HomeCelebs Update NewsInternationalAnt-Man ရုပ်ရှင်ကြောင့် ကလေးတွေရဲ့ချစ်ခင်မှုကို ပိုရနေတယ်ဆိုတဲ့ Evangeline Lilly

Ant-Man ရုပ်ရှင်ကြောင့် ကလေးတွေရဲ့ချစ်ခင်မှုကို ပိုရနေတယ်ဆိုတဲ့ Evangeline Lilly

Evangeline Lilly ကတော့ Marvel စူပါဟီးရိုးအဖြစ် သရုပ်ဆောင်ရတဲ့အတွက် လမ်းတွေပေါ် လျှောက်သွားတဲ့အခါ လူတွေရဲ့ ဝမ်းသာအားရ နှုတ်ဆက်တာကို ခံရပြီး သူမကလေးတွေရဲ့ မျက်စိထဲမှာလည်း “အရမ်းမိုက်တဲ့ အမေ”အဖြစ် ချစ်ခင်မှုတွေ ရရှိနေတဲ့အကြောင်း People မဂ္ဂဇင်းနဲ့ အင်တာဗျူးမှာ ပြောထားပါတယ်။

ဒီအကြောင်းကိုတော့ သူမဟာ မကြာသေးခင် ရက်ပိုင်းက Los Angeles မြို့မှာ ပြုလုပ်ခဲ့တဲ့ Ant-Man and the Wasp: Quantumania ရုပ်ရှင်ရဲ့ အထူးပွဲကို တက်ရောက်ရင်း ပြောသွားတာ ဖြစ်ပါတယ်။ အသက်(၄၃)နှစ်အရွယ် ရှိပြီဖြစ်တဲ့ Lilly မှာတော့ ကလေးနှစ်ယောက်လည်း ရှိပြီး Ant-Man ဇာတ်ကားထဲက သူမရဲ့ဇာတ်ကောင် Wasp ကြောင့် ကလေးတွေရဲ့ သဘောကျမှုကို ရရှိနေတယ်လို့ ဆိုပါတယ်။

Photo: evangelinelillyofficial/ Instagram

“ကလေးတွေဆီက အရမ်းမိုက်တယ်ဆိုတဲ့ အမှတ်ပေးစကားတွေ ရတာပေါ့။ ပြီးတော့ ဒီလိုအမှတ်ပေးတာမျိုးကို ကျွန်မသား အကြီးကောင်လေးဆီက အရမ်းကိုလိုအပ်နေတာလေ။ ဘာလို့လည်းဆိုတော့ သူက ကျွန်မပြောတာဆို တစ်လုံးမှ မယုံတာ။ သူက ကျွန်မကို ဘာတစ်ခုအတွက်နဲ့မှ မချီးကျူးဖူးဘူး။ နောက်ကျတော့ ရုတ်တရက်ကြီး သူ MCU ကြည့်ပြီးသွားတဲ့အခါကျတော့ ဟာ … ငါတို့အမေက မိုက်လိုက်တာဆိုပြီး ဖြစ်သွားတော့တာပဲ …”

“ပြီးတော့ Marvel Cinematic Universe ဆိုတာ အလယ်တန်းကျောင်းသားတွေအတွက် အဓိကပဲဆိုတော့လေ။ ကျွန်မပြောချင်တာ သိတယ်မှတ်လား။ အဲဒီအရွယ်မှာက အဲဒီထက်ပိုမိုက်တာမျိုး မရှိတော့ဘူးကွာ။ ဒါပေမယ့် Lil Nas X ဖြစ်ဖြစ်၊ Lazarbeam ကဖြစ်ဖြစ် ပိုမိုက်ချင်လည်း မိုက်နေမှာပေါ့။ ဒါပေမယ့် ကျွန်မကကျတော့ အဲဒီရုပ်ရှင်မှာ တခြားဟီးရိုးတွေနဲ့အတူ ပါနေတာဆိုတော့လေ …” လို့ Lilly က သူမရဲ့အသက်(၁၁)နှစ်အရွယ် အကြီးဆုံးသား Kahekili Kali ရဲ့အကြောင်းကို ပြောပြသွားပါတယ်။

Photo: evangelinelillyofficial/ Instagram

Evangeline Lilly ကတော့ ရုပ်ရှင် Production ပိုင်းမှာ လုပ်ကိုင်နေတဲ့ Norman Kali နဲ့ ကာလကြာရှည်စွာ ချစ်ကြိုက်နေတာ ဖြစ်ပြီး ကလေးနှစ်ယောက် ရထားတာ ဖြစ်ပါတယ်။ ပထမဆုံးကလေးကိုတော့ ပရိသတ်တွေက သိရှိခွင့် ရခဲ့ကြပေမယ့် ဒုတိယမွေးတဲ့ ကလေးကိုတော့ မီဒီယာနဲ့ ပရိသတ်တွေရဲ့ အဝေးမှာ လျှို့ဝှက်ထားပါတယ်။

Vancouver

Source: people

 

RELATED ARTICLES

Most Popular