HomeCelebs Update NewsInternationalHulk ဇာတ်ကောင်ကို သရုပ်ဆောင်ခဲ့ရတာ စိတ်ပျက်ဖို့ကောင်းတယ်ဆိုတဲ့ Eric Bana 

Hulk ဇာတ်ကောင်ကို သရုပ်ဆောင်ခဲ့ရတာ စိတ်ပျက်ဖို့ကောင်းတယ်ဆိုတဲ့ Eric Bana 

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

၂၀၀၃ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ ပထမဦးဆုံး Hulk ဇာတ်ကားမှာ Bruce Banner အဖြစ် သရုပ်ဆောင်ခဲ့တဲ့ မင်းသား Eric Bana ဟာ ဒီဇာတ်ကောင်ကို သရုပ်ဆောင်ရတာ စိတ်ပျက်ဖို့ကောင်းတယ်လို့ ပြောကြားလိုက်ပါတယ်။

တကယ်တော့ Eric Bana ဟာ Chopper ၊ Black Hawk Down တို့လို ရုပ်ရှင်တွေနဲ့ အဲဒီအချိန်က ဟောလိဝုဒ်မှာ ဟုန်းဟုန်းတောက် အောင်မြင်နေသူ ဖြစ်ပါတယ်။ သူ့ရဲ့ အောင်မြင် ကျော်ကြားနေမှုကြောင့် ဘယ်ရုပ်ရှင်ကားမှာမဆို အလွယ်လေး ပါဝင်သရုပ်ဆောင်ခွင့် ရနေတဲ့ အနေအထား ရှိနေတာကြောင့်လည်း ဒါရိုက်တာ Ang Lee ရိုက်ကူးခဲ့တဲ့ Hulk ဇာတ်ကားမှာ ပါဝင်နိုင်ခဲ့တာ ဖြစ်ပါတယ်။

Photo via IMDb

အဆိုပါ Hulk ရုပ်ရှင်ဇာတ်ကားဟာလည်း ရုံတင်ပြီး ပထမရက်သတ္တပတ်မှာ ဝင်ငွေ ဒေါ်လာ(၆၂)သန်း ရရှိပြီး ရေပန်းစားခဲ့ပေမယ့် နောက်ပိုင်းမှာတော့ ပရိသတ်တွေရဲ့ ဝေဖန်မှုတွေကြောင့် ထိုးကျသွားခဲ့ပါတယ်။ အကြောင်းကတော့ ရုပ်ရှင်ရဲ့ မားကတ်တင်းကမ်ပိန်းမှာ ကြော်ငြာတုန်းက ပြသခဲ့တာထက် တကယ့် ရုပ်ရှင်ဟာ အချက်အလက် ဦးစားပေးပြီး ပိုပျင်းရိဖွယ်ကောင်းတယ်လို့ ပရိသတ်အများစုက မှတ်ချက်ပေးခဲ့တာကြောင့် ဖြစ်ပါတယ်။

ဒီရုပ်ရှင်ဟာ box-office ဝင်ငွေမှာ မျှော်လင့်ထားသလောက် မအောင်မြင်ခဲ့ပါဘူး။ ဒါကြောင့်လည်း Marvel စတူဒီယိုနဲ့ Universal Pictures တို့ဟာ မင်းသား Edward Norton နဲ့ ၂၀၀၈ခုနှစ်မှာ The Incredible Hulk ရုပ်ရှင်ကို reboot ပြန်ရိုက်ခဲ့တာ ဖြစ်ပါတယ်။ အဲဒီနောက်မှာတော့ Edward Norton နဲ့ စတူဒီယိုတို့ ပြဿနာတက်ခဲ့တာကြောင့် ၂၀၁၂ခုနှစ်မှာ ထွက်ရှိမယ့် The Avengers ရုပ်ရှင်အတွက် မူလသရုပ်ဆောင် Eric Bana ကို ကမ်းလှမ်းခဲ့ပါသေးတယ်။ သို့သော်လည်း Eric ဟာ Bruce Banner ဇာတ်ကောင်အတွက် ပြန်လာဖို့ စိတ်ကူးမရှိတာကြောင့် Mark Ruffalo နဲ့ အဆင်ပြေသွားခဲ့တာ ဖြစ်ပါတယ်။

