HomeEntertainmentFilmသည်းထိတ်ရင်ဖို ကြိုက်နှစ်သက်သူတိုင်း ကြည့်ရှုသင့်တဲ့ ဇာတ်ကားများ

သည်းထိတ်ရင်ဖို ကြိုက်နှစ်သက်သူတိုင်း ကြည့်ရှုသင့်တဲ့ ဇာတ်ကားများ

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

ရုပ်ရှင်တွေဟာ အမျိုးအစားပေါင်းစုံရှိပြီးတော့ စိတ်ဝင်စားစရာနဲ့ စိတ်လှုပ်ရှားစရာတေွ ပြည့်နှက်နေတဲ့ ရုပ်ရှင်မျိုးကို ကြိုက်နှစ်သက်တယ်ဆိုရင် သည်းထိတ်ရင်ဖိုဇာတ်ကားတွေဟာ သင့်အတွက် အသင့်တော်ဆုံး ဖြစ်ပါလိမ့်မယ်။ သည်းထိတ်ရင်ဖို ဇာတ်ကားတွေဟာ အများကြီးရှိပေမယ့်လည်း ပုံမှန်နေရာတွေမှာ ရိုက်ထားတဲ့ ဇာတ်ကားတွေထက် မြို့သေးသေးလေးတွေ ရိုက်ထားတဲ့ ဇာတ်ကားတွေဟာ ပိုပြီးတော့ ကြည့်ရတဲ့သူကို စိတ်လှုပ်ရှားစေပါတယ်။ အဲ့ဒါကြောင့်ပဲ ရုပ်ရှင်ချစ်သူတိုင်း ကြည့်သင့်တဲ့ မြို့ငယ်လေးတွေမှာ ရိုက်ကူးထားတဲ့ သည်းထိတ်ရင်ဖို ဇာတ်ကားတွေကို ဖော်ပြပေးချင်ပါတယ်။

(7) The Snowtown Murders
photo via screenrant

ဒီဇာတ်ကားကတော့ ၂၀၁၁ ခုနှစ်မှာ ထွက်ခဲ့ပြီးတော့ IMDb (6.6) ရထားတဲ့အပြင် ဖြစ်ရပ်မှန်ကို အခြေခံပြီး ရိုက်ထားတာ ဖြစ်ပါတယ်။ ဇာတ်လမ်းကတော့ ဆယ်ကျော်သက်လူငယ်တစ်ယောက်နဲ့ သူ့အမေရဲ့ရည်းစားတို့ကြားက ဖြစ်ရပ်တွေကို ရိုက်ထားတာ ဖြစ်ပါတယ်။ အဲ့ဒီတစ်ယောက်ဟာ တဖြည်းဖြည်းနဲ့ အဲ့ဒီကောင်လေးအပေါ်ကို အဖေတစ်ယောက်လို ဖြစ်လာပြီးတော့ သူတို့နှစ်ယောက်ရဲ့ဆက်ဆံရေးဟာ အဆင်ပြေလာခဲ့ပါတယ်။ ဒါပေမဲ့လည်း လူသေအလောင်းတွေကို ရှာတွေ့သွားတဲ့အချိန်မှာတော့ အဲ့ဒီသူဟာ သူတို့ထင်သလို မဟုတ်ခဲ့တာကို သိလိုက်ရပါတော့တယ်။

(6) Shotgun Stories
photo via screenrant

ဒီကားကတော့ ၂၀၀၇ ခုနှစ်မှာ ထွက်ထားပြီးတော့ IMDb (7.2) ရထားပါတယ်။ ဇာတ်လမ်းကတော့ အဖေတူအမေကွဲညီအကိုတွေအကြောင်းကို ရိုက်ထားတာ ဖြစ်ပါတယ်။ သူတို့ရဲ့အဖေသေသွားပြီးတဲ့နောက်မှာတော့ သူတို့တွေဟာ ပြဿနာတွေဖြစ်လာပြီး ရန်ညှိုးတွေလည်း ဖြစ်လာခဲ့ကြပါတယ်။ အဲ့ဒီရန်ညှိုးတွေကြောင့်ပဲ နှစ်ဖက်ကွဲသွားပြီးတော့ တစ်ဖက်ဆီက သူတို့ရဲ့မိသားစုကို ဘယ်လိုမျိုး ကာကွယ်ကြမလဲဆိုတာကို ကြည့်ရှုရမှာပါ။

