HomeCelebs Update NewsKoreaသွေးအေးပြီး ရက်စက်တဲ့ ဗီလိန်ဇာတ်ရုပ်မှာ ပီပြင်စွာ သရုပ်ဆောင်ထားတဲ့ ကိုရီးယားသရုပ်ဆောင်များ

သွေးအေးပြီး ရက်စက်တဲ့ ဗီလိန်ဇာတ်ရုပ်မှာ ပီပြင်စွာ သရုပ်ဆောင်ထားတဲ့ ကိုရီးယားသရုပ်ဆောင်များ

ကိုရီးယားဒရာမာတွေထဲက ဗီလိန်ဇာတ်ကောင်တွေဟာ ကြည့်ရှုသူတွေကိုပါ အသည်းတယားယားနဲ့ ခြောက်လှန့်နိုင်စွမ်း ရှိကြပါတယ်။ အထူးသဖြင့် ပြီးခဲ့တဲ့ နှစ်အနည်းငယ်အတွင်းက စတင်ပြီး သာမန်အချစ်ဒရာမာတွေတင် မဟုတ်တော့ဘဲ သည်းထိတ်ရင်ဖို၊ ပဟေဠိဆန်တဲ့ မှုခင်းဒရာမာတွေနဲ့ horror ဇာတ်လမ်းတွဲတွေဟာ ပိုမိုလူကြိုက်များလာခဲ့ပါတယ်။ ဒါကြောင့်ပဲ ပဟေဠိဆန်ဆန် သည်းထိတ်ရင်ဖို ဇာတ်လမ်းတွဲတွေမှာ ကြောက်စရာကောင်းတဲ့ ဗီလိန်ဇာတ်ရုပ်ကို ပီပီပြင်ပြင် သရုပ်ဆောင်ထားကြတဲ့ ကိုရီးယားသရုပ်ဆောင်တွေကို ဖော်ပြပေးလိုက်ရပါတယ်။

Kim Seo Hyung (Sky Castle)

©JTBC

Sky Castle ကတော့ အထက်တန်းလွှာ လူတန်းစားတွေကြားက မိသားစုအရှုပ်တော်ပုံတွေ၊ ကလေးတွေအတွက် သူ့ထက်ငါ ပိုသာတဲ့ ပညာရေးကို အပြိုင်အဆိုင် ပေးချင်ကြတဲ့ မိဘတွေအကြောင်းကို ဇာတ်လမ်းဖွဲ့ ရိုက်ကူးထားတာပါ။ မင်းသမီး Kim Seo Hyung ကတော့ ဒီဇာတ်လမ်းထဲမှာ မိဘတွေရဲ့ သားသမီးဇောကို အသုံးချတဲ့ ဆရာမ Kim Joo Young အဖြစ် ဗီလိန်ပီသစွာ သရုပ်ဆောင်ထားပါတယ်။

သူမဟာ ပုံမှန်မဟုတ်တဲ့ နည်းလမ်းတွေနဲ့ ကလေးတွေကို စာသင်ကြားပေးသူ၊ ကလေးတွေကိုယ်တိုင်က သူတို့ရဲ့မိဘတွေကို ပြန်ပြီးနာကျင်ခံစားရအောင် လုပ်စေဖို့ လှုံ့ဆော်ပေးသူအဖြစ်သာမက သူမ ကျူးလွန်ဖူးတဲ့ မှုခင်းတွေကို ဖုံးကွယ်ဖို့ဆိုရင် ဘာမဆို လုပ်မယ့်သူတစ်ယောက်အဖြစ် ဒီဇာတ်လမ်းထဲမှာ သရုပ်ဆောင်ထားတာ ဖြစ်ပါတယ်။

Kim Jae Wook (Voice)

Photo via soompi

Voice ဟာ OCN ရုပ်သံလိုင်းက ထုတ်လွှင့်ထားတဲ့ မှုခင်းဒရာမာတစ်ခုဖြစ်ပြီး သူ့ရဲ့မခန့်မှန်းနိုင်တဲ့ ဇာတ်လမ်းဇာတ်ကွက်တွေနဲ့ ထိတ်လန့်စရာ ကြမ်းတမ်းတဲ့ ပြကွက်တွေကြောင့် နာမည်ကြီးပါတယ်။ Kim Jae Wook ကတော့ ဒီဇာတ်လမ်းတွဲထဲမှာ Mo Tae Goo ဆိုတဲ့ လူသတ်သမားတစ်ယောက်အဖြစ်နဲ့ သရုပ်ဆောင်ထားပါတယ်။

Mo Tae Goo ဟာ အပြင်ပန်းကနေ ကြည့်ရင်တော့ အောင်မြင်တဲ့ကုမ္ပဏီတစ်ခုရဲ့ အကြီးအကဲဖြစ်ပြီး ရုပ်ရည်ချောမော ခန့်ငြားသူလည်းဖြစ်လို့ ပြီးပြည့်စုံတယ် ထင်ရပေမယ့် တကယ်တမ်းမှာတော့ လူတိုင်းကြောက်ရွံ့ရမယ့်သူတစ်ယောက် ဖြစ်နေတာပါ။