Photo via IMDb

မင်းသား Eric Bana ကတော့ Bruce Banner ဇာတ်ကောင်ကို သရုပ်ဆောင်ရတာနဲ့ ပတ်သက်တဲ့ အတွေ့အကြုံကို မကြာသေးမီက ပြုလုပ်ခဲ့တဲ့ Vulture နဲ့ အင်တာဗျူးမှာ ပြောကြားသွားပါတယ်။ Eric ရဲ့ ပြောကြားချက်အရ Bruce Banner ဇာတ်ကောင်ကို အခြားရုပ်ရှင်ရိုက်ကွင်းတွေမှာလို ပြင်ပက ဆက်တင်အကြီးစားကြီးတွေနဲ့ ရိုက်ကူးခဲ့ရတာ မဟုတ်ဘဲ indoor အခန်းတွေမှာပဲ သရုပ်ဆောင်ခဲ့ရတာကြောင့် ဒီဇာတ်ကောင်ကို မုန်းတီးတာ ဖြစ်တယ်လို့ သိရပါတယ်။

“အပြင်ဘက်မှာ တကယ့် သဘာဝအလင်းရောင်နဲ့ ရိုက်ကူးခဲ့ရတဲ့ Black Hawk Down လို ကားမျိုးကနေ ရုတ်တရက် ကမ္ဘာကြီးနဲ့ အဆက်အသွယ် ပြတ်သွားရတော့တာပါပဲ။ ကျွန်တော် သရုပ်ဆောင်နေရတာက သိပ္ပံပညာရှင် ဖြစ်နေတယ်။ ဓာတ်ခွဲခန်း၊ ဒါမှမဟုတ် အိမ်လိုမျိုး indoor အခန်းတွေချည်းမှာပဲ ရိုက်ခဲ့ရတယ် … ” လို့ Eric က ဆိုပါတယ်။

Photo via IMDb

တကယ်တော့ Eric ဟာ ဒီဇာတ်ကားထဲမှာ Bruce Banner နေရာကပဲ သရုပ်ဆောင်ခဲ့ရတာ ဖြစ်ပြီး Hulk နေရာမှာတော့ ဒါရိုက်တာ Ang Lee က ဝင်ရောက် သရုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့်လည်း Eric အနေနဲ့ ဒီဇာတ်ကောင်နဲ့ သူနဲ့ကြားမှာ ဆက်စပ်မှု မရှိသလို ခံစားခဲ့ရပြီး ဇာတ်ကောင်တစ်ခုတည်းမှာကိုပဲ ပိုသေးတဲ့ ရိုက်ကွင်းမှာသာ ရိုက်ကူးခဲ့ရတယ်လို့ ပြောပြခဲ့ပါတယ်။

“ဒီကားထဲမှာပဲ green screen တွေနဲ့ အကြီးအကျယ် ရိုက်ခဲ့ရတဲ့ အခန်းတွေလည်း ရှိပါတယ်။ ဒါပေမယ့် အဲဒီအခန်းတွေက ကျွန်တော်နဲ့ ဘာမှမဆိုင်ခဲ့ဘူး။ ဘာလို့လည်းဆိုတော့ အဲဒါက Hulk ရဲ့အခန်းတွေ။ အဲဒီဆက်တင် အကြီးစားတွေမှာ ရိုက်ခဲ့ရတာကျတော့ တခြားသရုပ်ဆောင်တစ်ယောက် ဖြစ်နေတယ်လေ … ”

“အဲဒီတော့ ကျွန်တော် ခံစားရတာက ဘာမှမဟုတ်တဲ့ ရုပ်ရှင်လေးတစ်ကားကို ရိုက်နေရသလိုပဲ။ ကျွန်တော့်အတွက် တကယ့်လက်တွေ့မှာက စတူဒီယိုထဲမှာ၊ အခန်းလေးတစ်ခန်းထဲမှာချည်းပဲ။ တကယ့် အပြင်မှာ ရိုက်ခဲ့ရတာ အရမ်းနည်းပါတယ်။ ဒိုင်ယာလော့ခ်တွေလည်း အများကြီး ပြောရတယ်။ indoor အခန်းတွေ ရိုက်ရတာ ကျွန်တော် မကြိုက်ဘူးဗျ … ” လို့ Eric က ပြောသွားတာပါ။

Photo via IMDb

ဒါဟာ သူ့လို နာမည်ကြီး သရုပ်ဆောင်တစ်ယောက်အတွက် ခံရခက်စေတယ်ဆိုရင်လည်း မမှားပါဘူး။ အဲဒီအချိန်က စူပါဟီးရိုးဇာတ်ရုပ်မှာ သရုပ်ဆောင်ခဲ့ကြတဲ့ Hugh Jackman ၊ Tobey Maguire ၊ Ben Affleck တို့လို သရုပ်ဆောင်တွေနဲ့ မတူဘဲ Eric ကတော့ တကယ့် စူပါဟီးရိုးဝတ်စုံကိုလည်း ဝတ်ဆင်ခဲ့ရခြင်း မရှိပါဘူး။ ဒါတင်မက သူဟာ Bruce Banner နေရာမှာ သာမန်လူသားအနေနဲ့ပဲ သရုပ်ဆောင်ခဲ့ရပြီး Hulk ပြောင်းလဲသွားတဲ့နေရာမှာတော့ သရုပ်ဆောင်ခွင့် မရခဲ့ပြန်ပါဘူး။

