HomeEntertainmentFilmThe Marvels ရုပ်ရှင်ထဲမှာ ပါဝင်လာနိုင်တဲ့ Marvel ဆိုတဲ့အမည်နဲ့ ဇာတ်ကောင်များ

The Marvels ရုပ်ရှင်ထဲမှာ ပါဝင်လာနိုင်တဲ့ Marvel ဆိုတဲ့အမည်နဲ့ ဇာတ်ကောင်များ

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

Captain Marvel 2 လို့လည်း ပြောလို့ရတဲ့ The Marvels ရုပ်ရှင်ထဲမှာတော့ စူပါဟီးရိုးအမည်မှာ Marvel ဆိုတဲ့ စကားလုံး ပါဝင်တဲ့ ဇာတ်ကောင်သုံးယောက်ကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။ အဲ့ဒီဇာတ်ကောင်သုံးယောက်ကတော့ Captain Marvel ၊ WandaVision ထဲက Monica Rambeau နဲ့ Ms. Marvel တို့ပဲ ဖြစ်ပါတယ်။ သူတို့သုံးယောက်ကတော့ သေချာပေါက် ပါဝင်လာမယ်လို့ အတည်ပြုခဲ့ပြီးပါပြီ။ ဒါပေမယ့်လည်း ကောမစ်တွေထဲမှာတော့ နာမည်မှာ Marvel စကားလုံး ပါဝင်တာ သူတို့သုံးယောက်တည်း မဟုတ်ပါဘူး။ အဲ့ဒါကြောင့်ပဲ ဒီတစ်ခါမှာတော့ ဒီစူပါဟီးရိုး သုံးယောက်အပြင် တစ်ခြားပါဝင်လာနိုင်သေးတဲ့ ဇာတ်ကောင်တွေကိုလည်း ဖော်ပြပေးချင်ပါတယ်။

(1) Mar-Vell
photo via screenrant

Captain Marvel ရုပ်ရှင်ထဲမှာတော့ Mar-Vell ဆိုတဲ့ ဇာတ်ကောင် ပါဝင်ခဲ့ပြီး သူ့နေရာမှာတော့ Anette Bening က သရုပ်ဆောင်ခဲ့ပါတယ်။ ရုပ်ရှင်နဲ့ မတူတဲ့အချက်ကတော့ ကောမစ်ထဲက Mar-Vell ဟာ အမျိုးသား ဖြစ်ပါတယ်။ ဒါ့အပြင် သူဟာ Original Captain Marvel လည်း ဖြစ်ပါတယ်။ Carol Danvers ကတော့ Mar-Vell ကို လေးစားအားကျပြီး စူပါဟီးရိုးတစ်ယောက် ဖြစ်လာခဲ့တာပါ။ MCU ထဲမှာတော့ Mar-Vell ဟာ သေဆုံးသွားပြီ ဖြစ်ပေမယ့် Carol ရဲ့ အတိတ်ကို ပြန်လည်ပြသတဲ့အချိန်မှာတော့ ပါဝင်လာနိုင်ပါသေးတယ်။

(2) Genis-Vell (တတိယမြောက် Captain Marvel)
photo via screenrant

အပေါ်မှာ ဖော်ပြခဲ့သလို Mar-Vell သာ ပြန်လည်ပါဝင်လာမယ် ဆိုရင်တော့ Genis-Vell လည်း ပါဝင်လာနိုင်ချေ ရှိပါတယ်။ အကြောင်းကတော့ Genis-Vell ဟာ Mar-Vell ရဲ့သား ဖြစ်နေလို့ပါ။ ကောမစ်ထဲမှာတော့ Monica Rambeau က ဒုတိယ Captain Marvel ဖြစ်ခဲ့ပြီး အဲ့ဒီနောက်မှာ Genis-Vell ဟာ တတိယမြောက် Captain Marvel ဖြစ်လာပါတယ်။ ၁၉၉၀ ကျော်ကာလလောက်မှာ Genis-Vell ဟာ သူ့ရဲ့ကိုယ်ပိုင်ဇာတ်လမ်းနဲ့ ကောမစ်စာအုပ်တွေ ထွက်ရှိခဲ့ပြီး နောက်ပိုင်းမှာတော့ ကောမစ်အသစ်တွေ ဆက်မထွက်လာတော့ပါဘူး။

