HomeEntertainmentFilmEternals ထွေလာထဲက Easter Egg တွေနဲ့ လူအများစု မသိလောက်သေးတဲ့အချက်များ

Eternals ထွေလာထဲက Easter Egg တွေနဲ့ လူအများစု မသိလောက်သေးတဲ့အချက်များ

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

Marvel ဟာ Phase 4 ထဲမှာတော့ အရင်က မြင်ဖူးနေကျ စူပါဟီးရိုးတွေအပြင် တခြားစူပါဟီးရိုးအသစ်တွေကိုပါ မိတ်ဆက်သွားမှာ ဖြစ်ပါတယ်။ ဒါ့အပြင် Eternals ရုပ်ရှင်ကတော့ ယခင်က ကျွန်တော်တို့မြင်ဖူးနေကျ စူပါဟီးရိုးရုပ်ရှင်တွေနဲ့ မတူညီတဲ့ ပုံစံတွေကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။ ဒီရုပ်ရှင်ထဲမှာ ပါဝင်လာမယ့် သရုပ်ဆောင်တွေကလည်း နယ်ပယ်အမျိူးမျိူးမှာ အောင်မြင်နေကြသူတွေပဲ ဖြစ်ပါတယ်။ မကြာသေးခင်ကပဲ Eternals ရဲ့ ထွေလာ ထွက်ရှိလာခဲ့တာကြောင့် ဒီထွေလာထဲက easter egg တွေနဲ့ ဇာတ်လမ်းအကြောင်းတွေကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။

(1) Eternal များ ရောက်ရှိလာခြင်း
photo via screenrant

ကောမစ်ထဲမှာတော့ Celestial တွေဟာ သူတို့ကိုယ်သူတို့ ကာကွယ်ဖို့နဲ့ ကမ္ဘာပေါ်မှာရှိတဲ့ သူတို့ရဲ့ စမ်းသပ်မှုတွေကို ကာကွယ်ဖို့အတွက် Eternal တွေကို ဖန်တီးခဲ့တာ ဖြစ်ပါတယ်။ MCU ထဲမှာတော့ သူတို့ရဲ့ origin ကို ပြန်လည်ဖန်တီးသွားမယ်လို့ ထင်ရပါတယ်။ ဒါ့အပြင် Eternal တွေဟာ လူသားတွေကို ထိန်းသိမ်းပေးမယ့် ရှေးဟောင်း ဂြိုလ်သားတွေပုံစံမျိူးနဲ့ မဟုတ်ဘဲ လူသားမျိူးနွယ်ကို တိုးတက်လာဖို့ လမ်းပြသူတွေအဖြစ် ပြသထားပါတယ်။ ၂၀၁၉ ခုနှစ်က San Diego မြို့မှာ ပြုလုပ်ခဲ့တဲ့ Comic-Con ပွဲမှာတော့ Kumail Nanjiani ဟာ Eternal တွေရဲ့ origin နဲ့ ပတ်သက်ပြီး အနည်းငယ် ပြောပြထားတာ ရှိပါတယ်။

“ကျွန်တော်တို့ဟာ မကောင်းဆိုးဝါးတွေဖြစ်တဲ့ Deviant တွေရဲ့ ရန်ကနေ ကမ္ဘာမြေကို ကာကွယ်ဖို့ လွန်ခဲ့တဲ့ နှစ်ထောင်ပေါင်းများစွာတည်းက ရောက်လာခဲ့တာ ဖြစ်ပါတယ်။ အခုချိန်မှာတော့ ကျွန်တော်တို့က ကမ္ဘာပေါ်ကို ရောက်နေတာ နှစ်တွေကြာမြင့်နေပြီ ဖြစ်ပါတယ် … ” လို့ Kumail Nanjiani က ပြောပါတယ်။

ထွေလာထဲမှာတော့ လွန်ခဲ့တဲ့ နှစ်ထောင်ချီလောက်မှာ Eternal တွေရဲ့ ကိုယ်ပျောက်ယာဉ်ပျံကြီးဟာ လူတစ်စုအရှေ့မှာ ပေါ်လာတာကို မြင်တွေ့ရပါတယ်။ အဲ့ဒီယာဉ်ပျံကြီးဟာ ကိုယ်ပျောက်နိုင်စွမ်း ရှိတာကြောင့် အခုချိန်ထိတောင် တစ်နေရာရာမှာ ရှိနေနိုင်ပါသေးတယ်။ ဒါ့အပြင် ဒီယာဉ်ဟာ သူတို့ရဲ့ မစ်ရှင်တွေ ပြုလုပ်ဖို့အတွက် အခြေစိုက်စခန်းတစ်ခု ဆိုရင်လည်း မမှားပါဘူး။ အကြောင်းကတော့ Eternal တွေဟာ တစ်ကမ္ဘာလုံးမှာ ရှိနေတဲ့ လူသားမျိူးနွယ်တွေ အားလုံးကို လမ်းပြပေးရမှာကြောင့်ပဲ ဖြစ်ပါတယ်။

(2) ကမ္ဘာကြီးကို ငုံ့ကြည့်နေကြတဲ့ Sersi နဲ့ Ikaris
photo via screenrant

ဒီထွေလာရဲ့ အစပိုင်းမှာတော့ Gemma Chan သရုပ်ဆောင်ထားတဲ့ Sersi နဲ့ Richard Madden သရုပ်ဆောင်ထားတဲ့ Ikaris တို့က ကမ္ဘာကို ငေးကြည့်နေကြတာ တွေ့ရပါတယ်။ ကောမစ်ထဲမှာဆိုရင် Sersi ဟာ လူသားတွေနဲ့ ဆက်သွယ်မှုအရှိဆုံး Eternal တစ်ယောက် ဖြစ်ပြီး ၁၉၉၀ကျော်လောက်တုန်းကဆိုရင် Avengers အဖွဲ့ဝင်တောင် ဖြစ်ခဲ့ပါသေးတယ်။ ဒီအချက်တွေကြောင့်ပဲ Live Action ထဲမှာလည်း Sersi ဟာ ကမ္ဘာကြီးကို မြင်မြင်ချင်းမှာပဲ သဘောကျသွားပြီး ဒီဂြိုလ်ကို အစွမ်းကုန် ကာကွယ်ပေးသွားမယ့်ပုံစံကို မြင်တွေ့ရပါတယ်။ ဒါပေမယ့်လည်း Eternal တွေရဲ့ ခေါင်းဆောင်ဖြစ်တဲ့ Ikaris ကတော့ Sersi လောက် စိတ်ထားထက်သန်ပုံ မရပါဘူး။

(3) Angelina Jolie သရုပ်ဆောင်ထားတဲ့ Thena
photo via screenrant

နာမည်ကျော်မင်းသမီး Angelina Jolie ဟာ MCU ထဲမှာ Thena အဖြစ်နဲ့ စတင်ပါဝင်လာပြီ ဖြစ်ပါတယ်။ Thena ကတော့ Eternal တွေအတွက် သံတမန်တစ်ယောက် ဖြစ်ပြီး တခြားယဉ်ကျေးမှုတွေနဲ့ လူမှုအဖွဲ့အစည်းတွေကို နားလည်လာအောင် ကူညီပေးရသူ ဖြစ်ပါတယ်။ ဒီထွေလာထဲမှာတော့ Thena ကို ဝတ်စုံပြည့်နဲ့ မြင်ခဲ့ရပြီး ရင်သပ်ရှုမောရအောင် လှပနေတာကိုလည်း တွေ့ရပါတယ်။

ဒါ့အပြင် သူမရဲ့ဘေးမှာလည်း Cosmic Energy တွေကို တွေ့ခဲ့ရပါသေးတယ်။ ဒီလိုမျိူး Cosmic Energy တွေကို မိတ်ဆက်ပေးတာကလည်း MCU အတွက် အရေးကြီးတဲ့ အခန်းကဏ္ဍတစ်ခုပဲ ဖြစ်ပါတယ်။ အကြောင်းကတော့ Fantastic Four နဲ့ Galactus တို့လို ဇာတ်ကောင်တွေဟာ Cosmic Energy တွေနဲ့ ဆက်စပ်နေလို့ပဲ ဖြစ်ပါတယ်။

(4) Ajak
photo via screenrant

မင်းသမီးကြီး Salma Hayek ကတော့ Ajak ဆိုတဲ့ Eternal နေရာက ပါဝင်သရုပ်ဆောင်ထားပါတယ်။ ကောမစ်ထဲမှာတော့ Ajak ဟာ အမျိူးသား ဖြစ်နေပေမယ့်လည်း Live Action ထဲမှာတော့ အမျိူးသမီးအနေနဲ့ ပုံဖော်ထားပါတယ်။ Eternel တွေ ကမ္ဘာပေါ်ကို စတင်ရောက်ရှိလာတဲ့ အချိန်ကစပြီး လက်ရှိအချိန်ထိ Ajak ရဲ့ ဉာဏ်ပညာနဲ့ လမ်းပြမှုကို အသုံးပြုခဲ့ရပါတယ်။ သူမဟာ ဒဏ်ရာတွေကို ပြန်လည်ကုသနိုင်စွမ်း ရှိပြီး သူမ ကိုယ်တိုင်တင်မကဘဲ လူသားတွေနဲ့ Eternal တွေကိုပါ ပြန်လည်ကုသပေးနိုင်တဲ့အစွမ်း ရှိပါတယ်။ ဒါ့အပြင် သူမဟာ Celestial တွေနဲ့ ဆက်သွယ်နိုင်တဲ့ စွမ်းအားတစ်မျိူးကိုလည်း ပိုင်ဆိုင်ထားပါသေးတယ်။

(5) Cosmic Energy တွေကို လိုသလိုထိန်းချုပ်နေတဲ့ Phastos
photo via screenrant

Brian Tyree Henry ကတော့ Phastos ဆိုတဲ့ Eternal အနေနဲ့ ပါဝင်သရုပ်ဆောင်ထားပါတယ်။ Phastos ဟာ Eternal တွေအတွက် တီထွင်ဖန်တီးသူတစ်ယောက် ဖြစ်သလို လူသားတွေရဲ့ နည်းပညာတွေ တိုးတက်လာအောင် နောက်ကွယ်ကနေ ကူညီနေသူလည်း ဖြစ်ပါတယ်။ ဒီထွေလာထဲမှာတော့ Phastos ဟာ Cosmic Energy တွေကို ထိန်းချုပ်နေတာ တွေ့ရပါတယ်။ ဒါပေမယ့်လည်း သူဟာ အဲ့ဒီစွမ်းအင်တွေနဲ့ ဘာလုပ်ဖို့ ကြိုးစားနေတာလည်း ဆိုတာကိုတော့ မသိရသေးပါဘူး။

(6) MCU သမိုင်းထဲက Eternal များ
photo via screenrant

ဒီထွေလာထဲမှာတော့ Eternal တွေဟာ လူသားတွေရဲ့ နေထိုင်မှုစနစ်တွေနဲ့ ယဉ်ကျေးမှုတွေ တိုးတက်လာအောင် ဘယ်လိုမျိူး ပြုလုပ်ပေးခဲ့တယ်ဆိုတာကို ဇာတ်ဝင်ခန်းအနေနဲ့ရော နောက်ခံအသံတွေနဲ့ပါ ဖော်ပြထားပါတယ်။ Eternal တွေဟာ သူတို့ကိုယ်သူတို့ စောင့်ကြည့်သူတွေလို့ ပြောပေမယ့်လည်း တကယ်တော့ သူတို့ဟာ လူသားမျိုးနွယ် တိုးတက်လာဖို့အတွက် ကူညီပေးခဲ့သူတွေ ဖြစ်ပါတယ်။

