HomeCelebs Update NewsInternationalမီလျံနာမလေး Emma Watson သုံးစွဲဖူးတဲ့ ဈေးအကြီးဆုံးအရာများ

မီလျံနာမလေး Emma Watson သုံးစွဲဖူးတဲ့ ဈေးအကြီးဆုံးအရာများ

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

Emma Watson လို့ပြောလိုက်ရင် မသိတဲ့သူ ရှိမယ်မထင်ပါဘူး။ သူမဟာ Harry Potter ဇာတ်ကား (၈) ကားမှာ သရုပ်ဆောင်ခဲ့တဲ့အတွက် တော်တော်လေးကို နာမည်ကြီးလာခဲ့ပြီးတော့ သရုပ်ဆောင်ခကတော့ ဒေါ်လာသန်း (၆၀) ရခဲ့ပါတယ်။ သူမမှာ အခုဆိုရင်တော့ ခန့်မှန်းချေ ဒေါ်လာသန်း (၈၀) လောက် ချမ်းသာ နေပြီ ဖြစ်ပါတယ်။ အဲ့ဒါကြောင့် သူမဟာ မီလျံနာ တစ်ယောက်လည်းဖြစ်တာကြောင့် သူရဲ့ပိုက်ဆံတွေကို ဘယ်လိုနေရာတွေမှာ သုံးလဲဆိုတာကို ကြည့်လိုက်ရအောင်။

ပြင်သစ်မှာ ရှိတဲ့ နှင်းတောင်ပေါ်က အပန်းဖြေအိမ်လေး
photo via therichest

သူမရဲ့ အသက်(၁၈) နှစ်ပြည့်သွားတဲ့အချိန်မှာ သူ့ရဲ့ပိုက်ဆံတွေထဲက ဒေါ်လာ (၁၂) သန်း ကိုသုံးခွင့်ရခဲ့ပါတယ်။ သူရဲ့ပိုက်ဆံကို ပထမဦးဆုံး သုံးခွင့်ရတဲ့ အချိန်မှာတော့ ပြင်သစ်နိုင်ငံက နှင်းတောင်ပေါ်မှာ ဒေါ်လာ (၁.၂) သန်းတန်တဲ့ အပန်းဖြေ အိမ်တစ်ခုကို ဝယ်ခဲ့ပြီးတော့ ပြန်လည်ပြုပြင် မွန်းမံမှုတွေအတွက် နောက်ထပ် ဒေါ်လာတွေ ထောင်နဲ့ချီပြီး ကုန်ခဲ့ပါသေးတယ်။ သူမဟာ အားကစားကိုလည်း ဝါသနာပါပြီးတော့ နှင်းလျှောစီးရတာကိုလည်း သဘောကျတာကြောင့် အဲ့ဒီနေရာကို ရွေးချယ်ခဲ့တာ ဖြစ်ပါတယ်။

လန်ဒန်က အိမ်
photo via therichest

သူမဟာ ၂၀၁၆ ခုနှစ်တုန်းက ဒေါ်လာ (၃.၃) သန်းတန်ပြီး လန်ဒန်မြို့မှာရှိတဲ့ အိမ်တစ်လုံးကို ဝယ်ခဲ့ပါတယ်။ သူမအဲ့ဒီအိမ်ကို ဝယ်ဖို့အတွက် နိုင်ငံခြားမှာ ရှိတဲ့ ကုမ္ပဏီတစ်ခု အငှားဝယ်ခိုင်းခဲ့ပါတယ်။ အဲ့လိုလုပ်ခဲ့ရတဲ့အကြောင်းကိုတော့ အင်တာဗျူးတစ်ခုမှာ ပြောပြခဲ့ပါတယ်။ အဲ့ဒါကတော့ အင်္ဂလန်နိုင်ငံက ကုမ္ပဏီတွေဟာ သူတို့ရှယ်ယာရှင်တွေရဲ့ အကြောင်းတွေကို အသေးစိတ်ပြောပြရပါတယ်။ အဲ့ဒါကြောင့် သူမရဲ့ကိုယ်ရေးကိုယ်တာကိစ္စတွေိကို မပေါက်ကြားစေချင်တာကြောင့် အခုလိုမျိုး အငှားဝယ်ခိုင်းခဲ့တာပါလို့ ပြောခဲ့ပါတယ်။ ဒါ့အပြင် သူဝယ်ထားတဲ့အိမ်ရဲ့ နေရာအတိအကျနဲ့ အဲ့ဒီအိမ်အကြောင်းကို ဘာမှမသိရပါဘူး။ အကြောင်းကတော့ သူမဟာ အဲ့ဒီလိုအချက်အလက်တွေကို တစ်ခြားသူတွေကို ပြောပြရတာဟာ မလုံခြုံဘူးလို့ ခံစားရလို့ပါဆိုပြီး ပြောခဲ့ပါတယ်။

