HomeCelebs Update NewsInternationalစားသောက်ဆိုင်သစ်ဖွင့်ပွဲမှာ fan တွေကို surprise လုပ်ခဲ့တဲ့ Eminem 

စားသောက်ဆိုင်သစ်ဖွင့်ပွဲမှာ fan တွေကို surprise လုပ်ခဲ့တဲ့ Eminem 

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

Slim Shady ကတော့ ဂရမ်မီရမယ့် rhyme တွေ စပ်ဆိုရာက ခဏနားပြီး အသစ်ဖွင့်တဲ့ စားသောက်ဆိုင်မှာ fan တွေကို ကိုယ်တိုင် ဝန်ဆောင်မှု ပေးနေပါတယ်။

အဲဒါကတော့ Eminem ဟာ Detroit မြို့မှာ အသစ်ဖွင့်လှစ်လိုက်တဲ့ သူ့ရဲ့ စားသောက်ဆိုင် “Mom’s Spaghetti” ရဲ့ ဖွင့်ပွဲအနေနဲ့ fan တွေကို ကိုယ်တိုင် ဝန်ဆောင်မှုပေးခဲ့တာပဲ ဖြစ်ပါတယ်။ ဒီဆိုင်ကတော့ အိမ်ချက်လက်ရာတွေကို အဓိက ရောင်းချပေးမယ့် စားသောက်ဆိုင်ဖြစ်ပါတယ်။

ဆိုင်ရဲ့နာမည်ကတော့ ၂၀၀၂ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ “8 Mile” ရုပ်ရှင်ဇာတ်ကားထဲက အော်စကာဆု ရရှိခဲ့တဲ့ သူ့ရဲ့ ဇာတ်ဝင်သီချင်း “Lose Yourself” ထဲက စာသားပဲ ဖြစ်ပါတယ်။ ဒီသီချင်းကို အလွတ်ရသူတွေကတော့ သီချင်းစအဖွင့်မှာတင် ပါဝင်ခဲ့တဲ့ စာသားကိုလည်း မှတ်မိနေကြမှာပါ။

Photo: bookofshady/ Instagram

“His palms are sweaty, knees weak, arms are heavy/ There’s vomit on his sweater already, mom’s spaghetti” ဆိုတဲ့ စာသားကနေ ဆိုင်နာမည် ပေးထားတာ ဖြစ်ပါတယ်။

Mom’s Spaghetti ဆိုင်ကတော့ 2131 Woodward ရိပ်သာမှာ တည်ရှိတာ ဖြစ်ပြီး စက်တင်ဘာလ(၂၉)ရက်နေ့က စတင်ဖွင့်လှစ်ခဲ့တာ ဖြစ်ပါတယ်။ Eminem ရဲ့ ပရိသတ်တွေကတော့ ဒီဆိုင်က မီနူးတွေကို မြည်းစမ်းကြည့်ဖို့ တန်းစီစောင့်ဆိုင်းခဲ့ကြတယ်လို့လည်း သိရပါတယ်။

ဒီဆိုင်မှာ ရောင်းချသွားမယ့် အစားအသောက်တွေကတော့ စပါဂက်တီအပြင် စပါဂက်တီဆင်းဒွစ်၊ အသားလုံးနဲ့ အအေးတွေပဲ ဖြစ်ပါတယ်။ စျေးနှုန်းတွေကတော့ (၉)ဒေါ်လာကနေ (၁၄)ဒေါ်လာအထိ ရှိတယ်လို့ သိရပါတယ်။

Photo: bookofshady/ Instagram

Eminem ဟာ ဒီစားသောက်ဆိုင်ကိုတော့ local restaurant group တစ်ခုဖြစ်တဲ့ Union Joints နဲ့ စပ်တူ ဖွင့်လှစ်ထားတာ ဖြစ်ပါတယ်။ အခုလို ဆိုင်ခန်းအနေနဲ့ ဖွင့်လှစ်မရောင်းချခင်တုန်းကတော့ Mom’s Spaghetti ဟာ ဒီတိုင်း လျှပ်တပြက် ပေါ်လာတတ်တဲ့ စားသောက်ဆိုင်တစ်ခု ဖြစ်ခဲ့တာပါ။ ပထမဆုံး ပေါ်လာခဲ့တာကတော့ ၂၀၁၇ ခုနှစ်တုန်းကဖြစ်ပြီး Detroit မြို့မှာပဲ ပေါ်လာခဲ့တာ ဖြစ်ပါတယ်။ အဲဒီနောက်မှာတော့ ၂၀၁၈ ခုနှစ် Coachella ပွဲတော်မှာလည်း တွေ့ခဲ့ရပါသေးတယ်။