Shin Sung Rok (My Love From The Star)

Photo via asianwiki

Shin Sung Rok ဟာ နာမည်ကျော်ဒရာမာတစ်ခုဖြစ်တဲ့ My Love From The Star မှာ ဗီလိန်ဇာတ်ရုပ်နဲ့ ပီပီပြင်ပြင် သရုပ်ဆောင်ထားလို့ ပရိသတ်တွေရဲ့ အမြင်မှာတောင် ဗီလိန်ဆိုပြီး စွဲလမ်းသွားစေခဲ့သူတစ်ယောက် ဖြစ်ပါတယ်။ တကယ်လည်း သူဟာ ဗီလိန်ဇာတ်ရုပ် တော်တော်များများကို သရုပ်ဆောင်ထားခဲ့တာဖြစ်ပါတယ်။

Shin Sung Rok ဟာ My Love From The Star မှာတော့ Lee Jae Kyung ဆိုတဲ့ ဟန်ဆောင်ကောင်းသူတစ်ယောက်အဖြစ် သရုပ်ဆောင်ထားတာပါ။ အပြင်ပန်းက ရိုးသားတည်ကြည်ဟန်နဲ့ ဖုံးကွယ်ထားပေမယ့် တကယ်တမ်းမှာ သူဟာ စိတ်ခံစားချက် တစ်စုံတစ်ရာ မရှိတဲ့ ကြောက်စရာကောင်းသူ ဖြစ်နေခဲ့တာပါ။

Jung Woog In (I Hear Your Voice)

Photo via soompi

ဝါရင့်သရုပ်ဆောင်ကြီး Jung Woong In ဟာ I Hear Your Voice ဆိုတဲ့ ဒရာမာထဲမှာတော့ ဇာတ်လိုက်ရဲ့ဖခင်ကို သတ်သွားတဲ့ လူသတ်တရားခံ Min Joon Gook အဖြစ် သရုပ်ဆောင်ထားပါတယ်။ သူ ကျူးလွန်ထားတဲ့ အပြစ်အတွက် ထောင်ဒဏ်ကျခံပြီးတာတောင်မှ ဇာတ်လိုက်မင်းသားအပေါ်မှာ လိုက်ပြီးအကျင့်ယုတ်တာ၊ ခြိမ်းခြောက်တာတွေဟာ တကယ်ကို အသည်းယားပြီး ထိတ်လန့်ဖို့ ကောင်းပါတယ်။

Lee Joon (Gap Dong)

Photo via soompi

သရုပ်ဆောင်လောကကို အသစ်အနေနဲ့ ဝင်ရောက်မယ်ဆိုရင် အများစုဟာ ရိုမန့်စ်ဟာသ၊ ဒါမှမဟုတ် မိသားစုဒရာမာလို အမျိုးအစားတွေကို အလွယ်တကူ ရွေးချယ်တတ်ကြပါတယ်။ သို့ပေမယ့် ပရိသတ်က ကြောက်လည်းကြောက်၊ မုန်းလည်းမုန်းရမယ့် ဗီလိန်ကာရိုက်တာမျိုးကို ရွေးချယ်တာမျိုးကျတော့ သတ္တိရှိတယ်လို့ ဆိုရမှာ ဖြစ်ပါတယ်။

tvN ရုပ်သံလိုင်းက ထုတ်လွှင့်ခဲ့တဲ့ Gap Dong ဆိုတဲ့ ဒရာမာထဲမှာတော့ Lee Joon ဟာ Ryu Tae Oh ဆိုတဲ့ စိတ်ဝေဒနာသည်တစ်ယောက်အဖြစ် သရုပ်ဆောင်ထားပါတယ်။ Ryu Tae Oh ဟာ ဉာဏ်ရည်အလွန်မြင့်မားပြီး စိတ်ဝေဒနာလည်း ခံစားနေရတဲ့အခါမှာတော့ ကြောက်ဖို့ကောင်းလောက်တဲ့ ကိစ္စရပ်တွေကို ကျူးလွန်ပါတော့တယ်။

ဒါကတော့ ကြောက်စရာကောင်းတဲ့ ဗီလိန်ဇာတ်ရုပ်တွေမှာ ပီပြင်စွာ သရုပ်ဆောင်ထားကြတဲ့ ကိုရီးယားသရုပ်ဆောင်တွေပဲ ဖြစ်ပါတယ်။ စာဖတ်သူတို့ နှစ်သက်တဲ့ အခြားသရုပ်ဆောင်တွေ ရှိရင်လည်း ပြန်လည်ဝေမျှခဲ့ပါဦး။

Glasgow
RELATED ARTICLES

Most Popular