HomeEntertainmentFilmfan ဖိအားကြောင့် Amber Heard ကို ထုတ်ပယ်သွားမှာ မဟုတ်ဘူးဆိုတဲ့ Aquaman 2 ထုတ်လုပ်သူ

fan ဖိအားကြောင့် Amber Heard ကို ထုတ်ပယ်သွားမှာ မဟုတ်ဘူးဆိုတဲ့ Aquaman 2 ထုတ်လုပ်သူ

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

Aquaman 2 မှာ မင်းသမီး Amber Heard ကို ထုတ်ပယ်ပေးဖို့ စတူဒီယိုအပေါ် ပရိသတ်တွေရဲ့ ဖိအားပေးမှုဟာ သက်ရောက်မှုမရှိကြောင်းနဲ့ Amber Heard ကို DCEU မှာ Mera နေရာက ဆက်လက် သရုပ်ဆောင်ခိုင်းမှာ ဖြစ်တယ်လို့ ဒီရုပ်ရှင်ရဲ့ ထုတ်လုပ်သူ Peter Safran က ပြောကြားလိုက်ပါတယ်။

မင်းသမီး Amber Heard ဟာ ၂၀၁၇ခုနှစ်က ထွက်ရှိခဲ့တဲ့ Justice League ရုပ်ရှင်မှာ စတင်ပြီး DC Extended Universe မှာ Mera ဇာတ်ကောင်အဖြစ် ပါဝင်ခဲ့တာ ဖြစ်ပါတယ်။ အဲဒီနောက် ၂၀၀၈ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ Aquaman ရုပ်ရှင်နဲ့ HBO Max မှာ ပြသခဲ့တဲ့ Zack Snyder ရဲ့ Justice League တို့မှာလည်း Mera အဖြစ် ထပ်မံ ပါဝင်ခဲ့ပါသေးတယ်။

Photo via IMDb

ဒါ့အပြင် အသစ်ထွက်ရှိလာဦးမယ့် Aquaman and the Lost Kingdom ရုပ်ရှင်ထဲမှာလည်း Jason Momoa နဲ့အတူ ပြန်လည်ပါဝင်သွားဦးမှာ ဖြစ်ပါတယ်။ ဒီဇာတ်ကားကတော့ ရိုက်ကူးရေး စတင်နေပြီ ဖြစ်ပြီး လာမယ့် ၂၀၂၂ခုနှစ် ဒီဇင်ဘာလမှာ ရုံတင်ပြသဖို့ လျာထားပါတယ်။

အခုလို ကိစ္စတွေ ဖြစ်လာရတာကတော့ Amber Heard ဟာ သူမရဲ့ခင်ပွန်းဟောင်း Johnny Depp နဲ့ လူသိရှင်ကြား တရားရင်ဆိုင်မှုတွေ ဖြစ်လာတာကြောင့်ပါပဲ။ အဲဒီနောက် The Sun သတင်းစာရဲ့ “မိန်းမကို ရိုက်နှက်သူ” လို့ ခေါင်းစဉ်ပေးထားတဲ့ ဆောင်းပါးကြောင့် Johnny Depp ဟာ The Sun ကို တရားစွဲဆိုခဲ့ပြီး အဆိုပါအမှုမှာ ရှုံးနိမ့်သွားခဲ့ပါတယ်။ နောက်ဆက်တွဲ ရလဒ်အနေနဲ့ Warner Bros. ဟာ မင်းသား Johnny Depp ကို Fantastic Beasts ဇာတ်ကားကနေ နှုတ်ထွက်ခိုင်းလိုက်ပါတယ်။

Photo via IMDb

Amber Heard နဲ့ Johnny Depp တို့နှစ်ယောက်လုံးဟာ ရုပ်ပိုင်းဆိုင်ရာနဲ့ရော နှုတ်အားဖြင့်ပါ အကြမ်းဖက် နှိပ်စက်ပါတယ်ဆိုပြီး တစ်ယောက်နဲ့တစ်ယောက် အပြန်အလှန် စွပ်စွဲထားကြတာ ဖြစ်ပါတယ်။ တစ်ဖန် ပရိသတ်တွေဟာ Johnny Depp အနေနဲ့ Fantastic Beasts ကနေ အခုလို ထွက်ခွာသွားရသလိုပဲ Warner Bros. အနေနဲ့ Amber Heard ကိုလည်း Aquaman 2 ကနေ နှုတ်ထွက်ခိုင်းသင့်တယ်လို့ ယုံကြည်လာကြပါတယ်။

Aquaman 2 ရိုက်ကူးရေး စတင်ဖို့အချိန် နီးကပ်လာတာနဲ့အမျှ Amber Heard ကို စတူဒီယိုက ထုတ်ပယ်လိုက်ပြီဆိုတဲ့ ကောလာဟလတွေဟာလည်း ပိုမိုများပြားလာခဲ့ပါတယ်။ အလားတူပဲ သူမကို ဒီရုပ်ရှင်ကနေ ထုတ်ပယ်ပေးဖို့အတွက် လူပေါင်းတစ်သန်းကျော်ကလည်း လက်မှတ်ထိုးပြီး တောင်းဆိုထားပါသေးတယ်။

