HomeCharacterသင်မသိလောက်သေးတဲ့ Groot အကြောင်းစိတ်ဝင်စားစရာများ

သင်မသိလောက်သေးတဲ့ Groot အကြောင်းစိတ်ဝင်စားစရာများ

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

Marvel universe ထဲက ထူးထူးခြားခြား ဇာတ်ကောင် ဖြစ်ပြီး ဒိုင်ယာလော့ တစ်ခုထဲနဲ့ လူကြိုက်များခဲ့တဲ့ ဇာတ်ကောင်ဆိုရင် တော်တော်များများက Groot ကိုပဲ ပြေးမြင်ကြမှာပါ။ ဒါ့အပြင် Guardians of the Galaxy 2 ထဲမှာ Baby Groot ဖြစ်သွားတဲ့အချိန်မှာတော့ ပိုလို့တောင် လူကြိုက်များလာခဲ့ပါသေးတယ်။ အဲ့ဒါကြောင့် သူ့ရဲ့ပရိသတ်တွေအတွက် Groot အကြောင်း အနည်းငယ်ကို ဖော်ပြပေးချင်ပါတယ်။

သူ့မှာ ကျုံ့နိုင်ဆန့်နိုင်တဲ့ ဂုဏ်သတ္တိနဲ့ ပျော့ပြောင်းနိုင်တဲ့ ဂုဏ်သတ္တိတို့ ပိုင်ဆိုင်ပါတယ်။
photo via screenrant

Fantastic Four အဖွဲ့ထဲက Reed Richards လိုမျိုး သူဟာလည်း သူ့ရဲ့ခန္ဓာကိုယ်ကို ဘယ်လိုပုံစံမျိုးပဲဖြစ်ဖြစ် ဆွဲဆန့်လို့ရပါတယ်။ သူ့ရဲ့သစ်ပင်နဲ့ တူတဲ့ခန္ဓာကိုယ်ကြောင့်ပဲ သူ့ရဲ့ခန္ဓာကိုယ်က အကိုင်းအခက်တွေကို လှည့်ပတ်နိုင်ပြီး အသေးဆုံးပတ်ကြားအက်နေတဲ့ နံရံထဲကိုတောင် သူ့ရဲ့အကိုင်းအခက်တွေနဲ့ ဝင်ရောက်နိုင်ပါတယ်။

သူ့ရဲ့လုပ်နိုင်စွမ်းတွေကိုတော့ comic ထဲမှာရော ရုပ်ရှင်ထဲမှာပါ ပုံစံအမျိုးမျိုးနဲ့ ပြသခဲ့ပြီးတော့ သူ့ရဲ့ရန်သူတွေကိုလည်း ဟာသဆန်ဆန်နည်းလမ်းတွေနဲ့ အနိုင်ယူခဲ့တာတွေကို ပြခဲ့ဖူးပါတယ်။ ဒါ့အပြင် သူ့ရဲ့စွမ်းအားပြသထားတဲ့ပုံစံထဲမှာ အကောင်းဆုံးလို့ပြောလို့ရတဲ့ အခန်းကတော့ သူ့ရဲ့အသက်ကို အဆုံးရှုံးခံပြီး သူ့ရဲ့အဖွဲ့သားတွေကို ကယ်တင်သွားတဲ့ အခန်းလေးပဲ ဖြစ်ပါတယ်။

သူ့ရဲ့ခန္ဓာကိုယ်ကြီး ပျက်စီးသွားရင်တောင်မှ သူဟာ ပြန်လည်ကုသနိုင်တဲ့ အစွမ်းရှိပါတယ်။
photo via screenrant

သူရဲ့ပြန်လည်ကုသနိုင်စွမ်းဟာ  Wolverine ရဲ့ပြန်လည်ကုသနိုင်တဲ့အစွမ်းနဲ့ အနည်းငယ်ဆင်တူပါတယ်။ သူ့ရဲ့ခန္ဓာကိုယ်ကြီး ပျက်စီးသွားပြီး သေသွားပြီလို့ယူဆရတဲ့ အချိန်မှာတောင်မှ အကိုင်းအခတ်တစ်ခုကနေပြီးတော့ ပြန်လည်ကုသနိုင်တဲ့ စွမ်းရည်ရှိတဲ့ ဇာတ်ကောင်တစ်ယောက် ဖြစ်ပါတယ်။ တစ်ခါတစ်ရံကျရင် သူ့ရဲ့အဖွဲ့သားတွေဟာ အဲ့ဒီအကိုင်းအခတ်လေးတစ်ခုကနေပြီးတော့ ပြန်လည်ကြီးထွားလာဖို့အတွက် ပုံမှန်လိုအပ်တဲ့အချိန်ထက်ပိုပြီးမြန်အောင် ပြုလုပ်ခဲ့ဖူးပါသေးတယ်။