ဒီလိုလုပ်ရပ်တွေကြောင့်ပဲ နောက်ပိုင်းမှာတော့ လူသားတွေဟာ Eternal တွေကို နတ်ဘုရားတွေလို ဆက်ဆံလာပါတော့တယ်။ ကောမစ်ထဲမှာတော့ Eternal တွေဟာ ဂရိနတ်ဘုရားတွေရဲ့ ဒဏ္ဍာရီတွေ ပေါ်ပေါက်လာဖို့အတွက် အရင်းခံ ဖြစ်စေခဲ့ပါတယ်။ ဥပမာဖော်ပြရရင် ဂရိနတ်ဘုရား Athena ဟာ Thena ရဲ့ နာမည်နဲ့ ဆင်တူနေသလို Ikaris ရဲ့ နာမည်ကလည်း Icarus နဲ့ ဆင်တူနေတာမျိူးတွေ ရှိပါတယ်။

(7) သဲကန္တာရကြီးကို ပြန်လည်ရှင်သန်လာအောင် ပြုလုပ်ပေးခဲ့တဲ့ Sersi
photo via screenrant

ကောမစ်ထဲကလိုပဲ ဒီထွေလာထဲမှာလည်း Sersi ဟာ တခြား Eternal တွေထက် လူသားတွေနဲ့ ပိုပြီးနီးနီးကပ်ကပ် နေထိုင်တာကို တွေ့ရပါတယ်။ ဇာတ်ဝင်ခန်းတစ်ခုမှာတော့ သဲကန္တာရလို နေရာတစ်ခုမှာ အပင်တွေ ပြန်လည်ရှင်သန်လာဖို့အတွက် Sersi ဟာ ဒြပ်ပစ္စည်းတွေကို ပြောင်းလဲနိုင်တဲ့ အစွမ်းကို အသုံးပြုကာ ရေတွေဖန်တီးလိုက်တာကို မြင်ခဲ့ရပါတယ်။

ဒီလိုအချက်တွေကြောင့်ပဲ လူသားတွေဟာ Eternal တွေကို နတ်ဘုရားအဖြစ် ကိုးကွယ်ကြတယ်ဆိုတာ အံ့ဩစရာတော့ မဟုတ်ပါဘူး။ ရှေးခေတ်တုန်းက လူသားတွေဟာ သားဆုပန်တာ၊ စိုက်ပျိူးရေးတွေ အောင်မြင်ဖို့အတွက် ဆုတောင်းတာတွေအပြင် တခြားအကြောင်းအရာတွေအတွက် နတ်ဘုရားတွေကို ကိုးကွယ်လေ့ရှိကြပါတယ်။ အဲ့ဒီနောက်မှာတော့ Sersi ဟာ လူသားမိသားစုတစ်ခုနဲ့ နေထိုင်တာကို မြင်တွေ့ရပြီး ကောင်မလေးတစ်ယောက်ကလည်း သူမရဲ့ ဆံပင်ကို ဖြီးပေးနေတာကို တွေ့ခဲ့ရပါတယ်။

(8) Cosmic Energy ကို အသုံးပြုပြီး လက်နက်ဖန်တီးနိုင်တဲ့ Thena
photo via screenrant

Angelina Jolie သရုပ်ဆောင်ထားတဲ့ Thena ကတော့ ဒီဇာတ်လမ်းထဲမှာ လုံးဝကို ထင်ရှားနေတဲ့ ဇာတ်ကောင်တစ်ယောက်ပဲ ဖြစ်ပါတယ်။ သူမဟာ Cosmic Energy တွေကို အသုံးပြုကာ သူမရဲ့စိတ်ကူးထဲက လက်နက်ကို ဖန်တီးနိုင်စွမ်း ရှိပါတယ်။ ကောမစ်ထဲမှာတော့ သူမအကြိုက်ဆုံး လက်နက်ဟာ တောင်ဝှေးလိုမျိူး လက်နက်တစ်ခု ဖြစ်ပြီး ဒီထွေလာထဲမှာလည်း အဲ့ဒီလက်နက်ကို MCU ဗားရှင်းအနေနဲ့ တွေ့လိုက်ရပါတယ်။

(9) ဘေဘီလုံမြို့
photo via screenrant

ဒီထွေလာထဲမှာတော့ ဘေဘီလုံမြို့ရဲ့ ဂိတ်တံခါးကြီးကိုလည်း မြင်တွေ့ခဲ့ရပါတယ်။ ဒါ့အပြင် နောက်ခံအသံကလည်း Eternal တွေနဲ့ ကမ္ဘာပေါ်က အံ့ဖွယ်ခုနှစ်ပါးဟာ ဆက်စပ်နေနိုင်ကြောင်း အရိပ်အမြွက် ပြောသွားပါတယ်။ ဒါတင်မကသေးဘဲ ဘေဘီလုံမြို့ဟာ Eternal တွေရဲ့ ဇာတ်လမ်းအတွက် အရေးပါတဲ့ နေရာတစ်ခုလည်း ဖြစ်ပါတယ်။ အကြောင်းကတော့ အဲ့ဒီမြို့မှာပဲ Thena ဟာ Deviant စစ်တပ်ခေါင်းဆောင်ဖြစ်တဲ့ Kro နဲ့ အငြင်းပွားစရာ အချစ်ဇာတ်လမ်း စတင်ခဲ့လို့ပဲ ဖြစ်ပါတယ်။ ဒါကြောင့်ပဲ Live Action ထဲမှာလည်း Kro ပါဝင်လာနိုင်ချေ ရှိပါတယ်။

ဒါ့အပြင် Eternal တစ်ယောက်ဖြစ်သူ Gilgamesh ဟာလည်း ဘေဘီလုံမြို့နဲ့ ဆက်စပ်နေပါသေးတယ်။ သူ့ရဲ့ နာမည်ကိုက ဘေဘီလုံမြို့ရဲ့ ရှေးဟောင်းကဗျာကနေ ဆင်းသက်လာတာ ဖြစ်ပါတယ်။ ကောမစ်တစ်ခုထဲမှာတော့ Captain America ဟာ အတိတ်ကို အချိန်ခရီးသွားပြီး ဘေဘီလုံမြို့ကို ဂြိုလ်သားတွေရန်က ကာကွယ်ဖို့အတွက် Gilgamesh နဲ့ ပူးပေါင်းခဲ့ဖူးပါသေးတယ်။

(10) Makkari
photo via screenrant

Lauren Ridloff သရုပ်ဆောင်ထားတဲ့ Makkari ကိုလည်း ဒီထွေလာထဲမှာ မြင်တွေ့ခဲ့ရပါတယ်။ Makkari ဟာ ကောမစ်ထဲမှာတော့ အမျိူးသားဖြစ်ပေမယ့် Live Action ထဲမှာတော့ အမျိူးသမီးအနေနဲ့ ပုံဖော်ထားပါတယ်။ သူမဟာ စကြဝဠာတစ်ခုလုံးမှာ အမြန်ဆုံး အမျိူးသမီးတစ်ယောက် ဖြစ်သလို MCU ရဲ့ ပထမဆုံး အကြားအာရုံ ချို့ယွင်းနေတဲ့ စူပါဟီးရိုးတစ်ယောက်လည်း ဖြစ်ပါတယ်။ ဒါပေမယ့်လည်း သူမဟာ ဒီဇာတ်လမ်းထဲမှာတော့ ဘယ်လိုနေရာမှာ ပါဝင်လာမလည်းဆိုတာကို မသိရသေးပါဘူး။

ဖြစ်နိုင်ချေ ရှိတာကတော့ သူမဟာ Eternal တွေအတွက် ရှေ့တော်ပြေးအနေနဲ့ ပါဝင်လာနိုင်ပါတယ်။ ထွေလာထဲမှာတော့ သူမကို Eternal တွေရဲ့ ယာဉ်ပျံပေါ်မှာ စာအုပ်တစ်အုပ်ကို အလွန်လျင်မြင်တဲ့ အရှိန်နဲ့ ဖတ်နေတာကို တွေ့ခဲ့ရပါတယ်။ ဒါကြောင့်ပဲ Eternal တွေဟာ သူတို့တွေနဲ့ တွေ့ဆုံဖူးခဲ့တဲ့ လူမှုအဖွဲ့အစည်းတိုင်းဆီက ပစ္စည်းတွေကို သိမ်းဆည်းထားတယ်လို့ ယူဆနိုင်ပါတယ်။

ဒါတင်မကသေးဘဲ အလယ်ခေတ်လောက်က အသုံးပြုခဲ့တဲ့ ဗြိတိန် ချပ်ဝတ်တန်ဆာကိုလည်း မြင်တွေ့ခဲ့ရပါတယ်။ ဒီအချက်ကတော့ Black Knight နဲ့ Camelot မြို့တို့ရဲ့ ဆက်နွယ်မှုကို အရိပ်အမြွက် ပြထားတာ ဖြစ်နိုင်ပါတယ်။ ဒါ့အပြင် မျက်စိလျင်ကြတဲ့ ပရိသတ်တချို့ကတော့ ဒီဇာတ်ဝင်ခန်းမှာပဲ Pop Tart ဆိုတဲ့ မုန့်ဘူးတွေကိုပါ မြင်တွေ့ခဲ့ကြပါတယ်။

(11) နှစ်ပေါင်းထောင်နဲ့ချီပြီး ကမ္ဘာပေါ်မှာ နေထိုင်နေကြတဲ့ Eternal များ
photo via screenrant

ဒီထွေလာရဲ့ အစပိုင်းမှာ အတိတ်ကာလကို ပြသခဲ့ပြီး အလယ်လောက်မှာတော့ ပစ္စပ္ပုန်ကာလကို ပြသခဲ့ပါတယ်။ အဲ့ဒီဇာတ်ဝင်ခန်းမှာတော့ Sersi ဟာ လူတွေကြားထဲမှာ လမ်းလျှောက်နေပြီး အနည်းငယ် နားလည်ရခက်နေပုံကို တွေ့ခဲ့ရပါတယ်။ Eternal တွေဟာ နှစ်ပေါင်းများစွာ လူတွေကြားထဲမှာ လျှို့ဝှက်စွာ နေထိုင်ရင်း တဖြည်းဖြည်းနဲ့ သူတို့ဘယ်သူလည်း ဆိုတာကိုပါ မေ့ပျောက်သွားခဲ့တယ်လို့ ယူဆလို့ရပါတယ်။ ဒီအချက်ကြောင့်ပဲ Avengers တွေ Thanos နဲ့ ရင်ဆိုင်နေရချိန်မှာ Eternal တွေ လာရောက်မကူညီနိုင်တာလို့ ယူဆနိုင်ပါတယ်။

(12) ဘေဘီလုံမြို့ ကျဆုံးခြင်း
photo via screenrant

အပေါ်မှာ ဖော်ပြထားသလို ပစ္စပ္ပုန်ကာလကို ဖော်ပြပြီးနောက်မှာတော့ ချက်ချင်းပဲ အတိတ်ကာလမှာ ဖြစ်ပျက်ခဲ့တဲ့ ဘေဘီလုံမြို့ရဲ့ ကျဆုံးခြင်းကိုပါ ဖော်ပြထားပါတယ်။ Eternal တွေဟာ လူသားတွေရဲ့ ယဉ်ကျေးမှုတွေ တိုးတက်လာအောင် နောက်ကွယ်ကနေ နှစ်ပေါင်းများစွာ ပြုလုပ်ပေးခဲ့ရတာကြောင့် သူတို့တွေဟာ စိတ်မကောင်းစရာတွေနဲ့ လူသားမျိူးနွယ်အပေါ်မှာ ကျရောက်လာတဲ့ အန္တရာယ်ပေါင်းများစွာကို နှစ်ပေါင်းထောင်နဲ့ချီပြီး ဘေးထွက်ကြည့်နေခဲ့ကြပါတယ်။ အခုချိန်မှသာ Eternal တွေဟာ ပုန်းကွယ်နေရာက ထွက်လာကြတဲ့ အချက်ကတော့ လူသားတွေ ရင်ဆိုင်ရမယ့် အန္တရာယ်ဟာ ယခင်က ကြုံတွေ့ခဲ့ဖူးတဲ့ အန္တရာယ်တွေထက် အဆပေါင်းများစွာ ပိုမိုဆိုးရွားနေတာကြောင့်ပဲ ဖြစ်ပါလိမ့်မယ်။