(5) A Simple Plan
photo via screenrant

ဒီဇာတ်လမ်းကတော့ ၁၉၉၈ ခုနှစ်မှာ ထွက်ထားပြီးတော့ IMDb (7.5) ရထားပါတယ်။ လူသုံးယောက်ဟာ သူတို့မြို့နားက တောထဲကို သွားနေရင်းနဲ့ လေယာဉ်ပျံတစ်စီး ပျက်ကျထားတာကို တွေ့ခဲ့ရပါတယ်။ သူတို့ဟာ အဲ့ဒီလေယာဉ်ဆီကို သွားကြည့်ကြတဲ့အချိန်မှာတော့ အသက်မရှိတော့တဲ့ ယာဉ်မောင်းနဲ့ ဒေါ်လာ (၄) သန်းလောက်ကို တွေ့ခဲ့ရပါတယ်။ အဲ့ဒီထဲက တစ်ယောက်ဟာ ဒီပိုက်ဆံတွေကို မယူချင်ခဲ့ပေမယ့် တစ်ခြားသူတွေက နားချပြီးတော့ အဲ့ဒီဒေါ်လာ (၄) သန်းလောက် ခွဲဝေပြီး ယူခဲ့ကြပါတယ်။ နောက်ပိုင်းမှာတော့ သူတို့ယူခဲ့တဲ့ ပိုက်ဆံတွေကြောင့်ပဲ သူတို့သုံးယောက်လုံးဟာ ဒုက္ခရောက်ကြပါတော့တယ်။

(4) Hell Or High Water
photo via screenrant

ဒီကားကတော့ ၂၀၁၆ ခုနှစ်မှာ ထွက်ထားပြီးတော့ IMDb (7.6) ရထားပါတယ်။ ဇာတ်လမ်းကတော့ သူတို့ရဲ့မိသားစုကို ကယ်တင်ဖို့ကြိုးစားကြတဲ့ ညီအကို နှစ်ယောက်အကြောင်းကို ရိုက်ထားတာ ဖြစ်ပါတယ်။ သူတို့နှစ်ယောက်ဟာ အကြွေးတွေကို မဆပ်နိုင်တော့တာကြောင့် ဘဏ်တွေကို ဓားပြလိုက်တိုက်ဖို့အတွက် အစီအစဉ်တွေဆွဲနေခဲ့ပါတယ်။ သူတို့သာ အကြွေးကို မဆပ်နိုင်တော့ရင် သူတို့ရဲ့မိသားစုတွေရဲ့ အသက်အန္တရာယ်ကို စိုးရိမ်ရတာကြောင့် အခုလို လုပ်မိလုပ်ရာတွေ လုပ်ခဲ့ကြပါတယ်။ ဒါပေမဲ့လည်း ဘဏ်ကိုဓားပြတိုက်တယ်ဆိုတာဟာ ကောင်းတဲ့အလုပ်တစ်ခု မဟုတ်တာကြောင့် သူတို့တွေဟာ ဘယ်လိုအန္တရာယ်တွေကို ကြုံတွေ့ရမလည်းဆိုတာကို ကြည့်ရှုရမှာပါ။