(3) Sharon Ventura (ဒုတိယမြောက် Ms. Marvel)
photo via screenrant

MCU ရဲ့ Phase 4 ထဲမှာတော့ Kamala Khan ဆိုတဲ့ ဇာတ်ကောင်ဟာ Ms. Marvel အဖြစ် ပါဝင်လာမှာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ကောမစ်ထဲမှာတော့ ပထမဆုံး Ms. Marvel ဟာ Carol Danvers ဖြစ်ပြီးတော့ Kamala Khan ဟာ လေးယောက်မြောက် Ms. Marvel ဖြစ်ပါတယ်။ အခုဖော်ပြပေးမယ့် Sharon ကတော့ Power Broker ဆီကနေ သာမန်ထက် သာလွန်တဲ့ ခွန်အားတွေ ရရှိလာပြီးနောက်မှာ Ms. Marvel ဆိုတဲ့ နာမည်နဲ့ Fantastic Four အဖွဲ့ထဲကို ဝင်ရောက်ခဲ့သူ ဖြစ်ပါတယ်။

နောက်ပိုင်းမှာတော့ အကြောင်းအမျိူးမျိူးကြောင့် သူမဟာ ဗီဇပြောင်းလဲသွားပြီး The Thing ရဲ့ female ဗားရှင်း ဖြစ်လာပါတယ်။ The Falcon and the Winter Soldier ဇာတ်လမ်းတွဲထဲမှာတော့ Power Broker ကို စတင်မိတ်ဆက်သွားပြီ ဖြစ်တာကြောင့် Sharon လည်း ပါဝင်လာနိုင်ပါတယ်။ ဒါ့အပြင် သူမသာ တကယ် ပါဝင်လာမယ်ဆိုရင်အသစ်ထွက်ရှိလာမယ့် Fantastic Four ထဲမှာလည်း Ben Grimm ရဲ့ ချစ်သူအနေနဲ့ ပါဝင်လာနိုင်ပါသေးတယ်။

(4) Moonstone (တတိယမြောက် Ms. Marvel)
photo via screenrant

Karla Sofen တစ်ဖြစ်လည်း Moonstone ကတော့ Marvel universe ရဲ့ ဗီလိန်အဖွဲ့အစည်းများစွာမှာ ပါဝင်ခဲ့ဖူးပါတယ်။ သူမဟာ Carol ရဲ့ Ms. Marvel ဝတ်စုံနဲ့ ဆင်တူတဲ့ ဝတ်စုံကို ဝတ်ဆင်ပြီး Ms. Marvel ဗီလိန်ဗားရှင်းလို့ ပြောလို့ရပါတယ်။ သူမဟာ Carol ရဲ့ စွမ်းအားအကြီးဆုံး ဗီလိန်တွေထဲကတစ်ယောက် ဖြစ်တာကြောင့် The Marvels ရုပ်ရှင်ထဲမှာလည်း သူမဟာ အဓိကဗီလိန်တစ်ယောက်အနေနဲ့ ပါဝင်လာနိုင်ပါတယ်။

သူမသာ တကယ် ပါဝင်လာမယ်ဆိုရင် ပထမဆုံးမှာ Moonstone အနေနဲ့ ပါဝင်လာနိုင်ပြီး နောက်ပိုင်း ရုပ်ရှင်တွေမှာမှ Ms. Marvel ဗီလိန်ဗားရှင်း ဖြစ်သွားနိုင်ပါတယ်။ အခုသတင်းတွေ ထွက်နေသလို Marvel က တကယ်ပဲ Dark Avengers သို့မဟုတ် Thunderbolts အဖွဲ့အစည်းတွေကို ဖန်တီးဖို့ စီစဉ်နေတယ် ဆိုရင်တော့ သူမဟာ ပါဝင်လာဖို့ သေချာသလောက် ရှိပါတယ်။