ဒါပေမဲ့လည်း MCU ထဲမှာတော့ သူ့ရဲ့ကုသနိုင်စွမ်းဟာ comic နဲ့ အနည်းငယ် ကွာခြားပါတယ်။ Guardians of the Galaxy 1 မှာ Groot ဟာသေသွားပြီးတော့ Guardians of the Galaxy 2 မှာတော့ Baby Groot အနေနဲ့ ပြန်ပါလာခဲ့ပါတယ်။ အဲ့ဒါကြောင့် Groot နဲ့ Baby Groot ဟာ တစ်ယောက်တည်းမဟုတ်ဘဲနဲ့ Baby Groot ဟာ အရင် Groot ရဲ့ သားဖြစ်ပါတယ်လို့ ဒါရိုက်တာ James Gunn ကပြောခဲ့ပါတယ်။

သူဟာ အစက ဗီလိန်တစ်ယောက် ဖြစ်ပါတယ်။
photo via screenrant

သူ့ကို စတင်ဖန်တီးခဲ့တဲ့ အချိန်တုန်းက စူပါဟီးရိုးတစ်ယောက်အဖြစ် မဟုတ်ဘဲနဲ့ ဗီလိန်တစ်ယောက်အဖြစ် ဖန်တီးခဲ့တာ ဖြစ်ပါတယ်။ သူဟာ ဂြိုဟ်သားတစ်ယောက် ဖြစ်ပြီးတော့ လူသားတွေကို ဖမ်းပြီး စမ်းသပ်ဖို့အတွက် ကမ္ဘာမြေပေါ်ကို လာခဲ့တာ ဖြစ်ပါတယ်။ ဇီဝဗေဒပညာရှင် တစ်ယောက်ဖြစ်တဲ့ Leslie Evans နဲ့ သူ့ရဲ့အမျိုးသမီး ဖြစ်သူ Alice တို့ဟာ Groot ကို ပထမဦးဆုံး ဆက်သွယ်ဖို့ ကြိုးစားခဲ့တဲ့ သူတွေဖြစ်ပြီးတော့ နောက်ပိုင်းမှာတော့ termites ဆိုတဲ့ အင်းစက်တွေကို သုံးပြီးတော့ သူ့ကို ဖျက်စီးခဲ့ပါတယ်။

ဒါပေမဲ့လည်း သူဟာ အဲ့ဒီအဖြစ်အပျက်ကနေ ရှင်သန်နိုင်ခဲ့ပြီးတော့ ကနေဒါက တိရိစ္ဆာန်ဥယျာဉ်တစ်ခုမှာ The Collector ရဲ့ ဖမ်းဆီးတာကို ခံခဲ့ရပါတယ်။ အဲ့ဒီနေရာကနေ လွတ်မြောက်သွားတဲ့အချိန်မှာတော့ သူဟာ နယူးယော့ခ်ရဲ့ လမ်းမတွေမှာ သောင်းကျန်းပါတော့တယ်။ အဲ့ဒီနောက်မှာတော့ စူပါဟီးရိုးတွေရဲ့တားဆီးတာကို ခံလိုက်ရပါတယ်။

သူ့ကိုယ်သူ ပြန်လည်ကုသပြီးသွားရင် သူ့ရဲ့အရင်မှတ်ဉာဏ်တွေဟာ ပျောက်ဆုံးသွားပါတယ်။
photo via screenrant