(3) Wind River
photo via screenrant

ဒီကားကတော့ ၂၀၁၇ ခုနှစ်မှာ ထွက်ရှိခဲ့ပြီးတော့ IMDb (7.7) ရထားပါတယ်။ Wyoming မြို့လေးမှာ ဆယ်ကျော်သက်ကောင်မလေးတစ်ယောက်ဟာ အဓမ္မကျင့်ခံလိုက်ရပြီး အသတ်ခံလိုက်ရပါတယ်။ အဲ့ဒါကြောင့် FBI အေးဂျင့်တစ်ယောက်ဟာ အဲ့ဒီလူသတ်မှုကို နယ်ခံမုဆိုးတစ်ယောက်ရဲ့အကူအညီနဲ့အတူ လိုက်လံပြီးစုံစမ်းနေခဲ့ပါတယ်။ ဒါပေမဲ့လည်း သူတို့ဟာ အဲ့ဒီအမှုကို စုံစမ်းနေရင်းနဲ့ သူတို့နှစ်ယောက်ရဲ့အသက်တွေပါ အန္တရာယ်ကျရောက်နေပြီဆိုတာကို သိလိုက်ရပါတယ်။ သူတို့ဟာ ဒီလိုအန္တရာယ်တွေကြားထဲကနေ ဒီအမှုကို ဘယ်လိုမျိုး ဖော်ထုတ်ဖို့ ကြိုးစားကြမလည်းဆိုတာကို ကြည့်ရှုရမှာပါ။

(2) No Country For Old Men
photo via screenrant

ဒီဇာတ်လမ်းကတော့ ၂၀၀၇ ခုနှစ်မှာ ထွက်ထားပြီးတော့ IMDb (8.1) ရထားပါတယ်။ မူးယစ်ဆေးရောင်းဝယ်မှုလုပ်နေရင်း အဖွဲ့နှစ်ဖွဲ့ဟာ ပြဿနာတက်ကာ တိုက်ပွဲတွေဖြစ်ပြီး လူတွေအကုန်သေသွားခဲ့ပါတယ်။ အဲ့ဒီနောက်မှာတော့ မုဆိုးတစ်ယောက်ဟာ အမဲလိုက်ထွက်နေရင်းနဲ့ အဲ့ဒီနေရာကို အရင်ဆုံးရောက်သွားပြီးတော့ ဒေါ်လာ (၂) သန်းကို တွေ့တဲ့အခါမှာတော့ မနေနိုင်ဘဲ ပိုက်ဆံတွေကို ယူလာခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ အဲ့ဒီပိုက်ဆံတွေကို လိုချင်နေတဲ့ ရက်စက်တဲ့ လူသတ်သမားတစ်ယောက်ဟာ သူ့ရဲ့အနောက်ကို လိုက်ပြီးတော့ ပိုက်ဆံတွေကို ပြန်ယူဖို့ ကြိုးစားပါတော့တယ်။

(1) The Hunt
photo via screenrant

ဒီကားကတော့ ၂၀၁၂ ခုနှစ်မှာ ထွက်ထားပြီးတော့ IMDb (8.3) ရထားပါတယ်။ ဇာတ်လမ်းကတော့ ကျောင်းဆရာတစ်ယောက်အကြောင်းကို ရိုက်ကူးထားတာ ဖြစ်ပါတယ်။ သူဟာ တစ်ယောက်တည်း နေထိုင်တတ်သူဖြစ်ပြီး နောက်ပိုင်းမှာတော့ သူဟာ အချစ်ကိုရှာတွေ့ပြီး သူ့ရဲ့ဘဝဟာ စိုပြေလာခဲ့ပါတယ်။ ဒါပေမဲ့လည်း သူ့ရဲ့ကျောင်းသူတွေထဲက တစ်ယောက်ရဲ့ စွပ်စွဲချက်တစ်ခုကြောင့် သူ့ရဲ့ စိုပြေနေတဲ့ဘဝလေးဟာ သိပ်မကြာခင်မှာ ပျောက်ကွယ်သွားပြီး စိတ်မကောင်းစရာဖြစ်ရပ်တွေ ဖြစ်လာပါတော့တယ်။

Lego Les

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

(Zawgyi version)