(5) Marvel Girl
photo via screenrant

X-Men တွေထဲမှာ အလွန်စွမ်းအားကြီးမားတဲ့ Jean Grey ဟာလည်း မူလတုန်းက သူမရဲ့ စူပါဟီးရိုးအမည်မှာ Marvel စကားလုံး ပါဝင်ခဲ့ပါတယ်။ သူမကို စတင်ဖန်တီးခါစတုန်းကတော့ Marvel Girl လို့ ခေါ်ဆိုခဲ့ပြီး နောက်ပိုင်းမှသာ Phoenix လို့ နာမည်ပြောင်းသွားတာ ဖြစ်ပါတယ်။ သူမဟာ Carol နဲ့ရော၊ Mar-Vell နဲ့ပါ ဘာပတ်သက်မှုမှ မရှိတာကြောင့် သိပ်ပြီး မျှော်လင့်လို့တော့ မရပါဘူး။

ဒါပေမယ့်လည်း The Marvels ရုပ်ရှင်ထဲမှာ X-Men တွေ ပါဝင်လာမယ်ဆိုတဲ့ ကောလာဟလတွေ ထွက်နေပါတယ်။ ဒါ့အပြင် Marvel ကလည်း X-Men တွေကို ပြန်လည်ခေါ်ယူခွင့် ရှိနေပြီ ဖြစ်တာကြောင့် ဒီရုပ်ရှင်ရဲ့ တစ်နေရာရာမှာတော့ X-Men တွေ ပါဝင်လာနိုင်ပါသေးတယ်။ ဒါပေမယ့်လည်း ဒါတွေဟာ ကောလာဟလတွေပဲ ဖြစ်တာကြောင့် အရမ်းကြီးတော့ မျှော်လင့်ထားလို့ မရပါဘူး။

(6) Blue Marvel
photo via screenrant

Adam Brashear ကတော့ ၂၀၀၈ ခုနှစ်မှာ ဖန်တီးခဲ့တဲ့ ဇာတ်ကောင်တစ်ယောက် ဖြစ်ပြီး ဉာဏ်ကြီးရှင် ဂျီးနီးယက်စ်တစ်ယောက်လည်း ဖြစ်ပါတယ်။ ကောမစ်ထဲမှာတော့ Adam က Monica နဲ့ အသင်းဖော်တွေ ဖြစ်ခဲ့ဖူးသလို ချစ်သူရည်းစားတွေလည်း ဖြစ်ခဲ့ပါသေးတယ်။ သူဟာလည်း Monica နဲ့ ပတ်သက်ပြီး ဒီရုပ်ရှင်ထဲမှာ ပါဝင်လာနိုင်ပြီး တကယ်သာ ပါဝင်ခဲ့မယ် ဆိုရင်တော့ နောက်ပိုင်းကျရင် Blue Marvel အနေနဲ့ sequel သို့မဟုတ် Disney+ ဇာတ်လမ်းတွဲတွေအနေနဲ့ ဆက်လက် ထွက်ရှိလာနိုင်ပါတယ်။

ဒါကတော့ Captain Marvel 2 ဖြစ်မယ့် The Marvels ဇာတ်ကားကို အမှီပြုပြီး ပရိသတ်တွေ မြင်တွေ့ရလာနိုင်တဲ့ Marvel အမည်နဲ့ စူပါဟီးရိုးတွေပဲ ဖြစ်ပါတယ်။ တချို့ကတော့ ကောလာဟလတွေမျှသာ ဖြစ်ပေမယ့် တချို့ကတော့ တကယ် ပါဝင်လာနိုင်ချေ များပါတယ်။ ဘယ်ဇာတ်ကောင်တွေကို ရုပ်ရှင်ပိတ်ကားပေါ်မှာ တကယ် မြင်ရမလည်းဆိုတာတော့ ရင်ခုန်စွာ စောင့်စားရမှာ ဖြစ်ပါတယ်။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

(Zawgyi Version)