သဘာဝပတ်ဝန်းကျင်ကို မထိခိုက်စေမယ့် ဝတ်စုံများ
photo via therichest

ဆယ်လီတွေ တော်တော်များများဟာ လူတွေရှေ့မှာ လှနေဖို့လောက်ကိုပဲ ဂရုစိုက်ကြပြီးတော့ ကျန်တာတွေကို စိတ်ထဲသိပ်မရှိကြပါဘူး။ သူတို့တွေ ဝတ်တဲ့ဝတ်စုံတွေက ဈေးတွေအရမ်းကြီးပြီး လှပကြပေမယ့် သဘာဝပတ်ဝန်းကျင်ကို ထိခိုက်စေပါတယ်။ ဒီလိုဝတ်စုံတွေကို ပြုလုပ်ဖို့အတွက် သဘာဝစွမ်းအင်တွေ ပြုန်းတီးတာကြောင့် သဘာဝတရားကို ထိခိုက်စေတယ်လို့ ပြောတာဖြစ်ပါတယ်။ ဒါကြောင့်ပဲ သူမဟာ သဘာဝတရားကို ထိခိုက်မှု အနည်းဆုံး ဖြစ်စေတဲ့ ဝတ်စုံတွေကိုပဲ ဝတ်လေ့ရှိပြီးတော့ အဲ့ဒီဝတ်စုံတွေဟာ ပုံမှန်ဝတ်စုံတွေထက်ကို ပိုပြီး ဈေးကြီးကြပါတယ်။

သက်တော်စောင့်
photo via therichest

သူမဟာ သူ့ရဲ့ပရိသတ်တွေနဲ့တောင်မှ ဆယ်ဖီတွဲပြီး မရိုက်ပါဘူး။ အကယ်၍ရိုက်လိုက်ရင် သူ့ရဲ့ပရိသတ်တွေဟာ ချက်ချင်း လိုင်းပေါ်တင်ကြတာကြောင့် သူမရဲ့နေရာကို သိသွားပြီး အန္တရာယ်တွေရှိလာနိုင်တာကြောင့် ဖြစ်ပါတယ်။ အခုလိုမျိုး သတိထားနေရတဲ့ အကြောင်းအရင်းဟာ ၂၀၁၃ ခုနှစ်တုန်းက ရုပ်ရှင်ရိုက်ကွင်းတစ်ခုမှာ လူတစ်ယောက်က သူရဲ့နောက်ကို နောက်ယောင်ခံလိုက်ခံရဖူးတာကြောင့် ဖြစ်ပါတယ်။ အဲ့ဒီအချိန်ကစပြီးတော့ သူမဟာ သူ့ရဲ့ကိုယ်ရေးကိုယ်တာ ဖြစ်ဖြစ် ဘယ်လိုအကြောင်းအရာမဆို သူနဲ့ပတ်သက်တာကို သိပ်ပြီးတော့ ဖော်ပြလေ့မရှိတော့ပါဘူး။ ဒါကြောင့်ပဲ သူမဟာ နယူးယော့ခ်မြို့က ရဲအရာရှိတစ်ယောက်ကို သူ့ရဲ့သက်တော်စောင့်အဖြစ်နဲ့ ငှားခဲ့ပါတယ်။ Daily Mail သတင်းစာတိုက်ရဲ့ ဖော်ပြချက်အရ သူမရဲ့သက်တော်စောင့်ကို ပေးတဲ့ လစာဟာ တစ်နှစ်ကို ဒေါ်လာ (၁၁၀၀၀၀) ရှိပါတယ်။