(13) Sprite
photo via screenrant

Lia McHugh သရုပ်ဆောင်ထားတဲ့ Sprite ကတော့ Eternal ထဲမှာ စိတ်ဝင်စားဖို့ အကောင်းဆုံး ဇာတ်ကောင်တစ်ယောက်လို့တောင် ပြောလို့ရပါတယ်။ Sprite ကတော့ ကလေးတစ်ယောက်ရဲ့ ခန္ဓာကိုယ်ထဲမှာ ထာဝရ ပိတ်မိနေတဲ့ Eternal တစ်ယောက်လည်း ဖြစ်ပါတယ်။ ကောမစ်ထဲမှာတော့ Eternal တွေရဲ့ ကျား၊မလိင်တွေဟာ ပြောင်းလဲသွားတတ်ပါတယ်။ ကောမစ်ထဲက Sprite ဟာ မူလက ယောကျာ်းလေး ဖြစ်ပေမယ့် နောက်ပိုင်းမှာတော့ မိန်းကလေးအဖြစ် ပြောင်းလဲသွားပါတယ်။

Live Action ထဲမှာတော့ Sprite ကို စလာကတည်းက မိန်းကလေးအနေနဲ့ပဲ ပုံဖော်ထားပါတယ်။ Sprite ဟာ အန္တရာယ်အများဆုံး Eternal တွေထဲကတစ်ယောက် ဖြစ်ပြီး တခြား Eternal တွေထက် ယုတ်မာတတ်သူ ဖြစ်ပါတယ်။ ကောမစ်ထဲမှာဆိုရင် သူမကို ကလေးတစ်ယောက်ရဲ့ ခန္ဓာကိုယ်ထဲမှာ ပိတ်ထားခဲ့သူကို လက်စားချေဖို့အတွက် Eternal တွေအကုန်လုံးရဲ့ မှတ်ဉာဏ်တွေကို လုယူခဲ့ဖူးပါတယ်။

(14) Druig
photo via screenrant

Barry Keoghan ကတော့ Druig လို့ခေါ်တဲ့ Eternal တစ်ယောက်နေရာမှာ ပါဝင်ထားပါတယ်။ Druig ကတော့ Eternal တွေရဲ့ လူသားတွေအပေါ် လွှမ်းမိုးမှုက တဖြည်းဖြည်း ကြီးမားလာတာကို သဘောမတူတာကြောင့် တစ်ယောက်တည်း ခွဲထွက်သွားသူ ဖြစ်ပါတယ်။ Druig ကတော့ တခြားသူတွေရဲ့ စိတ်ကို ထိန်းချုပ်နိုင်တဲ့ စွမ်းအား ပိုင်ဆိုင်ထားပြီး ထွေလာထဲမှာတော့ သူဟာ အစွန်းရောက် ဘာသာတစ်ခုရဲ့ ခေါင်းဆောင်တစ်ယောက် ဖြစ်လာပုံကို ဖော်ပြထားပါတယ်။

(15) Uni-Mind
photo via screenrant

Eternal တွေဟာ တစ်ယောက်ချင်းစီအနေနဲ့လည်း အလွန်စွမ်းအားကြီးမားတဲ့ မျိူးစိတ်တွေ ဖြစ်ကြပါတယ်။ ဒါပေမယ့်လည်း သူတို့ရဲ့ အကြီးမားဆုံး စွမ်းအားကတော့ သူတို့တစ်ယောက်ချင်းစီရဲ့ အသိစိတ်တွေကို စုပေါင်းကာ Uni-Mind လို့ခေါ်တဲ့ အသိစိတ်တစ်ခုတည်း ဖြစ်သွားအောင် ပြုလုပ်နိုင်စွမ်းပဲ ဖြစ်ပါတယ်။ Uni-Mind ကတော့ Eternal တစ်ယောက်ရဲ့ စွမ်းအားထက် အဆုံးအစမရှိ ပိုမိုစွမ်းအားကြီးမားပါတယ်။

ထွေလာထဲမှာလည်း Eternal တွေ စုပေါင်းပြီး Uni-Mind ဖြစ်အောင် ပြုလုပ်နေတာ တွေ့ခဲ့ရပါတယ်။ ကောမစ်ထဲက မူလဇာတ်ကြောင်းအတိုင်း ဆိုရင်တော့ Prime Eternal တွေကပဲ Uni-Mind ကို စတင်နိုင်တာ ဖြစ်ပါတယ်။ နောက်ပိုင်းမှာတော့ ဇာတ်ကြောင်း ပြောင်းလဲသွားပြီး Eternal တိုင်းဟာ ချိတ်ဆက်ပြီး Uni-Mind ကို ဖန်တီးနိုင်တာ ဖြစ်ပါတယ်။ MCU ထဲမှာတော့ မူလဇာတ်ကြောင်းထက် ဒုတိယဇာတ်ကြောင်းအတိုင်း ဖန်တီးသွားလိမ့်မယ်လို့ ယူဆရပါတယ်။

(16) Thena ရဲ့ ဓား
photo via screenrant

Eternal ရဲ့ ပထမဆုံး footage ထဲမှာတော့ Thena ဓားကိုင်ထားတဲ့ ဇာတ်ဝင်ခန်းဟာ အတော်လေး ထင်ရှားခဲ့ပါတယ်။ Thena ကိုင်ထားတဲ့ ရွှေရောင်တောက်ပနေတဲ့ ဓားကလည်း Cosmic Energy ကို အသုံးပြုကာ ဖန်တီးထားတာပဲ ဖြစ်နိုင်ပါတယ်။ ဒါပေမယ့်လည်း ဒီဇာတ်ဝင်ခန်းဟာ ဘယ်အချိန်ကာလလည်း ဆိုတာကိုတော့ မသိရသေးပါဘူး။

ရိုက်ကွင်းပေါ်က ဓာတ်ပုံအချို့ရဲ့ ဖော်ပြချက်အရ ဆိုရင်တော့ Thena ဟာ အလယ်ခေတ် အင်္ဂလန်နိုင်ငံနဲ့ ဆက်စပ်နေသေးတယ်လို့ သိရပါတယ်။ ဒါကြောင့် ဖြစ်နိုင်တာကတော့ သူမရဲ့ စွန့်စားခန်းတွေကနေတစ်ဆင့် Ebony Blade ဖြစ်ပေါ်လာတာ ဖြစ်နိုင်ပါတယ်။ Ebony Blade ကတော့ King Arthur ကိုင်ဆောင်တဲ့ Excalibur ရဲ့ ဆန့်ကျင်ဖက်ဖြစ်ပြီး လောလောဆယ်မှာတော့ Black Knight က ပိုင်ဆိုင်ထားပါတယ်။

(17) Ikaris နဲ့ Sersi တို့ကြားက အချစ်ရေး
photo via screenrant

Eternal ရဲ့ ထွေလာထဲမှာတော့ စိတ်ဝင်စားစရာ အချက်များစွာကို ဖော်ပြခဲ့သလို Ikaris နဲ့ Sersi တို့ကြားက အချစ်ရေးကိုလည်း ဖော်ပြခဲ့ပါတယ်။ သူတို့နှစ်ယောက်ဟာ ရာစုနှစ်နဲ့ ချီပြီး ချစ်ကျွမ်းဝင်ခဲ့ကြသူတွေလည်း ဖြစ်ပါတယ်။ ဒါကြောင့်ပဲ Sersi ဟာ သူတို့နှစ်ယောက်ရဲ့ ဆက်ဆံရေးကို အသုံးပြုကာ နောက်ဆုံးမစ်ရှင်တစ်ခုကို ပြုလုပ်ဖို့အတွက် Eternal တွေအားလုံးကို ပြန်လည်စုစည်းစေခဲ့ပါတယ်။

သူတို့နှစ်ယောက်ဟာ ရာစုနှစ်နဲ့ချီပြီး ချစ်ကြိုက်ခဲ့ကြပေမယ့်လည်း နောက်ပိုင်းမှာတော့ အကြောင်းအမျိူးမျိူးနဲ့ ပြတ်သွားနိုင်ချေ ရှိပါတယ်။ အကြောင်းကတော့ ကောမစ်ထဲမှာ Sersi နဲ့ Black Knight တို့ဟာ ချစ်သူတွေ ဖြစ်သွားကြလို့ပဲ ဖြစ်ပါတယ်။ ဒါတင်မကသေးဘဲ ရိုက်ကွင်းပေါ်က ဓာတ်ပုံတစ်ခုထဲမှာတော့ Kit Harington သရုပ်ဆောင်ထားတဲ့ Black Knight နဲ့ Gemma Chan သရုပ်ဆောင်ထားတဲ့ Sersi တို့ အကြင်နာပေးနေကြတာကို မြင်တွေ့ခဲ့ရလို့ပဲ ဖြစ်ပါတယ်။

(18) ဘောလိဝုဒ် သရုပ်ဆောင်ဖြစ်နေတဲ့ Eternal
photo via screenrant

Kumail Nanjiani ကတော့ Kingo ဆိုတဲ့ Eternal နေရာမှာ ပါဝင်သရုပ်ဆောင်ထားပါတယ်။ Kingo ဟာ ပစ္စပ္ပုန်ကာလမှာတော့ ဘောလိဝုဒ် သရုပ်ဆောင်တစ်ယောက်အနေနဲ့ အောင်မြင်မှု ရရှိနေပြီး ဆယ်လီတစ်ယောက်အနေနဲ့ ဘဝကို ဖြတ်သန်းနေပါတယ်။ ဒီထွေလာထဲမှာတော့ ဘောလိဝုဒ်ကို ရောက်ရှိနေတဲ့ Kingo ကိုလည်း အချိန်ခဏတာ ပြသသွားပါသေးတယ်။

(19) Atlantis မြို့နဲ့ ပတ်သက်နေနိုင်တဲ့ မီးတောင်ပေါက်ကွဲမှု
photo via screenrant

Eternal တွေဟာ နှစ်ထောင်ပေါင်းများစွာ အသက်ရှင်သန်နိုင်ပြီး သူတို့တွေဟာ အသက်လည်း ကြီးမလာသလို ပုံစံလည်း မပြောင်းလဲသွားတာကြောင့် တချို့ဇာတ်ဝင်ခန်းတွေကတော့ ဘယ်အချိန်မှာ ဖြစ်ပျက်နေတာလည်း ဆိုတာကို ခန့်မှန်းဖို့ မလွယ်ကူပါဘူး။

အထူးသဖြင့် ဒီထွေလာထဲမှာ ပြသခဲ့တဲ့ မီးတောင်ပေါက်ကွဲတဲ့ ဇာတ်ဝင်ခန်းဆိုရင် အတော်လေးကို ပြောရခက်ပါတယ်။ ဒါပေမယ့်လည်း အဲ့ဒီမီးတောင်ပေါက်ကွဲမှုဟာ Atlantis မြို့တော်ကြီးရဲ့ ဒဏ္ဍာရီတွေနဲ့ ပတ်သက်နေနိုင်ပါတယ်။ ကောမစ်ထဲမှာတော့ လွန်ခဲ့တဲ့ နှစ်တစ်သောင်းလောက်မှာ Lemuria တိုက်ပေါ်က Eternal တွေနဲ့ Deviant ရဲ့ ရှေးဟောင်းစစ်ပွဲဟာ အထွတ်အထိပ် ရောက်ရှိနေခဲ့ပါတယ်။

အဲ့ဒီအချိန်တုန်းကတော့ အလွန်တိုးတက်နေတဲ့ မျိူးနွယ်တွေဖြစ်တဲ့ Atlantean တွေက Lemuria တိုက်ကြီးကို အုပ်ချုပ်ခဲ့ပါတယ်။ Atlantis ဘုရင်ကြီးကတော့ ကျူးကျော်လာတဲ့ Deviant တွေကို တားဆီးဖို့အတွက် မီးတောင်တွေကို လက်နက်အနေနဲ့ အသုံးချခဲ့ပါတယ်။ အဲ့ဒီအချက်ကြောင့်ပဲ ဘယ်သူမှ မမျှော်လင့်ထားတဲ့ ငလျင်ကြီး ဖြစ်ပေါ်စေခဲ့ပါတယ်။ တချိန်တည်းမှာပဲ Deviant တွေကလည်း Celestial တွေကို သွားရောက် တိုက်ခိုက်နေပါတယ်။ အဲ့ဒီအချက်တွေ အားလုံးကြောင့် Atlantis မြို့တော်ကြီး ပါဝင်နေတဲ့ Lemuria တိုက်ကြီးတစ်ခုလုံးဟာ ရေအောက်ကို နစ်မြုပ်သွားပါတယ်။