စူပါ,ပါဝါတော်တော်များများဟာ သုံးချင်သုံးတိုင်း သုံးလို့မရဘဲ ပြန်ပြီး ပေးဆပ်ရတဲ့ တန်ဖိုးတွေ ရှိတတ်ပါတယ်။ ဥပမာ – Wolverine ရဲ့ စွမ်းအားကြောင့် သူဟာ နှစ်တွေအကြာကြီး ရှင်သန်နေနိုင်ပေမယ့်လည်း အဲ့ဒီစွမ်းအားကြောင့်ပဲ သူချစ်တဲ့သူတွေဟာ သူ့ထက်အရင်သေဆုံးကုန်တာကို ကြည့်နေရပါတယ်။ ဒါ့အပြင် အဲ့ဒီစွမ်းအားတွေကြောင့်ပဲ သူ့ရဲ့မှတ်ဉာဏ်တေွ အကုန်လုံးနီးပါးဟာ ပျောက်ဆုံးသွားခဲ့ပါတယ်။ Groot ဟာလည်း အဲ့ဒီအစွမ်းကို သုံးတဲ့အခါမှာတိုင်းမှာ သူ့ရဲ့မှတ်ဉာဏ်တွေအကုန်လုံးဟာ ပျောက်ဆုံးသွားခဲ့ပါတယ်။

သူဟာ Venom ရဲ့ပူးကပ်ခြင်းကို ခံခဲ့ဖူးပါတယ်။
photo via screenrant

Guardians of the Galaxy #22 ထဲမှာတော့ Flash Thompson (ခ) Agent Venom ဟာ Guardians Of The Galaxy အဖွဲ့ထဲကို ဝင်ခဲ့ပါတယ်။ Agent Venom ဟာ လူကောင်းတစ်ယောက်ဖြစ်ပေမယ့်လည်း နောက်ပိုင်းမှာတော့ တဖြည်းဖြည်းနဲ့ ထိန်းချုပ်ရခက်လာခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ လုံးဝကို အထိန်းအချုပ်မဲ့သွားပြီးတော့ Venom ဟာ Groot ဆီကိုပူးကပ်သွားခဲ့ပါတယ်။

အဲ့နောက်မှာတော့ Groot ကနေတစ်ဆင့် Rocket Racoon နဲ့ Drax တို့ဆီကို ခုန်ကူးသွားခဲ့ပါတယ်။ Guardians Of The Galaxy အဖွဲ့ဟာ Venom ပူးကပ်နေတဲ့ ကိုယ့်အဖွဲ့သားဆီကနေ ကိုယ့်ကိုယ်ကို ကာကွယ်နေရပြီးတော့ နောက်မှာတော့ တဖြည်းဖြည်းနဲ့ Flash Thompson ဆီကိုပြန်ရောက်သွားပြီး Agent Venom ပြန်ဖြစ်သွားခဲ့ပါတယ်။

သူဟာ တစ်ချို့ comic တွေမှာ စကားပြောတတ်ပါတယ်။
photo via screenrant

သူဟာ တစ်ချို့ comic တွေမှာ I Am Groot ဆိုတာထက်ပိုပြီး ပြောတတ်တယ် ဆိုတာကို သိလိုက်ရရင် တော်တော်များများဟာ အံ့ဩသွားကြမှာပါ။ အဲ့ဒါကတော့ သူ့ကို စတင်ဖန်တီးကာစ အချိန်တုန်းက ဖြစ်ပြီးတော့ နောက်ပိုင်းရောက်လာမှ အခုလို I Am Groot ဆိုတာပဲ ပြောတတ်တော့တာ ဖြစ်ပါတယ်။

အဲ့လိုဖြစ်ရတဲ့ အကြောင်းအရင်းကတော့ သူ့မှာ degenerative disease ဆိုတဲ့ ရောဂါရှိနေတာကြောင့် ဖြစ်ပြီးတော့ သူ့ရဲ့မျိုးနွယ်အကုန်လုံးမှာလည်း အဲ့ဒီရောဂါရှိကြပါတယ်။ အဲ့ဒီရောဂါဟာ အချိန်တွေကြာလာတဲ့အမျှ သူတို့ရဲ့အသံအိုးတွေဟာ တစ်ခုနဲ့တစ်ခု နီးကပ်လာပြီးတော့ I Am Groot ဆိုတဲ့ စကားလုံးသုံးလုံးကလွဲရင် တစ်ခြားစကားလုံးတွေကို အသံထွက်နိုင်စွမ်း မရှိတော့တာ ဖြစ်ပါတယ်။

သူဟာ အပင်တွေကို ထိန်းချုပ်နိုင်စွမ်း ရှိပါတယ်။
photo via screenrant

အပင်တွေကို ထိန်းချုပ်နိုင်စွမ်းဟာ သူ့ရဲ့ စွမ်းရည်တွေထဲက တစ်ခုဖြစ်ပါတယ်။ ဒါပေမဲ့လည်း DC universe ထဲက Poison Ivy ရဲ့စွမ်းရည်လိုမျိုး မဟုတ်ဘဲနဲ့ သူကိုယ်တိုင်က အပင်မျိုးနွယ်ဖြစ်နေတာကြောင့် သူ့မှာက အပင်တွေနဲ့ ပိုပြီးလေးနက်တဲ့ ဆက်ဆံရေးတွေ ရှိပါတယ်။

