HomeEntertainmentFilmGuardians of the Galaxy Vol. 3 နဲ့ ပတ်သက်ပြီး သိထားသင့်သမျှ

Guardians of the Galaxy Vol. 3 နဲ့ ပတ်သက်ပြီး သိထားသင့်သမျှ

Guardians of the Galaxy Vol.3 ရဲ့ ပထမဆုံး ထွေလာကတော့ မကြာသေးခင်ကပဲ ထွက်ရှိခဲ့ပြီး ယခုအချိန်မှာတော့ ပရိသတ်တွေဟာ ဒီရုပ်ရှင်ကို အတော်လေး စိတ်ဝင်စားနေကြပြီ ဖြစ်ပါတယ်။ အကြောင်းကတော့ ဒီရုပ်ရှင်ဟာ GOTG Trilogy ရဲ့ နောက်ဆုံးရုပ်ရှင် ဖြစ်သလို ထွေလာထဲမှာ မြင်တွေ့ခဲ့ရသလိုဆိုရင် တစ်ယောက်ယောက်ကတော့ သေချာပေါက် သေဆုံးသွားနိုင်တာကို တွေ့ခဲ့ရလို့လည်း ဖြစ်ပါတယ်။ ဒါကြောင့်ပဲ GOTG 3 နဲ့ ပတ်သက်ပြီး သိထားရသမျှ အချက်အလက်တွေကို ဖော်ပြပေးချင်ပါတယ်။

GOTG ရုပ်ရှင်တွေဟာ အစတုန်းကတော့ MCU ရဲ့ အဓိက Timeline နဲ့ မချိတ်ဆက်သေးဘဲ သီးခြားဇာတ်လမ်းအနေနဲ့ ဖန်တီးခဲ့တာ ဖြစ်ပါတယ်။ နောက်ပိုင်းမှာတော့ Infinity War ၊ Endgame ၊ Thor: Love and Thunder တို့နဲ့ ဇာတ်လမ်းပိုင်း ဆက်စပ်သွားပါတယ်။ လောလောဆယ်မှာတော့ Guardians of the Galaxy: Holiday Special ထွက်ရှိထားပြီး အသစ်ထွက်ရှိလာမယ့် GOTG 3 ကတော့ Holiday Special အပြီးမှာ ဇာတ်အိမ်တည်သွားမယ်လို့ သိရပါတယ်။

photo via screenrant

GOTG Franchise အစမှာတော့ သူတို့ရဲ့ မူလအဖွဲ့ဝင်တွေဟာ Star-Lord ၊ Gamora ၊ Drax ၊ Rocket နဲ့ Groot တို့ ငါးယောက်ပဲ ဖြစ်ပါတယ်။ နောက်ပိုင်းမှာတော့ Yondu ၊ Kraglin ၊ Mantis နဲ့ Nebula တို့ ထပ်မံပါဝင်လာခဲ့ပါတယ်။ GOTG 3 ကတော့ သူတို့အားလုံးကို နောက်ဆုံးအကြိမ်အဖြစ် အတူတကွ မြင်တွေ့ရမယ်လို့ ပြောပါတယ်။

ဒါရိုက်တာ James Gunn ကိုယ်တိုင်ကလည်း ဒီရုပ်ရှင်အပြီးမှာ GOTG အဖွဲ့ဝင်တွေ အပြောင်းအလဲ ဖြစ်လာနိုင်တယ်လို့ ပြောထားပါတယ်။ ဒါကြောင့်ပဲ သူတို့အဖွဲ့ထဲကို အဖွဲ့ဝင်အသစ်တွေ ရောက်လာနိုင်သလို မူလအဖွဲ့ဝင်တွေထဲက တစ်ယောက်ယောက်ကလည်း သေဆုံးသွားနိုင်ပါတယ်။