ပရဟိတများ
photo via therichest

သူမဟာ ပရဟိတလုပ်ငန်းတွေအတွက် ဒေါ်လာ သန်းနဲ့ချီပြီးတော့ အကုန်အကျခံခဲ့ပါတယ်။ ၂၀၁၈ ခုနှစ်တုန်းက သူမဟာ ယောင်္ကျားမိန်းမ မခွဲခြားဘဲနဲ့ ညီတူညီမျှဆက်ဆံရေးနဲ့ လိင်ပိုင်းဆိုင်ရာ စော်ကားမှုတွေ ပပျောက်ဖို့အတွက် တည်ထောင်ထားတဲ့ အင်္ဂလန်နိုင်ငံက ပရဟိတအဖွဲ့အစည်းတစ်ခုကို ဒေါ်လာ (၁.၄) သန်း လှူဒါန်းခဲ့ပါတယ်။ အဲ့ဒါကြောင့်ပဲ သူမဟာ ယောင်္ကျားမိန်းမ မခွဲခြားဘဲနဲ့ ညီတူညီမျှဆက်ဆံရေးကို support လုပ်ပေးတဲ့ ဆယ်လီတွေထဲက တစ်ယောက်ဖြစ်ပါတယ်။

ခရီးထွက်ခြင်း
photo via therichest

သူမဟာ ငယ်ဘဝထဲက သရုပ်ဆောင်မင်းသမီးလုပ်လာတာ ဖြစ်ပြီး သူ့ရဲ့အနားယူရတဲ့အချိန်တွေမှာ ကမ္ဘာအနှံ့ကို ခရီးထွက်ရတာကို ကြိုက်နှစ်သက်သူတစ်ယောက်ပါ။ ခရီးသွားနေတဲ့အချိန်မှာလည်း သူမဟာ သူ့ရဲ့ဓာတ်ပုံတွေကို ဆိုရှယ်မီဒီယာတွေပေါ်မှာ တင်လေ့မရှိပါဘူး။ ဒါပေမဲ့လည်း ခရီးသွားနေတဲ့အချိန်မှာ မကြာခဏ ပါပါရာဇီတွေနဲ့ သူ့ရဲ့ပရိသတ်တွေရဲ့ သတိထားမှုကို ခံခဲ့ရပေမယ့် သူမဟာ ကောင်းကောင်းမွန်မွန်ပဲ ဖြေရှင်းခဲ့ပါတယ်။ ၂၀၁၅ ခုနှစ်မှာတော့ သူမဟာ တူရကီနိုင်ငံကို ဘယ်သူမှ မသိအောင် ခရီးသွားခဲ့ပါတယ်။ ဒါပေမဲ့လည်း ထုံးစံအတိုင်း ပါပါရာဇီတွေဟာ သူမကို ရှာတွေ့ပြီး အနောက်ကလိုက်တာတဲ့အခါမှာတော့ သူမဟာ ထူးထူးခြားခြား ဒေါသထွက်သွားခဲ့ပါတယ်။

Stylist
photo via therichest

သူမဟာ သူ့ရဲ့ဖက်ရှင်ဒီဇိုင်းတွေနဲ့ ပတ်သက်ပြီးတော့လည်း နာမည်ကြီးပါသေးတယ်။ ဒါ့အပြင် အပေါ်မှာ ဖော်ပြခဲ့သလိုမျိုး လှပရုံတင်မဟုတ်ဘဲနဲ့ ပတ်ဝန်းကျင်ကိုပါ အထိခိုက်နည်းစေတဲ့ ဝတ်စုံတွေကိုလည်း ဝတ်လေ့ပါတယ်။ သူမဟာ ငယ်ငယ်တည်းက ကင်မရာမီးရောင်တွေအောက်မှာ ကြီးပြင်းလာတဲ့သူဖြစ်တာကြောင့် သူနဲ့လိုက်တဲ့ဖက်ရှင်ဒီဇိုင်းကို ကိုယ်တိုင်ရှာဖွေဖို့ လိုအပ်လာခဲ့ပါတယ်။ အဲ့ဒါကြောင့်ပဲ သူမဟာ တစ်ခြားဆယ်လီတွေအတွက်လည်း အလုပ်လုပ်ပေးနေတဲ့ Stylist တစ်ယောက်ဖြစ်တဲ့ Rebecca Corbin-Murray ကိုငှားခဲ့ပါတယ်။ အဲ့ဒီအတွက် ကုန်ကျစရိတ်တွေကို မဖော်ပြထားပေမယ့် တော်ရုံပိုက်ဆံလောက်နဲ့တော့ ရမယ်လို့ မထင်ပါဘူး။

