HomeCelebs Update NewsInternationalLiam Hemsworth ချစ်သူကောင်မလေးနဲ့ ပြတ်သွားပြီလို့ ကောလာဟလထွက်နေ

Liam Hemsworth ချစ်သူကောင်မလေးနဲ့ ပြတ်သွားပြီလို့ ကောလာဟလထွက်နေ

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

ကိုရိုနာဗိုင်းရပ်စ်ကြောင့် အတိုင်းတိုင်း၊ အပြည်ပြည်မှာ လော့ခ်ဒေါင်းတွေ ချထားကြရပြီး လူအချင်းချင်းလည်း ခပ်ခွာခွာနေနေရတဲ့ ဒီကာလမှာ ဘယ်စုံတွဲတွေက တကယ်ချစ်ကြည်နူးနေကြပြီး ဘယ်စုံတွဲတွေက ခွာပြဲနေကြလည်းဆိုတာ ဘယ်သူမှ အတိအကျ မသိနိုင်ကြပါဘူး။

သို့ပေမယ့် မင်းသားချော Liam Hemsworth ကတော့ မကြာသေးခင်ကမှ တွဲနေတဲ့ ချစ်သူကောင်မလေး မော်ဒယ်လ် Gabriella Brooks နဲ့ ပြတ်သွားပြီလေလားဆိုတဲ့ ကောလာဟလတွေ ပျံ့လွင့်နေပါတယ်။ အကြောင်းကတော့ မေလ(၆)ရက်နေ့ကစလို့ နှစ်ဦးသားဟာ Instagram မှာ အပြန်အလှန် unfollow လုပ်ထားကြတာကို တွေ့လိုက်ကြရလို့ပါပဲ။

Photo: liamhemsworth/ Instagram

သူတို့စုံတွဲနှစ်ယောက်ကို ကယ်လီဖိုးနီးယားပြည်နယ် လော့ခ်ဒေါင်းမချခင် မတ်လ(၁၉)ရက်နေ့ကတင် အပြင်မှာ တွဲသွားတွဲလာလုပ်နေကြတာကို တွေ့လိုက်ကြရပါသေးတယ်။ မင်းသားနဲ့ မော်ဒယ်လ်မလေးတို့ဟာ သူတို့ရဲ့ဇာတိမြေဖြစ်တဲ့ ဩစတျေးလျမှာ ၂၀၁၉ခုနှစ် နှစ်ကုန်ပိုင်းလောက်က စတွေ့ခဲ့ကြတာပါ။ ဩဇီမှာ စခဲ့တဲ့ အချစ်ဇာတ်လမ်းကို ကယ်လီဖိုးနီးယားအထိ သယ်ဆောင်လာကြပြီး ချစ်ခရီးဆက်နေကြပေမယ့် လေးလကြာမြင့်တဲ့ အခုအချိန်မှာတော့ ပြီးဆုံးသွားကြပြီလားလို့ မေးခွန်းထုတ်ရတော့မှာ ဖြစ်ပါတယ်။

Instagram မှာ Liam follow လုပ်ထားတဲ့ (၂၃၉)ယောက်ထဲမှာ Gabriella မပါဝင်တော့သလို Gabriella follow လုပ်ထားတဲ့ (၅၁၇)ယောက်သော လူတွေထဲမှာလည်း Liam မပါဝင်တော့တာကို တွေ့ရပါတယ်။ သူတို့နှစ်ဦးဟာ IG မှာလည်း စုံတွဲပုံ တင်တာမျိုး မရှိခဲ့ပါဘူး။

Photo: gabriella_brooks/ Instagram

သူတို့နှစ်ယောက် စတွဲတဲ့အချိန်တုန်းကလည်း တစ်ခြားစုံတွဲတွေလို ဘာကိုမှ ရှင်းရှင်းလင်းလင်း ပို့စ်တင်တာမျိုးတွေ မရှိခဲ့ပါဘူး။ Liam ရဲ့ ဩဇီမှာရှိတဲ့အိမ်နားက Byron ပင်လယ်အော်နားမှာ ဓာတ်ပုံရိုက်ထားတဲ့ ပုံလေးကိုတင်ပြီး Love Byron Bay ဆိုပြီးတော့သာ Gabriella က တင်ထားတာကို တွေ့ခဲ့ကြရတာပါ။ အဲ့ဒီ့နောက်မှာတော့ သတင်းဓာတ်ပုံတွေအရ သူတို့နှစ်ဦးဟာ Liam ရဲ့မိဘနှစ်ပါးနဲ့အတူ စားသောက်ဆိုင်တစ်ခုမှာ ညစာတူတူ သွားစားကြပါသေးတယ်။

