HomeCharacterCarnage နဲ့ ပတ်သက်တဲ့ စိတ်ဝင်စားစရာအချက်များ
Carnage နဲ့ ပတ်သက်တဲ့ စိတ်ဝင်စားစရာအချက်များ
အောက်တွင် ဇော်ဂျီဖြင့် ဖတ်ပါ။
Carnage ဟာ ၁၉၉၂ခုနှစ်က ထွက်ရှိခဲ့တဲ့ The Amazing Spider-Man #359 မှာ cameo အနေနဲ့ ပထမဆုံးပါဝင်ပြီး Marvel ကောမစ်လောကထဲကို ဝင်ရောက်လာခဲ့ပါတယ်။ သူဟာ Spidey ရဲ့ ဗီလိန်တစ်ယောက်ဖြစ်ပြီး Venom ထက်လည်း ပိုပြီးတော့ ရက်စက်တတ်သူ ဖြစ်ပါတယ်။ အကြမ်းဖက်မှုတွေ ပြုလုပ်နေရတာကိုက သူ့ရဲ့စိတ်အပန်းဖြေရာတစ်ခု ဖြစ်ပါတယ်။ အဲ့ဒါကြောင့် ဒီတစ်ခါမှာတော့ Carnage အကြောင်း စိတ်ဝင်စားစရာ အချက်တချို့ကို ဖော်ပြပေးချင်ပါတယ်။
Cletus Kasady ဟာ Joker ကို အခြေခံပြီး ဖန်တီးထားတာ ဖြစ်ပါတယ်။
photo via cbr
Cletus Kasady ဟာ Carnage ရဲ့ host ဖြစ်ပါတယ်။ သူ့ကို ဖန်တီးခဲ့သူတွေ ကိုယ်တိုင်က Cletus Kasady ဟာ Joker ကို အခြေခံပြီးတော့ ဖန်တီးခဲ့တာပါလို့ ပြောခဲ့ဖူးပါတယ်။ Joker ဟာ အပျော်သက်သက်နဲ့ အကြမ်းဖက်မှုတွေကို လုပ်နေတဲ့သူတစ်ယောက် ဖြစ်သလိုပဲ Cletus Kasady ဟာလည်း Carnage နဲ့ မတွေ့ခင်ကတည်းက အကြမ်းဖက်တတ်တဲ့ စိတ္တဇလူသတ်သမားတစ်ယောက် ဖြစ်ပါတယ်။ အဲ့ဒါတင်မဟုတ်သေးဘဲ ကောမစ်ထဲက သူ့ရဲ့ဒီဇိုင်းကလည်း Joker ရဲ့ဒီဇိုင်းနဲ့အတူတူပဲ ဖြစ်ပြီး ပုံမှန်အသားအရောင်နဲ့ ဆံပင်အနီရောင်ပဲ ပြောင်းလဲသွားတာပါလို့ သူ့ကိုရေးဆွဲသူတွေကလည်း ပြောခဲ့ပါတယ်။
မူလက သူ့ရဲ့နာမည်ဟာ Carnage မဟုတ်ပါဘူး။
photo via cbr
ဒီဇာတ်ကောင်ကို ပထမဆုံးအကြိမ် ဖန်တီးခဲ့တုန်းက သူ့အတွက် လိုက်ဖက်တဲ့နာမည်ကို အတော်လေး စဉ်းစားခဲ့ကြရပါတယ်။ ဒီဇာတ်ကောင်အတွက် ပထမဆုံးအကြိမ် စဉ်းစားမိခဲ့ကြတဲ့ နာမည်ကတော့ Chaos ပဲ ဖြစ်ပါတယ်။ သူဟာ ရောက်လေရာနေရာမှာ ဖျက်ဆီးမှုတွေနဲ့ သေဆုံးမှုတွေကို ဖြစ်စေတာကြောင့် အဲ့ဒီနာမည်ဟာလည်း သူနဲ့လိုက်ဖက်ပါတယ်။