အလှပြင် ပစ္စည်းများ
photo via therichest

သူမဟာ မီလျံနာတစ်ယောက် ဖြစ်နေပေမယ့်လည်း ငွေကို ရေလိုသုံးနေတဲ့ သူတစ်ယောက် မဟုတ်ပါဘူး။ ဒါပေမဲ့လည်း သူကိုယ်တိုင်မထိန်းချုပ်နိုင်ဘဲ အမြဲလိုလို ဝယ်နေတဲ့ ပစ္စည်းတစ်မျိုးတော့ ရှိပါတယ်။ အဲ့ဒါကတော့ အလှပြင်ပစ္စည်းဖြစ်ပြီးတော့ သူမဟာ အဲ့ဒီအလှပြင်ပစ္စည်းတွေကို ဘယ်လောက်ကြိုက်နှစ်သက်လည်းဆိုတာကို အင်တာဗျူးတစ်ခုမှာ ပြောခဲ့ဖူးပါတယ်။ “ကျွန်မရဲ့အိမ်မှာ အလှပြင်ပစ္စည်းတွေက တော်တော်လေးကို များများရှိပါတယ်။ ဒီလိုအလှပြင်ပစ္စည်းတွေကို အရမ်းကို ကြိုက်နှစ်သက်ပြီးတော့ အဲ့ဒီပစ္စည်းတွေက လူတစ်ယောက်ကို ဘယ်လောက်အထိ ပြောင်းလဲနိုင်လည်းဆိုတာကို ကြိုက်နှစ်သက်တာပါ။ အခုလိုအများကြီး ဝယ်ထားပေမယ့်လည်း တကယ်တော့ အဲ့လောက်အများကြီးကို သုံးတာမဟုတ်ဘဲ ဒီအတိုင်း ကြိုက်လို့ဝယ်ထားတာပါ” ဆိုပြီး ပြောခဲ့ဖူးပါတယ်။

ကားများ
photo via therichest

ဆယ်လီတွေ တော်တော်များများဟာ ကားတွေ တော်တော်များများ ဝယ်လေ့ရှိပြီးတော့ သူမကလည်း အဲ့လိုဆယ်လီတွေထဲက တစ်ယောက် ဖြစ်ပါတယ်။ ဒါပေမဲ့လည်း သူမဟာ ကားတွေကို ကြိုက်နှစ်သက်သူတစ်ယောက်မဟုတ်တာကြောင့် အများကြီး မဝယ်ထားဘဲနဲ့ Ferrari နဲ့ Porsche တို့လိုလူချမ်းသာတွေကြားထဲမှာ နာမည်ကြီးတဲ့ ကားတွေလောက်ကိုပဲ ဝယ်ထားခဲ့ပါတယ်။

Lego Les

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

(Zawgyi version)

Emma Watson လို႔ေျပာလိုက္ရင္ မသိတဲ့သူ ရွိမယ္မထင္ပါဘူး။ သူမဟာ Harry Potter ဇာတ္ကား (၈) ကားမွာ သ႐ုပ္ေဆာင္ခဲ့တဲ့အတြက္ ေတာ္ေတာ္ေလးကို နာမည္ႀကီးလာခဲ့ၿပီးေတာ့ သ႐ုပ္ေဆာင္ခကေတာ့ ေဒၚလာသန္း (၆၀) ရခဲ့ပါတယ္။ သူမမွာ အခုဆိုရင္ေတာ့ ခန႔္မွန္းေခ် ေဒၚလာသန္း (၈၀) ေလာက္ ခ်မ္းသာ ေနၿပီ ျဖစ္ပါတယ္။ အဲ့ဒါေၾကာင့္ သူမဟာ မီလ်ံနာ တစ္ေယာက္လည္းျဖစ္တာေၾကာင့္ သူရဲ႕ပိုက္ဆံေတြကို ဘယ္လိုေနရာေတြမွာ သုံးလဲဆိုတာကို ၾကည့္လိုက္ရေအာင္။

