HomeEntertainmentFilmElizabeth Olsen ကို လူဆိုးမလေးအဖြစ် မြင်တွေ့ရမယ့် Love and Death ဇာတ်လမ်းတွဲ

Elizabeth Olsen ကို လူဆိုးမလေးအဖြစ် မြင်တွေ့ရမယ့် Love and Death ဇာတ်လမ်းတွဲ

မကြာသေးခင်ကပဲ မင်းသမီး Elizabeth Olsen ပါဝင်သရုပ်ဆောင်ထားတဲ့ Love and Death ဇာတ်လမ်းတွဲရဲ့ ပထမဆုံးထွေလာ ထွက်ရှိလာပါတယ်။ Elizabeth Olsen ကိုတော့ Scarlet Witch အဖြစ် လူသိများကြပြီး ယခုအချိန်မှာတော့ သူမဟာ MCU ပြင်ပက အခြားပရောဂျက်များစွာမှာလည်း ပါဝင်သရုပ်ဆောင်နေပါတယ်။ ဒီဇာတ်လမ်းတွဲထဲမှာတော့ Elizabeth Olsen ဟာ အပြင်မှာ တကယ်ရှိခဲ့တဲ့ လူသတ်သမားတစ်ယောက်နေရာက ပါဝင်သရုပ်ဆောင်ထားပါတယ်။

photo via hbo

ဇာတ်လမ်းကတော့ ၁၉၈၀ ခုနှစ်က Texas မြို့မှာ ဖြစ်ပျက်ခဲ့တဲ့ တကယ့်ဖြစ်ရပ်မှန်ကို ပြန်လည် ဖန်တီးထားတာလည်း ဖြစ်ပါတယ်။ Candy Montgomery ဆိုတဲ့ အိမ်ရှင်မတစ်ယောက်က သူမရဲ့သူငယ်ချင်းကို ပုဆိန်နဲ့ ရက်ရက်စက်စက်သတ်ပစ်ခဲ့ပုံကို ပြန်လည် ရိုက်ကူးထားတာလည်း ဖြစ်ပါတယ်။ ဒီဇာတ်လမ်းတွဲကိုတော့ HBO က ဖန်တီးထားတာဖြစ်ပြီး Limited Series လို့လည်း သိရပါတယ်။ ဒါကြောင့်ပဲ ဒီဇာတ်လမ်းတွဲကတော့ Season တစ်ခုတည်းနဲ့ အဆုံးသတ်မှာ ဖြစ်ပြီး အပိုင်း(၇)ပိုင်း ပါဝင်တယ်လို့ သိရပါတယ်။

HBO ကတော့ Love and Death ဇာတ်လမ်းတွဲရဲ့ ပထမဆုံးထွေလာကို မကြာခင်ကပဲ ထုတ်ပေးထားပါတယ်။ ဒီထွေလာထဲမှာတော့ Candy ဟာ အိမ်ရှင်မအဖြစ်နဲ့ နေထိုင်ရတာကို စိတ်ကုန်လာပြီး သူမခင်ပွန်းရဲ့ သူငယ်ချင်းဖြစ်သူနဲ့ ဖောက်ပြန်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ဒီကိစ္စတွေကြောင့်ပဲ တဖြည်းဖြည်းနဲ့ တင်းမာမှုတွေ ဖြစ်လာကာ နောက်ဆုံးမှာတော့ လူသတ်မှုအထိ ဖြစ်သွားပုံကို တွေ့ရပါတယ်။

ဒီဇာတ်လမ်းတွဲထဲမှာတော့ Elizabeth Olsen အပြင် အခြားနာမည်ကြီး သရုပ်ဆောင်တွေလည်း ပါဝင်ထားကြပါတယ်။ Jesse Plemons ၊ Patrick Fugit ၊ Lily Rabe ၊ Krysten Ritter ၊ Brian d’Arcy James တို့အပြင် အခြားသော သရုပ်ဆောင်တွေလည်း ပါဝင်ထားပါသေးတယ်။ ဒီဇာတ်လမ်းတွဲကိုတော့ လာမယ့် ဧပြီလ (၂၇)ရက်နေ့မှာ HBO Max ကနေ စတင်ပြသသွားမှာ ဖြစ်ပါတယ်။

Legos

Source: Screenrant

RELATED ARTICLES

Most Popular