HomeEntertainmentFilmSeason 2 အတွက် ဇာတ်ညွှန်းတွေ အားလုံးရေးပြီးသွားပြီဆိုတဲ့ What If...?

Season 2 အတွက် ဇာတ်ညွှန်းတွေ အားလုံးရေးပြီးသွားပြီဆိုတဲ့ What If…?

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

What If…? ဇာတ်လမ်းတွဲရဲ့ Season 2 အတွက် ဇာတ်ညွှန်းတွေ အားလုံးရေးပြီးသွားပါပြီလို့ ဇာတ်ညွှန်းရေးဆရာ A.C. Bradley က အတည်ပြုခဲ့ပါတယ်။ ပြီးခဲ့တဲ့ အပတ်တုန်းက ထွက်ခဲ့တဲ့ What If…? အပိုင်း (၈) ထဲမှာတော့ Infinity Ultron ဟာ Watcher ရဲ့ တည်ရှိနေမှုကို သိသွားပြီး တိုက်ခိုက်ရင်းနဲ့ Watcher က အရေးနိမ့်နေတာကြောင့် Doctor Strange ကို အကူအညီသွားတောင်းတဲ့အချိန်မှာ ပြီးဆုံးသွားခဲ့ပါတယ်။ ဒီနေ့မှာ ထွက်ရှိလာမယ့်အပိုင်း (၉) မှာတော့ ဘာတွေဆက်ဖြစ်ကြမလည်း ဆိုတာကို မြင်တွေ့ရမှာ ဖြစ်သလို အပိုင်း (၉) ဟာ Season 1 ရဲ့ နောက်ဆုံးအပိုင်းလည်း ဖြစ်ပါတယ်။

photo via screenrant

ဒီဇာတ်လမ်းတွဲဟာ အခုမှထွက်ရှိလာတာ ဖြစ်ပေမယ့်လည်း ဇာတ်ညွှန်းတွေကတော့ ၂၀၁၉ ခုနှစ်ကတည်းက ဖန်တီးခဲ့တာ ဖြစ်ပါတယ်။ အခုချိန်မှာလည်း Season 2 က ဘယ်အချိန်ထွက်လာမယ် ဆိုတာ မသိရသေးပေမယ့်လည်း Season 2 အတွက် ဇာတ်ညွှန်းတွေအားလုံးကို ဖန်တီးသွားပါပြီလို့ သိရပါတယ်။ အဲ့ဒီအကြောင်းတွေနဲ့ ပတ်သက်ပြီး Bradley က EW နဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးထဲမှာ ပြောပြခဲ့ပါတယ်။

Season 2 ထဲမှာတော့ ဇာတ်လမ်းအသစ်တွေ ဇာတ်ကောင်အသစ်တွေများစွာကို မြင်တွေ့ရမယ်လို့လည်း ပြောသွားပါသေးတယ်။ ဒါ့အပြင် Eternals ၊ Shang-Chi နဲ့ Black Widow ရုပ်ရှင်တွေထဲက ဇာတ်ကောင်တွေလည်း ပါဝင်လာနိုင်ပါတယ်လို့ သိရပါတယ်။ Season 2 ထဲမှာ Black Widow အပိုင်း ပါဝင်လာမယ် ဆိုတာကိုတော့ အတည်ပြုပြီးသွားပြီး ပရိသတ်တွေကတော့ Eternals တွေနဲ့ Shang-Chi ကိုပါ မြင်ချင်နေကြပါတယ်။

photo via screenrant

အခုချိန်မှာတော့ Season 2 အတွက် ဇာတ်ညွှန်းတွေအားလုံး ပြီးဆုံးသွားပြီ ဖြစ်တာကြောင့် Production Team ဟာ Season 2 ကို စတင်ဖန်တီးလို့ရပြီ ဖြစ်ပါတယ်။ ဒါကြောင့်ပဲ Season 2 ဟာ ၂၀၂၂ ခုနှစ်နှောင်းပိုင်းလောက်မှာ ထွက်ရှိလာနိုင်ပါတယ်။ Season 1 ထဲမှာတော့ အပိုင်းတွေအများစုဟာ ဆက်စပ်မှုမရှိဘဲ သီးခြားနေပြီး နောက်ဆုံးအပိုင်းနှစ်ပိုင်းကပဲ ဆက်စပ်နေပါတယ်။ Season 2 ထဲမှာလည်း Season 1 ထဲက တစ်ချို့ဇာတ်ကောင်တွေ ပြန်လည်ပါဝင်လာမှာ ဖြစ်တာကြောင့် နောက်ပိုင်းမှာ ဒီဇာတ်လမ်းတွေအားလုံးက ဆက်စပ်သွားမလား ဆိုတာတော့ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

Legos

Source : Screenrant

(Zawgyi Version)