ယခုအချိန်မှာတော့ ဒီရုပ်ရှင်ဟာ ရိုက်ကူးရေး ပြီးဆုံးသွားပြီ ဖြစ်ပြီး James Gunn ရဲ့ ဇာတ်ညွှန်းကတော့ ဝမ်းနည်းစရာကောင်းတယ်လို့ သိရပါတယ်။ သရုပ်ဆောင်တွေဖြစ်တဲ့ Karen Gillan နဲ့ Pom Klementieff တို့ကတော့ ဒီဇာတ်ညွှန်းကို ဖတ်နေရင်း ငိုကြွေးခဲ့ကြတယ်လို့ ဆိုပါတယ်။ ဒါကြောင့်ပဲ တစ်ယောက်ယောက်တော့ သေဆုံးတော့မယ် ဆိုတာ သေချာသလောက် ဖြစ်နေပြီး အသစ်ထွက်ရှိထားတဲ့ ထွေလာအရရော၊ ပရိသတ်တွေရဲ့ သီအိုရီအရပါဆိုရင် Rocket ကို နှုတ်ဆက်ရတော့မယ်လို့ ပြောနေကြပါတယ်။

photo via screenrant

ပရိသတ်တွေအတွက် စိတ်လှုပ်ရှားစရာ ဖြစ်နေတာကတော့ ဒီရုပ်ရှင်ထဲမှာ Will Poulter က Adam Warlock အနေနဲ့ ပါဝင်သွားမှာ ဖြစ်ပြီး Chukwudi Iwuji ကလည်း High Evolutionary အနေနဲ့ ပါဝင်သွားမှာ ဖြစ်ပါတယ်။ သူတို့နှစ်ယောက်လုံးရဲ့ First Look ကိုတော့ ထွေလာထဲမှာ မြင်တွေ့ခဲ့ရပြီးပြီ ဖြစ်ပါတယ်။ ဒါ့အပြင် Gamora ကလည်း ဒီဇာတ်လမ်းရဲ့ အဓိကကျတဲ့နေရာမှာ ပါဝင်လာမှာ ဖြစ်ပါတယ်။

MCU ရဲ့ main Timeline က Gamora ကတော့ Infinity War ထဲမှာ သေဆုံးသွားပြီ ဖြစ်ပြီး ပြန်လည်ပါဝင်လာတဲ့ တခြား Timeline က Gamora ကလည်း Endgame အပြီးမှာ ပျောက်ဆုံးသွားပါတယ်။ အသစ်ထွက်ရှိထားတဲ့ ထွေလာထဲမှာတော့ သူမကို ပြန်လည်မြင်တွေ့နေရတာကြောင့် သူမဟာ GOTG အဖွဲ့သားတွေနဲ့ ဘယ်လို ပြန်လည်ဆုံတွေ့သွားမလည်းဆိုတာ စောင့်ကြည့်ရမှာပါ။

photo via screenrant

ဒါရိုက်တာ James Gunn ဟာ ပရိသတ်တွေကို ဆိုရှယ်မီဒီယာကနေ အမြဲလိုလို Tease လုပ်နေတတ်သူ ဖြစ်ပြီး ဒီရုပ်ရှင်အတွက်လည်း Tease လုပ်ထားတာတွေ ရှိပါတယ်။ အဲဒါကတော့ ဒီရုပ်ရှင်ကို ဖန်တီးနေတဲ့အချိန်မှာ James Gunn ဟာ သူငယ်ငယ်တုန်းက ပိုင်ဆိုင်ခဲ့တဲ့ VCR Player တစ်ခုရဲ့ ဓာတ်ပုံကို တင်ခဲ့ပါတယ်။

အဲဒီ VCR Player ရဲ့ နာမည်ကိုတော့ Quasar လို့ တွေ့မြင်ခဲ့ရပြီး Quasar ဟာ Marvel ရဲ့ စွမ်းအားကြီးတဲ့ Cosmic ဟီးရိုးတစ်ယောက်လည်း ဖြစ်ပါတယ်။ ဒါကြောင့်ပဲ ဒီရုပ်ရှင်ထဲမှာတော့ Quasar မဟုတ်ရင်တောင် Marvel ရဲ့ အခြား Cosmic ဇာတ်ကောင်တွေကို မြင်တွေ့ရနိုင်ပြီး နောက်ထပ် Cosmic ဇာတ်ကောင်တွေရဲ့ ဇာတ်လမ်းတွေကိုလည်း Setup ပြုလုပ်သွားနိုင်ပါတယ်။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

RELATED ARTICLES

Most Popular