HomeEntertainmentFilmမင်းသမီးချော Elizabeth Olsen သရုပ်ဆောင်ထားတဲ့ ရုပ်ရှင်ကားကောင်း(၈)ကား

မင်းသမီးချော Elizabeth Olsen သရုပ်ဆောင်ထားတဲ့ ရုပ်ရှင်ကားကောင်း(၈)ကား

ယခုအချိန်မှာတော့ ပရိသတ်အများစုဟာ Elizabeth Olsen ကို Wanda အဖြစ် လူသိများကြပြီး သူမကတော့ ၂၀၁၁ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ Martha Marcy May Marlene ရုပ်ရှင်နဲ့ စတင်အောင်မြင်လာခဲ့တာ ဖြစ်ပါတယ်။ ၂၀၁၅ ခုနှစ်မှာတော့ သူမဟာ Avengers: Age of Ultron ရုပ်ရှင်နဲ့ Marvel Cinematic Universe ထဲကို စတင်ဝင်ရောက်လာခဲ့တာ ဖြစ်ပါတယ်။ လက်ရှိမှာတော့ သူမဟာ Doctor Strange in the Multiverse of Madness ရုပ်ရှင်ထဲမှာလည်း ပါဝင်ထားပြီး Elizabeth ရဲ့ပရိသတ်‌တွေအတွက် သူမရဲ့ ရုပ်ရှင်ကားကောင်းတချို့ကို ဖော်ပြပေးချင်ပါတယ်။

(8) Kill Your Darlings

photo via screenrant

ဒီရုပ်ရှင်ကတော့ ၂၀၁၃ ခုနှစ်မှာ ထွက်ရှိထားပြီး IMDb (6.4) ရရှိထားပါတယ်။ ဇာတ်လမ်းကိုတော့ ၁၉၄၄ ခုနှစ်မှာ ဇာတ်အိမ်တည်ထားပြီး ဖြစ်ရပ်မှန်ကို ပြန်လည်ရိုက်ကူးထားတာ ဖြစ်ပါတယ်။ ဇာတ်လမ်းကတော့ လူသတ်မှုတစ်ခု ဖြစ်ပွားခဲ့ပြီး အဲဒီအမှုကြောင့်ပဲ နာမည်ကြီး ကဗျာဆရာတွေ ဖြစ်တဲ့ Carr ၊ Williams Burroughs နဲ့ Jack Kerouac တို့ဟာ အဖမ်းခံလိုက်ရပါတော့တယ်။ သရုပ်ဆောင်တွေကတော့ Daniel Radcliffe ၊ Jack Huston နဲ့ Elizabeth Olsen တို့ အဓိက ပါဝင်ထားပါတယ်။

(7) Ingrid Goes West

photo via screenrant

ဒီရုပ်ရှင်ကတော့ ၂၀၁၇ ခုနှစ်မှာ ထွက်ရှိခဲ့တာ ဖြစ်ပြီး IMDb (6.6) ရရှိထားပါတယ်။ ဇာတ်လမ်းကတော့ Taylor နဲ့ Ingrid တို့နှစ်ယောက်ဟာ Social Influencer တွေရဲ့ ပြည့်စုံတယ်လို့ ထင်ရတဲ့ ဘဝကို လိုချင်ကြတာကြောင့် Los Angeles ကို ပြောင်းလာပြီး Influencer ဖြစ်လာဖို့ ကြိုးစားပါတော့တယ်။ သရုပ်ဆောင်တွေကတော့ Aubrey Plaza ၊ Elizabeth Olsen နဲ့ Wyatt Russell တို့ အဓိက ပါဝင်ထားပါတယ်။