Photo via IMDb

ဒီကိစ္စနဲ့ ပတ်သက်ပြီး Aquaman 2 ရဲ့ ထုတ်လုပ်သူ Peter Safran ကတော့ မကြာသေးခင်က ပြုလုပ်ခဲ့တဲ့ Deadline သတင်းဌာနနဲ့ အင်တာဗျူးမှာ အခုလို ပြောကြားသွားပါတယ်။

“ပွင့်ပွင့်လင်းလင်း ပြောရရင် ဒီ fan ဖိအားဆိုတာကြီးကို ကျွန်တော်တို့ ဘယ်တော့မှ တုံ့ပြန်သွားမှာ မဟုတ်ပါဘူး။ ရုပ်ရှင်အတွက် အကောင်းဆုံး ဖြစ်မှာကိုပဲ ကျွန်တော်တို့ကတော့ လုပ်ရမှာပါ။ ကျွန်တော်တို့ ခံစားရတာကတော့ ဒါရိုက်တာ James Wan ရယ်၊ Jason Momoa ရယ်ဆိုရင် Amber Heard ပဲ ဖြစ်သင့်တယ်ဆိုတာပါပဲ … ”

“တွစ်တာပေါ်မှာ ဘာတွေဖြစ်နေတယ်ဆိုတာ သတိထားမိချင်မှ ထားမိပါလိမ့်မယ်။ ဒါပေမယ့် အဲလိုတွေ ပြောနေကြတိုင်း ကျွန်တော်တို့ဘက်က တုံ့ပြန်ရမယ်၊ သူတို့ရဲ့ဆန္ဒအတိုင်း လက်ခံရမယ်ဆိုတာကတော့ မဟုတ်သေးဘူးလေဗျာ။ ရုပ်ရှင်အတွက် ကောင်းမယ့်၊ မှန်ကန်မယ့်အရာကိုပဲ လုပ်သင့်ပါတယ်။ ကျွန်တော်တို့ကလည်း ဒါကိုပဲ စိတ်ဆုံးဖြတ်ပြီး လုပ်နေကြတာပါ … ” လို့ Peter က ပြောသွားတာ ဖြစ်ပါတယ်။

Glasgow

Source: screenrant

(Zawgyi Version)

Aquaman 2 မွာ မင္းသမီး Amber Heard ကို ထုတ္ပယ္ေပးဖို႔ စတူဒီယိုအေပၚ ပရိသတ္ေတြရဲ႕ ဖိအားေပးမႈဟာ သက္ေရာက္မႈမရွိေၾကာင္းနဲ႔ Amber Heard ကို DCEU မွာ Mera ေနရာက ဆက္လက္ သ႐ုပ္ေဆာင္ခိုင္းမွာ ျဖစ္တယ္လို႔ ဒီ႐ုပ္ရွင္ရဲ႕ ထုတ္လုပ္သူ Peter Safran က ေျပာၾကားလိုက္ပါတယ္။

မင္းသမီး Amber Heard ဟာ ၂၀၁၇ခုႏွစ္က ထြက္ရွိခဲ့တဲ့ Justice League ႐ုပ္ရွင္မွာ စတင္ၿပီး DC Extended Universe မွာ Mera ဇာတ္ေကာင္အျဖစ္ ပါဝင္ခဲ့တာ ျဖစ္ပါတယ္။ အဲဒီေနာက္ ၂၀၀၈ခုႏွစ္မွာ ထြက္ရွိခဲ့တဲ့ Aquaman ႐ုပ္ရွင္နဲ႔ HBO Max မွာ ျပသခဲ့တဲ့ Zack Snyder ရဲ႕ Justice League တို႔မွာလည္း Mera အျဖစ္ ထပ္မံ ပါဝင္ခဲ့ပါေသးတယ္။

Photo via IMDb

ဒါ့အျပင္ အသစ္ထြက္ရွိလာဦးမယ့္ Aquaman and the Lost Kingdom ႐ုပ္ရွင္ထဲမွာလည္း Jason Momoa နဲ႔အတူ ျပန္လည္ပါဝင္သြားဦးမွာ ျဖစ္ပါတယ္။ ဒီဇာတ္ကားကေတာ့ ႐ိုက္ကူးေရး စတင္ေနၿပီ ျဖစ္ၿပီး လာမယ့္ ၂၀၂၂ခုႏွစ္ ဒီဇင္ဘာလမွာ ႐ုံတင္ျပသဖို႔ လ်ာထားပါတယ္။