ျပင္သစ္မွာ ရွိတဲ့ ႏွင္းေတာင္ေပၚက အပန္းေျဖအိမ္ေလး
photo via therichest

သူမရဲ႕ အသက္(၁၈) ႏွစ္ျပည့္သြားတဲ့အခ်ိန္မွာ သူ႔ရဲ႕ပိုက္ဆံေတြထဲက ေဒၚလာ (၁၂) သန္း ကိုသုံးခြင့္ရခဲ့ပါတယ္။ သူရဲ႕ပိုက္ဆံကို ပထမဦးဆုံး သုံးခြင့္ရတဲ့ အခ်ိန္မွာေတာ့ ျပင္သစ္ႏိုင္ငံက ႏွင္းေတာင္ေပၚမွာ ေဒၚလာ (၁.၂) သန္းတန္တဲ့ အပန္းေျဖ အိမ္တစ္ခုကို ဝယ္ခဲ့ၿပီးေတာ့ ျပန္လည္ျပဳျပင္ မြန္းမံမႈေတြအတြက္ ေနာက္ထပ္ ေဒၚလာေတြ ေထာင္နဲ႔ခ်ီၿပီး ကုန္ခဲ့ပါေသးတယ္။ သူမဟာ အားကစားကိုလည္း ဝါသနာပါၿပီးေတာ့ ႏွင္းေလွ်ာစီးရတာကိုလည္း သေဘာက်တာေၾကာင့္ အဲ့ဒီေနရာကို ေ႐ြးခ်ယ္ခဲ့တာ ျဖစ္ပါတယ္။

လန္ဒန္က အိမ္
photo via therichest

သူမဟာ ၂၀၁၆ ခုႏွစ္တုန္းက ေဒၚလာ (၃.၃) သန္းတန္ၿပီး လန္ဒန္ၿမိဳ႕မွာရွိတဲ့ အိမ္တစ္လုံးကို ဝယ္ခဲ့ပါတယ္။ သူမအဲ့ဒီအိမ္ကို ဝယ္ဖို႔အတြက္ ႏိုင္ငံျခားမွာ ရွိတဲ့ ကုမၸဏီတစ္ခု အငွားဝယ္ခိုင္းခဲ့ပါတယ္။ အဲ့လိုလုပ္ခဲ့ရတဲ့အေၾကာင္းကိုေတာ့ အင္တာဗ်ဴးတစ္ခုမွာ ေျပာျပခဲ့ပါတယ္။ အဲ့ဒါကေတာ့ အဂၤလန္ႏိုင္ငံက ကုမၸဏီေတြဟာ သူတို႔ရွယ္ယာရွင္ေတြရဲ႕ အေၾကာင္းေတြကို အေသးစိတ္ေျပာျပရပါတယ္။ အဲ့ဒါေၾကာင့္ သူမရဲ႕ကိုယ္ေရးကိုယ္တာကိစၥေတြိကို မေပါက္ၾကားေစခ်င္တာေၾကာင့္ အခုလိုမ်ိဳး အငွားဝယ္ခိုင္းခဲ့တာပါလို႔ ေျပာခဲ့ပါတယ္။ ဒါ့အျပင္ သူဝယ္ထားတဲ့အိမ္ရဲ႕ ေနရာအတိအက်နဲ႔ အဲ့ဒီအိမ္အေၾကာင္းကို ဘာမွမသိရပါဘူး။ အေၾကာင္းကေတာ့ သူမဟာ အဲ့ဒီလိုအခ်က္အလက္ေတြကို တစ္ျခားသူေတြကို ေျပာျပရတာဟာ မလုံၿခဳံဘူးလို႔ ခံစားရလို႔ပါဆိုၿပီး ေျပာခဲ့ပါတယ္။