(6) Martha Marcy May Marlene

photo via screenrant

ဒီရုပ်ရှင်ကတော့ ၂၀၁၁ ခုနှစ်မှာ ထွက်ရှိခဲ့ပြီးတော့ IMDb (6.8) ရရှိထားပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ Martha ဟာ Cult တစ်ခုမှာ ပါဝင်ခဲ့ဖူးပြီး အဲဒီမှတ်ဉာဏ်တွေဟာ သူမကို ခြောက်လှန့်နေပါတယ်။ ဒါကြောင့်ပဲ သူမဟာ အစ်မဖြစ်သူရဲ့မိသားစုနဲ့ သွားရောက် နေထိုင်နေရပါတယ်။ သို့သော်လည်း အဲဒီအချိန်မှာလည်း အိပ်မက်နဲ့ လက်တွေ့ဘဝကို မခွဲခြားနိုင်ဘူး ဖြစ်နေပါတယ်။ Elizabeth Olsen ၊ Sarah Paulson နဲ့ John Hawkes တို့က အဓိက ပါဝင်သရုပ်ဆောင်ထားပါတယ်။

(5) Kodachrome

photo via screenrant

ဒီရုပ်ရှင်ကတော့ ၂၀၁၇ ခုနှစ်မှာ ထွက်ရှိခဲ့ပြီး IMDb (6.8) ရရှိထားပါတယ်။ ဇာတ်လမ်းကတော့ မကြာခင်မှာ သေဆုံးရတော့မယ့် ဓာတ်ပုံဆရာတစ်ယောက်ဟာ မသေခင်မှာ သူရိုက်ကူးထားတာတွေကို ထုတ်လုပ်ချင်နေပါတယ်။ ဖြစ်ချင်တော့ သူဟာ Kodachrome ဆိုတဲ့ စနစ်တစ်ခုနဲ့ ရိုက်ကူးထားပြီး အဲဒီစနစ်နဲ့ ပုံတွေကို ထုတ်ပေးနိုင်တဲ့ စတူဒီယိုကလည်းတစ်ခုပဲ ရှိပါတယ်။ ဒါကြောင့်ပဲ သူဟာ သားဖြစ်သူနဲ့အတူ အဲဒီစတူဒီယိုကို သွားဖို့အတွက် ခရီးထွက်လာပါတော့တယ်။ သရုပ်ဆောင်တွေကတော့ Ed Harris ၊ Jason Sudeikis နဲ့ Elizabeth Olsen တို့ အဓိက ပါဝင်ထားပါတယ်။

(4) Wind River

photo via screenrant

ဒီကားကတော့ ၂၀၁၇ခုနှစ်မှာ ထွက်ရှိခဲ့ပြီးတော့ IMDb (7.7) ရရှိထားပါတယ်။ ဇာတ်လမ်းကတော့ Wyoming မြို့လေးမှာ ဆယ်ကျော်သက် ကောင်မလေးတစ်ယောက်ဟာ အဓမ္မကျင့်ခံရပြီး အသတ်ခံလိုက်ရပါတယ်။ အဲဒါကြောင့် FBI အေးဂျင့်တစ်ယောက်ဟာ အဲဒီလူသတ်မှုကို နယ်ခံမုဆိုးတစ်ယောက်ရဲ့ အကူအညီနဲ့ လိုက်လံ စုံစမ်းပါတော့တယ်။ ဒါပေမဲ့လည်း သူတို့ဟာ အဲဒီအမှုကို စုံစမ်းနေရင်းနဲ့ သူတို့နှစ်ယောက်ပါ အသက်အန္တရာယ် ကျရောက်နေပြီဆိုတာ သိလိုက်ရပါတယ်။ ဒီလိုအန္တရာယ်တွေကြားထဲကနေပဲ ဒီအမှုကို ဘယ်လိုမျိုး ဖော်ထုတ်ဖို့ ကြိုးစားကြမလည်းဆိုတာ ကြည့်ရှုရမှာပါ။ သရုပ်ဆောင်တွေကတော့ Jeremy Renner ၊ Elizabeth Olsen နဲ့ Jon Bernthal တို့ အဓိက ပါဝင်ထားပါတယ်။