႐ုပ္ရွင္ေတြဟာ အမ်ိဳးအစားေပါင္းစုံရွိၿပီးေတာ့ စိတ္ဝင္စားစရာနဲ႔ စိတ္လႈပ္ရွားစရာေတြ ျပည့္ႏွက္ေနတဲ့ ႐ုပ္ရွင္မ်ိဳးကို ႀကိဳက္ႏွစ္သက္တယ္ဆိုရင္ သည္းထိတ္ရင္ဖိုဇာတ္ကားေတြဟာ သင့္အတြက္ အသင့္ေတာ္ဆုံး ျဖစ္ပါလိမ့္မယ္။ သည္းထိတ္ရင္ဖို ဇာတ္ကားေတြဟာ အမ်ားႀကီးရွိေပမယ့္လည္း ပုံမွန္ေနရာေတြမွာ ႐ိုက္ထားတဲ့ ဇာတ္ကားေတြထက္ ၿမိဳ႕ေသးေသးေလးေတြ ႐ိုက္ထားတဲ့ ဇာတ္ကားေတြဟာ ပိုၿပီးေတာ့ ၾကည့္ရတဲ့သူကို စိတ္လႈပ္ရွားေစပါတယ္။ အဲ့ဒါေၾကာင့္ပဲ ႐ုပ္ရွင္ခ်စ္သူတိုင္း ၾကည့္သင့္တဲ့ ၿမိဳ႕ငယ္ေလးေတြမွာ ႐ိုက္ကူးထားတဲ့ သည္းထိတ္ရင္ဖို ဇာတ္ကားေတြကို ေဖာ္ျပေပးခ်င္ပါတယ္။

(7) The Snowtown Murders
photo via screenrant

ဒီဇာတ္ကားကေတာ့ ၂၀၁၁ ခုႏွစ္မွာ ထြက္ခဲ့ၿပီးေတာ့ IMDb (6.6) ရထားတဲ့အျပင္ ျဖစ္ရပ္မွန္ကို အေျခခံၿပီး ႐ိုက္ထားတာ ျဖစ္ပါတယ္။ ဇာတ္လမ္းကေတာ့ ဆယ္ေက်ာ္သက္လူငယ္တစ္ေယာက္နဲ႔ သူ႔အေမရဲ႕ရည္းစားတို႔ၾကားက ျဖစ္ရပ္ေတြကို ႐ိုက္ထားတာ ျဖစ္ပါတယ္။ အဲ့ဒီတစ္ေယာက္ဟာ တျဖည္းျဖည္းနဲ႔ အဲ့ဒီေကာင္ေလးအေပၚကို အေဖတစ္ေယာက္လို ျဖစ္လာၿပီးေတာ့ သူတို႔ႏွစ္ေယာက္ရဲ႕ဆက္ဆံေရးဟာ အဆင္ေျပလာခဲ့ပါတယ္။ ဒါေပမဲ့လည္း လူေသအေလာင္းေတြကို ရွာေတြ႕သြားတဲ့အခ်ိန္မွာေတာ့ အဲ့ဒီသူဟာ သူတို႔ထင္သလို မဟုတ္ခဲ့တာကို သိလိုက္ရပါေတာ့တယ္။

(6) Shotgun Stories
photo via screenrant

ဒီကားကေတာ့ ၂၀၀၇ ခုႏွစ္မွာ ထြက္ထားၿပီးေတာ့ IMDb (7.2) ရထားပါတယ္။ ဇာတ္လမ္းကေတာ့ အေဖတူအေမကြဲညီအကိုေတြအေၾကာင္းကို ႐ိုက္ထားတာ ျဖစ္ပါတယ္။ သူတို႔ရဲ႕အေဖေသသြားၿပီးတဲ့ေနာက္မွာေတာ့ သူတို႔ေတြဟာ ျပႆနာေတြျဖစ္လာၿပီး ရန္ညႇိဳးေတြလည္း ျဖစ္လာခဲ့ၾကပါတယ္။ အဲ့ဒီရန္ညႇိဳးေတြေၾကာင့္ပဲ ႏွစ္ဖက္ကြဲသြားၿပီးေတာ့ တစ္ဖက္ဆီက သူတို႔ရဲ႕မိသားစုကို ဘယ္လိုမ်ိဳး ကာကြယ္ၾကမလဲဆိုတာကို ၾကည့္ရႈရမွာပါ။