ရုပ်ရှင်ထဲမှာတော့ Groot ရဲ့ အပင်တွေကို ထိန်းချုပ်နိုင်စွမ်းဟာ အကန့်အသတ်နဲ့ ရှိနေပေမယ့်လည်း comic ထဲမှာတော့ အဲ့လိုမဟုတ်ပါဘူး။ Comic ထဲမှာဆိုရင် သူဟာ အပင်တွေကို အသက်ရှင်အောင်လုပ်ပြီး ရန်သူတွေကို တိုက်ခိုက်နိုင်ပါတယ်။ သူဟာ သစ်ပင်တွေအများကြီး ပေါက်ရောက်နေတဲ့နေရာမှာ ရှိနေတဲ့အချိန်ဆိုရင် သူ့ကိုယ်ပိုင် စစ်တပ်ကိုတောင် တည်ထောင်လို့ ရပါသေးတယ်။

Lego Les

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

(Zawgyi version)

Marvel universe ထဲက ထူးထူးျခားျခား ဇာတ္ေကာင္ ျဖစ္ၿပီး ဒိုင္ယာေလာ့ တစ္ခုထဲနဲ႔ လူႀကိဳက္မ်ားခဲ့တဲ့ ဇာတ္ေကာင္ဆိုရင္ ေတာ္ေတာ္မ်ားမ်ားက Groot ကိုပဲ ေျပးျမင္ၾကမွာပါ။ ဒါ့အျပင္ Guardians of the Galaxy 2 ထဲမွာ Baby Groot ျဖစ္သြားတဲ့အခ်ိန္မွာေတာ့ ပိုလို႔ေတာင္ လူႀကိဳက္မ်ားလာခဲ့ပါေသးတယ္။ အဲ့ဒါေၾကာင့္ သူ႔ရဲ႕ပရိသတ္ေတြအတြက္ Groot အေၾကာင္း အနည္းငယ္ကို ေဖာ္ျပေပးခ်င္ပါတယ္။

သူ႔မွာ က်ဳံ႕ႏိုင္ဆန႔္ႏိုင္တဲ့ ဂုဏ္သတၱိနဲ႔ ေပ်ာ့ေျပာင္းႏိုင္တဲ့ ဂုဏ္သတၱိတို႔ ပိုင္ဆိုင္ပါတယ္။
photo via screenrant

Fantastic Four အဖြဲ႕ထဲက Reed Richards လိုမ်ိဳး သူဟာလည္း သူ႔ရဲ႕ခႏၶာကိုယ္ကို ဘယ္လိုပုံစံမ်ိဳးပဲျဖစ္ျဖစ္ ဆြဲဆန႔္လို႔ရပါတယ္။ သူ႔ရဲ႕သစ္ပင္နဲ႔ တူတဲ့ခႏၶာကိုယ္ေၾကာင့္ပဲ သူ႔ရဲ႕ခႏၶာကိုယ္က အကိုင္းအခက္ေတြကို လွည့္ပတ္ႏိုင္ၿပီး အေသးဆုံးပတ္ၾကားအက္ေနတဲ့ နံရံထဲကိုေတာင္ သူ႔ရဲ႕အကိုင္းအခက္ေတြနဲ႔ ဝင္ေရာက္ႏိုင္ပါတယ္။

သူ႔ရဲ႕လုပ္ႏိုင္စြမ္းေတြကိုေတာ့ comic ထဲမွာေရာ ႐ုပ္ရွင္ထဲမွာပါ ပုံစံအမ်ိဳးမ်ိဳးနဲ႔ ျပသခဲ့ၿပီးေတာ့ သူ႔ရဲ႕ရန္သူေတြကိုလည္း ဟာသဆန္ဆန္နည္းလမ္းေတြနဲ႔ အႏိုင္ယူခဲ့တာေတြကို ျပခဲ့ဖူးပါတယ္။ ဒါ့အျပင္ သူ႔ရဲ႕စြမ္းအားျပသထားတဲ့ပုံစံထဲမွာ အေကာင္းဆုံးလို႔ေျပာလို႔ရတဲ့ အခန္းကေတာ့ သူ႔ရဲ႕အသက္ကို အဆုံးရႈံးခံၿပီး သူ႔ရဲ႕အဖြဲ႕သားေတြကို ကယ္တင္သြားတဲ့ အခန္းေလးပဲ ျဖစ္ပါတယ္။