(3) Captain America: Civil War

photo via screenrant

ဒီရုပ်ရှင်ကတော့ ၂၀၁၆ ခုနှစ်မှာ ထွက်ရှိခဲ့ပြီး IMDb (7.8) ရရှိထားပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ Avengers အဖွဲ့ဟာ ဗီလိန်တွေနဲ့ တိုက်ခိုက်တဲ့ အချိန်တိုင်းမှာ အပျက်အစီးတွေ အလွန်များပြားနေတာကြောင့် UN ဟာ သူတို့လက်အောက်မှာပဲ အလုပ်လုပ်ဖို့ Sokovia သဘောတူစာချုပ်မှာ လက်မှတ်ထိုးစေခဲ့ပါတယ်။ အဲဒီမှာပဲ Avengers တွေဟာ သဘောထား ကွဲလွဲမှုတွေကြောင့် နှစ်ဘက်ကွဲသွားကြပါတော့တယ်။ သရုပ်ဆောင်တွေက‌တော့ Chris Evans ၊ Robert Downey Jr. ၊ Elizabeth Olsen ၊ Scarlet Johansson စတဲ့ သရုပ်ဆောင်တွေ ပါဝင်ထားပါတယ်။

(2) Avengers: Infinity War

photo via screenrant

ဒီရုပ်ရှင်ကတော့ ၂၀၁၈ ခုနှစ်မှာ ထွက်ရှိခဲ့ပြီး IMDb (8.4) ရရှိထားပါတယ်။ ဇာတ်လမ်းကတော့ စကြဝဠာတစ်ခုလုံးမှာရှိတဲ့ သက်ရှိတွေရဲ့ တစ်ဝက်တိတိကို ဖြစ်တည်မှုက ဖျောက်ဖျက်ပစ်ဖို့ ကြိုးစားနေတဲ့ Thanos ကို Avengers အဖွဲ့ဝင်တွေက ဝိုင်းဝန်းတားဆီးကြတာကို မြင်တွေ့ရမှာပဲ ဖြစ်ပါတယ်။ သရုပ်ဆောင်တွေကတော့ Chris Evans ၊ Robert Downey Jr. ၊ Chris Hemsworth ၊ Benedict Cumberbatch ၊ Elizabeth Olsen ၊ Mark Ruffalo ၊ Scarlet Johansson စတဲ့ သရုပ်ဆောင်တွေ ပါဝင်ထားပြီး အော်စကာတစ်ဆုအတွက် စံကာတင်စာရင်း ဝင်ထားပါတယ်။

(1) Avengers: Endgame

photo via screenrant

ဒီကားကတော့ ၂၀၁၉ ခုနှစ်မှာ ထွက်ရှိထားတာ ဖြစ်ပြီး IMDb (8.4) ရရှိထားပါတယ်။ ဇာတ်လမ်းကတော့ လူအများစု ကြည့်ပြီးကြပြီမို့ သိပ်အများကြီး ပြောစရာလိုမယ် မထင်ပါဘူး။ Avengers: Infinity War အပြီးမှာ ဖြစ်သွားတဲ့ စိတ်မကောင်းစရာ အဖြစ်အပျက်တွေကြောင့် ကမ္ဘာကြီးရဲ့ လူဦးရေဟာ တစ်ဝက်တိတိ လျော့ကျသွားပါတယ်။ ဒါကြောင့် ကျန်နေသေးတဲ့ Avenger တွေစုစည်းပြီးတော့ ပျောက်ကွယ်သွားတဲ့ လူဦးရေတစ်ဝက်ကို ပြန်လည်ခေါ်ယူနိုင်ဖို့ ကြိုးစားကြပါတော့တယ်။ သရုပ်ဆောင်တွေကတော့ Chris Evans ၊ Robert Downey Jr. ၊ Chris Hemsworth ၊ Benedict Cumberbatch ၊ Mark Ruffalo ၊ Elizabeth Olsen ၊ Scarlet Johansson နဲ့ Jeremy Renner စတဲ့သရုပ်ဆောင်တွေ ပါဝင်ထားပြီး အော်စကာတစ်ဆုအတွက် စံကာတင်စာရင်း ဝင်ထားပါတယ်။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

RELATED ARTICLES

Most Popular