HomeCelebs Update NewsInternationalEdge of Tomorrow ရုပ်ရှင်ကို Tom Cruise ကြောင့် ဆက်ရိုက်နိုင်ခဲ့တဲ့ Emily Blunt

Edge of Tomorrow ရုပ်ရှင်ကို Tom Cruise ကြောင့် ဆက်ရိုက်နိုင်ခဲ့တဲ့ Emily Blunt

မင်းသမီးချော Emily Blunt ကတော့ Edge of Tomorrow ရုပ်ရှင်ရဲ့ ရိုက်ကွင်းဟာ သူမအတွက် ခက်ခဲခဲ့ပြီး တွဲဖက်သရုပ်ဆောင် Tom Cruise ကြောင့်သာ ဒီရုပ်ရှင်ကို အောင်မြင်စွာနဲ့ ဆက်ရိုက်နိုင်ခဲ့တယ်လို့ ပြောပြသွားပါတယ်။ ဒီအကြောင်းကိုတော့ Emily ဟာ Smartless podcast ကို ဧည့်သည်အဖြစ် လာရောက်ခဲ့တုန်းက ပြောပြသွားတာ ဖြစ်ပါတယ်။

“အဲဒီကားထဲမှာ ကျွန်မတို့က suit အကြီးကြီးတွေ ဝတ်ရတာလေ။ ကျွန်မကတော့ အဲဒါကြီးတွေကို CGI သုံးလိုက်ရင် ကောင်းမှာပဲလို့ ထင်ခဲ့မိပေမယ့် တကယ်တမ်းတော့ လက်တွေ့ကျကျ ရိုက်ချင်တဲ့အတွက် CGI မသုံးဘဲ တကယ်ဝတ်ခဲ့ရတယ်ပေါ့နော်။ အဲဒီ suit ကြီးတွေ ဝတ်ရတာ ဘယ်လိုမှ မသက်သာပါဘူး …”

Photo Credit: David James/ Warner Bros.

“အဲဒီဝတ်စုံက (၈၅)ပေါင်လောက် ရှိတယ်။ အရမ်းလေးတယ်။ စစချင်း အဲဒါကြီးကို ဝတ်ကြည့်လိုက်တာနဲ့ ကျွန်မငိုမိတော့တာပဲ။ Tom ရဲ့အရှေ့မှာပဲ ထိုင်ငိုမိနေတာ။ အဲဒီမှာ သူလည်း ဘာလုပ်ရမှန်းမသိ ဖြစ်နေတာပေါ့ …”

“ကျွန်မလည်း သူ့ကိုပြောလိုက်တယ်။ Tom ရေ … ကျွန်မတော့ ဒီကားကို ဘယ်လိုဆက်ရိုက်ရမှန်းကို မသိတော့ဘူးပေါ့။ အဲဒါပြောပြီး ငိုတော့တာပဲ။ ကျွန်မက ဒါကြီးဝတ်ပြီး တစ်ကားလုံးကို ရိုက်ရမယ့်အကြောင်း တွေးလိုက်မိတော့ စိတ်ထဲမှာ ကြောက်သွားတာလေ …”

“အဲဒီမှာ Tom က ဘာလုပ်တယ်မှတ်လဲ။ သူက ကျွန်မကို အကြာကြီး စိုက်ကြည့်နေတာ။ သူလည်း ဘာလုပ်ရမှန်း မသိဘူးပေါ့။ ပြီးတော့ သူ ကျွန်မကို တစ်ခွန်းပဲပြောတယ်။ လာစမ်းပါ … လူပျော့တစ်ယောက်လို လုပ်မနေနဲ့တဲ့ …”

Photo Credit: Village Roadshow/ Warner Bros.

