HomeEntertainmentFilmKung Fu Panda 4 နဲ့ ပတ်သက်ပြီး သိထားသင့်သမျှ

Kung Fu Panda 4 နဲ့ ပတ်သက်ပြီး သိထားသင့်သမျှ

Kung Fu Panda Franchise ဟာ လူတိုင်းကြိုက်နှစ်သက်ကြတဲ့ Animation တစ်ခု ဖြစ်ပြီး ၂၀၀၈ ခုနှစ်မှာ စတင်ထွက်ရှိခဲ့ပါတယ်။ နောက်ဆုံးထွက်ရှိခဲ့တဲ့ Kung Fu Panda 3 ကတော့ ၂၀၁၆ ခုနှစ်မှာ ထွက်ရှိခဲ့ပြီး အဲဒီအချိန်မှာကတည်းက Dreamwork ဟာ Kung Fu Panda 4 အတွက် ဆွေးနွေးမှုတွေ ရှိခဲ့တယ်လို့ သတင်းထွက်ခဲ့ပါတယ်။ ယခုအချိန်မှာတော့ Kung Fu Panda 4 ထွက်ရှိလာမယ်လို့ Dreamwork စတူဒီယိုက ကြေညာလိုက်ပြီ ဖြစ်ပါတယ်။ ဒါကြောင့်ပဲ ဒီတစ်ခါမှာတော့ Kung Fu Panda 4 နဲ့ ပတ်သက်ပြီး သိထားရသမျှ သတင်းတွေကို ဖော်ပြပေးချင်ပါတယ်။

photo via screenrant

Kung Fu Panda Franchise ကတော့ ရုပ်ရှင်သုံးကားအပြင် ဇာတ်လမ်းတွဲတွေလည်း ထွက်ရှိခဲ့ပါသေးတယ်။ ဒါပေမယ့်လည်း ယခုကြေညာချက် မတိုင်ခင်အထိတော့ Kung Fu Panda 4 ထွက်လာဖို့ မသေချာခဲ့ပါဘူး။ မကြာသေးခင်တုန်းကပဲ Dreamwork စတူဒီယိုဟာ Kung Fu Panda 4 ကို ဖန်တီးနေပြီလို့ ကြေညာခဲ့ပြီး ၂၀၂၄ ခုနှစ် မတ်လ (၈)ရက်နေ့မှာ ရုံတင်ပြသသွားဖို့ စီစဉ်ထားပါတယ်။

အဓိကဇာတ်ကောင်ဖြစ်တဲ့ Po နေရာမှာတော့ Jack Black ကပဲ အသံသရုပ်ဆောင်သွားမှာ ဖြစ်ပြီး သူဟာ Kung Fu Panda ရုပ်ရှင်တွေအပြင် ဇာတ်လမ်းတွဲတွေမှာလည်း ပါဝင်ခဲ့ပါသေးတယ်။ Po လိုပဲ အဓိကဇာတ်ကောင်တွေ ဖြစ်တဲ့ Tigress (Angelina Jolie)၊ Crane (David Cross)၊ Viper (Lucy Liu) ၊ Monkey (Jackie Chan) နဲ့ Mantis (Seth Rogen) တို့လည်း ပြန်လည်ပါဝင်လာဖို့ များပါတယ်။ ဒါပေမယ့်လည်း Master Shifu ၊ Mr. Ping နဲ့ Li Shan တို့နေရာမှာတော့ အသံသရုပ်ဆောင်တွေ ပြောင်းလဲသွားနိုင်ပါတယ်။

photo via screenrant

လောလောဆယ်အထိတော့ Kung Fu Panda 4 အတွက် ဇာတ်လမ်းအကျဉ်းကို မကြေညာသေးပါဘူး။ Kung Fu Panda 2 ထဲမှာတော့ Po ရဲ့ အတိတ်ကအကြောင်းတွေကို မြင်တွေ့ခဲ့ရပြီး အဲဒီအကြောင်းအရာတွေဟာ Po အတွက် ဘယ်လို အကျိူးသက်ရောက်နေတယ် ဆိုတာကိုလည်း မြင်တွေ့ခဲ့ရပါတယ်။

Kung Fu Panda 3 ထဲမှာတော့ Po ဟာ Chi ရဲ့ သဘောတရားတွေကို နားလည်သွားပြီး အသုံးချနိုင်သွားတာကို မြင်တွေ့ခဲ့ရပြီး Po ဟာ Dragon Warrior အနေနဲ့ တိုးတက်လာတာကို မြင်တွေ့ခဲ့ရပါတယ်။ ဒါကြောင့်ပဲ အသစ်ထွက်ရှိလာမယ့် Kung Fu Panda 4 ထဲမှာတော့ Po ဟာ Dragon Warrior အနေနဲ့ ဘယ်လိုတွေထပ်ပြီး တိုးတက်လာဦးမလည်းဆိုတာ မြင်တွေ့ရမယ်လို့ ယူဆရပါတယ်။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

RELATED ARTICLES

Most Popular