Captain Marvel 2 လို႔လည္း ေျပာလို႔ရတဲ့ The Marvels ႐ုပ္ရွင္ထဲမွာေတာ့ စူပါဟီး႐ိုးအမည္မွာ Marvel ဆိုတဲ့ စကားလုံး ပါဝင္တဲ့ ဇာတ္ေကာင္သုံးေယာက္ကို ျမင္ေတြ႕ရမွာ ျဖစ္ပါတယ္။ အဲ့ဒီဇာတ္ေကာင္သုံးေယာက္ကေတာ့ Captain Marvel ၊ WandaVision ထဲက Monica Rambeau နဲ႔ Ms. Marvel တို႔ပဲ ျဖစ္ပါတယ္။ သူတို႔သုံးေယာက္ကေတာ့ ေသခ်ာေပါက္ ပါဝင္လာမယ္လို႔ အတည္ျပဳခဲ့ၿပီးပါၿပီ။ ဒါေပမယ့္လည္း ေကာမစ္ေတြထဲမွာေတာ့ နာမည္မွာ Marvel စကားလုံး ပါဝင္တာ သူတို႔သုံးေယာက္တည္း မဟုတ္ပါဘူး။ အဲ့ဒါေၾကာင့္ပဲ ဒီတစ္ခါမွာေတာ့ ဒီစူပါဟီး႐ိုး သုံးေယာက္အျပင္ တစ္ျခားပါဝင္လာႏိုင္ေသးတဲ့ ဇာတ္ေကာင္ေတြကိုလည္း ေဖာ္ျပေပးခ်င္ပါတယ္။

(1) Mar-Vell
photo via screenrant

Captain Marvel ႐ုပ္ရွင္ထဲမွာေတာ့ Mar-Vell ဆိုတဲ့ ဇာတ္ေကာင္ ပါဝင္ခဲ့ၿပီး သူ႔ေနရာမွာေတာ့ Anette Bening က သ႐ုပ္ေဆာင္ခဲ့ပါတယ္။ ႐ုပ္ရွင္နဲ႔ မတူတဲ့အခ်က္ကေတာ့ ေကာမစ္ထဲက Mar-Vell ဟာ အမ်ိဳးသား ျဖစ္ပါတယ္။ ဒါ့အျပင္ သူဟာ Original Captain Marvel လည္း ျဖစ္ပါတယ္။ Carol Danvers ကေတာ့ Mar-Vell ကို ေလးစားအားက်ၿပီး စူပါဟီး႐ိုးတစ္ေယာက္ ျဖစ္လာခဲ့တာပါ။ MCU ထဲမွာေတာ့ Mar-Vell ဟာ ေသဆုံးသြားၿပီ ျဖစ္ေပမယ့္ Carol ရဲ႕ အတိတ္ကို ျပန္လည္ျပသတဲ့အခ်ိန္မွာေတာ့ ပါဝင္လာႏိုင္ပါေသးတယ္။

(2) Genis-Vell (တတိယေျမာက္ Captain Marvel)
photo via screenrant

အေပၚမွာ ေဖာ္ျပခဲ့သလို Mar-Vell သာ ျပန္လည္ပါဝင္လာမယ္ ဆိုရင္ေတာ့ Genis-Vell လည္း ပါဝင္လာႏိုင္ေခ် ရွိပါတယ္။ အေၾကာင္းကေတာ့ Genis-Vell ဟာ Mar-Vell ရဲ႕သား ျဖစ္ေနလို႔ပါ။ ေကာမစ္ထဲမွာေတာ့ Monica Rambeau က ဒုတိယ Captain Marvel ျဖစ္ခဲ့ၿပီး အဲ့ဒီေနာက္မွာ Genis-Vell ဟာ တတိယေျမာက္ Captain Marvel ျဖစ္လာပါတယ္။ ၁၉၉၀ ေက်ာ္ကာလေလာက္မွာ Genis-Vell ဟာ သူ႔ရဲ႕ကိုယ္ပိုင္ဇာတ္လမ္းနဲ႔ ေကာမစ္စာအုပ္ေတြ ထြက္ရွိခဲ့ၿပီး ေနာက္ပိုင္းမွာေတာ့ ေကာမစ္အသစ္ေတြ ဆက္မထြက္လာေတာ့ပါဘူး။

