HomeCelebs Update NewsInternationalMarvel ရုပ်ရှင်ရိုက်ဖို့ စိတ်ကူးမရှိပါဘူးဆိုတဲ့ ဒါရိုက်တာ Tim Burton

Marvel ရုပ်ရှင်ရိုက်ဖို့ စိတ်ကူးမရှိပါဘူးဆိုတဲ့ ဒါရိုက်တာ Tim Burton

နာမည်ကြီးဒါရိုက်တာ Tim Burton ကတော့ Marvel Cinematic Universe နဲ့ ပတ်သက်ပြီး တစုံတရာဖန်တီးဖို့ စိတ်ကူးမရှိဘူးလို့ ပြောလာပါတယ်။ အသက်(၆၄)နှစ်ရှိပြီ ဖြစ်တဲ့ ဒါရိုက်တာကြီးဟာ သူ့ရဲ့ရုပ်ရှင်ဖန်တီးမှု အနာဂတ်နဲ့ ပတ်သက်ပြီး အခုလို ပြောသွားတာ ဖြစ်ပါတယ်။

ဒီအကြောင်းကိုတော့ ပြီးခဲ့တဲ့ စနေနေ့တုန်းက ပြင်သစ်နိုင်ငံ၊ လီယွန်မြို့မှာ ကျင်းပခဲ့တဲ့ Lumiere Festival ရဲ့ သတင်းစာရှင်းလင်းပွဲမှာ ဒါရိုက်တာကြီးက ပြောသွားတာ ဖြစ်ပါတယ်။ Burton ဟာ Corpse Bride ၊ Beetlejuice တို့လို နာမည်ကြီး စိတ်ကူးယဉ် horror ရုပ်ရှင်တွေကို ဖန်တီးခဲ့သူဖြစ်ပါတယ်။

Photo: Britannica

ဒါရိုက်တာကြီးဟာ Disney စတူဒီယိုမှာ Animation Artist အနေနဲ့ ဘဝကိုအစပြုခဲ့တာ ဖြစ်ပြီး အဲဒီနောက် ဒါရိုက်တာဖြစ်လာတဲ့အထိ Disney နဲ့ ကာလရှည်ကြာ အလုပ်တွဲလုပ်ဖူးတဲ့ အတွေ့အကြုံတွေကို ပြောပြထားပါတယ်။ ယခုနောက်ပိုင်းမှာတော့ Disney ဟာ Marvel ၊ Star Wars နဲ့ Pixar franchise တွေကိုပဲ အဓိကအာရုံစိုက်နေတဲ့အကြောင်းကိုလည်း ပြောသွားပါသေးတယ်။

“သူတို့ဆီမှာကတော့ ယူနီဖောင်းဝတ်ထားသလို အကုန်လုံး တညီတညာနဲ့ တူရာစုလုပ်လို့ရတာတွေပဲ များပါတယ်။ မတူညီတဲ့အရာတွေအတွက် သိပ်ပြီးနေရာမပေးထားပါဘူး …” လို့ဆိုပြီး Universe တွေ တည်ဆောက်ကာ franchise တွေကိုသာ အားထားနေတဲ့ Disney အပေါ် သူ့ရဲ့အမြင်ကို ပြောထားပါတယ်။

Photo: Disney Studios/ Marvel Studios

ဒါ့အပြင် Marvel ရုပ်ရှင်တွေ ရိုက်ကူးဖန်တီးဖို့ စိတ်ကူးရှိမရှိကို မေးမြန်းခံရတဲ့အခါမှာလည်း “ကျုပ်ကတော့ Universe တစ်ခုတည်းနဲ့ပဲ လုပ်နိုင်တယ်ဗျ။ Multiverse နဲ့ ပတ်သက်တဲ့ကိစ္စတွေတော့ မလုပ်နိုင်ပါဘူး …” လို့ ဒါရိုက်တာကြီးက ဆိုပါတယ်။

Disney ဟာ သူ့ကိုအလုပ်လုပ်ဖို့ အကြိမ်ပေါင်းများစွာ ငှားရမ်းခန့်ထားဖူးသလို အကြိမ်ပေါင်းများစွာလည်း အလုပ်က ထုတ်ပယ်ခဲ့ဖူးတယ်လို့ Burton က ပြောပြသွားပါတယ်။ ၂၀၁၉ ခုနှစ်က ထွက်ရှိခဲ့တဲ့ Dumbo live action ရုပ်ရှင်ကို ဖန်တီးပြီးနောက်မှာတော့ Disney နဲ့ ထပ်မံပူးပေါင်းဖို့ မဖြစ်နိုင်သေးဘူးလို့ ဖွင့်ဟသွားပါတယ်။

Photo: Disney Studios

“ကျုပ်ရဲ့သမိုင်းကြောင်းကို ပြောပြရရင် ကျုပ်က အဲဒီမှာပဲ ဘဝစခဲ့တယ်။ ကျုပ်ရဲ့ career တလျှောက်မှာ သူတို့ရဲ့ငှားရမ်းခေါ်ယူမှုတွေလည်း ရရှိခဲ့သလို အကြိမ်ပေါင်းများစွာ အလုပ်ကထုတ်ခံရတာမျိုးတွေလည်း ရှိခဲ့ပါတယ်။ Disney နဲ့ ကျုပ်ရဲ့ ရေစက်ဟာ ဒီလောက်နဲ့ပဲ ပြီးသွားပြီလို့ ဆုံးဖြတ်လိုက်ရတဲ့ အကြောင်းရင်းကတော့ Dumbo ကြောင့်ပါပဲ …”

“ဘာလို့လည်းဆိုတော့ ကျုပ်သဘောပေါက်သွားတာ ကျုပ်ဟာလည်း သူတို့အတွက် Dumbo ဖြစ်နေတာပဲ။ ဒီလိုရွံမုန်းစရာ ဆက်ကပ်အကြီးစားကြီးထဲမှာ လုပ်ကိုင်နေခဲ့ရပြီး လွတ်မြောက်ဖို့ ကြိုးစားခဲ့ရတယ်လေ။ အဲဒီကားက ပြောရမယ်ဆိုရင် အတ္ထုပ္ပတ္တိနဲ့တူတယ်လို့တောင် ပြောလို့ရပါတယ် …”လို့ဆိုကာ မင်းသားကြီးဟာ သူ့ရဲ့ Disney နဲ့ ပတ်သက်တဲ့ အတွေ့အကြုံကို ပြောပြသွားပါတယ်။

Vancouver

Source: people

 

RELATED ARTICLES

Most Popular