နှစ်ယောက်သား လူမြင်ကွင်းမှာ ချစ်ခင်နေကြတဲ့ ပုံတွေကိုတော့ ၂၀၂၀ခုနှစ် ဇန်နဝါရီလ(၁၃)ရက်နေ့မှာမှ ပထမဆုံး စတင်တွေ့ရှိခဲ့ကြရတာပါ။ အဲ့ဒီ့နောက် ဖေဖော်ဝါရီလလောက်မှာတော့ ကယ်လီဖိုးနီးယားကို အတူတူ ထွက်လာခဲ့ကြပြီး Liam ရဲ့ နာကျင်စရာအတိတ်တွေရှိရာ မာလီဘူးကို နှစ်ယောက်အတူ သွားလည်ခဲ့ကြပါသေးတယ်။ ဖေဖော်ဝါရီလအတွင်းမှာလည်း နှစ်ယောက်သား အပြင်မှာ တပူးပူး တတွဲတွဲနဲ့ ပိုပြီးတော့ ချစ်ခင်လာကြတဲ့ပုံစံကို မြင်တွေ့ရပါတယ်။

Photo: liamhemsworth/ Instagram

Liam ဟာ အသက်(၃၀)နှစ်ရှိပြီဖြစ်ပြီး Gabriella ကတော့ အသက်(၂၃)နှစ်သာ ရှိသေးလို့ သူတို့နှစ်ဦးဟာ အသက်ခုနှစ်နှစ် ကွာပါတယ်။ Gabriella ဟာ Liam ဆယ်နှစ်ကျော်လောက် သံယောဇဉ်ရှိပြီး ပတ်သက်လာတဲ့ Miley Cyrus နဲ့ လမ်းခွဲအပြီး ပထမဆုံးတွေ့တဲ့ ချစ်သူလည်း ဖြစ်ပါတယ်။ Miley ကတော့ Liam နဲ့ လမ်းခွဲပြီးတည်းက ခပ်မြန်မြန်ပဲ မေ့ပျောက်သွားခဲ့ပြီး လက်ရှိမှာတော့ အသက်(၂၃)နှစ်အရွယ် အဆိုတော် Cody Simpson နဲ့ ၂၀၁၉ခုနှစ် အောက်တိုဘာလတည်းက တွဲနေကြပြီး အခုထိလည်း အဆင်ပြေနေကြဆဲ ဖြစ်ပါတယ်။

LaNina

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

(Zawgyi Version)

ကို႐ိုနာဗိုင္းရပ္စ္ေၾကာင့္ အတိုင္းတိုင္း၊ အျပည္ျပည္မွာ ေလာ့ခ္ေဒါင္းေတြ ခ်ထားၾကရၿပီး လူအခ်င္းခ်င္းလည္း ခပ္ခြာခြာေနေနရတဲ့ ဒီကာလမွာ ဘယ္စုံတြဲေတြက တကယ္ခ်စ္ၾကည္ႏူးေနၾကၿပီး ဘယ္စုံတြဲေတြက ခြာၿပဲေနၾကလည္းဆိုတာ ဘယ္သူမွ အတိအက် မသိႏိုင္ၾကပါဘူး။

သို႔ေပမယ့္ မင္းသားေခ်ာ Liam Hemsworth ကေတာ့ မၾကာေသးခင္ကမွ တြဲေနတဲ့ ခ်စ္သူေကာင္မေလး ေမာ္ဒယ္လ္ Gabriella Brooks နဲ႔ ျပတ္သြားၿပီေလလားဆိုတဲ့ ေကာလာဟလေတြ ပ်ံ႕လြင့္ေနပါတယ္။ အေၾကာင္းကေတာ့ ေမလ(၆)ရက္ေန႔ကစလို႔ ႏွစ္ဦးသားဟာ Instagram မွာ အျပန္အလွန္ unfollow လုပ္ထားၾကတာကို ေတြ႕လိုက္ၾကရလို႔ပါပဲ။

Photo: liamhemsworth/ Instagram

သူတို႔စုံတြဲႏွစ္ေယာက္ကို ကယ္လီဖိုးနီးယားျပည္နယ္ ေလာ့ခ္ေဒါင္းမခ်ခင္ မတ္လ(၁၉)ရက္ေန႔ကတင္ အျပင္မွာ တြဲသြားတြဲလာလုပ္ေနၾကတာကို ေတြ႕လိုက္ၾကရပါေသးတယ္။ မင္းသားနဲ႔ ေမာ္ဒယ္လ္မေလးတို႔ဟာ သူတို႔ရဲ႕ဇာတိေျမျဖစ္တဲ့ ဩစေတ်းလ်မွာ ၂၀၁၉ခုႏွစ္ ႏွစ္ကုန္ပိုင္းေလာက္က စေတြ႕ခဲ့ၾကတာပါ။ ဩဇီမွာ စခဲ့တဲ့ အခ်စ္ဇာတ္လမ္းကို ကယ္လီဖိုးနီးယားအထိ သယ္ေဆာင္လာၾကၿပီး ခ်စ္ခရီးဆက္ေနၾကေပမယ့္ ေလးလၾကာျမင့္တဲ့ အခုအခ်ိန္မွာေတာ့ ၿပီးဆုံးသြားၾကၿပီလားလို႔ ေမးခြန္းထုတ္ရေတာ့မွာ ျဖစ္ပါတယ္။