ဒါပေမယ့်လည်း Atlantean တချို့ကတော့ သူတို့ရဲ့ တိုးတက်တဲ့ နည်းပညာတွေကြောင့် အသက်ရှင်သန်နိုင်ခဲ့ပါတယ်။ အဲ့ဒီနောက်မှာတော့ နတ်ဘုရားတွေရဲ့ ကောင်းချီးပေးမှုကြောင့် သူတို့တွေဟာ ရေနေမျိူးစိတ်တွေအဖြစ် ပြောင်းလဲသွားခဲ့ပါတယ်။ အရင်တုန်းက ထွက်ရှိခဲ့တဲ့ MCU ရုပ်ရှင်တွေထဲမှာလည်း Atlantis ရှိနေကြောင်းကို easter egg တွေအနေနဲ့ ပါဝင်ခဲ့ဖူးပြီး အခုအသစ်ထွက်ရှိလာမယ့် Eternal ထဲမှာတော့ Atlantis မြို့တော်ကြီး တကယ်ပါဝင်လာမလား ဆိုတာကို စောင့်ကြည့်ရမှာပဲ ဖြစ်ပါတယ်။

(20) စိတ်ထင်ရာစိုင်းနေတဲ့ Sprite
photo via screenrant

ဒီထွေလာထဲမှာတော့ Sprite ဟာ လေယာဉ်တစ်ခုပေါ်မှာ ကာရာအိုကေ ဆိုနေတာကို ခဏတာလေး မြင်တွေ့ခဲ့ရပါတယ်။ Sprite ရဲ့ နောက်က တံခါးမှာတော့ “K” ဆိုတဲ့ စာလုံးကို မြင်တွေ့ရပြီး အဲ့ဒီလေယာဉ်ဟာ Bollywood သရုပ်ဆောင် Kingo ရဲ့ လေယာဉ် ဖြစ်နိုင်ပါတယ်။ ဒါ့အပြင် သူမရဲ့ အရှေ့မှာတော့ လူသေအလောင်းတွေလို့ ယူဆလို့ရတဲ့ ပုံစံတွေကိုလည်း မြင်တွေ့ခဲ့ရပါတယ်။ ဒီအချက်ကြောင့်ပဲ ပရိသတ်တချို့ကတော့ Eternal ဇာတ်လမ်းရဲ့ တကယ့်ဗီလိန်က Sprite လို့ ယူဆနေကြသူတွေလည်း ရှိပါတယ်။

(21) Black Knight
photo via screenrant

Eternal ရဲ့ထွေလာထဲက ထူးခြားတဲ့ အချက်တစ်ခုကို ပြပါဆိုရင်တော့ Kit Harington သရုပ်ဆောင်ထားတဲ့ Black Knight ကို တစ်စက္ကန့်စာလောက်လေးပဲ ပြသသွားတာ ဖြစ်ပါတယ်။ ထွေလာ မတိုင်ခင်က ထွက်ရှိခဲ့တဲ့ footage ထဲမှာ ဆိုရင် Black Knight လုံးဝကို မပါဝင်ခဲ့ပါဘူး။

ဒီအချက်တွေကြောင့်ပဲ သူဟာ ဒီဇာတ်လမ်းထဲမှာ ဘယ်လိုနေရာက ပါဝင်လာမလည်း ဆိုတာကို မပြောနိုင်သေးပါဘူး။ သူ့ရဲ့ နာမည်အရင်းကတော့ Dane Whitman ဖြစ်ပြီး သိပ္ပံပညာရှင်တစ်ယောက်လည်း ဖြစ်ပါတယ်။ သူဟာ တစ်ရက်မှာတော့ အပေါ်မှာ ဖော်ပြခဲ့တဲ့ ကျိန်စာသင့်ဓား Ebony Blade ကို ရရှိခဲ့ပါတယ်။ အဲ့ဒီအချက်ကြောင့်ပဲ သူဟာ နောက်ပိုင်းမှာတော့ Black Knight ဖြစ်လာခဲ့တာပါ။

(22) Celestial များ ရောက်လာခြင်း
photo via screenrant

ဒီထွေလာရဲ့ ပြီးဆုံးခါနီးအချိန်မှာတော့ မုန်တိုင်းတိုက်တော့မလို ဖြစ်နေတဲ့ ကောင်းကင်ကြီးကို မြင်တွေ့ခဲ့ရပါတယ်။ ကောမစ်ထဲမှာတော့ Celestial တွေ ရောက်ရှိလာတဲ့အချိန်မှာ အခုလိုမျိူး မုန်တိုင်းတိုက်မလိုပုံစံ ဖြစ်ပေါ်လေ့ ရှိပါတယ်။ Celestial တွေကလည်း လူသားတွေကို အကဲဖြတ်ဖို့အတွက် ကမ္ဘာကို မကြာခဏ လာလေ့ရှိပါတယ်။ MCU ထဲမှာတော့ Celestial တွေဟာ မျိူးတုန်းသွားပြီဆိုတဲ့ ပုံစံမျိူးကို ပြသထားပါတယ်။

အကြောင်းကတော့ Guardians of the Galaxy 2 ထဲမှာ Ego ဟာ သူ့မျိူးနွယ်ရဲ့ နောက်ဆုံးလက်ကျန်လို့ ဖော်ပြခဲ့လို့ပဲ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း အဲ့ဒီအချက်ဟာ တကယ်မဟုတ်ဘဲ Celestial တွေက ကမ္ဘာကို ရောက်ရှိလာတာ ဖြစ်နိုင်ပါတယ်။ Celestial တွေဟာ လူသားတွေကို ကြည့်ရှုပြီး သူတို့အနေနဲ့ လက်မခံနိုင်စရာ တွေ့ရင် ဂြိုလ်တစ်ခုလုံးကို ဖျက်ဆီးပစ်နိုင်တာကြောင့် Eternal တွေဟာ ပုန်းကွယ်နေရာကနေ ထွက်ပေါ်လာတာလည်း ဖြစ်နိုင်ပါတယ်။

(23) ပြန်လည်ပေါင်းစည်းသွားတဲ့ Eternal များ
photo via screenrant

အခုတစ်ကြိမ်မှာ လူသားတွေအပေါ်ကို ကျရောက်လာမယ့် အန္တရာယ်က ဘာမှန်း သေချာမသိရသေးပေမယ့်လည်း ဒီဇာတ်ဝင်ခန်းထဲမှာတော့ Eternal တွေအားလုံးဟာ သူတို့ရဲ့ မတူညီမှုတွေကို ဘေးဖယ်ပြီး ပြန်လည်ပေါင်းစည်းသွားတာကို တွေ့ရပါတယ်။ ဒါ့အပြင် သူတို့တွေရဲ့ ကိုယ်ပိုင်ဝတ်စုံတွေကိုလည်း ဝတ်ဆင်ထားကြပါတယ်။ ဒါကြောင့်ပဲ Eternal တွေကို ဝတ်စုံပြည့်နဲ့ အတူတကွ မြင်တွေ့ရတာဟာ ဒီအကြိမ်က ပထမဆုံးပဲ ဖြစ်ပါတယ်။ Eternal နဲ့ တခြား MCU ရုပ်ရှင်တွေ မတူညီတဲ့အချက်ကတော့ Eternal ဟာ ဇာတ်ဝင်ခန်း အများစုကို တကယ့်နေရာတွေမှာ ရိုက်ကူးထားတာပဲ ဖြစ်ပါတယ်။

(24) Avengers တွေကို ဘယ်သူဦးဆောင်မလဲ?
photo via screenrant

Eternal ထွေလာရဲ့ နောက်ဆုံးမှာတော့ Eternal တွေဟာ အတူစားသောက်နေကြပြီး စကားပြောနေတာကို မြင်တွေ့ခဲ့ရပါတယ်။ သူတို့တွေ ပြောနေကြတာကတော့ Iron Man နဲ့ Captain Rogers တို့ မရှိတော့တာကြောင့် Avengers တွေကို ဘယ်သူက ဦးဆောင်သွားမလည်းဆိုတာပဲ ဖြစ်ပါတယ်။ ဒီအချက်ကြောင့်ပဲ Eternal ဇာတ်လမ်းဟာ MCU ရဲ့ အဓိက timeline ထဲမှာပဲ တည်ရှိတယ်ဆိုတာကို အတည်ပြုနိုင်ပါတယ်။ ဒါ့အပြင် သူတို့ဟာ Cap ကို “Captain Rogers” လို့ ခေါ်တာက အနည်းငယ် ထူးဆန်းနေပြီး ဖြစ်နိုင်တာကတော့ Eternal တွေနဲ့ Cap ဟာ ဒုတိယကမ္ဘာစစ်လိုမျိူး အဖြစ်အပျက်တစ်ခုအတွင်းမှာ တွေ့ခဲ့ကြဖူးပုံ ရပါတယ်။

ဒါကတော့ Eternals ထွေလာထဲက မြင်တွေ့ရသမျှ easter egg တွေနဲ့ နောက်ကွယ်က လူသိပ်မသိသေးတဲ့ အချက်တွေပဲ ဖြစ်ပါတယ်။ ဖတ်ပြီးလို့ နှစ်သက်တယ်ဆိုရင် မိတ်ဆွေတွေကိုလည်း မျှဝေပေးသွားပါဦး။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

(Zawgyi Version)

Marvel ဟာ Phase 4 ထဲမွာေတာ့ အရင္က ျမင္ဖူးေနက် စူပါဟီး႐ိုးေတြအျပင္ တျခားစူပါဟီး႐ိုးအသစ္ေတြကိုပါ မိတ္ဆက္သြားမွာ ျဖစ္ပါတယ္။ ဒါ့အျပင္ Eternals ႐ုပ္ရွင္ကေတာ့ ယခင္က ကြၽန္ေတာ္တို႔ျမင္ဖူးေနက် စူပါဟီး႐ိုး႐ုပ္ရွင္ေတြနဲ႔ မတူညီတဲ့ ပုံစံေတြကို ျမင္ေတြ႕ရမွာ ျဖစ္ပါတယ္။ ဒီ႐ုပ္ရွင္ထဲမွာ ပါဝင္လာမယ့္ သ႐ုပ္ေဆာင္ေတြကလည္း နယ္ပယ္အမ်ိဴးမ်ိဴးမွာ ေအာင္ျမင္ေနၾကသူေတြပဲ ျဖစ္ပါတယ္။ မၾကာေသးခင္ကပဲ Eternals ရဲ႕ ေထြလာ ထြက္ရွိလာခဲ့တာေၾကာင့္ ဒီေထြလာထဲက easter egg ေတြနဲ႔ ဇာတ္လမ္းအေၾကာင္းေတြကို ေဖာ္ျပေပးသြားမွာ ျဖစ္ပါတယ္။

(1) Eternal မ်ား ေရာက္ရွိလာျခင္း
photo via screenrant

ေကာမစ္ထဲမွာေတာ့ Celestial ေတြဟာ သူတို႔ကိုယ္သူတို႔ ကာကြယ္ဖို႔နဲ႔ ကမာၻေပၚမွာရွိတဲ့ သူတို႔ရဲ႕ စမ္းသပ္မႈေတြကို ကာကြယ္ဖို႔အတြက္ Eternal ေတြကို ဖန္တီးခဲ့တာ ျဖစ္ပါတယ္။ MCU ထဲမွာေတာ့ သူတို႔ရဲ႕ origin ကို ျပန္လည္ဖန္တီးသြားမယ္လို႔ ထင္ရပါတယ္။ ဒါ့အျပင္ Eternal ေတြဟာ လူသားေတြကို ထိန္းသိမ္းေပးမယ့္ ေရွးေဟာင္း ၿဂိဳလ္သားေတြပုံစံမ်ိဴးနဲ႔ မဟုတ္ဘဲ လူသားမ်ိဴးႏြယ္ကို တိုးတက္လာဖို႔ လမ္းျပသူေတြအျဖစ္ ျပသထားပါတယ္။ ၂၀၁၉ ခုႏွစ္က San Diego ၿမိဳ႕မွာ ျပဳလုပ္ခဲ့တဲ့ Comic-Con ပြဲမွာေတာ့ Kumail Nanjiani ဟာ Eternal ေတြရဲ႕ origin နဲ႔ ပတ္သက္ၿပီး အနည္းငယ္ ေျပာျပထားတာ ရွိပါတယ္။

