HomeCelebs Update NewsInternationalအသက်(၉၃)နှစ်အရွယ်မှာ ကွယ်လွန်သွားတဲ့ Toy Story သရုပ်ဆောင် Estelle Harris

အသက်(၉၃)နှစ်အရွယ်မှာ ကွယ်လွန်သွားတဲ့ Toy Story သရုပ်ဆောင် Estelle Harris

နာမည်ကျော် animated ရုပ်ရှင် Toy Story ထဲက အသံသရုပ်ဆောင်တစ်ဦး ဖြစ်တဲ့ မင်းသမီးကြီး Estelle Harris ဟာ အသက်(၉၃)နှစ်အရွယ်မှာပဲ ကွယ်လွန်သွားခဲ့ပြီလို့ သိရပါတယ်။

Estelle ဟာ Toy Story ထဲမှာတော့ Mrs. Potato Head ဇာတ်ကောင်နေရာက အသံသရုပ်ဆောင်ခဲ့သူ ဖြစ်ပါတယ်။ မင်းသမီးကြီးဟာ ကယ်လီဖိုးနီးယားပြည်နယ်၊ Palm Desert က နေအိမ်မှာပဲ သက်ကြီးရောဂါနဲ့ ကွယ်လွန်ခဲ့တာလို့ သိရပါတယ်။ ဒီအကြောင်းကိုတော့ ကျန်ရစ်တဲ့ မိသားစုက စနေနေ့မှာ Deadline သတင်းဌာနကတဆင့် ကြေညာချက် ထုတ်ပြန်ပြီး ပရိသတ်တွေကို အသိပေးခဲ့တာ ဖြစ်ပါတယ်။

Photo via Orissa Post

“Estelle Harris ဟာ ဒီကနေ့ ညနေ(၆:၂၅)နာရီ အချိန်မှာပဲ ကွယ်လွန်သွားပြီ ဖြစ်တဲ့အကြောင်း နှမျောတသကြီးစွာ၊ ဝမ်းနည်းစွာနဲ့ပဲ အသိပေးလိုက်ရပါတယ်။ သူမရဲ့ ကြင်နာမှု၊ စိတ်အားထက်သန်မှု၊ ဟာသဉာဏ်ရွှင်မှု၊ ကိုယ်ချင်းစာ နားလည်ပေးနိုင်မှုနဲ့ ချစ်ခြင်းမေတ္တာတွေဟာ တကယ်ကို ပြိုင်ဘက်ကင်းပါပဲ။ သူမကို သိကျွမ်းခင်မင်ခဲ့သူအားလုံးဟာ သူမကို နှမျောတသစွာနဲ့ လွမ်းဆွတ်နေကြရတော့မှာပါပဲ … ” လို့ မင်းသမီးကြီးရဲ့ သားဖြစ်သူ Glen Harris က ကြေညာချက်မှာ ပြောကြားထားပါတယ်။

Photo Credit: Disney/ Pixar

မင်းသမီးကြီး Estelle Harris ကတော့ နာမည်ကျော် sit-com ဇာတ်လမ်းတွဲ Seinfeld ထဲက Estelle Costanza ဇာတ်ရုပ်နဲ့လည်း ကျော်ကြားသလို Toy Story ရုပ်ရှင်ထဲက Mrs. Potato Head ဇာတ်ကောင်နဲ့လည်း လူသိများပါတယ်။ မင်းသမီးကြီးဟာ Toy Story 2 ထဲမှာ စတင်ပါဝင်ခဲ့တာ ဖြစ်ပြီး Toy Story 3 နဲ့ 4 မှာလည်း ဆက်လက် ပါဝင်ခဲ့သူ ဖြစ်ပါတယ်။

Vancouver

Source: people

RELATED ARTICLES

Most Popular