(3) Sharon Ventura (ဒုတိယေျမာက္ Ms. Marvel)
photo via screenrant

MCU ရဲ႕ Phase 4 ထဲမွာေတာ့ Kamala Khan ဆိုတဲ့ ဇာတ္ေကာင္ဟာ Ms. Marvel အျဖစ္ ပါဝင္လာမွာ ျဖစ္ပါတယ္။ ဒါေပမယ့္လည္း ေကာမစ္ထဲမွာေတာ့ ပထမဆုံး Ms. Marvel ဟာ Carol Danvers ျဖစ္ၿပီးေတာ့ Kamala Khan ဟာ ေလးေယာက္ေျမာက္ Ms. Marvel ျဖစ္ပါတယ္။ အခုေဖာ္ျပေပးမယ့္ Sharon ကေတာ့ Power Broker ဆီကေန သာမန္ထက္ သာလြန္တဲ့ ခြန္အားေတြ ရရွိလာၿပီးေနာက္မွာ Ms. Marvel ဆိုတဲ့ နာမည္နဲ႔ Fantastic Four အဖြဲ႕ထဲကို ဝင္ေရာက္ခဲ့သူ ျဖစ္ပါတယ္။

ေနာက္ပိုင္းမွာေတာ့ အေၾကာင္းအမ်ိဴးမ်ိဴးေၾကာင့္ သူမဟာ ဗီဇေျပာင္းလဲသြားၿပီး The Thing ရဲ႕ female ဗားရွင္း ျဖစ္လာပါတယ္။ The Falcon and the Winter Soldier ဇာတ္လမ္းတြဲထဲမွာေတာ့ Power Broker ကို စတင္မိတ္ဆက္သြားၿပီ ျဖစ္တာေၾကာင့္ Sharon လည္း ပါဝင္လာႏိုင္ပါတယ္။ ဒါ့အျပင္ သူမသာ တကယ္ ပါဝင္လာမယ္ဆိုရင္အသစ္ထြက္ရွိလာမယ့္ Fantastic Four ထဲမွာလည္း Ben Grimm ရဲ႕ ခ်စ္သူအေနနဲ႔ ပါဝင္လာႏိုင္ပါေသးတယ္။

(4) Moonstone (တတိယေျမာက္ Ms. Marvel)
photo via screenrant

Karla Sofen တစ္ျဖစ္လည္း Moonstone ကေတာ့ Marvel universe ရဲ႕ ဗီလိန္အဖြဲ႕အစည္းမ်ားစြာမွာ ပါဝင္ခဲ့ဖူးပါတယ္။ သူမဟာ Carol ရဲ႕ Ms. Marvel ဝတ္စုံနဲ႔ ဆင္တူတဲ့ ဝတ္စုံကို ဝတ္ဆင္ၿပီး Ms. Marvel ဗီလိန္ဗားရွင္းလို႔ ေျပာလို႔ရပါတယ္။ သူမဟာ Carol ရဲ႕ စြမ္းအားအႀကီးဆုံး ဗီလိန္ေတြထဲကတစ္ေယာက္ ျဖစ္တာေၾကာင့္ The Marvels ႐ုပ္ရွင္ထဲမွာလည္း သူမဟာ အဓိကဗီလိန္တစ္ေယာက္အေနနဲ႔ ပါဝင္လာႏိုင္ပါတယ္။

သူမသာ တကယ္ ပါဝင္လာမယ္ဆိုရင္ ပထမဆုံးမွာ Moonstone အေနနဲ႔ ပါဝင္လာႏိုင္ၿပီး ေနာက္ပိုင္း ႐ုပ္ရွင္ေတြမွာမွ Ms. Marvel ဗီလိန္ဗားရွင္း ျဖစ္သြားႏိုင္ပါတယ္။ အခုသတင္းေတြ ထြက္ေနသလို Marvel က တကယ္ပဲ Dark Avengers သို႔မဟုတ္ Thunderbolts အဖြဲ႕အစည္းေတြကို ဖန္တီးဖို႔ စီစဥ္ေနတယ္ ဆိုရင္ေတာ့ သူမဟာ ပါဝင္လာဖို႔ ေသခ်ာသေလာက္ ရွိပါတယ္။

(5) Marvel Girl
photo via screenrant

X-Men ေတြထဲမွာ အလြန္စြမ္းအားႀကီးမားတဲ့ Jean Grey ဟာလည္း မူလတုန္းက သူမရဲ႕ စူပါဟီး႐ိုးအမည္မွာ Marvel စကားလုံး ပါဝင္ခဲ့ပါတယ္။ သူမကို စတင္ဖန္တီးခါစတုန္းကေတာ့ Marvel Girl လို႔ ေခၚဆိုခဲ့ၿပီး ေနာက္ပိုင္းမွသာ Phoenix လို႔ နာမည္ေျပာင္းသြားတာ ျဖစ္ပါတယ္။ သူမဟာ Carol နဲ႔ေရာ၊ Mar-Vell နဲ႔ပါ ဘာပတ္သက္မႈမွ မရွိတာေၾကာင့္ သိပ္ၿပီး ေမွ်ာ္လင့္လို႔ေတာ့ မရပါဘူး။