“ကြၽန္ေတာ္တို႔ဟာ မေကာင္းဆိုးဝါးေတြျဖစ္တဲ့ Deviant ေတြရဲ႕ ရန္ကေန ကမာၻေျမကို ကာကြယ္ဖို႔ လြန္ခဲ့တဲ့ ႏွစ္ေထာင္ေပါင္းမ်ားစြာတည္းက ေရာက္လာခဲ့တာ ျဖစ္ပါတယ္။ အခုခ်ိန္မွာေတာ့ ကြၽန္ေတာ္တို႔က ကမာၻေပၚကို ေရာက္ေနတာ ႏွစ္ေတြၾကာျမင့္ေနၿပီ ျဖစ္ပါတယ္ … ” လို႔ Kumail Nanjiani က ေျပာပါတယ္။

ေထြလာထဲမွာေတာ့ လြန္ခဲ့တဲ့ ႏွစ္ေထာင္ခ်ီေလာက္မွာ Eternal ေတြရဲ႕ ကိုယ္ေပ်ာက္ယာဥ္ပ်ံႀကီးဟာ လူတစ္စုအေရွ႕မွာ ေပၚလာတာကို ျမင္ေတြ႕ရပါတယ္။ အဲ့ဒီယာဥ္ပ်ံႀကီးဟာ ကိုယ္ေပ်ာက္ႏိုင္စြမ္း ရွိတာေၾကာင့္ အခုခ်ိန္ထိေတာင္ တစ္ေနရာရာမွာ ရွိေနႏိုင္ပါေသးတယ္။ ဒါ့အျပင္ ဒီယာဥ္ဟာ သူတို႔ရဲ႕ မစ္ရွင္ေတြ ျပဳလုပ္ဖို႔အတြက္ အေျခစိုက္စခန္းတစ္ခု ဆိုရင္လည္း မမွားပါဘူး။ အေၾကာင္းကေတာ့ Eternal ေတြဟာ တစ္ကမာၻလုံးမွာ ရွိေနတဲ့ လူသားမ်ိဴးႏြယ္ေတြ အားလုံးကို လမ္းျပေပးရမွာေၾကာင့္ပဲ ျဖစ္ပါတယ္။

(2) ကမာၻႀကီးကို ငုံ႔ၾကည့္ေနၾကတဲ့ Sersi နဲ႔ Ikaris
photo via screenrant

ဒီေထြလာရဲ႕ အစပိုင္းမွာေတာ့ Gemma Chan သ႐ုပ္ေဆာင္ထားတဲ့ Sersi နဲ႔ Richard Madden သ႐ုပ္ေဆာင္ထားတဲ့ Ikaris တို႔က ကမာၻကို ေငးၾကည့္ေနၾကတာ ေတြ႕ရပါတယ္။ ေကာမစ္ထဲမွာဆိုရင္ Sersi ဟာ လူသားေတြနဲ႔ ဆက္သြယ္မႈအရွိဆုံး Eternal တစ္ေယာက္ ျဖစ္ၿပီး ၁၉၉၀ေက်ာ္ေလာက္တုန္းကဆိုရင္ Avengers အဖြဲ႕ဝင္ေတာင္ ျဖစ္ခဲ့ပါေသးတယ္။ ဒီအခ်က္ေတြေၾကာင့္ပဲ Live Action ထဲမွာလည္း Sersi ဟာ ကမာၻႀကီးကို ျမင္ျမင္ခ်င္းမွာပဲ သေဘာက်သြားၿပီး ဒီၿဂိဳလ္ကို အစြမ္းကုန္ ကာကြယ္ေပးသြားမယ့္ပုံစံကို ျမင္ေတြ႕ရပါတယ္။ ဒါေပမယ့္လည္း Eternal ေတြရဲ႕ ေခါင္းေဆာင္ျဖစ္တဲ့ Ikaris ကေတာ့ Sersi ေလာက္ စိတ္ထားထက္သန္ပုံ မရပါဘူး။

(3) Angelina Jolie သ႐ုပ္ေဆာင္ထားတဲ့ Thena
photo via screenrant

နာမည္ေက်ာ္မင္းသမီး Angelina Jolie ဟာ MCU ထဲမွာ Thena အျဖစ္နဲ႔ စတင္ပါဝင္လာၿပီ ျဖစ္ပါတယ္။ Thena ကေတာ့ Eternal ေတြအတြက္ သံတမန္တစ္ေယာက္ ျဖစ္ၿပီး တျခားယဥ္ေက်းမႈေတြနဲ႔ လူမႈအဖြဲ႕အစည္းေတြကို နားလည္လာေအာင္ ကူညီေပးရသူ ျဖစ္ပါတယ္။ ဒီေထြလာထဲမွာေတာ့ Thena ကို ဝတ္စုံျပည့္နဲ႔ ျမင္ခဲ့ရၿပီး ရင္သပ္ရႈေမာရေအာင္ လွပေနတာကိုလည္း ေတြ႕ရပါတယ္။

ဒါ့အျပင္ သူမရဲ႕ေဘးမွာလည္း Cosmic Energy ေတြကို ေတြ႕ခဲ့ရပါေသးတယ္။ ဒီလိုမ်ိဴး Cosmic Energy ေတြကို မိတ္ဆက္ေပးတာကလည္း MCU အတြက္ အေရးႀကီးတဲ့ အခန္းက႑တစ္ခုပဲ ျဖစ္ပါတယ္။ အေၾကာင္းကေတာ့ Fantastic Four နဲ႔ Galactus တို႔လို ဇာတ္ေကာင္ေတြဟာ Cosmic Energy ေတြနဲ႔ ဆက္စပ္ေနလို႔ပဲ ျဖစ္ပါတယ္။

(4) Ajak
photo via screenrant

မင္းသမီးႀကီး Salma Hayek ကေတာ့ Ajak ဆိုတဲ့ Eternal ေနရာက ပါဝင္သ႐ုပ္ေဆာင္ထားပါတယ္။ ေကာမစ္ထဲမွာေတာ့ Ajak ဟာ အမ်ိဴးသား ျဖစ္ေနေပမယ့္လည္း Live Action ထဲမွာေတာ့ အမ်ိဴးသမီးအေနနဲ႔ ပုံေဖာ္ထားပါတယ္။ Eternel ေတြ ကမာၻေပၚကို စတင္ေရာက္ရွိလာတဲ့ အခ်ိန္ကစၿပီး လက္ရွိအခ်ိန္ထိ Ajak ရဲ႕ ဉာဏ္ပညာနဲ႔ လမ္းျပမႈကို အသုံးျပဳခဲ့ရပါတယ္။ သူမဟာ ဒဏ္ရာေတြကို ျပန္လည္ကုသႏိုင္စြမ္း ရွိၿပီး သူမ ကိုယ္တိုင္တင္မကဘဲ လူသားေတြနဲ႔ Eternal ေတြကိုပါ ျပန္လည္ကုသေပးႏိုင္တဲ့အစြမ္း ရွိပါတယ္။ ဒါ့အျပင္ သူမဟာ Celestial ေတြနဲ႔ ဆက္သြယ္ႏိုင္တဲ့ စြမ္းအားတစ္မ်ိဴးကိုလည္း ပိုင္ဆိုင္ထားပါေသးတယ္။

(5) Cosmic Energy ေတြကို လိုသလိုထိန္းခ်ဳပ္ေနတဲ့ Phastos
photo via screenrant

Brian Tyree Henry ကေတာ့ Phastos ဆိုတဲ့ Eternal အေနနဲ႔ ပါဝင္သ႐ုပ္ေဆာင္ထားပါတယ္။ Phastos ဟာ Eternal ေတြအတြက္ တီထြင္ဖန္တီးသူတစ္ေယာက္ ျဖစ္သလို လူသားေတြရဲ႕ နည္းပညာေတြ တိုးတက္လာေအာင္ ေနာက္ကြယ္ကေန ကူညီေနသူလည္း ျဖစ္ပါတယ္။ ဒီေထြလာထဲမွာေတာ့ Phastos ဟာ Cosmic Energy ေတြကို ထိန္းခ်ဳပ္ေနတာ ေတြ႕ရပါတယ္။ ဒါေပမယ့္လည္း သူဟာ အဲ့ဒီစြမ္းအင္ေတြနဲ႔ ဘာလုပ္ဖို႔ ႀကိဳးစားေနတာလည္း ဆိုတာကိုေတာ့ မသိရေသးပါဘူး။

(6) MCU သမိုင္းထဲက Eternal မ်ား
photo via screenrant

ဒီေထြလာထဲမွာေတာ့ Eternal ေတြဟာ လူသားေတြရဲ႕ ေနထိုင္မႈစနစ္ေတြနဲ႔ ယဥ္ေက်းမႈေတြ တိုးတက္လာေအာင္ ဘယ္လိုမ်ိဴး ျပဳလုပ္ေပးခဲ့တယ္ဆိုတာကို ဇာတ္ဝင္ခန္းအေနနဲ႔ေရာ ေနာက္ခံအသံေတြနဲ႔ပါ ေဖာ္ျပထားပါတယ္။ Eternal ေတြဟာ သူတို႔ကိုယ္သူတို႔ ေစာင့္ၾကည့္သူေတြလို႔ ေျပာေပမယ့္လည္း တကယ္ေတာ့ သူတို႔ဟာ လူသားမ်ိဳးႏြယ္ တိုးတက္လာဖို႔အတြက္ ကူညီေပးခဲ့သူေတြ ျဖစ္ပါတယ္။

ဒီလိုလုပ္ရပ္ေတြေၾကာင့္ပဲ ေနာက္ပိုင္းမွာေတာ့ လူသားေတြဟာ Eternal ေတြကို နတ္ဘုရားေတြလို ဆက္ဆံလာပါေတာ့တယ္။ ေကာမစ္ထဲမွာေတာ့ Eternal ေတြဟာ ဂရိနတ္ဘုရားေတြရဲ႕ ဒ႑ာရီေတြ ေပၚေပါက္လာဖို႔အတြက္ အရင္းခံ ျဖစ္ေစခဲ့ပါတယ္။ ဥပမာေဖာ္ျပရရင္ ဂရိနတ္ဘုရား Athena ဟာ Thena ရဲ႕ နာမည္နဲ႔ ဆင္တူေနသလို Ikaris ရဲ႕ နာမည္ကလည္း Icarus နဲ႔ ဆင္တူေနတာမ်ိဴးေတြ ရွိပါတယ္။

(7) သဲကႏၲာရႀကီးကို ျပန္လည္ရွင္သန္လာေအာင္ ျပဳလုပ္ေပးခဲ့တဲ့ Sersi
photo via screenrant

ေကာမစ္ထဲကလိုပဲ ဒီေထြလာထဲမွာလည္း Sersi ဟာ တျခား Eternal ေတြထက္ လူသားေတြနဲ႔ ပိုၿပီးနီးနီးကပ္ကပ္ ေနထိုင္တာကို ေတြ႕ရပါတယ္။ ဇာတ္ဝင္ခန္းတစ္ခုမွာေတာ့ သဲကႏၲာရလို ေနရာတစ္ခုမွာ အပင္ေတြ ျပန္လည္ရွင္သန္လာဖို႔အတြက္ Sersi ဟာ ျဒပ္ပစၥည္းေတြကို ေျပာင္းလဲႏိုင္တဲ့ အစြမ္းကို အသုံးျပဳကာ ေရေတြဖန္တီးလိုက္တာကို ျမင္ခဲ့ရပါတယ္။