အခုလို ကိစၥေတြ ျဖစ္လာရတာကေတာ့ Amber Heard ဟာ သူမရဲ႕ခင္ပြန္းေဟာင္း Johnny Depp နဲ႔ လူသိရွင္ၾကား တရားရင္ဆိုင္မႈေတြ ျဖစ္လာတာေၾကာင့္ပါပဲ။ အဲဒီေနာက္ The Sun သတင္းစာရဲ႕ “မိန္းမကို ႐ိုက္ႏွက္သူ” လို႔ ေခါင္းစဥ္ေပးထားတဲ့ ေဆာင္းပါးေၾကာင့္ Johnny Depp ဟာ The Sun ကို တရားစြဲဆိုခဲ့ၿပီး အဆိုပါအမႈမွာ ရႈံးနိမ့္သြားခဲ့ပါတယ္။ ေနာက္ဆက္တြဲ ရလဒ္အေနနဲ႔ Warner Bros. ဟာ မင္းသား Johnny Depp ကို Fantastic Beasts ဇာတ္ကားကေန ႏႈတ္ထြက္ခိုင္းလိုက္ပါတယ္။

Photo via IMDb

Amber Heard နဲ႔ Johnny Depp တို႔ႏွစ္ေယာက္လုံးဟာ ႐ုပ္ပိုင္းဆိုင္ရာနဲ႔ေရာ ႏႈတ္အားျဖင့္ပါ အၾကမ္းဖက္ ႏွိပ္စက္ပါတယ္ဆိုၿပီး တစ္ေယာက္နဲ႔တစ္ေယာက္ အျပန္အလွန္ စြပ္စြဲထားၾကတာ ျဖစ္ပါတယ္။ တစ္ဖန္ ပရိသတ္ေတြဟာ Johnny Depp အေနနဲ႔ Fantastic Beasts ကေန အခုလို ထြက္ခြာသြားရသလိုပဲ Warner Bros. အေနနဲ႔ Amber Heard ကိုလည္း Aquaman 2 ကေန ႏႈတ္ထြက္ခိုင္းသင့္တယ္လို႔ ယုံၾကည္လာၾကပါတယ္။

Aquaman 2 ႐ိုက္ကူးေရး စတင္ဖို႔အခ်ိန္ နီးကပ္လာတာနဲ႔အမွ် Amber Heard ကို စတူဒီယိုက ထုတ္ပယ္လိုက္ၿပီဆိုတဲ့ ေကာလာဟလေတြဟာလည္း ပိုမိုမ်ားျပားလာခဲ့ပါတယ္။ အလားတူပဲ သူမကို ဒီ႐ုပ္ရွင္ကေန ထုတ္ပယ္ေပးဖို႔အတြက္ လူေပါင္းတစ္သန္းေက်ာ္ကလည္း လက္မွတ္ထိုးၿပီး ေတာင္းဆိုထားပါေသးတယ္။

Photo via IMDb

ဒီကိစၥနဲ႔ ပတ္သက္ၿပီး Aquaman 2 ရဲ႕ ထုတ္လုပ္သူ Peter Safran ကေတာ့ မၾကာေသးခင္က ျပဳလုပ္ခဲ့တဲ့ Deadline သတင္းဌာနနဲ႔ အင္တာဗ်ဴးမွာ အခုလို ေျပာၾကားသြားပါတယ္။

“ပြင့္ပြင့္လင္းလင္း ေျပာရရင္ ဒီ fan ဖိအားဆိုတာႀကီးကို ကြၽန္ေတာ္တို႔ ဘယ္ေတာ့မွ တုံ႔ျပန္သြားမွာ မဟုတ္ပါဘူး။ ႐ုပ္ရွင္အတြက္ အေကာင္းဆုံး ျဖစ္မွာကိုပဲ ကြၽန္ေတာ္တို႔ကေတာ့ လုပ္ရမွာပါ။ ကြၽန္ေတာ္တို႔ ခံစားရတာကေတာ့ ဒါ႐ိုက္တာ James Wan ရယ္၊ Jason Momoa ရယ္ဆိုရင္ Amber Heard ပဲ ျဖစ္သင့္တယ္ဆိုတာပါပဲ … ”

“တြစ္တာေပၚမွာ ဘာေတြျဖစ္ေနတယ္ဆိုတာ သတိထားမိခ်င္မွ ထားမိပါလိမ့္မယ္။ ဒါေပမယ့္ အဲလိုေတြ ေျပာေနၾကတိုင္း ကြၽန္ေတာ္တို႔ဘက္က တုံ႔ျပန္ရမယ္၊ သူတို႔ရဲ႕ဆႏၵအတိုင္း လက္ခံရမယ္ဆိုတာကေတာ့ မဟုတ္ေသးဘူးေလဗ်ာ။ ႐ုပ္ရွင္အတြက္ ေကာင္းမယ့္၊ မွန္ကန္မယ့္အရာကိုပဲ လုပ္သင့္ပါတယ္။ ကြၽန္ေတာ္တို႔ကလည္း ဒါကိုပဲ စိတ္ဆုံးျဖတ္ၿပီး လုပ္ေနၾကတာပါ … ” လို႔ Peter က ေျပာသြားတာ ျဖစ္ပါတယ္။

Glasgow

Source: screenrant

 

RELATED ARTICLES

Most Popular