HomeCelebs Update NewsInternationalတတိယမြောက်ရင်သွေးလေးကို မွေးဖွားလိုက်တဲ့ Enrique Iglesias တို့မောင်နှံ

တတိယမြောက်ရင်သွေးလေးကို မွေးဖွားလိုက်တဲ့ Enrique Iglesias တို့မောင်နှံ

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

မြန်မာပရိသတ်ကြားမှာ Hero သီချင်းနဲ့ လူသိများတဲ့ လက်တင်အဆိုတော် Enrique Iglesias နဲ့ တန်းနစ်မယ် Anna Kournikova တို့ မောင်နှံကတော့ တတိယမြောက်ရင်သွေးလေးကို မွေးဖွားလိုက်ပါပြီ။

ယခုမွေးဖွားလိုက်တဲ့ တတိယမြောက်ရင်သွေးလေးဟာ မိန်းကလေးဖြစ်ပြီး ပြီးခဲ့တဲ့ ဇန်နဝါရီလ(၃၀)ရက်နေ့က မွေးဖွားခဲ့တဲ့အကြောင်းကို မိဘနှစ်ပါးစလုံးက သူတို့ရဲ့ဆိုရှယ်မီဒီယာအကောင့်တွေမှာ တင်ပြီး အသိပေးလိုက်တာ ဖြစ်ပါတယ်။ မီးဖွားစဉ်က ရိုက်ကူးထားတဲ့ မွေးကင်းစ နီတာရဲကလေးပုံလေးနဲ့ “ကိုယ့်ဘဝရဲ့ နေရောင်ခြည်လေး” ဆိုတဲ့ အဓိပ္ပာယ်နဲ့ Caption ကိုယ်စီတပ်ထားကြတာကို တွေ့ရပါတယ်။

Photo: enriqueiglesias/ Instagram

အသက်(၄၄)နှစ်အရွယ် Enrique နဲ့ (၃၈)နှစ်အရွယ် Anna တို့ဟာ ၂၀၀၁ခုနှစ်ကတည်းက လက်တွဲခဲ့ကြတဲ့ ချစ်သူမောင်နှံတွေဖြစ်ပြီး ယခုအချိန်မှာဆိုရင်တော့ ချစ်သူသက်တမ်း(၁၉)နှစ်ခန့် ရှိနေပြီ ဖြစ်ပါတယ်။ နှစ်ယောက်ဟာ တရားဝင် လက်ထပ်ထိမ်းမြား မင်္ဂလာဆောင်ထားခြင်း မရှိပေမယ့် တစ်ဦးနဲ့တစ်ဦး ချစ်မြတ်နိုးစွာနဲ့ သစ္စာရှိရှိ အတူတကွ နေထိုင်လာကြတာ ဖြစ်ပါတယ်။

Photo: enriqueiglesias/ Instagram

Enrique တို့မောင်နှံဟာ ပြီးခဲ့တဲ့ ၂၀၁၇ခုနှစ် ဒီဇင်ဘာလတုန်းကလည်း Nicholas နဲ့ Lucy လို့ခေါ်တဲ့ အမွှာပူးလေးကို မွေးဖွားခဲ့ပါသေးတယ်။

Xei

(ဆံရစ်ဝိုင်းမီဒီယာမှ တင်ဆက်သော ကိုယ်တိုင်ရေး (သို့မဟုတ်) ဘာသာပြန်သတင်း၊ဆောင်းပါးများကို ခွင့်ပြုချက်တစ်စုံတစ်ရာ မရရှိဘဲ မိမိတို့၏အကျိုးစီးပွားအတွက် အခြားသော မီဒီယာစာမျက်နှာများပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းများ မပြုလုပ်ကြပါရန် သတိပေးအပ်ပါသည်။)

(Zawgyi Version)

ျမန္မာပရိသတ္ၾကားမွာ Hero သီခ်င္းနဲ႔ လူသိမ်ားတဲ့ လက္တင္အဆိုေတာ္ Enrique Iglesias နဲ႔ တန္းနစ္မယ္ Anna Kournikova တို႔ ေမာင္ႏွံကေတာ့ တတိယေျမာက္ရင္ေသြးေလးကို ေမြးဖြားလိုက္ပါၿပီ။

ယခုေမြးဖြားလိုက္တဲ့ တတိယေျမာက္ရင္ေသြးေလးဟာ မိန္းကေလးျဖစ္ၿပီး ၿပီးခဲ့တဲ့ ဇန္နဝါရီလ(၃၀)ရက္ေန႔က ေမြးဖြားခဲ့တဲ့အေၾကာင္းကို မိဘႏွစ္ပါးစလုံးက သူတို႔ရဲ႕ဆိုရွယ္မီဒီယာအေကာင့္ေတြမွာ တင္ၿပီး အသိေပးလိုက္တာ ျဖစ္ပါတယ္။ မီးဖြားစဥ္က ႐ိုက္ကူးထားတဲ့ ေမြးကင္းစ နီတာရဲကေလးပုံေလးနဲ႔ “ကိုယ့္ဘဝရဲ႕ ေနေရာင္ျခည္ေလး” ဆိုတဲ့ အဓိပၸာယ္နဲ႔ Caption ကိုယ္စီတပ္ထားၾကတာကို ေတြ႕ရပါတယ္။

Photo: enriqueiglesias/ Instagram

အသက္(၄၄)ႏွစ္အ႐ြယ္ Enrique နဲ႔ (၃၈)ႏွစ္အ႐ြယ္ Anna တို႔ဟာ ၂၀၀၁ခုႏွစ္ကတည္းက လက္တြဲခဲ့ၾကတဲ့ ခ်စ္သူေမာင္ႏွံေတြျဖစ္ၿပီး ယခုအခ်ိန္မွာဆိုရင္ေတာ့ ခ်စ္သူသက္တမ္း(၁၉)ႏွစ္ခန႔္ ရွိေနၿပီ ျဖစ္ပါတယ္။ ႏွစ္ေယာက္ဟာ တရားဝင္ လက္ထပ္ထိမ္းျမား မဂၤလာေဆာင္ထားျခင္း မရွိေပမယ့္ တစ္ဦးနဲ႔တစ္ဦး ခ်စ္ျမတ္ႏိုးစြာနဲ႔ သစၥာရွိရွိ အတူတကြ ေနထိုင္လာၾကတာ ျဖစ္ပါတယ္။

Photo: enriqueiglesias/ Instagram

Enrique တို႔ေမာင္ႏွံဟာ ၿပီးခဲ့တဲ့ ၂၀၁၇ခုႏွစ္ ဒီဇင္ဘာလတုန္းကလည္း Nicholas နဲ႔ Lucy လို႔ေခၚတဲ့ အမႊာပူးေလးကို ေမြးဖြားခဲ့ပါေသးတယ္။

Xei

(ဆံရစ္ဝိုင္းမီဒီယာမွ တင္ဆက္ေသာ ကိုယ္တိုင္ေရး (သို႔မဟုတ္) ဘာသာျပန္သတင္း၊ေဆာင္းပါးမ်ားကို ခြင့္ျပဳခ်က္တစ္စုံတစ္ရာ မရရွိဘဲ မိမိတို႔၏အက်ိဳးစီးပြားအတြက္ အျခားေသာ မီဒီယာစာမ်က္ႏွာမ်ားေပၚတြင္ ျပန္လည္ကူးယူေဖာ္ျပျခင္းမ်ား မျပဳလုပ္ၾကပါရန္ သတိေပးအပ္ပါသည္။)

RELATED ARTICLES

Most Popular