Instagram မွာ Liam follow လုပ္ထားတဲ့ (၂၃၉)ေယာက္ထဲမွာ Gabriella မပါဝင္ေတာ့သလို Gabriella follow လုပ္ထားတဲ့ (၅၁၇)ေယာက္ေသာ လူေတြထဲမွာလည္း Liam မပါဝင္ေတာ့တာကို ေတြ႕ရပါတယ္။ သူတို႔ႏွစ္ဦးဟာ IG မွာလည္း စုံတြဲပုံ တင္တာမ်ိဳး မရွိခဲ့ပါဘူး။

Photo: gabriella_brooks/ Instagram

သူတို႔ႏွစ္ေယာက္ စတြဲတဲ့အခ်ိန္တုန္းကလည္း တစ္ျခားစုံတြဲေတြလို ဘာကိုမွ ရွင္းရွင္းလင္းလင္း ပို႔စ္တင္တာမ်ိဳးေတြ မရွိခဲ့ပါဘူး။ Liam ရဲ႕ ဩဇီမွာရွိတဲ့အိမ္နားက Byron ပင္လယ္ေအာ္နားမွာ ဓာတ္ပုံ႐ိုက္ထားတဲ့ ပုံေလးကိုတင္ၿပီး Love Byron Bay ဆိုၿပီးေတာ့သာ Gabriella က တင္ထားတာကို ေတြ႕ခဲ့ၾကရတာပါ။ အဲ့ဒီ့ေနာက္မွာေတာ့ သတင္းဓာတ္ပုံေတြအရ သူတို႔ႏွစ္ဦးဟာ Liam ရဲ႕မိဘႏွစ္ပါးနဲ႔အတူ စားေသာက္ဆိုင္တစ္ခုမွာ ညစာတူတူ သြားစားၾကပါေသးတယ္။

ႏွစ္ေယာက္သား လူျမင္ကြင္းမွာ ခ်စ္ခင္ေနၾကတဲ့ ပုံေတြကိုေတာ့ ၂၀၂၀ခုႏွစ္ ဇန္နဝါရီလ(၁၃)ရက္ေန႔မွာမွ ပထမဆုံး စတင္ေတြ႕ရွိခဲ့ၾကရတာပါ။ အဲ့ဒီ့ေနာက္ ေဖေဖာ္ဝါရီလေလာက္မွာေတာ့ ကယ္လီဖိုးနီးယားကို အတူတူ ထြက္လာခဲ့ၾကၿပီး Liam ရဲ႕ နာက်င္စရာအတိတ္ေတြရွိရာ မာလီဘူးကို ႏွစ္ေယာက္အတူ သြားလည္ခဲ့ၾကပါေသးတယ္။ ေဖေဖာ္ဝါရီလအတြင္းမွာလည္း ႏွစ္ေယာက္သား အျပင္မွာ တပူးပူး တတြဲတြဲနဲ႔ ပိုၿပီးေတာ့ ခ်စ္ခင္လာၾကတဲ့ပုံစံကို ျမင္ေတြ႕ရပါတယ္။

Photo: liamhemsworth/ Instagram

Liam ဟာ အသက္(၃၀)ႏွစ္ရွိၿပီျဖစ္ၿပီး Gabriella ကေတာ့ အသက္(၂၃)ႏွစ္သာ ရွိေသးလို႔ သူတို႔ႏွစ္ဦးဟာ အသက္ခုႏွစ္ႏွစ္ ကြာပါတယ္။ Gabriella ဟာ Liam ဆယ္ႏွစ္ေက်ာ္ေလာက္ သံေယာဇဥ္ရွိၿပီး ပတ္သက္လာတဲ့ Miley Cyrus နဲ႔ လမ္းခြဲအၿပီး ပထမဆုံးေတြ႕တဲ့ ခ်စ္သူလည္း ျဖစ္ပါတယ္။ Miley ကေတာ့ Liam နဲ႔ လမ္းခြဲၿပီးတည္းက ခပ္ျမန္ျမန္ပဲ ေမ့ေပ်ာက္သြားခဲ့ၿပီး လက္ရွိမွာေတာ့ အသက္(၂၃)ႏွစ္အ႐ြယ္ အဆိုေတာ္ Cody Simpson နဲ႔ ၂၀၁၉ခုႏွစ္ ေအာက္တိုဘာလတည္းက တြဲေနၾကၿပီး အခုထိလည္း အဆင္ေျပေနၾကဆဲ ျဖစ္ပါတယ္။

LaNina

(ဆံရစ္ဝိုင္းဝက္ဘ္ဆိုဒ္တြင္ ေဖာ္ျပထားေသာ သတင္း၊ေဆာင္းပါးမ်ားကို အျခားမည္သည့္ ဝက္ဘ္ဆိုဒ္၊ Facebook စာမ်က္ႏွာတြင္မွ် ကူးယူေဖာ္ျပခြင့္ မျပဳပါေၾကာင္း အသိေပးအပ္ပါသည္။)

RELATED ARTICLES

Most Popular