What If…? ဇာတ္လမ္းတြဲရဲ႕ Season 2 အတြက္ ဇာတ္ၫႊန္းေတြ အားလုံးေရးၿပီးသြားပါၿပီလို႔ ဇာတ္ၫႊန္းေရးဆရာ A.C. Bradley က အတည္ျပဳခဲ့ပါတယ္။ ၿပီးခဲ့တဲ့ အပတ္တုန္းက ထြက္ခဲ့တဲ့ What If…? အပိုင္း (၈) ထဲမွာေတာ့ Infinity Ultron ဟာ Watcher ရဲ႕ တည္ရွိေနမႈကို သိသြားၿပီး တိုက္ခိုက္ရင္းနဲ႔ Watcher က အေရးနိမ့္ေနတာေၾကာင့္ Doctor Strange ကို အကူအညီသြားေတာင္းတဲ့အခ်ိန္မွာ ၿပီးဆုံးသြားခဲ့ပါတယ္။ ဒီေန႔မွာ ထြက္ရွိလာမယ့္အပိုင္း (၉) မွာေတာ့ ဘာေတြဆက္ျဖစ္ၾကမလည္း ဆိုတာကို ျမင္ေတြ႕ရမွာ ျဖစ္သလို အပိုင္း (၉) ဟာ Season 1 ရဲ႕ ေနာက္ဆုံးအပိုင္းလည္း ျဖစ္ပါတယ္။

photo via screenrant

ဒီဇာတ္လမ္းတြဲဟာ အခုမွထြက္ရွိလာတာ ျဖစ္ေပမယ့္လည္း ဇာတ္ၫႊန္းေတြကေတာ့ ၂၀၁၉ ခုႏွစ္ကတည္းက ဖန္တီးခဲ့တာ ျဖစ္ပါတယ္။ အခုခ်ိန္မွာလည္း Season 2 က ဘယ္အခ်ိန္ထြက္လာမယ္ ဆိုတာ မသိရေသးေပမယ့္လည္း Season 2 အတြက္ ဇာတ္ၫႊန္းေတြအားလုံးကို ဖန္တီးသြားပါၿပီလို႔ သိရပါတယ္။ အဲ့ဒီအေၾကာင္းေတြနဲ႔ ပတ္သက္ၿပီး Bradley က EW နဲ႔ ျပဳလုပ္ခဲ့တဲ့ အင္တာဗ်ဴးထဲမွာ ေျပာျပခဲ့ပါတယ္။

Season 2 ထဲမွာေတာ့ ဇာတ္လမ္းအသစ္ေတြ ဇာတ္ေကာင္အသစ္ေတြမ်ားစြာကို ျမင္ေတြ႕ရမယ္လို႔လည္း ေျပာသြားပါေသးတယ္။ ဒါ့အျပင္ Eternals ၊ Shang-Chi နဲ႔ Black Widow ႐ုပ္ရွင္ေတြထဲက ဇာတ္ေကာင္ေတြလည္း ပါဝင္လာႏိုင္ပါတယ္လို႔ သိရပါတယ္။ Season 2 ထဲမွာ Black Widow အပိုင္း ပါဝင္လာမယ္ ဆိုတာကိုေတာ့ အတည္ျပဳၿပီးသြားၿပီး ပရိသတ္ေတြကေတာ့ Eternals ေတြနဲ႔ Shang-Chi ကိုပါ ျမင္ခ်င္ေနၾကပါတယ္။

photo via screenrant

အခုခ်ိန္မွာေတာ့ Season 2 အတြက္ ဇာတ္ၫႊန္းေတြအားလုံး ၿပီးဆုံးသြားၿပီ ျဖစ္တာေၾကာင့္ Production Team ဟာ Season 2 ကို စတင္ဖန္တီးလို႔ရၿပီ ျဖစ္ပါတယ္။ ဒါေၾကာင့္ပဲ Season 2 ဟာ ၂၀၂၂ ခုႏွစ္ေႏွာင္းပိုင္းေလာက္မွာ ထြက္ရွိလာႏိုင္ပါတယ္။ Season 1 ထဲမွာေတာ့ အပိုင္းေတြအမ်ားစုဟာ ဆက္စပ္မႈမရွိဘဲ သီးျခားေနၿပီး ေနာက္ဆုံးအပိုင္းႏွစ္ပိုင္းကပဲ ဆက္စပ္ေနပါတယ္။ Season 2 ထဲမွာလည္း Season 1 ထဲက တစ္ခ်ိဳ႕ဇာတ္ေကာင္ေတြ ျပန္လည္ပါဝင္လာမွာ ျဖစ္တာေၾကာင့္ ေနာက္ပိုင္းမွာ ဒီဇာတ္လမ္းေတြအားလုံးက ဆက္စပ္သြားမလား ဆိုတာေတာ့ ေစာင့္ၾကည့္ရမွာ ျဖစ္ပါတယ္။

Legos

Source : Screenrant

RELATED ARTICLES

Most Popular