သဘာဝပတ္ဝန္းက်င္ကို မထိခိုက္ေစမယ့္ ဝတ္စုံမ်ား
photo via therichest

ဆယ္လီေတြ ေတာ္ေတာ္မ်ားမ်ားဟာ လူေတြေရွ႕မွာ လွေနဖို႔ေလာက္ကိုပဲ ဂ႐ုစိုက္ၾကၿပီးေတာ့ က်န္တာေတြကို စိတ္ထဲသိပ္မရွိၾကပါဘူး။ သူတို႔ေတြ ဝတ္တဲ့ဝတ္စုံေတြက ေဈးေတြအရမ္းႀကီးၿပီး လွပၾကေပမယ့္ သဘာဝပတ္ဝန္းက်င္ကို ထိခိုက္ေစပါတယ္။ ဒီလိုဝတ္စုံေတြကို ျပဳလုပ္ဖို႔အတြက္ သဘာဝစြမ္းအင္ေတြ ျပဳန္းတီးတာေၾကာင့္ သဘာဝတရားကို ထိခိုက္ေစတယ္လို႔ ေျပာတာျဖစ္ပါတယ္။ ဒါေၾကာင့္ပဲ သူမဟာ သဘာဝတရားကို ထိခိုက္မႈ အနည္းဆုံး ျဖစ္ေစတဲ့ ဝတ္စုံေတြကိုပဲ ဝတ္ေလ့ရွိၿပီးေတာ့ အဲ့ဒီဝတ္စုံေတြဟာ ပုံမွန္ဝတ္စုံေတြထက္ကို ပိုၿပီး ေဈးႀကီးၾကပါတယ္။

သက္ေတာ္ေစာင့္
photo via therichest

သူမဟာ သူ႔ရဲ႕ပရိသတ္ေတြနဲ႔ေတာင္မွ ဆယ္ဖီတြဲၿပီး မ႐ိုက္ပါဘူး။ အကယ္၍႐ိုက္လိုက္ရင္ သူ႔ရဲ႕ပရိသတ္ေတြဟာ ခ်က္ခ်င္း လိုင္းေပၚတင္ၾကတာေၾကာင့္ သူမရဲ႕ေနရာကို သိသြားၿပီး အႏၲရာယ္ေတြရွိလာႏိုင္တာေၾကာင့္ ျဖစ္ပါတယ္။ အခုလိုမ်ိဳး သတိထားေနရတဲ့ အေၾကာင္းအရင္းဟာ ၂၀၁၃ ခုႏွစ္တုန္းက ႐ုပ္ရွင္႐ိုက္ကြင္းတစ္ခုမွာ လူတစ္ေယာက္က သူရဲ႕ေနာက္ကို ေနာက္ေယာင္ခံလိုက္ခံရဖူးတာေၾကာင့္ ျဖစ္ပါတယ္။ အဲ့ဒီအခ်ိန္ကစၿပီးေတာ့ သူမဟာ သူ႔ရဲ႕ကိုယ္ေရးကိုယ္တာ ျဖစ္ျဖစ္ ဘယ္လိုအေၾကာင္းအရာမဆို သူနဲ႔ပတ္သက္တာကို သိပ္ၿပီးေတာ့ ေဖာ္ျပေလ့မရွိေတာ့ပါဘူး။ ဒါေၾကာင့္ပဲ သူမဟာ နယူးေယာ့ခ္ၿမိဳ႕က ရဲအရာရွိတစ္ေယာက္ကို သူ႔ရဲ႕သက္ေတာ္ေစာင့္အျဖစ္နဲ႔ ငွားခဲ့ပါတယ္။ Daily Mail သတင္းစာတိုက္ရဲ႕ ေဖာ္ျပခ်က္အရ သူမရဲ႕သက္ေတာ္ေစာင့္ကို ေပးတဲ့ လစာဟာ တစ္ႏွစ္ကို ေဒၚလာ (၁၁၀၀၀၀) ရွိပါတယ္။