(5) A Simple Plan
photo via screenrant

ဒီဇာတ္လမ္းကေတာ့ ၁၉၉၈ ခုႏွစ္မွာ ထြက္ထားၿပီးေတာ့ IMDb (7.5) ရထားပါတယ္။ လူသုံးေယာက္ဟာ သူတို႔ၿမိဳ႕နားက ေတာထဲကို သြားေနရင္းနဲ႔ ေလယာဥ္ပ်ံတစ္စီး ပ်က္က်ထားတာကို ေတြ႕ခဲ့ရပါတယ္။ သူတို႔ဟာ အဲ့ဒီေလယာဥ္ဆီကို သြားၾကည့္ၾကတဲ့အခ်ိန္မွာေတာ့ အသက္မရွိေတာ့တဲ့ ယာဥ္ေမာင္းနဲ႔ ေဒၚလာ (၄) သန္းေလာက္ကို ေတြ႕ခဲ့ရပါတယ္။ အဲ့ဒီထဲက တစ္ေယာက္ဟာ ဒီပိုက္ဆံေတြကို မယူခ်င္ခဲ့ေပမယ့္ တစ္ျခားသူေတြက နားခ်ၿပီးေတာ့ အဲ့ဒီေဒၚလာ (၄) သန္းေလာက္ ခြဲေဝၿပီး ယူခဲ့ၾကပါတယ္။ ေနာက္ပိုင္းမွာေတာ့ သူတို႔ယူခဲ့တဲ့ ပိုက္ဆံေတြေၾကာင့္ပဲ သူတို႔သုံးေယာက္လုံးဟာ ဒုကၡေရာက္ၾကပါေတာ့တယ္။

(4) Hell Or High Water
photo via screenrant

ဒီကားကေတာ့ ၂၀၁၆ ခုႏွစ္မွာ ထြက္ထားၿပီးေတာ့ IMDb (7.6) ရထားပါတယ္။ ဇာတ္လမ္းကေတာ့ သူတို႔ရဲ႕မိသားစုကို ကယ္တင္ဖို႔ႀကိဳးစားၾကတဲ့ ညီအကို ႏွစ္ေယာက္အေၾကာင္းကို ႐ိုက္ထားတာ ျဖစ္ပါတယ္။ သူတို႔ႏွစ္ေယာက္ဟာ အေႂကြးေတြကို မဆပ္ႏိုင္ေတာ့တာေၾကာင့္ ဘဏ္ေတြကို ဓားျပလိုက္တိုက္ဖို႔အတြက္ အစီအစဥ္ေတြဆြဲေနခဲ့ပါတယ္။ သူတို႔သာ အေႂကြးကို မဆပ္ႏိုင္ေတာ့ရင္ သူတို႔ရဲ႕မိသားစုေတြရဲ႕ အသက္အႏၲရာယ္ကို စိုးရိမ္ရတာေၾကာင့္ အခုလို လုပ္မိလုပ္ရာေတြ လုပ္ခဲ့ၾကပါတယ္။ ဒါေပမဲ့လည္း ဘဏ္ကိုဓားျပတိုက္တယ္ဆိုတာဟာ ေကာင္းတဲ့အလုပ္တစ္ခု မဟုတ္တာေၾကာင့္ သူတို႔ေတြဟာ ဘယ္လိုအႏၲရာယ္ေတြကို ႀကဳံေတြ႕ရမလည္းဆိုတာကို ၾကည့္ရႈရမွာပါ။

(3) Wind River
photo via screenrant

ဒီကားကေတာ့ ၂၀၁၇ ခုႏွစ္မွာ ထြက္ရွိခဲ့ၿပီးေတာ့ IMDb (7.7) ရထားပါတယ္။ Wyoming ၿမိဳ႕ေလးမွာ ဆယ္ေက်ာ္သက္ေကာင္မေလးတစ္ေယာက္ဟာ အဓမၼက်င့္ခံလိုက္ရၿပီး အသတ္ခံလိုက္ရပါတယ္။ အဲ့ဒါေၾကာင့္ FBI ေအးဂ်င့္တစ္ေယာက္ဟာ အဲ့ဒီလူသတ္မႈကို နယ္ခံမုဆိုးတစ္ေယာက္ရဲ႕အကူအညီနဲ႔အတူ လိုက္လံၿပီးစုံစမ္းေနခဲ့ပါတယ္။ ဒါေပမဲ့လည္း သူတို႔ဟာ အဲ့ဒီအမႈကို စုံစမ္းေနရင္းနဲ႔ သူတို႔ႏွစ္ေယာက္ရဲ႕အသက္ေတြပါ အႏၲရာယ္က်ေရာက္ေနၿပီဆိုတာကို သိလိုက္ရပါတယ္။ သူတို႔ဟာ ဒီလိုအႏၲရာယ္ေတြၾကားထဲကေန ဒီအမႈကို ဘယ္လိုမ်ိဳး ေဖာ္ထုတ္ဖို႔ ႀကိဳးစားၾကမလည္းဆိုတာကို ၾကည့္ရႈရမွာပါ။