ဒါကိုကြည့်လိုက်ရင် လက်ရှိ Bruce Banner ဇာတ်ရုပ်မှာ သရုပ်ဆောင်နေရတဲ့ မင်းသား Mark Ruffalo ဟာ သာမန်လူသားနေရာမှာရော၊ Hulk နေရာမှာပါ သရုပ်ဆောင်ရတာကြောင့် ဇာတ်ကောင်နဲ့ ပိုပြီး နီးစပ်မှုရှိကာ ပိုမိုစီးမျော သက်ဝင်နိုင်မှာ ဖြစ်ပါတယ်။

ဒါကြောင့်လည်း လက်ရှိ စူပါဟီးရိုး ရုပ်ရှင်လောကမှာ ယခင်က သရုပ်ဆောင်ခဲ့ဖူးတဲ့ မင်းသားတွေ ပြန်လည်ပါဝင်လာဖို့ ဂယက်တွေ ထနေချိန်မှာ Eric Bana ကတော့ MCU ကို ဘယ်သောအခါမှ ပြန်လာဖို့ စိတ်ကူးမရှိကြောင်း တစ်ခါတည်း ထုတ်ပြောထားတာ ဖြစ်ပါလိမ့်မယ်။

Glasgow

Source: screenrant

(Zawgyi Version)

၂၀၀၃ခုႏွစ္မွာ ထြက္ရွိခဲ့တဲ့ ပထမဦးဆုံး Hulk ဇာတ္ကားမွာ Bruce Banner အျဖစ္ သ႐ုပ္ေဆာင္ခဲ့တဲ့ မင္းသား Eric Bana ဟာ ဒီဇာတ္ေကာင္ကို သ႐ုပ္ေဆာင္ရတာ စိတ္ပ်က္ဖို႔ေကာင္းတယ္လို႔ ေျပာၾကားလိုက္ပါတယ္။

တကယ္ေတာ့ Eric Bana ဟာ Chopper ၊ Black Hawk Down တို႔လို ႐ုပ္ရွင္ေတြနဲ႔ အဲဒီအခ်ိန္က ေဟာလိဝုဒ္မွာ ဟုန္းဟုန္းေတာက္ ေအာင္ျမင္ေနသူ ျဖစ္ပါတယ္။ သူ႔ရဲ႕ ေအာင္ျမင္ ေက်ာ္ၾကားေနမႈေၾကာင့္ ဘယ္႐ုပ္ရွင္ကားမွာမဆို အလြယ္ေလး ပါဝင္သ႐ုပ္ေဆာင္ခြင့္ ရေနတဲ့ အေနအထား ရွိေနတာေၾကာင့္လည္း ဒါ႐ိုက္တာ Ang Lee ႐ိုက္ကူးခဲ့တဲ့ Hulk ဇာတ္ကားမွာ ပါဝင္ႏိုင္ခဲ့တာ ျဖစ္ပါတယ္။

Photo via IMDb

အဆိုပါ Hulk ႐ုပ္ရွင္ဇာတ္ကားဟာလည္း ႐ုံတင္ၿပီး ပထမရက္သတၱပတ္မွာ ဝင္ေငြ ေဒၚလာ(၆၂)သန္း ရရွိၿပီး ေရပန္းစားခဲ့ေပမယ့္ ေနာက္ပိုင္းမွာေတာ့ ပရိသတ္ေတြရဲ႕ ေဝဖန္မႈေတြေၾကာင့္ ထိုးက်သြားခဲ့ပါတယ္။ အေၾကာင္းကေတာ့ ႐ုပ္ရွင္ရဲ႕ မားကတ္တင္းကမ္ပိန္းမွာ ေၾကာ္ျငာတုန္းက ျပသခဲ့တာထက္ တကယ့္ ႐ုပ္ရွင္ဟာ အခ်က္အလက္ ဦးစားေပးၿပီး ပိုပ်င္းရိဖြယ္ေကာင္းတယ္လို႔ ပရိသတ္အမ်ားစုက မွတ္ခ်က္ေပးခဲ့တာေၾကာင့္ ျဖစ္ပါတယ္။