ပရဟိတမ်ား
photo via therichest

သူမဟာ ပရဟိတလုပ္ငန္းေတြအတြက္ ေဒၚလာ သန္းနဲ႔ခ်ီၿပီးေတာ့ အကုန္အက်ခံခဲ့ပါတယ္။ ၂၀၁၈ ခုႏွစ္တုန္းက သူမဟာ ေယာက်ၤားမိန္းမ မခြဲျခားဘဲနဲ႔ ညီတူညီမွ်ဆက္ဆံေရးနဲ႔ လိင္ပိုင္းဆိုင္ရာ ေစာ္ကားမႈေတြ ပေပ်ာက္ဖို႔အတြက္ တည္ေထာင္ထားတဲ့ အဂၤလန္ႏိုင္ငံက ပရဟိတအဖြဲ႕အစည္းတစ္ခုကို ေဒၚလာ (၁.၄) သန္း လႉဒါန္းခဲ့ပါတယ္။ အဲ့ဒါေၾကာင့္ပဲ သူမဟာ ေယာက်ၤားမိန္းမ မခြဲျခားဘဲနဲ႔ ညီတူညီမွ်ဆက္ဆံေရးကို support လုပ္ေပးတဲ့ ဆယ္လီေတြထဲက တစ္ေယာက္ျဖစ္ပါတယ္။

ခရီးထြက္ျခင္း
photo via therichest

သူမဟာ ငယ္ဘဝထဲက သ႐ုပ္ေဆာင္မင္းသမီးလုပ္လာတာ ျဖစ္ၿပီး သူ႔ရဲ႕အနားယူရတဲ့အခ်ိန္ေတြမွာ ကမာၻအႏွံ႔ကို ခရီးထြက္ရတာကို ႀကိဳက္ႏွစ္သက္သူတစ္ေယာက္ပါ။ ခရီးသြားေနတဲ့အခ်ိန္မွာလည္း သူမဟာ သူ႔ရဲ႕ဓာတ္ပုံေတြကို ဆိုရွယ္မီဒီယာေတြေပၚမွာ တင္ေလ့မရွိပါဘူး။ ဒါေပမဲ့လည္း ခရီးသြားေနတဲ့အခ်ိန္မွာ မၾကာခဏ ပါပါရာဇီေတြနဲ႔ သူ႔ရဲ႕ပရိသတ္ေတြရဲ႕ သတိထားမႈကို ခံခဲ့ရေပမယ့္ သူမဟာ ေကာင္းေကာင္းမြန္မြန္ပဲ ေျဖရွင္းခဲ့ပါတယ္။ ၂၀၁၅ ခုႏွစ္မွာေတာ့ သူမဟာ တူရကီႏိုင္ငံကို ဘယ္သူမွ မသိေအာင္ ခရီးသြားခဲ့ပါတယ္။ ဒါေပမဲ့လည္း ထုံးစံအတိုင္း ပါပါရာဇီေတြဟာ သူမကို ရွာေတြ႕ၿပီး အေနာက္ကလိုက္တာတဲ့အခါမွာေတာ့ သူမဟာ ထူးထူးျခားျခား ေဒါသထြက္သြားခဲ့ပါတယ္။

Stylist
photo via therichest

သူမဟာ သူ႔ရဲ႕ဖက္ရွင္ဒီဇိုင္းေတြနဲ႔ ပတ္သက္ၿပီးေတာ့လည္း နာမည္ႀကီးပါေသးတယ္။ ဒါ့အျပင္ အေပၚမွာ ေဖာ္ျပခဲ့သလိုမ်ိဳး လွပ႐ုံတင္မဟုတ္ဘဲနဲ႔ ပတ္ဝန္းက်င္ကိုပါ အထိခိုက္နည္းေစတဲ့ ဝတ္စုံေတြကိုလည္း ဝတ္ေလ့ပါတယ္။ သူမဟာ ငယ္ငယ္တည္းက ကင္မရာမီးေရာင္ေတြေအာက္မွာ ႀကီးျပင္းလာတဲ့သူျဖစ္တာေၾကာင့္ သူနဲ႔လိုက္တဲ့ဖက္ရွင္ဒီဇိုင္းကို ကိုယ္တိုင္ရွာေဖြဖို႔ လိုအပ္လာခဲ့ပါတယ္။ အဲ့ဒါေၾကာင့္ပဲ သူမဟာ တစ္ျခားဆယ္လီေတြအတြက္လည္း အလုပ္လုပ္ေပးေနတဲ့ Stylist တစ္ေယာက္ျဖစ္တဲ့ Rebecca Corbin-Murray ကိုငွားခဲ့ပါတယ္။ အဲ့ဒီအတြက္ ကုန္က်စရိတ္ေတြကို မေဖာ္ျပထားေပမယ့္ ေတာ္႐ုံပိုက္ဆံေလာက္နဲ႔ေတာ့ ရမယ္လို႔ မထင္ပါဘူး။