(2) No Country For Old Men
photo via screenrant

ဒီဇာတ္လမ္းကေတာ့ ၂၀၀၇ ခုႏွစ္မွာ ထြက္ထားၿပီးေတာ့ IMDb (8.1) ရထားပါတယ္။ မူးယစ္ေဆးေရာင္းဝယ္မႈလုပ္ေနရင္း အဖြဲ႕ႏွစ္ဖြဲ႕ဟာ ျပႆနာတက္ကာ တိုက္ပြဲေတြျဖစ္ၿပီး လူေတြအကုန္ေသသြားခဲ့ပါတယ္။ အဲ့ဒီေနာက္မွာေတာ့ မုဆိုးတစ္ေယာက္ဟာ အမဲလိုက္ထြက္ေနရင္းနဲ႔ အဲ့ဒီေနရာကို အရင္ဆုံးေရာက္သြားၿပီးေတာ့ ေဒၚလာ (၂) သန္းကို ေတြ႕တဲ့အခါမွာေတာ့ မေနႏိုင္ဘဲ ပိုက္ဆံေတြကို ယူလာခဲ့ပါတယ္။ ေနာက္ပိုင္းမွာေတာ့ အဲ့ဒီပိုက္ဆံေတြကို လိုခ်င္ေနတဲ့ ရက္စက္တဲ့ လူသတ္သမားတစ္ေယာက္ဟာ သူ႔ရဲ႕အေနာက္ကို လိုက္ၿပီးေတာ့ ပိုက္ဆံေတြကို ျပန္ယူဖို႔ ႀကိဳးစားပါေတာ့တယ္။

(1) The Hunt
photo via screenrant

ဒီကားကေတာ့ ၂၀၁၂ ခုႏွစ္မွာ ထြက္ထားၿပီးေတာ့ IMDb (8.3) ရထားပါတယ္။ ဇာတ္လမ္းကေတာ့ ေက်ာင္းဆရာတစ္ေယာက္အေၾကာင္းကို ႐ိုက္ကူးထားတာ ျဖစ္ပါတယ္။ သူဟာ တစ္ေယာက္တည္း ေနထိုင္တတ္သူျဖစ္ၿပီး ေနာက္ပိုင္းမွာေတာ့ သူဟာ အခ်စ္ကိုရွာေတြ႕ၿပီး သူ႔ရဲ႕ဘဝဟာ စိုေျပလာခဲ့ပါတယ္။ ဒါေပမဲ့လည္း သူ႔ရဲ႕ေက်ာင္းသူေတြထဲက တစ္ေယာက္ရဲ႕ စြပ္စြဲခ်က္တစ္ခုေၾကာင့္ သူ႔ရဲ႕ စိုေျပေနတဲ့ဘဝေလးဟာ သိပ္မၾကာခင္မွာ ေပ်ာက္ကြယ္သြားၿပီး စိတ္မေကာင္းစရာျဖစ္ရပ္ေတြ ျဖစ္လာပါေတာ့တယ္။

Lego Les

(ဆံရစ္ဝိုင္းဝက္ဘ္ဆိုဒ္တြင္ ေဖာ္ျပထားေသာ သတင္း၊ေဆာင္းပါးမ်ားကို အျခားမည္သည့္ ဝက္ဘ္ဆိုဒ္၊ Facebook စာမ်က္ႏွာတြင္မွ် ကူးယူေဖာ္ျပခြင့္ မျပဳပါေၾကာင္း အသိေပးအပ္ပါသည္။)

RELATED ARTICLES

Most Popular