ဒီ႐ုပ္ရွင္ဟာ box-office ဝင္ေငြမွာ ေမွ်ာ္လင့္ထားသေလာက္ မေအာင္ျမင္ခဲ့ပါဘူး။ ဒါေၾကာင့္လည္း Marvel စတူဒီယိုနဲ႔ Universal Pictures တို႔ဟာ မင္းသား Edward Norton နဲ႔ ၂၀၀၈ခုႏွစ္မွာ The Incredible Hulk ႐ုပ္ရွင္ကို reboot ျပန္႐ိုက္ခဲ့တာ ျဖစ္ပါတယ္။ အဲဒီေနာက္မွာေတာ့ Edward Norton နဲ႔ စတူဒီယိုတို႔ ျပႆနာတက္ခဲ့တာေၾကာင့္ ၂၀၁၂ခုႏွစ္မွာ ထြက္ရွိမယ့္ The Avengers ႐ုပ္ရွင္အတြက္ မူလသ႐ုပ္ေဆာင္ Eric Bana ကို ကမ္းလွမ္းခဲ့ပါေသးတယ္။ သို႔ေသာ္လည္း Eric ဟာ Bruce Banner ဇာတ္ေကာင္အတြက္ ျပန္လာဖို႔ စိတ္ကူးမရွိတာေၾကာင့္ Mark Ruffalo နဲ႔ အဆင္ေျပသြားခဲ့တာ ျဖစ္ပါတယ္။

Photo via IMDb

မင္းသား Eric Bana ကေတာ့ Bruce Banner ဇာတ္ေကာင္ကို သ႐ုပ္ေဆာင္ရတာနဲ႔ ပတ္သက္တဲ့ အေတြ႕အႀကဳံကို မၾကာေသးမီက ျပဳလုပ္ခဲ့တဲ့ Vulture နဲ႔ အင္တာဗ်ဴးမွာ ေျပာၾကားသြားပါတယ္။ Eric ရဲ႕ ေျပာၾကားခ်က္အရ Bruce Banner ဇာတ္ေကာင္ကို အျခား႐ုပ္ရွင္႐ိုက္ကြင္းေတြမွာလို ျပင္ပက ဆက္တင္အႀကီးစားႀကီးေတြနဲ႔ ႐ိုက္ကူးခဲ့ရတာ မဟုတ္ဘဲ indoor အခန္းေတြမွာပဲ သ႐ုပ္ေဆာင္ခဲ့ရတာေၾကာင့္ ဒီဇာတ္ေကာင္ကို မုန္းတီးတာ ျဖစ္တယ္လို႔ သိရပါတယ္။

“အျပင္ဘက္မွာ တကယ့္ သဘာဝအလင္းေရာင္နဲ႔ ႐ိုက္ကူးခဲ့ရတဲ့ Black Hawk Down လို ကားမ်ိဳးကေန ႐ုတ္တရက္ ကမာၻႀကီးနဲ႔ အဆက္အသြယ္ ျပတ္သြားရေတာ့တာပါပဲ။ ကြၽန္ေတာ္ သ႐ုပ္ေဆာင္ေနရတာက သိပၸံပညာရွင္ ျဖစ္ေနတယ္။ ဓာတ္ခြဲခန္း၊ ဒါမွမဟုတ္ အိမ္လိုမ်ိဳး indoor အခန္းေတြခ်ည္းမွာပဲ ႐ိုက္ခဲ့ရတယ္ … ” လို႔ Eric က ဆိုပါတယ္။

Photo via IMDb

တကယ္ေတာ့ Eric ဟာ ဒီဇာတ္ကားထဲမွာ Bruce Banner ေနရာကပဲ သ႐ုပ္ေဆာင္ခဲ့ရတာ ျဖစ္ၿပီး Hulk ေနရာမွာေတာ့ ဒါ႐ိုက္တာ Ang Lee က ဝင္ေရာက္ သ႐ုပ္ေဆာင္ခဲ့တာ ျဖစ္ပါတယ္။ ဒါေၾကာင့္လည္း Eric အေနနဲ႔ ဒီဇာတ္ေကာင္နဲ႔ သူနဲ႔ၾကားမွာ ဆက္စပ္မႈ မရွိသလို ခံစားခဲ့ရၿပီး ဇာတ္ေကာင္တစ္ခုတည္းမွာကိုပဲ ပိုေသးတဲ့ ႐ိုက္ကြင္းမွာသာ ႐ိုက္ကူးခဲ့ရတယ္လို႔ ေျပာျပခဲ့ပါတယ္။