သူ႔ရဲ႕ခႏၶာကိုယ္ႀကီး ပ်က္စီးသြားရင္ေတာင္မွ သူဟာ ျပန္လည္ကုသႏိုင္တဲ့ အစြမ္းရွိပါတယ္။
photo via screenrant

သူရဲ႕ျပန္လည္ကုသႏိုင္စြမ္းဟာ  Wolverine ရဲ႕ျပန္လည္ကုသႏိုင္တဲ့အစြမ္းနဲ႔ အနည္းငယ္ဆင္တူပါတယ္။ သူ႔ရဲ႕ခႏၶာကိုယ္ႀကီး ပ်က္စီးသြားၿပီး ေသသြားၿပီလို႔ယူဆရတဲ့ အခ်ိန္မွာေတာင္မွ အကိုင္းအခတ္တစ္ခုကေနၿပီးေတာ့ ျပန္လည္ကုသႏိုင္တဲ့ စြမ္းရည္ရွိတဲ့ ဇာတ္ေကာင္တစ္ေယာက္ ျဖစ္ပါတယ္။ တစ္ခါတစ္ရံက်ရင္ သူ႔ရဲ႕အဖြဲ႕သားေတြဟာ အဲ့ဒီအကိုင္းအခတ္ေလးတစ္ခုကေနၿပီးေတာ့ ျပန္လည္ႀကီးထြားလာဖို႔အတြက္ ပုံမွန္လိုအပ္တဲ့အခ်ိန္ထက္ပိုၿပီးျမန္ေအာင္ ျပဳလုပ္ခဲ့ဖူးပါေသးတယ္။

ဒါေပမဲ့လည္း MCU ထဲမွာေတာ့ သူ႔ရဲ႕ကုသႏိုင္စြမ္းဟာ comic နဲ႔ အနည္းငယ္ ကြာျခားပါတယ္။ Guardians of the Galaxy 1 မွာ Groot ဟာေသသြားၿပီးေတာ့ Guardians of the Galaxy 2 မွာေတာ့ Baby Groot အေနနဲ႔ ျပန္ပါလာခဲ့ပါတယ္။ အဲ့ဒါေၾကာင့္ Groot နဲ႔ Baby Groot ဟာ တစ္ေယာက္တည္းမဟုတ္ဘဲနဲ႔ Baby Groot ဟာ အရင္ Groot ရဲ႕ သားျဖစ္ပါတယ္လို႔ ဒါ႐ိုက္တာ James Gunn ကေျပာခဲ့ပါတယ္။

သူဟာ အစက ဗီလိန္တစ္ေယာက္ ျဖစ္ပါတယ္။
photo via screenrant

သူ႔ကို စတင္ဖန္တီးခဲ့တဲ့ အခ်ိန္တုန္းက စူပါဟီး႐ိုးတစ္ေယာက္အျဖစ္ မဟုတ္ဘဲနဲ႔ ဗီလိန္တစ္ေယာက္အျဖစ္ ဖန္တီးခဲ့တာ ျဖစ္ပါတယ္။ သူဟာ ၿဂိဳဟ္သားတစ္ေယာက္ ျဖစ္ၿပီးေတာ့ လူသားေတြကို ဖမ္းၿပီး စမ္းသပ္ဖို႔အတြက္ ကမာၻေျမေပၚကို လာခဲ့တာ ျဖစ္ပါတယ္။ ဇီဝေဗဒပညာရွင္ တစ္ေယာက္ျဖစ္တဲ့ Leslie Evans နဲ႔ သူ႔ရဲ႕အမ်ိဳးသမီး ျဖစ္သူ Alice တို႔ဟာ Groot ကို ပထမဦးဆုံး ဆက္သြယ္ဖို႔ ႀကိဳးစားခဲ့တဲ့ သူေတြျဖစ္ၿပီးေတာ့ ေနာက္ပိုင္းမွာေတာ့ termites ဆိုတဲ့ အင္းစက္ေတြကို သုံးၿပီးေတာ့ သူ႔ကို ဖ်က္စီးခဲ့ပါတယ္။