ဒီလိုအခ်က္ေတြေၾကာင့္ပဲ လူသားေတြဟာ Eternal ေတြကို နတ္ဘုရားအျဖစ္ ကိုးကြယ္ၾကတယ္ဆိုတာ အံ့ဩစရာေတာ့ မဟုတ္ပါဘူး။ ေရွးေခတ္တုန္းက လူသားေတြဟာ သားဆုပန္တာ၊ စိုက္ပ်ိဴးေရးေတြ ေအာင္ျမင္ဖို႔အတြက္ ဆုေတာင္းတာေတြအျပင္ တျခားအေၾကာင္းအရာေတြအတြက္ နတ္ဘုရားေတြကို ကိုးကြယ္ေလ့ရွိၾကပါတယ္။ အဲ့ဒီေနာက္မွာေတာ့ Sersi ဟာ လူသားမိသားစုတစ္ခုနဲ႔ ေနထိုင္တာကို ျမင္ေတြ႕ရၿပီး ေကာင္မေလးတစ္ေယာက္ကလည္း သူမရဲ႕ ဆံပင္ကို ၿဖီးေပးေနတာကို ေတြ႕ခဲ့ရပါတယ္။

(8) Cosmic Energy ကို အသုံးျပဳၿပီး လက္နက္ဖန္တီးႏိုင္တဲ့ Thena
photo via screenrant

Angelina Jolie သ႐ုပ္ေဆာင္ထားတဲ့ Thena ကေတာ့ ဒီဇာတ္လမ္းထဲမွာ လုံးဝကို ထင္ရွားေနတဲ့ ဇာတ္ေကာင္တစ္ေယာက္ပဲ ျဖစ္ပါတယ္။ သူမဟာ Cosmic Energy ေတြကို အသုံးျပဳကာ သူမရဲ႕စိတ္ကူးထဲက လက္နက္ကို ဖန္တီးႏိုင္စြမ္း ရွိပါတယ္။ ေကာမစ္ထဲမွာေတာ့ သူမအႀကိဳက္ဆုံး လက္နက္ဟာ ေတာင္ေဝွးလိုမ်ိဴး လက္နက္တစ္ခု ျဖစ္ၿပီး ဒီေထြလာထဲမွာလည္း အဲ့ဒီလက္နက္ကို MCU ဗားရွင္းအေနနဲ႔ ေတြ႕လိုက္ရပါတယ္။

(9) Babylon
photo via screenrant

ဒီေထြလာထဲမွာေတာ့ ေဘဘီလုံၿမိဳ႕ရဲ႕ ဂိတ္တံခါးႀကီးကိုလည္း ျမင္ေတြ႕ခဲ့ရပါတယ္။ ဒါ့အျပင္ ေနာက္ခံအသံကလည္း Eternal ေတြနဲ႔ ကမာၻေပၚက အံ့ဖြယ္ခုႏွစ္ပါးဟာ ဆက္စပ္ေနႏိုင္ေၾကာင္း အရိပ္အႁမြက္ ေျပာသြားပါတယ္။ ဒါတင္မကေသးဘဲ ေဘဘီလုံၿမိဳ႕ဟာ Eternal ေတြရဲ႕ ဇာတ္လမ္းအတြက္ အေရးပါတဲ့ ေနရာတစ္ခုလည္း ျဖစ္ပါတယ္။ အေၾကာင္းကေတာ့ အဲ့ဒီၿမိဳ႕မွာပဲ Thena ဟာ Deviant စစ္တပ္ေခါင္းေဆာင္ျဖစ္တဲ့ Kro နဲ႔ အျငင္းပြားစရာ အခ်စ္ဇာတ္လမ္း စတင္ခဲ့လို႔ပဲ ျဖစ္ပါတယ္။ ဒါေၾကာင့္ပဲ Live Action ထဲမွာလည္း Kro ပါဝင္လာႏိုင္ေခ် ရွိပါတယ္။

ဒါ့အျပင္ Eternal တစ္ေယာက္ျဖစ္သူ Gilgamesh ဟာလည္း ေဘဘီလုံၿမိဳ႕နဲ႔ ဆက္စပ္ေနပါေသးတယ္။ သူ႔ရဲ႕ နာမည္ကိုက ေဘဘီလုံၿမိဳ႕ရဲ႕ ေရွးေဟာင္းကဗ်ာကေန ဆင္းသက္လာတာ ျဖစ္ပါတယ္။ ေကာမစ္တစ္ခုထဲမွာေတာ့ Captain America ဟာ အတိတ္ကို အခ်ိန္ခရီးသြားၿပီး ေဘဘီလုံၿမိဳ႕ကို ၿဂိဳလ္သားေတြရန္က ကာကြယ္ဖို႔အတြက္ Gilgamesh နဲ႔ ပူးေပါင္းခဲ့ဖူးပါေသးတယ္။

(10) Makkari
photo via screenrant

Lauren Ridloff သ႐ုပ္ေဆာင္ထားတဲ့ Makkari ကိုလည္း ဒီေထြလာထဲမွာ ျမင္ေတြ႕ခဲ့ရပါတယ္။ Makkari ဟာ ေကာမစ္ထဲမွာေတာ့ အမ်ိဴးသားျဖစ္ေပမယ့္ Live Action ထဲမွာေတာ့ အမ်ိဴးသမီးအေနနဲ႔ ပုံေဖာ္ထားပါတယ္။ သူမဟာ စၾကဝဠာတစ္ခုလုံးမွာ အျမန္ဆုံး အမ်ိဴးသမီးတစ္ေယာက္ ျဖစ္သလို MCU ရဲ႕ ပထမဆုံး အၾကားအာ႐ုံ ခ်ိဳ႕ယြင္းေနတဲ့ စူပါဟီး႐ိုးတစ္ေယာက္လည္း ျဖစ္ပါတယ္။ ဒါေပမယ့္လည္း သူမဟာ ဒီဇာတ္လမ္းထဲမွာေတာ့ ဘယ္လိုေနရာမွာ ပါဝင္လာမလည္းဆိုတာကို မသိရေသးပါဘူး။

ျဖစ္ႏိုင္ေခ် ရွိတာကေတာ့ သူမဟာ Eternal ေတြအတြက္ ေရွ႕ေတာ္ေျပးအေနနဲ႔ ပါဝင္လာႏိုင္ပါတယ္။ ေထြလာထဲမွာေတာ့ သူမကို Eternal ေတြရဲ႕ ယာဥ္ပ်ံေပၚမွာ စာအုပ္တစ္အုပ္ကို အလြန္လ်င္ျမင္တဲ့ အရွိန္နဲ႔ ဖတ္ေနတာကို ေတြ႕ခဲ့ရပါတယ္။ ဒါေၾကာင့္ပဲ Eternal ေတြဟာ သူတို႔ေတြနဲ႔ ေတြ႕ဆုံဖူးခဲ့တဲ့ လူမႈအဖြဲ႕အစည္းတိုင္းဆီက ပစၥည္းေတြကို သိမ္းဆည္းထားတယ္လို႔ ယူဆႏိုင္ပါတယ္။

ဒါတင္မကေသးဘဲ အလယ္ေခတ္ေလာက္က အသုံးျပဳခဲ့တဲ့ ၿဗိတိန္ ခ်ပ္ဝတ္တန္ဆာကိုလည္း ျမင္ေတြ႕ခဲ့ရပါတယ္။ ဒီအခ်က္ကေတာ့ Black Knight နဲ႔ Camelot ၿမိဳ႕တို႔ရဲ႕ ဆက္ႏြယ္မႈကို အရိပ္အႁမြက္ ျပထားတာ ျဖစ္ႏိုင္ပါတယ္။ ဒါ့အျပင္ မ်က္စိလ်င္ၾကတဲ့ ပရိသတ္တခ်ိဳ႕ကေတာ့ ဒီဇာတ္ဝင္ခန္းမွာပဲ Pop Tart ဆိုတဲ့ မုန႔္ဘူးေတြကိုပါ ျမင္ေတြ႕ခဲ့ၾကပါတယ္။

(11) ႏွစ္ေပါင္းေထာင္နဲ႔ခ်ီၿပီး ကမာၻေပၚမွာ ေနထိုင္ေနၾကတဲ့ Eternal မ်ား
photo via screenrant

ဒီေထြလာရဲ႕ အစပိုင္းမွာ အတိတ္ကာလကို ျပသခဲ့ၿပီး အလယ္ေလာက္မွာေတာ့ ပစၥပၸဳန္ကာလကို ျပသခဲ့ပါတယ္။ အဲ့ဒီဇာတ္ဝင္ခန္းမွာေတာ့ Sersi ဟာ လူေတြၾကားထဲမွာ လမ္းေလွ်ာက္ေနၿပီး အနည္းငယ္ နားလည္ရခက္ေနပုံကို ေတြ႕ခဲ့ရပါတယ္။ Eternal ေတြဟာ ႏွစ္ေပါင္းမ်ားစြာ လူေတြၾကားထဲမွာ လွ်ိဳ႕ဝွက္စြာ ေနထိုင္ရင္း တျဖည္းျဖည္းနဲ႔ သူတို႔ဘယ္သူလည္း ဆိုတာကိုပါ ေမ့ေပ်ာက္သြားခဲ့တယ္လို႔ ယူဆလို႔ရပါတယ္။ ဒီအခ်က္ေၾကာင့္ပဲ Avengers ေတြ Thanos နဲ႔ ရင္ဆိုင္ေနရခ်ိန္မွာ Eternal ေတြ လာေရာက္မကူညီႏိုင္တာလို႔ ယူဆႏိုင္ပါတယ္။

(12) Babylon ၿမိဳ႕ က်ဆုံးျခင္း
photo via screenrant

အေပၚမွာ ေဖာ္ျပထားသလို ပစၥပၸဳန္ကာလကို ေဖာ္ျပၿပီးေနာက္မွာေတာ့ ခ်က္ခ်င္းပဲ အတိတ္ကာလမွာ ျဖစ္ပ်က္ခဲ့တဲ့ ေဘဘီလုံၿမိဳ႕ရဲ႕ က်ဆုံးျခင္းကိုပါ ေဖာ္ျပထားပါတယ္။ Eternal ေတြဟာ လူသားေတြရဲ႕ ယဥ္ေက်းမႈေတြ တိုးတက္လာေအာင္ ေနာက္ကြယ္ကေန ႏွစ္ေပါင္းမ်ားစြာ ျပဳလုပ္ေပးခဲ့ရတာေၾကာင့္ သူတို႔ေတြဟာ စိတ္မေကာင္းစရာေတြနဲ႔ လူသားမ်ိဴးႏြယ္အေပၚမွာ က်ေရာက္လာတဲ့ အႏၲရာယ္ေပါင္းမ်ားစြာကို ႏွစ္ေပါင္းေထာင္နဲ႔ခ်ီၿပီး ေဘးထြက္ၾကည့္ေနခဲ့ၾကပါတယ္။ အခုခ်ိန္မွသာ Eternal ေတြဟာ ပုန္းကြယ္ေနရာက ထြက္လာၾကတဲ့ အခ်က္ကေတာ့ လူသားေတြ ရင္ဆိုင္ရမယ့္ အႏၲရာယ္ဟာ ယခင္က ႀကဳံေတြ႕ခဲ့ဖူးတဲ့ အႏၲရာယ္ေတြထက္ အဆေပါင္းမ်ားစြာ ပိုမိုဆိုး႐ြားေနတာေၾကာင့္ပဲ ျဖစ္ပါလိမ့္မယ္။