အလွျပင္ ပစၥည္းမ်ား
photo via therichest

သူမဟာ မီလ်ံနာတစ္ေယာက္ ျဖစ္ေနေပမယ့္လည္း ေငြကို ေရလိုသုံးေနတဲ့ သူတစ္ေယာက္ မဟုတ္ပါဘူး။ ဒါေပမဲ့လည္း သူကိုယ္တိုင္မထိန္းခ်ဳပ္ႏိုင္ဘဲ အၿမဲလိုလို ဝယ္ေနတဲ့ ပစၥည္းတစ္မ်ိဳးေတာ့ ရွိပါတယ္။ အဲ့ဒါကေတာ့ အလွျပင္ပစၥည္းျဖစ္ၿပီးေတာ့ သူမဟာ အဲ့ဒီအလွျပင္ပစၥည္းေတြကို ဘယ္ေလာက္ႀကိဳက္ႏွစ္သက္လည္းဆိုတာကို အင္တာဗ်ဴးတစ္ခုမွာ ေျပာခဲ့ဖူးပါတယ္။ “ကြၽန္မရဲ႕အိမ္မွာ အလွျပင္ပစၥည္းေတြက ေတာ္ေတာ္ေလးကို မ်ားမ်ားရွိပါတယ္။ ဒီလိုအလွျပင္ပစၥည္းေတြကို အရမ္းကို ႀကိဳက္ႏွစ္သက္ၿပီးေတာ့ အဲ့ဒီပစၥည္းေတြက လူတစ္ေယာက္ကို ဘယ္ေလာက္အထိ ေျပာင္းလဲႏိုင္လည္းဆိုတာကို ႀကိဳက္ႏွစ္သက္တာပါ။ အခုလိုအမ်ားႀကီး ဝယ္ထားေပမယ့္လည္း တကယ္ေတာ့ အဲ့ေလာက္အမ်ားႀကီးကို သုံးတာမဟုတ္ဘဲ ဒီအတိုင္း ႀကိဳက္လို႔ဝယ္ထားတာပါ” ဆိုၿပီး ေျပာခဲ့ဖူးပါတယ္။

ကားမ်ား
photo via therichest

ဆယ္လီေတြ ေတာ္ေတာ္မ်ားမ်ားဟာ ကားေတြ ေတာ္ေတာ္မ်ားမ်ား ဝယ္ေလ့ရွိၿပီးေတာ့ သူမကလည္း အဲ့လိုဆယ္လီေတြထဲက တစ္ေယာက္ ျဖစ္ပါတယ္။ ဒါေပမဲ့လည္း သူမဟာ ကားေတြကို ႀကိဳက္ႏွစ္သက္သူတစ္ေယာက္မဟုတ္တာေၾကာင့္ အမ်ားႀကီး မဝယ္ထားဘဲနဲ႔ Ferrari နဲ႔ Porsche တို႔လိုလူခ်မ္းသာေတြၾကားထဲမွာ နာမည္ႀကီးတဲ့ ကားေတြေလာက္ကိုပဲ ဝယ္ထားခဲ့ပါတယ္။

Lego Les

(ဆံရစ္ဝိုင္းဝက္ဘ္ဆိုဒ္တြင္ ေဖာ္ျပထားေသာ သတင္း၊ေဆာင္းပါးမ်ားကို အျခားမည္သည့္ ဝက္ဘ္ဆိုဒ္၊ Facebook စာမ်က္ႏွာတြင္မွ် ကူးယူေဖာ္ျပခြင့္ မျပဳပါေၾကာင္း အသိေပးအပ္ပါသည္။)

RELATED ARTICLES

Most Popular