ဒ့ါအပြင် ဒီစားသောက်ဆိုင်နဲ့အတူ ကိုယ်စားလှယ်ယူထားတဲ့ စတိုးဆိုင်တစ်ခုလည်း ရှိပါသေးတယ်။ အဲဒီစတိုးဆိုင်ကိုတော့ “The Trailer” လို့ခေါ်ပြီး တချို့ကတော့ “store for Stans” လို့ Eminem ရဲ့ သီချင်း “Stan” ကို ရည်ညွှန်းကာ ခေါ်ဆိုကြပါသေးတယ်။

Photo: bookofshady/ Instagram

Eminem ဟာ သူ့ရဲ့ စီးပွားရေးလုပ်ငန်းအပြင် ဂီတဘက်မှာလည်း တစိုက်မတ်မတ် အသစ်အသစ်တွေ ဖန်တီးနေသူ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာလ(၂၈)ရက်နေ့က ထွက်ရှိခဲ့တဲ့ Skylar Grey ရဲ့ “Last One Standing” သီချင်းထဲမှာတော့ Polo G ၊ Mozzy တို့နဲ့အတူ featuring ပါဝင်သီဆိုပေးထားပါသေးတယ်။ ဒီသီချင်းဟာ ပရိသတ်တွေ စောင့်စားနေကြတဲ့ Venom: Let There Be Carnage ရုပ်ရှင်ဇာတ်ကားထဲမှာ ဇာတ်ဝင်သီချင်းအဖြစ် ပါဝင်လာမယ့် သီချင်းလည်း ဖြစ်ပါတယ်။

Linda December

Source: hollywoodlife

(Zawgyi Version)

Slim Shady ကေတာ့ ဂရမ္မီရမယ့္ rhyme ေတြ စပ္ဆိုရာက ခဏနားၿပီး အသစ္ဖြင့္တဲ့ စားေသာက္ဆိုင္မွာ fan ေတြကို ကိုယ္တိုင္ ဝန္ေဆာင္မွု ေပးေနပါတယ္။

အဲဒါကေတာ့ Eminem ဟာ Detroit ၿမိဳ႕မွာ အသစ္ဖြင့္လွစ္လိုက္တဲ့ သူ႔ရဲ့ စားေသာက္ဆိုင္ “Mom’s Spaghetti” ရဲ့ ဖြင့္ပြဲအေနနဲ႔ fan ေတြကို ကိုယ္တိုင္ ဝန္ေဆာင္မွုေပးခဲ့တာပဲ ျဖစ္ပါတယ္။ ဒီဆိုင္ကေတာ့ အိမ္ခ်က္လက္ရာေတြကို အဓိက ေရာင္းခ်ေပးမယ့္ စားေသာက္ဆိုင္ျဖစ္ပါတယ္။

ဆိုင္ရဲ့နာမည္ကေတာ့ ၂၀၀၂ ခုႏွစ္မွာ ထြက္ရွိခဲ့တဲ့ “8 Mile” ႐ုပ္ရွင္ဇာတ္ကားထဲက ေအာ္စကာဆု ရရွိခဲ့တဲ့ သူ႔ရဲ့ ဇာတ္ဝင္သီခ်င္း “Lose Yourself” ထဲက စာသားပဲ ျဖစ္ပါတယ္။ ဒီသီခ်င္းကို အလြတ္ရသူေတြကေတာ့ သီခ်င္းစအဖြင့္မွာတင္ ပါဝင္ခဲ့တဲ့ စာသားကိုလည္း မွတ္မိေနၾကမွာပါ။

Photo: bookofshady/ Instagram

“His palms are sweaty, knees weak, arms are heavy/ There’s vomit on his sweater already, mom’s spaghetti” ဆိုတဲ့ စာသားကေန ဆိုင္နာမည္ ေပးထားတာ ျဖစ္ပါတယ္။