(13) Sprite
photo via screenrant

Lia McHugh သ႐ုပ္ေဆာင္ထားတဲ့ Sprite ကေတာ့ Eternal ထဲမွာ စိတ္ဝင္စားဖို႔ အေကာင္းဆုံး ဇာတ္ေကာင္တစ္ေယာက္လို႔ေတာင္ ေျပာလို႔ရပါတယ္။ Sprite ကေတာ့ ကေလးတစ္ေယာက္ရဲ႕ ခႏၶာကိုယ္ထဲမွာ ထာဝရ ပိတ္မိေနတဲ့ Eternal တစ္ေယာက္လည္း ျဖစ္ပါတယ္။ ေကာမစ္ထဲမွာေတာ့ Eternal ေတြရဲ႕ က်ား၊မလိင္ေတြဟာ ေျပာင္းလဲသြားတတ္ပါတယ္။ ေကာမစ္ထဲက Sprite ဟာ မူလက ေယာက်ာ္းေလး ျဖစ္ေပမယ့္ ေနာက္ပိုင္းမွာေတာ့ မိန္းကေလးအျဖစ္ ေျပာင္းလဲသြားပါတယ္။

Live Action ထဲမွာေတာ့ Sprite ကို စလာကတည္းက မိန္းကေလးအေနနဲ႔ပဲ ပုံေဖာ္ထားပါတယ္။ Sprite ဟာ အႏၲရာယ္အမ်ားဆုံး Eternal ေတြထဲကတစ္ေယာက္ ျဖစ္ၿပီး တျခား Eternal ေတြထက္ ယုတ္မာတတ္သူ ျဖစ္ပါတယ္။ ေကာမစ္ထဲမွာဆိုရင္ သူမကို ကေလးတစ္ေယာက္ရဲ႕ ခႏၶာကိုယ္ထဲမွာ ပိတ္ထားခဲ့သူကို လက္စားေခ်ဖို႔အတြက္ Eternal ေတြအကုန္လုံးရဲ႕ မွတ္ဉာဏ္ေတြကို လုယူခဲ့ဖူးပါတယ္။

(14) Druig
photo via screenrant

Barry Keoghan ကေတာ့ Druig လို႔ေခၚတဲ့ Eternal တစ္ေယာက္ေနရာမွာ ပါဝင္ထားပါတယ္။ Druig ကေတာ့ Eternal ေတြရဲ႕ လူသားေတြအေပၚ လႊမ္းမိုးမႈက တျဖည္းျဖည္း ႀကီးမားလာတာကို သေဘာမတူတာေၾကာင့္ တစ္ေယာက္တည္း ခြဲထြက္သြားသူ ျဖစ္ပါတယ္။ Druig ကေတာ့ တျခားသူေတြရဲ႕ စိတ္ကို ထိန္းခ်ဳပ္ႏိုင္တဲ့ စြမ္းအား ပိုင္ဆိုင္ထားၿပီး ေထြလာထဲမွာေတာ့ သူဟာ အစြန္းေရာက္ ဘာသာတစ္ခုရဲ႕ ေခါင္းေဆာင္တစ္ေယာက္ ျဖစ္လာပုံကို ေဖာ္ျပထားပါတယ္။

(15) Uni-Mind
photo via screenrant

Eternal ေတြဟာ တစ္ေယာက္ခ်င္းစီအေနနဲ႔လည္း အလြန္စြမ္းအားႀကီးမားတဲ့ မ်ိဴးစိတ္ေတြ ျဖစ္ၾကပါတယ္။ ဒါေပမယ့္လည္း သူတို႔ရဲ႕ အႀကီးမားဆုံး စြမ္းအားကေတာ့ သူတို႔တစ္ေယာက္ခ်င္းစီရဲ႕ အသိစိတ္ေတြကို စုေပါင္းကာ Uni-Mind လို႔ေခၚတဲ့ အသိစိတ္တစ္ခုတည္း ျဖစ္သြားေအာင္ ျပဳလုပ္ႏိုင္စြမ္းပဲ ျဖစ္ပါတယ္။ Uni-Mind ကေတာ့ Eternal တစ္ေယာက္ရဲ႕ စြမ္းအားထက္ အဆုံးအစမရွိ ပိုမိုစြမ္းအားႀကီးမားပါတယ္။

ေထြလာထဲမွာလည္း Eternal ေတြ စုေပါင္းၿပီး Uni-Mind ျဖစ္ေအာင္ ျပဳလုပ္ေနတာ ေတြ႕ခဲ့ရပါတယ္။ ေကာမစ္ထဲက မူလဇာတ္ေၾကာင္းအတိုင္း ဆိုရင္ေတာ့ Prime Eternal ေတြကပဲ Uni-Mind ကို စတင္ႏိုင္တာ ျဖစ္ပါတယ္။ ေနာက္ပိုင္းမွာေတာ့ ဇာတ္ေၾကာင္း ေျပာင္းလဲသြားၿပီး Eternal တိုင္းဟာ ခ်ိတ္ဆက္ၿပီး Uni-Mind ကို ဖန္တီးႏိုင္တာ ျဖစ္ပါတယ္။ MCU ထဲမွာေတာ့ မူလဇာတ္ေၾကာင္းထက္ ဒုတိယဇာတ္ေၾကာင္းအတိုင္း ဖန္တီးသြားလိမ့္မယ္လို႔ ယူဆရပါတယ္။

(16) Thena ရဲ႕ ဓား
photo via screenrant

Eternal ရဲ႕ ပထမဆုံး footage ထဲမွာေတာ့ Thena ဓားကိုင္ထားတဲ့ ဇာတ္ဝင္ခန္းဟာ အေတာ္ေလး ထင္ရွားခဲ့ပါတယ္။ Thena ကိုင္ထားတဲ့ ေ႐ႊေရာင္ေတာက္ပေနတဲ့ ဓားကလည္း Cosmic Energy ကို အသုံးျပဳကာ ဖန္တီးထားတာပဲ ျဖစ္ႏိုင္ပါတယ္။ ဒါေပမယ့္လည္း ဒီဇာတ္ဝင္ခန္းဟာ ဘယ္အခ်ိန္ကာလလည္း ဆိုတာကိုေတာ့ မသိရေသးပါဘူး။

႐ိုက္ကြင္းေပၚက ဓာတ္ပုံအခ်ိဳ႕ရဲ႕ ေဖာ္ျပခ်က္အရ ဆိုရင္ေတာ့ Thena ဟာ အလယ္ေခတ္ အဂၤလန္ႏိုင္ငံနဲ႔ ဆက္စပ္ေနေသးတယ္လို႔ သိရပါတယ္။ ဒါေၾကာင့္ ျဖစ္ႏိုင္တာကေတာ့ သူမရဲ႕ စြန႔္စားခန္းေတြကေနတစ္ဆင့္ Ebony Blade ျဖစ္ေပၚလာတာ ျဖစ္ႏိုင္ပါတယ္။ Ebony Blade ကေတာ့ King Arthur ကိုင္ေဆာင္တဲ့ Excalibur ရဲ႕ ဆန႔္က်င္ဖက္ျဖစ္ၿပီး ေလာေလာဆယ္မွာေတာ့ Black Knight က ပိုင္ဆိုင္ထားပါတယ္။

(17) Ikaris နဲ႔ Sersi တို႔ၾကားက အခ်စ္ေရး
photo via screenrant

Eternal ရဲ႕ ေထြလာထဲမွာေတာ့ စိတ္ဝင္စားစရာ အခ်က္မ်ားစြာကို ေဖာ္ျပခဲ့သလို Ikaris နဲ႔ Sersi တို႔ၾကားက အခ်စ္ေရးကိုလည္း ေဖာ္ျပခဲ့ပါတယ္။ သူတို႔ႏွစ္ေယာက္ဟာ ရာစုႏွစ္နဲ႔ ခ်ီၿပီး ခ်စ္ကြၽမ္းဝင္ခဲ့ၾကသူေတြလည္း ျဖစ္ပါတယ္။ ဒါေၾကာင့္ပဲ Sersi ဟာ သူတို႔ႏွစ္ေယာက္ရဲ႕ ဆက္ဆံေရးကို အသုံးျပဳကာ ေနာက္ဆုံးမစ္ရွင္တစ္ခုကို ျပဳလုပ္ဖို႔အတြက္ Eternal ေတြအားလုံးကို ျပန္လည္စုစည္းေစခဲ့ပါတယ္။

သူတို႔ႏွစ္ေယာက္ဟာ ရာစုႏွစ္နဲ႔ခ်ီၿပီး ခ်စ္ႀကိဳက္ခဲ့ၾကေပမယ့္လည္း ေနာက္ပိုင္းမွာေတာ့ အေၾကာင္းအမ်ိဴးမ်ိဴးနဲ႔ ျပတ္သြားႏိုင္ေခ် ရွိပါတယ္။ အေၾကာင္းကေတာ့ ေကာမစ္ထဲမွာ Sersi နဲ႔ Black Knight တို႔ဟာ ခ်စ္သူေတြ ျဖစ္သြားၾကလို႔ပဲ ျဖစ္ပါတယ္။ ဒါတင္မကေသးဘဲ ႐ိုက္ကြင္းေပၚက ဓာတ္ပုံတစ္ခုထဲမွာေတာ့ Kit Harington သ႐ုပ္ေဆာင္ထားတဲ့ Black Knight နဲ႔ Gemma Chan သ႐ုပ္ေဆာင္ထားတဲ့ Sersi တို႔ အၾကင္နာေပးေနၾကတာကို ျမင္ေတြ႕ခဲ့ရလို႔ပဲ ျဖစ္ပါတယ္။

(18) Bollywood သ႐ုပ္ေဆာင္ျဖစ္ေနတဲ့ Eternal
photo via screenrant

Kumail Nanjiani ကေတာ့ Kingo ဆိုတဲ့ Eternal ေနရာမွာ ပါဝင္သ႐ုပ္ေဆာင္ထားပါတယ္။ Kingo ဟာ ပစၥပၸဳန္ကာလမွာေတာ့ ေဘာလိဝုဒ္ သ႐ုပ္ေဆာင္တစ္ေယာက္အေနနဲ႔ ေအာင္ျမင္မႈ ရရွိေနၿပီး ဆယ္လီတစ္ေယာက္အေနနဲ႔ ဘဝကို ျဖတ္သန္းေနပါတယ္။ ဒီေထြလာထဲမွာေတာ့ ေဘာလိဝုဒ္ကို ေရာက္ရွိေနတဲ့ Kingo ကိုလည္း အခ်ိန္ခဏတာ ျပသသြားပါေသးတယ္။

(19) Atlantis ၿမိဳ႕နဲ႔ ပတ္သက္ေနႏိုင္တဲ့ မီးေတာင္ေပါက္ကြဲမႈ
photo via screenrant

Eternal ေတြဟာ ႏွစ္ေထာင္ေပါင္းမ်ားစြာ အသက္ရွင္သန္ႏိုင္ၿပီး သူတို႔ေတြဟာ အသက္လည္း ႀကီးမလာသလို ပုံစံလည္း မေျပာင္းလဲသြားတာေၾကာင့္ တခ်ိဳ႕ဇာတ္ဝင္ခန္းေတြကေတာ့ ဘယ္အခ်ိန္မွာ ျဖစ္ပ်က္ေနတာလည္း ဆိုတာကို ခန႔္မွန္းဖို႔ မလြယ္ကူပါဘူး။

အထူးသျဖင့္ ဒီေထြလာထဲမွာ ျပသခဲ့တဲ့ မီးေတာင္ေပါက္ကြဲတဲ့ ဇာတ္ဝင္ခန္းဆိုရင္ အေတာ္ေလးကို ေျပာရခက္ပါတယ္။ ဒါေပမယ့္လည္း အဲ့ဒီမီးေတာင္ေပါက္ကြဲမႈဟာ Atlantis ၿမိဳ႕ေတာ္ႀကီးရဲ႕ ဒ႑ာရီေတြနဲ႔ ပတ္သက္ေနႏိုင္ပါတယ္။ ေကာမစ္ထဲမွာေတာ့ လြန္ခဲ့တဲ့ ႏွစ္တစ္ေသာင္းေလာက္မွာ Lemuria တိုက္ေပၚက Eternal ေတြနဲ႔ Deviant ရဲ႕ ေရွးေဟာင္းစစ္ပြဲဟာ အထြတ္အထိပ္ ေရာက္ရွိေနခဲ့ပါတယ္။