ဒါေပမယ့္လည္း The Marvels ႐ုပ္ရွင္ထဲမွာ X-Men ေတြ ပါဝင္လာမယ္ဆိုတဲ့ ေကာလာဟလေတြ ထြက္ေနပါတယ္။ ဒါ့အျပင္ Marvel ကလည္း X-Men ေတြကို ျပန္လည္ေခၚယူခြင့္ ရွိေနၿပီ ျဖစ္တာေၾကာင့္ ဒီ႐ုပ္ရွင္ရဲ႕ တစ္ေနရာရာမွာေတာ့ X-Men ေတြ ပါဝင္လာႏိုင္ပါေသးတယ္။ ဒါေပမယ့္လည္း ဒါေတြဟာ ေကာလာဟလေတြပဲ ျဖစ္တာေၾကာင့္ အရမ္းႀကီးေတာ့ ေမွ်ာ္လင့္ထားလို႔ မရပါဘူး။

(6) Blue Marvel
photo via screenrant

Adam Brashear ကေတာ့ ၂၀၀၈ ခုႏွစ္မွာ ဖန္တီးခဲ့တဲ့ ဇာတ္ေကာင္တစ္ေယာက္ ျဖစ္ၿပီး ဉာဏ္ႀကီးရွင္ ဂ်ီးနီးယက္စ္တစ္ေယာက္လည္း ျဖစ္ပါတယ္။ ေကာမစ္ထဲမွာေတာ့ Adam က Monica နဲ႔ အသင္းေဖာ္ေတြ ျဖစ္ခဲ့ဖူးသလို ခ်စ္သူရည္းစားေတြလည္း ျဖစ္ခဲ့ပါေသးတယ္။ သူဟာလည္း Monica နဲ႔ ပတ္သက္ၿပီး ဒီ႐ုပ္ရွင္ထဲမွာ ပါဝင္လာႏိုင္ၿပီး တကယ္သာ ပါဝင္ခဲ့မယ္ ဆိုရင္ေတာ့ ေနာက္ပိုင္းက်ရင္ Blue Marvel အေနနဲ႔ sequel သို႔မဟုတ္ Disney+ ဇာတ္လမ္းတြဲေတြအေနနဲ႔ ဆက္လက္ ထြက္ရွိလာႏိုင္ပါတယ္။

ဒါကေတာ့ Captain Marvel 2 ျဖစ္မယ့္ The Marvels ဇာတ္ကားကို အမွီျပဳၿပီး ပရိသတ္ေတြ ျမင္ေတြ႕ရလာႏိုင္တဲ့ Marvel အမည္နဲ႔ စူပါဟီး႐ိုးေတြပဲ ျဖစ္ပါတယ္။ တခ်ိဳ႕ကေတာ့ ေကာလာဟလေတြမွ်သာ ျဖစ္ေပမယ့္ တခ်ိဳ႕ကေတာ့ တကယ္ ပါဝင္လာႏိုင္ေခ် မ်ားပါတယ္။ ဘယ္ဇာတ္ေကာင္ေတြကို ႐ုပ္ရွင္ပိတ္ကားေပၚမွာ တကယ္ ျမင္ရမလည္းဆိုတာေတာ့ ရင္ခုန္စြာ ေစာင့္စားရမွာ ျဖစ္ပါတယ္။

Legos

(ဆံရစ္ဝိုင္းဝက္ဘ္ဆိုဒ္တြင္ ေဖာ္ျပထားေသာ သတင္း၊ေဆာင္းပါးမ်ားကို အျခားမည္သည့္ ဝက္ဘ္ဆိုဒ္၊ Facebook စာမ်က္ႏွာတြင္မွ် ကူးယူေဖာ္ျပခြင့္ မျပဳပါေၾကာင္း အသိေပးအပ္ပါသည္။)

RELATED ARTICLES

Most Popular