ်ရှိနေပါတယ်။ Season 4 ရဲ့ Vol. 2 ထဲမှာတော့ Eddie တို့တသိုက်ဟာ trailer park ထဲကို ရောက်လာကြပါတယ်။ Chrissy ရဲ့သေဆုံးမှုနဲ့ စွပ်စွဲခံထားရတဲ့ Eddie ဟာ လူမြင်ခံလို့မရတာကြောင့် ရုပ်ဖျက်ဖို့အတွက် Max ရဲ့ Michael Myers ခေါင်းစွပ်ကြီးကို စွပ်လာခဲ့ပါတယ်။

Photo Credit: Netflix

အဲဒီဇာတ်ဝင်ခန်းထဲမှာတော့ Eddie ရဲ့ ရုပ်ဖျက်ပုံဖျက်နည်းဟာ ရယ်စရာဖြစ်နေခဲ့ပေမယ့် season ရဲ့အဆုံးသတ်က သူ့ရဲ့အဖြစ်နဲ့ ဆက်စပ်ကြည့်လိုက်ရင်တော့ ဝမ်းနည်းစရာကောင်းသွားပါတယ်။ season ရဲ့အဆုံးသတ်မှာတော့ Eddie ဟာ Hawkins မြို့က လူသေမှုတွေရဲ့ လက်သည်တရားခံအဖြစ် ထိုးချခံခဲ့ရပြီး ကြောက်ရွံ့ထိတ်လန့်စရာ လူသတ်သမားတစ်ယောက်အဖြစ် မီဒီယာတွေရဲ့ ပုံဖော်ခြင်းကို ခံခဲ့ရပါတယ်။

တကယ်တမ်းမှာတော့ Eddie ဟာ သူရဲကောင်းဆန်တဲ့ လုပ်ရပ်ကို ရွေးချယ်သွားတဲ့ ချီးကျူးစရာ လူငယ်တစ်ယောက် ဖြစ်ပေမယ့် သူ့ရဲ့စွန့်လွှတ်အနစ်နာခံမှုကိုတော့ Dustin တို့ကလေးတသိုက်ကပဲ သိရှိကြတာဟာလည်း ရင်နာစရာပဲ ဖြစ်ပါတယ်။ ဒါကြောင့်ပဲ ဒီ Michael Myers ခေါင်းစွပ်ကတော့ နောက်ဆုံးမှာ လူသတ်သမားတစ်ယောက်အဖြစ် မှားယွင်းစွာ စွပ်စွဲခံရမယ့် Eddie ရဲ့အဖြစ်ကို ရှေ့ပြေးနိမိတ်အနေနဲ့ ထည့်သွင်းထားတာလို့ ပြောလို့ရပါတယ်။

Photo Credit: Netflix

Halloween ရုပ်ရှင်ကတော့ Stranger Things Season 4 ရဲ့ ဇာတ်အိမ်တည်ထားရာ အချိန်ကာလမှာ အလွန်အောင်မြင် ကျော်ကြားခဲ့တဲ့ လူသတ်ကား ဖြစ်ပါတယ်။ အဲဒီဇာတ်ကားထဲက ဗီလိန်လူသတ်ကောင်ဖြစ်တဲ့ Michael Myers ကတော့ အလွန်ကြောက်စရာကောင်းပြီး ရက်စက်တတ်သူ ဖြစ်ပါတယ်။

ဒါ့အပြင် မက်တယ်လ်တေးဂီတကို ရူးသွပ်ကာ Dungeons & Dragons ဂိမ်းကို ကစားတဲ့ Eddie ကို အခြားသူတွေက စေတန်ရဲ့လွှမ်းမိုးမှုခံရသူ၊ စေတန်ကိုးကွယ်သူ စသဖြင့် အထင်လွဲနေကြတာကလည်း အခုလို လူသတ်သမားတစ်ယောက်အဖြစ် ပုံဖော်ခံရဖို့ အကြောင်းရင်းတစ်ခု ဖြစ်စေပါတယ်။ အဲဒီခေတ်ကာလတုန်းက တကယ့်အပြင်ဘဝမှာလည်း စေတန်လွှမ်းမိုးတယ်လို့ တံဆိပ်ကပ်ခံရတဲ့ အပြုအမူတွေ ရှိခဲ့ပြီး အဲဒီအရာတွေကို ပြုလုပ်သူတွေကို ကြောက်ရွံ့ထိတ်လန့်ကြတာဟာလည်း လူတွေကြားမှာ တကယ် ဖြစ်ပျက်ခဲ့ပါတယ်။

ဒါကြောင့်ပဲ Eddie ရဲ့ ပင်ကိုသဘာဝက ဘယ်လောက်ပဲ ဖြူစင်ရိုးသားစေကာမူ၊ Hawkins မြို့က လူတွေအနေနဲ့ သူ့ကို လူသတ်သမားတစ်ယောက်အဖြစ် ရှုမြင်ကြမယ်ဆိုတာကိုတော့ ဒီ Michael Myers ခေါင်းစွပ်က ရှေ့ပြေးနိမိတ်အဖြစ် ဖော်ပြထားတာ ဖြစ်ပါတယ်။

Vancouver

Source: screenrant

RELATED ARTICLES

Most Popular