HomeCelebs Update NewsInternationalBritney Spears ကိုစိုးရိမ်လို့ ရဲတွေကိုသွားစစ်ဆေးခိုင်းခဲ့တဲ့ fan များ

Britney Spears ကိုစိုးရိမ်လို့ ရဲတွေကိုသွားစစ်ဆေးခိုင်းခဲ့တဲ့ fan များ

နာမည်ကျော်အဆိုတော် Britney Spears ကတော့ ပရိသတ်တွေရဲ့ ချစ်ခြင်းမေတ္တာကို ကြောက်ခမန်းလိလိ ရရှိထားပါတယ်။ ဒါဟာ ပေါ့ပ်စူပါစတားတစ်ယောက်ကို သူမရဲ့အောင်မြင်ကျော်ကြားမှုကြောင့် လူတွေက အလေးပေးတာမျိုးထက် အဓိပ္ပာယ်ပိုပါတယ်။

အကြောင်းကတော့ Britney ရဲ့ပရိသတ်တွေဟာ သူမရဲ့အခြေအနေကို စိုးရိမ်တာကြောင့် ရဲအရာရှိတွေကို အကြောင်းကြားပြီး သူမရဲ့အိမ်အထိ သွားရောက်စစ်ဆေး ကြည့်ရှုခိုင်းခဲ့ကြလို့ပါပဲ။ Britney တစ်ယောက် သူမရဲ့အင်စတာဂရမ်အကောင့်ကို ဖျက်သွားတဲ့နောက်မှာတော့ ပရိသတ်တွေဟာ သူမအမှန်တကယ် အဆင်ပြေနေရဲ့လားဆိုတာ စိတ်ပူပင်ခဲ့ကြပြီး ရဲကို အကြောင်းကြားကာ သူမရဲ့နေအိမ်ကို သွားရောက်ကြည့်ရှုပေးဖို့ တောင်းဆိုခဲ့ကြတယ်လို့ သိရပါတယ်။

Photo: britney_spears_2023/ Instagram

“မနေ့က ည(၁၁)နာရီလောက်မှာ ကျွန်တော်တို့ ဖုန်းကောလ်တချို့ လက်ခံရရှိခဲ့ပါတယ်။ အဲဒါကတော့ Britney Spears ရဲ့ ပရိသတ်တွေက စခန်းကို ဆက်ကြတာပါ။ Britney က သူ့အင်စတာဂရမ်အကောင့်ကို ဖျက်သွားလို့ သူ့အခြေအနေ အဆင်ပြေရဲ့လားလို့ စိတ်ပူနေကြတာပါ။ အဲဒါနဲ့ တာဝန်ကျ ရဲအရာရှိတွေက သူမရဲ့နေအိမ်ကို သွားရောက် ကြည့်ရှုပေးခဲ့ကြပါတယ်။ သွားစစ်ဆေးခဲ့တဲ့ပုံအရ သူမမှာ အန္တရာယ်တစုံတရာ ရှိနေတာမျိုး မတွေ့ရပါဘူး …” လို့ Ventura County က ရဲအရာရှိက Hollywood Life သတင်းဌာနကို ဖြေကြားထားကြောင်း သိရပါတယ်။

Britney ဟာ ယခင်တုန်းကလည်း သူမရဲ့ဆိုရှယ်မီဒီယာအကောင့်တွေကို ဖျက်ခဲ့ဖူးပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဒီတစ်ခေါက်မှာတော့ ဒါဟာ ပိုလေးနက်တယ်လို့ ပရိသတ်တွေက ထင်နေကြပြီး စိတ်ပူကြတာကြောင့် ရဲကိုအကြောင်းကြားပြီး စစ်ဆေးခိုင်းခဲ့တာ ဖြစ်ပါတယ်။ ပရိသတ်တွေဟာ သူတို့ ရဲကိုအကြောင်းကြားနေတဲ့ ဖြစ်စဉ်ကိုလည်း ဆိုရှယ်မီဒီယာမှာ live လွှင့်ခဲ့ကြပါသေးတယ်။

Photo: britney_spears_2023/ Instagram

ပြီးခဲ့တဲ့ မတ်လတုန်းကလည်း Britney ရဲ့ အင်စတာဂရမ်အကောင့်ဟာ ကြိုတင်အသိပေးခြင်းမရှိဘဲ ပျောက်သွားခဲ့ပြီး ရက်အနည်းငယ်အကြာမှာတော့ ပြန်ပေါ်လာခဲ့ပါတယ်။ ဒါ့အပြင် ပြီးခဲ့တဲ့ စက်တင်ဘာလတုန်းကလည်း Sam Asghari နဲ့ စေ့စပ်ထားတဲ့အကြောင်း မပြောပြခင် နှစ်ရက်ခန့်အလိုမှာ သူမအကောင့်ဟာ ခဏလောက် ပျောက်သွားခဲ့ပါသေးတယ်။

ဆိုရှယ်မီဒီယာအကောင့်တွေကို ဖျက်တာ၊ ခဏရပ်ဆိုင်းတာဟာ တခြားဆယ်လီတွေအတွက်တော့ သာမန်ပဲ ဖြစ်နိုင်ပါတယ်။ သို့ပေမယ့် Britney ကတော့ သူမရဲ့ conservatorship နဲ့ နေထိုင်ခဲ့ရတဲ့ဘဝကို ပရိသတ်တွေရဲ့ ဆိုရှယ်မီဒီယာက ဖိအားနဲ့ လွတ်မြောက်နိုင်ခဲ့တာကြောင့် ပရိသတ်တွေကလည်း သူမရဲ့အခြေအနေ ကျန်းမာရဲ့လား၊ အဆင်ပြေရဲ့လားဆိုတာ အမြဲတမ်း ဂရုစိုက် ကြည့်ရှုပေးနေကြတာ ဖြစ်ပါတယ်။

Vancouver

Source: hollywoodlife

RELATED ARTICLES

Most Popular