အဲ့ဒီအခ်ိန္တုန္းကေတာ့ အလြန္တိုးတက္ေနတဲ့ မ်ိဴးႏြယ္ေတြျဖစ္တဲ့ Atlantean ေတြက Lemuria တိုက္ႀကီးကို အုပ္ခ်ဳပ္ခဲ့ပါတယ္။ Atlantis ဘုရင္ႀကီးကေတာ့ က်ဴးေက်ာ္လာတဲ့ Deviant ေတြကို တားဆီးဖို႔အတြက္ မီးေတာင္ေတြကို လက္နက္အေနနဲ႔ အသုံးခ်ခဲ့ပါတယ္။ အဲ့ဒီအခ်က္ေၾကာင့္ပဲ ဘယ္သူမွ မေမွ်ာ္လင့္ထားတဲ့ ငလ်င္ႀကီး ျဖစ္ေပၚေစခဲ့ပါတယ္။ တခ်ိန္တည္းမွာပဲ Deviant ေတြကလည္း Celestial ေတြကို သြားေရာက္ တိုက္ခိုက္ေနပါတယ္။ အဲ့ဒီအခ်က္ေတြ အားလုံးေၾကာင့္ Atlantis ၿမိဳ႕ေတာ္ႀကီး ပါဝင္ေနတဲ့ Lemuria တိုက္ႀကီးတစ္ခုလုံးဟာ ေရေအာက္ကို နစ္ျမဳပ္သြားပါတယ္။

ဒါေပမယ့္လည္း Atlantean တခ်ိဳ႕ကေတာ့ သူတို႔ရဲ႕ တိုးတက္တဲ့ နည္းပညာေတြေၾကာင့္ အသက္ရွင္သန္ႏိုင္ခဲ့ပါတယ္။ အဲ့ဒီေနာက္မွာေတာ့ နတ္ဘုရားေတြရဲ႕ ေကာင္းခ်ီးေပးမႈေၾကာင့္ သူတို႔ေတြဟာ ေရေနမ်ိဴးစိတ္ေတြအျဖစ္ ေျပာင္းလဲသြားခဲ့ပါတယ္။ အရင္တုန္းက ထြက္ရွိခဲ့တဲ့ MCU ႐ုပ္ရွင္ေတြထဲမွာလည္း Atlantis ရွိေနေၾကာင္းကို easter egg ေတြအေနနဲ႔ ပါဝင္ခဲ့ဖူးၿပီး အခုအသစ္ထြက္ရွိလာမယ့္ Eternal ထဲမွာေတာ့ Atlantis ၿမိဳ႕ေတာ္ႀကီး တကယ္ပါဝင္လာမလား ဆိုတာကို ေစာင့္ၾကည့္ရမွာပဲ ျဖစ္ပါတယ္။

(20) စိတ္ထင္ရာစိုင္းေနတဲ့ Sprite
photo via screenrant

ဒီေထြလာထဲမွာေတာ့ Sprite ဟာ ေလယာဥ္တစ္ခုေပၚမွာ ကာရာအိုေက ဆိုေနတာကို ခဏတာေလး ျမင္ေတြ႕ခဲ့ရပါတယ္။ Sprite ရဲ႕ ေနာက္က တံခါးမွာေတာ့ “K” ဆိုတဲ့ စာလုံးကို ျမင္ေတြ႕ရၿပီး အဲ့ဒီေလယာဥ္ဟာ Bollywood သ႐ုပ္ေဆာင္ Kingo ရဲ႕ ေလယာဥ္ ျဖစ္ႏိုင္ပါတယ္။ ဒါ့အျပင္ သူမရဲ႕ အေရွ႕မွာေတာ့ လူေသအေလာင္းေတြလို႔ ယူဆလို႔ရတဲ့ ပုံစံေတြကိုလည္း ျမင္ေတြ႕ခဲ့ရပါတယ္။ ဒီအခ်က္ေၾကာင့္ပဲ ပရိသတ္တခ်ိဳ႕ကေတာ့ Eternal ဇာတ္လမ္းရဲ႕ တကယ့္ဗီလိန္က Sprite လို႔ ယူဆေနၾကသူေတြလည္း ရွိပါတယ္။

(21) Black Knight
photo via screenrant

Eternal ရဲ႕ေထြလာထဲက ထူးျခားတဲ့ အခ်က္တစ္ခုကို ျပပါဆိုရင္ေတာ့ Kit Harington သ႐ုပ္ေဆာင္ထားတဲ့ Black Knight ကို တစ္စကၠန႔္စာေလာက္ေလးပဲ ျပသသြားတာ ျဖစ္ပါတယ္။ ေထြလာ မတိုင္ခင္က ထြက္ရွိခဲ့တဲ့ footage ထဲမွာ ဆိုရင္ Black Knight လုံးဝကို မပါဝင္ခဲ့ပါဘူး။

ဒီအခ်က္ေတြေၾကာင့္ပဲ သူဟာ ဒီဇာတ္လမ္းထဲမွာ ဘယ္လိုေနရာက ပါဝင္လာမလည္း ဆိုတာကို မေျပာႏိုင္ေသးပါဘူး။ သူ႔ရဲ႕ နာမည္အရင္းကေတာ့ Dane Whitman ျဖစ္ၿပီး သိပၸံပညာရွင္တစ္ေယာက္လည္း ျဖစ္ပါတယ္။ သူဟာ တစ္ရက္မွာေတာ့ အေပၚမွာ ေဖာ္ျပခဲ့တဲ့ က်ိန္စာသင့္ဓား Ebony Blade ကို ရရွိခဲ့ပါတယ္။ အဲ့ဒီအခ်က္ေၾကာင့္ပဲ သူဟာ ေနာက္ပိုင္းမွာေတာ့ Black Knight ျဖစ္လာခဲ့တာပါ။

(22) Celestial မ်ား ေရာက္လာျခင္း
photo via screenrant

ဒီေထြလာရဲ႕ ၿပီးဆုံးခါနီးအခ်ိန္မွာေတာ့ မုန္တိုင္းတိုက္ေတာ့မလို ျဖစ္ေနတဲ့ ေကာင္းကင္ႀကီးကို ျမင္ေတြ႕ခဲ့ရပါတယ္။ ေကာမစ္ထဲမွာေတာ့ Celestial ေတြ ေရာက္ရွိလာတဲ့အခ်ိန္မွာ အခုလိုမ်ိဴး မုန္တိုင္းတိုက္မလိုပုံစံ ျဖစ္ေပၚေလ့ ရွိပါတယ္။ Celestial ေတြကလည္း လူသားေတြကို အကဲျဖတ္ဖို႔အတြက္ ကမာၻကို မၾကာခဏ လာေလ့ရွိပါတယ္။ MCU ထဲမွာေတာ့ Celestial ေတြဟာ မ်ိဴးတုန္းသြားၿပီဆိုတဲ့ ပုံစံမ်ိဴးကို ျပသထားပါတယ္။

အေၾကာင္းကေတာ့ Guardians of the Galaxy 2 ထဲမွာ Ego ဟာ သူ႔မ်ိဴးႏြယ္ရဲ႕ ေနာက္ဆုံးလက္က်န္လို႔ ေဖာ္ျပခဲ့လို႔ပဲ ျဖစ္ပါတယ္။ ဒါေပမယ့္လည္း အဲ့ဒီအခ်က္ဟာ တကယ္မဟုတ္ဘဲ Celestial ေတြက ကမာၻကို ေရာက္ရွိလာတာ ျဖစ္ႏိုင္ပါတယ္။ Celestial ေတြဟာ လူသားေတြကို ၾကည့္ရႈၿပီး သူတို႔အေနနဲ႔ လက္မခံႏိုင္စရာ ေတြ႕ရင္ ၿဂိဳလ္တစ္ခုလုံးကို ဖ်က္ဆီးပစ္ႏိုင္တာေၾကာင့္ Eternal ေတြဟာ ပုန္းကြယ္ေနရာကေန ထြက္ေပၚလာတာလည္း ျဖစ္ႏိုင္ပါတယ္။

(23) ျပန္လည္ေပါင္းစည္းသြားတဲ့ Eternal မ်ား
photo via screenrant

အခုတစ္ႀကိမ္မွာ လူသားေတြအေပၚကို က်ေရာက္လာမယ့္ အႏၲရာယ္က ဘာမွန္း ေသခ်ာမသိရေသးေပမယ့္လည္း ဒီဇာတ္ဝင္ခန္းထဲမွာေတာ့ Eternal ေတြအားလုံးဟာ သူတို႔ရဲ႕ မတူညီမႈေတြကို ေဘးဖယ္ၿပီး ျပန္လည္ေပါင္းစည္းသြားတာကို ေတြ႕ရပါတယ္။ ဒါ့အျပင္ သူတို႔ေတြရဲ႕ ကိုယ္ပိုင္ဝတ္စုံေတြကိုလည္း ဝတ္ဆင္ထားၾကပါတယ္။ ဒါေၾကာင့္ပဲ Eternal ေတြကို ဝတ္စုံျပည့္နဲ႔ အတူတကြ ျမင္ေတြ႕ရတာဟာ ဒီအႀကိမ္က ပထမဆုံးပဲ ျဖစ္ပါတယ္။ Eternal နဲ႔ တျခား MCU ႐ုပ္ရွင္ေတြ မတူညီတဲ့အခ်က္ကေတာ့ Eternal ဟာ ဇာတ္ဝင္ခန္း အမ်ားစုကို တကယ့္ေနရာေတြမွာ ႐ိုက္ကူးထားတာပဲ ျဖစ္ပါတယ္။

(24) Avengers ေတြကို ဘယ္သူဦးေဆာင္မလဲ?
photo via screenrant

Eternal ေထြလာရဲ႕ ေနာက္ဆုံးမွာေတာ့ Eternal ေတြဟာ အတူစားေသာက္ေနၾကၿပီး စကားေျပာေနတာကို ျမင္ေတြ႕ခဲ့ရပါတယ္။ သူတို႔ေတြ ေျပာေနၾကတာကေတာ့ Iron Man နဲ႔ Captain Rogers တို႔ မရွိေတာ့တာေၾကာင့္ Avengers ေတြကို ဘယ္သူက ဦးေဆာင္သြားမလည္းဆိုတာပဲ ျဖစ္ပါတယ္။ ဒီအခ်က္ေၾကာင့္ပဲ Eternal ဇာတ္လမ္းဟာ MCU ရဲ႕ အဓိက timeline ထဲမွာပဲ တည္ရွိတယ္ဆိုတာကို အတည္ျပဳႏိုင္ပါတယ္။ ဒါ့အျပင္ သူတို႔ဟာ Cap ကို “Captain Rogers” လို႔ ေခၚတာက အနည္းငယ္ ထူးဆန္းေနၿပီး ျဖစ္ႏိုင္တာကေတာ့ Eternal ေတြနဲ႔ Cap ဟာ ဒုတိယကမာၻစစ္လိုမ်ိဴး အျဖစ္အပ်က္တစ္ခုအတြင္းမွာ ေတြ႕ခဲ့ၾကဖူးပုံ ရပါတယ္။

ဒါကေတာ့ Eternals ေထြလာထဲက ျမင္ေတြ႕ရသမွ် easter egg ေတြနဲ႔ ေနာက္ကြယ္က လူသိပ္မသိေသးတဲ့ အခ်က္ေတြပဲ ျဖစ္ပါတယ္။ ဖတ္ၿပီးလို႔ ႏွစ္သက္တယ္ဆိုရင္ မိတ္ေဆြေတြကိုလည္း မွ်ေဝေပးသြားပါဦး။

Legos

(ဆံရစ္ဝိုင္းဝက္ဘ္ဆိုဒ္တြင္ ေဖာ္ျပထားေသာ သတင္း၊ေဆာင္းပါးမ်ားကို အျခားမည္သည့္ ဝက္ဘ္ဆိုဒ္၊ Facebook စာမ်က္ႏွာတြင္မွ် ကူးယူေဖာ္ျပခြင့္ မျပဳပါေၾကာင္း အသိေပးအပ္ပါသည္။)

RELATED ARTICLES

Most Popular