ဒါပေမယ့်လည်း ဖန်တီးသူတွေဟာ အဲ့ဒီနာမည်ကို စိတ်တိုင်းမကျသေးတာကြောင့် ဒုတိယမြောက် နာမည်အဖြစ် Ravage ဆိုတဲ့အမည်ကို စဉ်းစားခဲ့ကြပါတယ်။ အဲ့ဒီနာမည်ကိုလည်း မကြိုက်သေးတာကြောင့် စဉ်းစားရကြပ်နေခဲ့ပါတယ်။ ဒီလိုနဲ့ နောက်ဆုံးမှာတော့ Spider-Man ဇာတ်လမ်းအများစုကို ရေးသားခဲ့တဲ့ Eric Fein က Carnage ဆိုတဲ့ နာမည်ကို အကြံပေးခဲ့ပါတယ်။ အဲ့ဒီနာမည်နဲ့ ကျတော့မှပဲ ဖန်တီးသူတွေလည်း စိတ်ကျေနပ်သွားတာကြောင့် အဲ့ဒီနာမည်နဲ့ ဇာတ်လမ်းတွေ ထုတ်ဝေခဲ့တာ ဖြစ်ပါတယ်။
Carnage ဟာ Cletus Kasady ကို ကင်ဆာရောဂါကနေ ကယ်တင်ခဲ့ပါတယ်။
photo via cbr
Carnage လိုမျိူး Symbiote တွေဟာ သူတို့စိတ်တိုင်းကျ နေထိုင်နိုင်ဖို့အတွက် သူတို့ရဲ့ host ကိုလည်း ကျန်းမာအောင် ထားရပါတယ်။ Kasady ကတော့ အစာအိမ်ကင်ဆာရောဂါကို ခံစားနေရသူ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း Carnage နဲ့ ပေါင်းစပ်ပြီးနောက်မှာတော့ အဲ့ဒီ Symbiote ဟာ သူ့ရဲ့ကင်ဆာရောဂါကို တဖြည်းဖြည်းနဲ့ ကုသပေးခဲ့ပါတယ်။ ဒီလိုနဲ့ နောက်ဆုံးမှာတော့ သူဟာ Carnage နဲ့ မပေါင်းစပ်တော့တဲ့ အချိန်မှာတောင် ကင်ဆာရောဂါကို မခံစားရတော့ဘဲ အရှင်းပျောက်ကင်းသွားခဲ့ပါတယ်။
သူဟာ Deadpool ကို မုန်းတီးပါတယ်။
photo via cbr
Deadpool ဟာ ပရိသတ်တွေကြားမှာ ရေပန်းစားပြီး အောင်မြင်နေပေမယ့်လည်း သူ့ကြောင့် တစ်ခြားဇာတ်ကောင်တွေ အများစုကတော့ စိတ်အနှောင့်အယှက် ဖြစ်လေ့ရှိပါတယ်။ အကြောင်းကတော့ သူဟာ အမြဲတမ်း စကားများနေပြီး‌တော့ စိတ်ကူးပေါက်တာတွေ လျှောက်လုပ်နေတာကြောင့်လည်း ဖြစ်ပါတယ်။ တစ်ခြားဇာတ်ကောင်တွေ အများစုကတော့ စိတ်အနှောင့်အယှက် ဖြစ်ရုံပဲ ဖြစ်ကြပေမယ့် Carnage ကတော့ သူ့ကို မုန်းပါမုန်းနေခဲ့တာ ဖြစ်ပါတယ်။
အဲ့ဒါကြောင့်ပဲ သူဟာ Deadpool ရဲ့ခန္ဓာကိုယ်ကို တစ်စစီ ဆွဲဖြဲပြီး သတ်ပစ်ဖို့အတွက် ကြိုးစားခဲ့ပါသေးတယ်။ ဒါပေမယ့်လည်း Deadpool ကတော့ ထုံးစံအတိုင်း မသေတဲ့အပြင် တစ်ခြား symbiote လေးကောင်နဲ့ ပေါင်းစပ်သွားခဲ့ပါတယ်။ အဲ့ဒီနောက်မှာတော့ သူဟာ Carnage ကို လှည့်စားပြီးတော့  Shriek ကို ထိခိုက်စေခဲ့ပါသေးတယ်။ သူဟာ Carnage နဲ့ တိုက်ပွဲပြီးတဲ့ နောက်မှာတော့ အဲ့ဒီ symbiote လေးကောင်ကို ခွေးတစ်ကောင်ဆီ လွှဲပြောင်းပေးခဲ့ပါတယ်။