Mom’s Spaghetti ဆိုင္ကေတာ့ 2131 Woodward ရိပ္သာမွာ တည္ရွိတာ ျဖစ္ၿပီး စက္တင္ဘာလ(၂၉)ရက္ေန႔က စတင္ဖြင့္လွစ္ခဲ့တာ ျဖစ္ပါတယ္။ Eminem ရဲ့ ပရိသတ္ေတြကေတာ့ ဒီဆိုင္က မီႏူးေတြကို ျမည္းစမ္းၾကည့္ဖို႔ တန္းစီေစာင့္ဆိုင္းခဲ့ၾကတယ္လို႔လည္း သိရပါတယ္။

ဒီဆိုင္မွာ ေရာင္းခ်သြားမယ့္ အစားအေသာက္ေတြကေတာ့ စပါဂက္တီအျပင္ စပါဂက္တီဆင္းဒြစ္၊ အသားလုံးနဲ႔ အေအးေတြပဲ ျဖစ္ပါတယ္။ ေစ်းႏွုန္းေတြကေတာ့ (၉)ေဒၚလာကေန (၁၄)ေဒၚလာအထိ ရွိတယ္လို႔ သိရပါတယ္။

Photo: bookofshady/ Instagram

Eminem ဟာ ဒီစားေသာက္ဆိုင္ကိုေတာ့ local restaurant group တစ္ခုျဖစ္တဲ့ Union Joints နဲ႔ စပ္တူ ဖြင့္လွစ္ထားတာ ျဖစ္ပါတယ္။ အခုလို ဆိုင္ခန္းအေနနဲ႔ ဖြင့္လွစ္မေရာင္းခ်ခင္တုန္းကေတာ့ Mom’s Spaghetti ဟာ ဒီတိုင္း လၽွပ္တျပက္ ေပၚလာတတ္တဲ့ စားေသာက္ဆိုင္တစ္ခု ျဖစ္ခဲ့တာပါ။ ပထမဆုံး ေပၚလာခဲ့တာကေတာ့ ၂၀၁၇ ခုႏွစ္တုန္းကျဖစ္ၿပီး Detroit ၿမိဳ႕မွာပဲ ေပၚလာခဲ့တာ ျဖစ္ပါတယ္။ အဲဒီေနာက္မွာေတာ့ ၂၀၁၈ ခုႏွစ္ Coachella ပြဲေတာ္မွာလည္း ေတြ႕ခဲ့ရပါေသးတယ္။

ဒ့ါအျပင္ ဒီစားေသာက္ဆိုင္နဲ႔အတူ ကိုယ္စားလွယ္ယူထားတဲ့ စတိုးဆိုင္တစ္ခုလည္း ရွိပါေသးတယ္။ အဲဒီစတိုးဆိုင္ကိုေတာ့ “The Trailer” လို႔ေခၚၿပီး တခ်ိဳ႕ကေတာ့ “store for Stans” လို႔ Eminem ရဲ့ သီခ်င္း “Stan” ကို ရည္ညႊန္းကာ ေခၚဆိုၾကပါေသးတယ္။

Photo: bookofshady/ Instagram

Eminem ဟာ သူ႔ရဲ့ စီးပြားေရးလုပ္ငန္းအျပင္ ဂီတဘက္မွာလည္း တစိုက္မတ္မတ္ အသစ္အသစ္ေတြ ဖန္တီးေနသူ ျဖစ္ပါတယ္။ ၿပီးခဲ့တဲ့ စက္တင္ဘာလ(၂၈)ရက္ေန႔က ထြက္ရွိခဲ့တဲ့ Skylar Grey ရဲ့ “Last One Standing” သီခ်င္းထဲမွာေတာ့ Polo G ၊ Mozzy တို႔နဲ႔အတူ featuring ပါဝင္သီဆိုေပးထားပါေသးတယ္။ ဒီသီခ်င္းဟာ ပရိသတ္ေတြ ေစာင့္စားေနၾကတဲ့ Venom: Let There Be Carnage ႐ုပ္ရွင္ဇာတ္ကားထဲမွာ ဇာတ္ဝင္သီခ်င္းအျဖစ္ ပါဝင္လာမယ့္ သီခ်င္းလည္း ျဖစ္ပါတယ္။

Linda December

Source: hollywoodlife

RELATED ARTICLES

Most Popular