ဒါေပမဲ့လည္း သူဟာ အဲ့ဒီအျဖစ္အပ်က္ကေန ရွင္သန္ႏိုင္ခဲ့ၿပီးေတာ့ ကေနဒါက တိရိစာၦန္ဥယ်ာဥ္တစ္ခုမွာ The Collector ရဲ႕ ဖမ္းဆီးတာကို ခံခဲ့ရပါတယ္။ အဲ့ဒီေနရာကေန လြတ္ေျမာက္သြားတဲ့အခ်ိန္မွာေတာ့ သူဟာ နယူးေယာ့ခ္ရဲ႕ လမ္းမေတြမွာ ေသာင္းက်န္းပါေတာ့တယ္။ အဲ့ဒီေနာက္မွာေတာ့ စူပါဟီး႐ိုးေတြရဲ႕တားဆီးတာကို ခံလိုက္ရပါတယ္။

သူ႔ကိုယ္သူ ျပန္လည္ကုသၿပီးသြားရင္ သူ႔ရဲ႕အရင္မွတ္ဉာဏ္ေတြဟာ ေပ်ာက္ဆုံးသြားပါတယ္။
photo via screenrant

စူပါ,ပါဝါေတာ္ေတာ္မ်ားမ်ားဟာ သုံးခ်င္သုံးတိုင္း သုံးလို႔မရဘဲ ျပန္ၿပီး ေပးဆပ္ရတဲ့ တန္ဖိုးေတြ ရွိတတ္ပါတယ္။ ဥပမာ – Wolverine ရဲ႕ စြမ္းအားေၾကာင့္ သူဟာ ႏွစ္ေတြအၾကာႀကီး ရွင္သန္ေနႏိုင္ေပမယ့္လည္း အဲ့ဒီစြမ္းအားေၾကာင့္ပဲ သူခ်စ္တဲ့သူေတြဟာ သူ႔ထက္အရင္ေသဆုံးကုန္တာကို ၾကည့္ေနရပါတယ္။ ဒါ့အျပင္ အဲ့ဒီစြမ္းအားေတြေၾကာင့္ပဲ သူ႔ရဲ႕မွတ္ဉာဏ္ေတြ အကုန္လုံးနီးပါးဟာ ေပ်ာက္ဆုံးသြားခဲ့ပါတယ္။ Groot ဟာလည္း အဲ့ဒီအစြမ္းကို သုံးတဲ့အခါမွာတိုင္းမွာ သူ႔ရဲ႕မွတ္ဉာဏ္ေတြအကုန္လုံးဟာ ေပ်ာက္ဆုံးသြားခဲ့ပါတယ္။

သူဟာ Venom ရဲ႕ပူးကပ္ျခင္းကို ခံခဲ့ဖူးပါတယ္။
photo via screenrant

Guardians of the Galaxy #22 ထဲမွာေတာ့ Flash Thompson (ခ) Agent Venom ဟာ Guardians Of The Galaxy အဖြဲ႕ထဲကို ဝင္ခဲ့ပါတယ္။ Agent Venom ဟာ လူေကာင္းတစ္ေယာက္ျဖစ္ေပမယ့္လည္း ေနာက္ပိုင္းမွာေတာ့ တျဖည္းျဖည္းနဲ႔ ထိန္းခ်ဳပ္ရခက္လာခဲ့ပါတယ္။ ေနာက္ပိုင္းမွာေတာ့ လုံးဝကို အထိန္းအခ်ဳပ္မဲ့သြားၿပီးေတာ့ Venom ဟာ Groot ဆီကိုပူးကပ္သြားခဲ့ပါတယ္။

အဲ့ေနာက္မွာေတာ့ Groot ကေနတစ္ဆင့္ Rocket Racoon နဲ႔ Drax တို႔ဆီကို ခုန္ကူးသြားခဲ့ပါတယ္။ Guardians Of The Galaxy အဖြဲ႕ဟာ Venom ပူးကပ္ေနတဲ့ ကိုယ့္အဖြဲ႕သားဆီကေန ကိုယ့္ကိုယ္ကို ကာကြယ္ေနရၿပီးေတာ့ ေနာက္မွာေတာ့ တျဖည္းျဖည္းနဲ႔ Flash Thompson ဆီကိုျပန္ေရာက္သြားၿပီး Agent Venom ျပန္ျဖစ္သြားခဲ့ပါတယ္။