Shriek
photo via cbr
Joker နဲ့ Harley Quinn လိုမျိူးပဲ Marvel မှာလည်း Carnage နဲ့ Shriek ဆိုပြီး ရှိပါသေးတယ်။ Shriek ကတော့ Carnage အနားမှာ အမြဲလိုလို ရှိနေသူဖြစ်ပြီး သူနဲ့အတူ မကောင်းမှုတွေကို ပြုလုပ်လေ့ရှိပါတယ်။ Carnage ကို စတင်ဖန်တီးတုန်းကတော့ သူဟာ သူ့ကိုယ်သူကလွဲရင် ဘယ်သူ့ကိုမှ ဂရုမစိုက်တတ်ပေမယ့်လည်း နောက်ပိုင်းမှာ‌တော့ Shriek ဟာ သူ့ရဲ့ တန်ဖိုးထားရသူတစ်ယောက် ဖြစ်လာခဲ့ပါတယ်။ ဒါ့အပြင် Deadpool ဟာ သူ့ကိုလှည့်စားပြီးတော့ Shriek ကို ထိခိုက်စေခဲ့တုန်းကဆိုရင် သူဟာ စိတ်ဒဏ်ရာပါ ရသွားခဲ့ပါတယ်။ အဲ့ဒါကြောင့်ပဲ Shriek ဟာ သူ့ရဲ့အားနည်းချက်တစ်ခုလို့တောင် ပြောလို့ရပါတယ်။
သူ့ရဲ့လုပ်နိုင်စွမ်းများ
photo via cbr
ကနဦးတုန်းက သူ့ရဲ့ခွန်အားဟာ အတော်လေးကို သန်မာပြီးတော့ Spider-Man နဲ့ Venom တို့ထက်တောင် သန်မာပါသေးတယ်။ အဲ့ဒါတစ်ခုတည်းတင် မဟုတ်သေးဘဲ သူဟာအလွန်လျင်မြန်တဲ့ အရှိန်နဲ့ ဒဏ်ရာတွေကို ပြန်လည်ကုသနိုင်စွမ်းလည်း ပိုင်ဆိုင်ထားပါတယ်။ သူဟာ တိုက်ပွဲအတွင်းမှာ ခြေတွေလက်တွေ ပြတ်ထွက်သွားရင်တောင် အသစ်ပြန်ပေါက်လာတဲ့အပြင် ကိုယ်တွင်းအင်္ဂါတွေ ဒဏ်ရာရသွားရင်တောင် ပြန်လည်ကုသနိုင်ပါတယ်။ သူ့ရဲ့ကြောက်ဖို့ကောင်းတဲ့ နောက်ထပ်စွမ်းအားတစ်ခုကတော့ Terminator 2 ထဲက T-1000 လိုမျိူး သူ့ရဲ့ခြေတွေလက်တွေကို လက်နက်ပုံစံတွေအဖြစ် ပြောင်းလဲလို့ရတာ ဖြစ်ပါတယ်။
ဒါကတော့ Carnage နဲ့ ပတ်သက်တဲ့ ကောမစ်ထဲက စိတ်ဝင်စားစရာ အချက်တချို့ကို ဖော်ပြပေးခဲ့တာ ဖြစ်ပါတယ်။ အခုလို ဆောင်းပါးတွေကို ဖတ်ရတာ နှစ်သက်တယ်ဆိုရင်တော့ ဒီပေ့ချ်ကို Like & See First လုပ်ပေးထားပါလို့ တိုက်တွန်းလိုက်ပါတယ်။
Legos
(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)
(Zawgyi Version)
photo via cbr
photo via cbr
photo via cbr
photo via cbr
Shriek
photo via cbr
photo via cbr
Legos
RELATED ARTICLES
Most Popular