“ဒီကားထဲမွာပဲ green screen ေတြနဲ႔ အႀကီးအက်ယ္ ႐ိုက္ခဲ့ရတဲ့ အခန္းေတြလည္း ရွိပါတယ္။ ဒါေပမယ့္ အဲဒီအခန္းေတြက ကြၽန္ေတာ္နဲ႔ ဘာမွမဆိုင္ခဲ့ဘူး။ ဘာလို႔လည္းဆိုေတာ့ အဲဒါက Hulk ရဲ႕အခန္းေတြ။ အဲဒီဆက္တင္ အႀကီးစားေတြမွာ ႐ိုက္ခဲ့ရတာက်ေတာ့ တျခားသ႐ုပ္ေဆာင္တစ္ေယာက္ ျဖစ္ေနတယ္ေလ … ”

“အဲဒီေတာ့ ကြၽန္ေတာ္ ခံစားရတာက ဘာမွမဟုတ္တဲ့ ႐ုပ္ရွင္ေလးတစ္ကားကို ႐ိုက္ေနရသလိုပဲ။ ကြၽန္ေတာ့္အတြက္ တကယ့္လက္ေတြ႕မွာက စတူဒီယိုထဲမွာ၊ အခန္းေလးတစ္ခန္းထဲမွာခ်ည္းပဲ။ တကယ့္ အျပင္မွာ ႐ိုက္ခဲ့ရတာ အရမ္းနည္းပါတယ္။ ဒိုင္ယာေလာ့ခ္ေတြလည္း အမ်ားႀကီး ေျပာရတယ္။ indoor အခန္းေတြ ႐ိုက္ရတာ ကြၽန္ေတာ္ မႀကိဳက္ဘူးဗ် … ” လို႔ Eric က ေျပာသြားတာပါ။

Photo via IMDb

ဒါဟာ သူ႔လို နာမည္ႀကီး သ႐ုပ္ေဆာင္တစ္ေယာက္အတြက္ ခံရခက္ေစတယ္ဆိုရင္လည္း မမွားပါဘူး။ အဲဒီအခ်ိန္က စူပါဟီး႐ိုးဇာတ္႐ုပ္မွာ သ႐ုပ္ေဆာင္ခဲ့ၾကတဲ့ Hugh Jackman ၊ Tobey Maguire ၊ Ben Affleck တို႔လို သ႐ုပ္ေဆာင္ေတြနဲ႔ မတူဘဲ Eric ကေတာ့ တကယ့္ စူပါဟီး႐ိုးဝတ္စုံကိုလည္း ဝတ္ဆင္ခဲ့ရျခင္း မရွိပါဘူး။ ဒါတင္မက သူဟာ Bruce Banner ေနရာမွာ သာမန္လူသားအေနနဲ႔ပဲ သ႐ုပ္ေဆာင္ခဲ့ရၿပီး Hulk ေျပာင္းလဲသြားတဲ့ေနရာမွာေတာ့ သ႐ုပ္ေဆာင္ခြင့္ မရခဲ့ျပန္ပါဘူး။

ဒါကိုၾကည့္လိုက္ရင္ လက္ရွိ Bruce Banner ဇာတ္႐ုပ္မွာ သ႐ုပ္ေဆာင္ေနရတဲ့ မင္းသား Mark Ruffalo ဟာ သာမန္လူသားေနရာမွာေရာ၊ Hulk ေနရာမွာပါ သ႐ုပ္ေဆာင္ရတာေၾကာင့္ ဇာတ္ေကာင္နဲ႔ ပိုၿပီး နီးစပ္မႈရွိကာ ပိုမိုစီးေမ်ာ သက္ဝင္ႏိုင္မွာ ျဖစ္ပါတယ္။

ဒါေၾကာင့္လည္း လက္ရွိ စူပါဟီး႐ိုး ႐ုပ္ရွင္ေလာကမွာ ယခင္က သ႐ုပ္ေဆာင္ခဲ့ဖူးတဲ့ မင္းသားေတြ ျပန္လည္ပါဝင္လာဖို႔ ဂယက္ေတြ ထေနခ်ိန္မွာ Eric Bana ကေတာ့ MCU ကို ဘယ္ေသာအခါမွ ျပန္လာဖို႔ စိတ္ကူးမရွိေၾကာင္း တစ္ခါတည္း ထုတ္ေျပာထားတာ ျဖစ္ပါလိမ့္မယ္။

Glasgow

Source: screenrant

 

RELATED ARTICLES

Most Popular