သူဟာ တစ္ခ်ိဳ႕ comic ေတြမွာ စကားေျပာတတ္ပါတယ္။
photo via screenrant

သူဟာ တစ္ခ်ိဳ႕ comic ေတြမွာ I Am Groot ဆိုတာထက္ပိုၿပီး ေျပာတတ္တယ္ ဆိုတာကို သိလိုက္ရရင္ ေတာ္ေတာ္မ်ားမ်ားဟာ အံ့ဩသြားၾကမွာပါ။ အဲ့ဒါကေတာ့ သူ႔ကို စတင္ဖန္တီးကာစ အခ်ိန္တုန္းက ျဖစ္ၿပီးေတာ့ ေနာက္ပိုင္းေရာက္လာမွ အခုလို I Am Groot ဆိုတာပဲ ေျပာတတ္ေတာ့တာ ျဖစ္ပါတယ္။

အဲ့လိုျဖစ္ရတဲ့ အေၾကာင္းအရင္းကေတာ့ သူ႔မွာ degenerative disease ဆိုတဲ့ ေရာဂါရွိေနတာေၾကာင့္ ျဖစ္ၿပီးေတာ့ သူ႔ရဲ႕မ်ိဳးႏြယ္အကုန္လုံးမွာလည္း အဲ့ဒီေရာဂါရွိၾကပါတယ္။ အဲ့ဒီေရာဂါဟာ အခ်ိန္ေတြၾကာလာတဲ့အမွ် သူတို႔ရဲ႕အသံအိုးေတြဟာ တစ္ခုနဲ႔တစ္ခု နီးကပ္လာၿပီးေတာ့ I Am Groot ဆိုတဲ့ စကားလုံးသုံးလုံးကလြဲရင္ တစ္ျခားစကားလုံးေတြကို အသံထြက္ႏိုင္စြမ္း မရွိေတာ့တာ ျဖစ္ပါတယ္။

သူဟာ အပင္ေတြကို ထိန္းခ်ဳပ္ႏိုင္စြမ္း ရွိပါတယ္။
photo via screenrant

အပင္ေတြကို ထိန္းခ်ဳပ္ႏိုင္စြမ္းဟာ သူ႔ရဲ႕ စြမ္းရည္ေတြထဲက တစ္ခုျဖစ္ပါတယ္။ ဒါေပမဲ့လည္း DC universe ထဲက Poison Ivy ရဲ႕စြမ္းရည္လိုမ်ိဳး မဟုတ္ဘဲနဲ႔ သူကိုယ္တိုင္က အပင္မ်ိဳးႏြယ္ျဖစ္ေနတာေၾကာင့္ သူ႔မွာက အပင္ေတြနဲ႔ ပိုၿပီးေလးနက္တဲ့ ဆက္ဆံေရးေတြ ရွိပါတယ္။

႐ုပ္ရွင္ထဲမွာေတာ့ Groot ရဲ႕ အပင္ေတြကို ထိန္းခ်ဳပ္ႏိုင္စြမ္းဟာ အကန႔္အသတ္နဲ႔ ရွိေနေပမယ့္လည္း comic ထဲမွာေတာ့ အဲ့လိုမဟုတ္ပါဘူး။ Comic ထဲမွာဆိုရင္ သူဟာ အပင္ေတြကို အသက္ရွင္ေအာင္လုပ္ၿပီး ရန္သူေတြကို တိုက္ခိုက္ႏိုင္ပါတယ္။ သူဟာ သစ္ပင္ေတြအမ်ားႀကီး ေပါက္ေရာက္ေနတဲ့ေနရာမွာ ရွိေနတဲ့အခ်ိန္ဆိုရင္ သူ႔ကိုယ္ပိုင္ စစ္တပ္ကိုေတာင္ တည္ေထာင္လို႔ ရပါေသးတယ္။

Lego Les

(ဆံရစ္ဝိုင္းဝက္ဘ္ဆိုဒ္တြင္ ေဖာ္ျပထားေသာ သတင္း၊ေဆာင္းပါးမ်ားကို အျခားမည္သည့္ ဝက္ဘ္ဆိုဒ္၊ Facebook စာမ်က္ႏွာတြင္မွ် ကူးယူေဖာ္ျပခြင့္ မျပဳပါေၾကာင္း အသိေပးအပ္ပါသည္။)

RELATED ARTICLES

Most Popular