အဲဒီမှာ ကျွန်မလည်း ရယ်မိတော့တာပေါ့။ အဲဒါနဲ့ပဲ ကျွန်မတို့ အဲဒီကားကို အောင်အောင်မြင်မြင်နဲ့ ဆက်ရိုက်နိုင်ခဲ့ကြပါတယ်။ ဒါပေမယ့် အဲဒီကားရိုက်ဖို့ လုပ်ရတဲ့ ထရိန်နင်တွေကတော့ တကယ် ပြင်းထန်ပါတယ်။ တစ်နေ့ကို နှစ်ခါလောက်ကို ထရိန်နင် ဆင်းခဲ့ကြရတာ …” လို့ Emily က သူမရဲ့အတွေ့အကြုံကို ပြောပြပါတယ်။

Emily Blunt ဟာ Edge of Tomorrow ရုပ်ရှင်ကို အောင်မြင်စွာ ရိုက်ကူးနိုင်ခဲ့ပေမယ့်လည်း လေးလံလွန်းတဲ့ ဝတ်စုံကြီးကြောင့် သူမရဲ့နံရိုးနဲ့ ညှပ်ရိုးတွေမှာ ဒဏ်ရာရရှိခဲ့တယ်လို့လည်း ပြောပြသွားပါတယ်။ ဒါဟာ သူမရဲ့အတွေ့အကြုံဖြစ်ပြီး သရုပ်ဆောင်ဖက် ဖြစ်တဲ့ Tom Cruise ရဲ့ အကြံပေးစကားဟာလည်း ခပ်ကြမ်းကြမ်းနိုင်သလို ထင်ရပါတယ်။

Photo Credit: David James/ Warner Bros.

သို့ပေမယ့် တကယ်တမ်း အက်ရှင်၊ စိတ်ကူးယဉ်သိပ္ပံ ရုပ်ရှင်တွေကို ရိုက်ကူးရတာဟာ လွယ်ကူမနေဘဲ ဒီလိုစိန်ခေါ်မှုတွေကို ရင်ဆိုင်ကျော်လွှားနိုင်မှသာ ကောင်းမွန်တဲ့ ရုပ်ရှင်တစ်ကားအဖြစ် ပုံဖော်နိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် မင်းသားကြီး Tom Cruise ကိုယ်တိုင်ကလည်း အန္တရာယ်များလွန်းတဲ့ စတန့်တွေကိုတောင် လူစားမထိုးဘဲ ကိုယ်တိုင်လုပ်နေသူဖြစ်တဲ့အတွက် ဘယ်လောက်ပဲ ခက်ခဲကြမ်းတမ်းစေကာမူ၊ ဖြစ်အောင်လုပ်မယ်ဆိုတဲ့ သူ့ရဲ့ခိုင်မာတဲ့ စိတ်ဓာတ်က Emily ဆီကို ဝင်ရောက်ခိုအောင်းခဲ့ပုံ ရပါတယ်။

Edge of Tomorrow ရုပ်ရှင်ကတော့ ၂၀၁၄ ခုနှစ်က ထွက်ရှိခဲ့တာဖြစ်ပြီး Sci-Fi အက်ရှင်အမျိုးအစား ဖြစ်ပါတယ်။ ဇာတ်လမ်းကတော့ ဗိုလ်မှူး William Cage ဟာ စစ်သည်တော် Rita Vrataski ရဲ့အကူအညီနဲ့အတူ အချိန်ကျော့စက်ဝိုင်းတစ်ခုမှာ ပိတ်မိသွားပြီးနောက် ဂြိုဟ်သားမျိုးစိတ်တစ်ခုဆီကနေ လူသားမျိုးနွယ်နဲ့ ကမ္ဘာကြီးကို ကယ်တင်ဖို့ ကြိုးစားကြတဲ့အကြောင်း ဖြစ်ပါတယ်။ ဒီဇာတ်လမ်းထဲမှာတော့ Emily Blunt နဲ့အတူ Tom Cruise တို့က အဓိက ပါဝင်သရုပ်ဆောင်ထားပါတယ်။

Vancouver

Source: people

RELATED ARTICLES

Most Popular