HomeCelebs Update NewsInternationalTaylor Swift ဘာေၾကာင့္ မူပိုင္ခြင့္ေတြ ဆုံးရႈံးရတယ္ဆိုတာ ကၽြမ္းက်င္ေရွ႕ေနကရွင္းျပ

Taylor Swift ဘာေၾကာင့္ မူပိုင္ခြင့္ေတြ ဆုံးရႈံးရတယ္ဆိုတာ ကၽြမ္းက်င္ေရွ႕ေနကရွင္းျပ

အောက်တွင် ယူနီကုဒ်ဖြင့် ဖတ်ပါ။

Taylor Swift ရဲ႕ Label ေဟာင္း Big Machine Records ကို Justin Bieber ရဲ႕ မန္ေနဂ်ာ Scooter Braun က ေဒၚလာသန္း(၃၀၀)နဲ႔ ၀ယ္ယူသြားၿပီးေနာက္ Taylor ဟာ ထြက္ရိွထားသမွ် သူမရဲ႕ စတူဒီယိုအယ္လ္ဘမ္ေတြရဲ႕ မူပိုင္ခြင့္ကို ဆုံးရႈံးလိုက္ရပါတယ္။ Taylor ဟာ သူမရဲ႕အဆိုး၀ါးဆုံး အိပ္မက္ထဲမွာေတာင္ ဒီလိုျဖစ္လာမယ္လို႔ မေတြးခဲ့ဖူးဘူးလို႔ Tumblr မွာ တင္ထားတဲ့ သူမရဲ႕ပို႔စ္မွာ ေရးထားၿပီး သူမရဲ႕ပရိသတ္ေတြကလည္း ႏွေမ်ာၿပီး ၀မ္းနည္းေနၾကပါတယ္။ ဒါေပမယ့္လည္း ဘယ္လိုေၾကာင့္ Taylor ဟာ သူမကိုယ္တိုင္ ဖန္တီးထားတဲ့ အယ္လ္ဘမ္(၆)ခ်ပ္စလုံးကို မူပိုင္ခြင့္ဆုံးရႈံးခဲ့ရတယ္ဆိုတာကို ေဖ်ာ္ေျဖေရးေလာကရဲ႕ ကၽြမ္းက်င္ေရွ႕ေန Ben Mclane က hollywoodlife သတင္းဌာနကို ရွင္းျပထားပါတယ္။

“အဆိုေတာ္တစ္ေယာက္က Label တစ္ခုနဲ႔ စာခ်ဳပ္ခ်ဳပ္တဲ့အခါ၊အထူးသျဖင့္ Taylor Swift လိုမ်ိဳး အသစ္စက္စက္အေနနဲ႔ ဂီတလမ္းေၾကာင္းေပၚ တက္တဲ့အခါ ေယဘူယ်အားျဖင့္ Label က မူရင္းအသံသြင္းထားတဲ့ recording ေတြကို ပိုင္ပါတယ္။ အဲ့ဒါေတြကို မာစတာလို႔ ေခၚပါတယ္။ ဒါကလည္း ပုံမွန္ပါပဲ။ အသစ္စက္စက္ လူမသိေသးတဲ့ အဆိုေတာ္တစ္ေယာက္ကို Recording လုပ္ေပးရတယ္။ စတူဒီယိုကို ပို႔ေပးရတယ္။ ေၾကာ္ျငာေပးရတယ္။ တစ္ခါတစ္ေလက်ေတာ့ အဲ့ဒီ့အဆိုေတာ္က ေနာက္ပိုင္းမွာ ေအာင္ျမင္ေက်ာ္ၾကားလာတဲ့အခါ သူတို႔ရဲ႕မာစတာေတြကို ျပန္၀ယ္ဖို႔ ႀကိဳးစားၾကတယ္။ Taylor က သူ႔ရဲ႕မာစတာေတြကို ျပန္၀ယ္ဖို႔ ႀကိဳးစားသလိုပဲေပါ့။

Photo: flickr

သူ႔အေနနဲ႔ အခုခ်ိန္မွာ အရမ္းေအာင္ျမင္လာတဲ့အခါက်ေတာ့ သူ႔ရဲ႕မာစတာေတြကလည္း ေဒၚလာသန္းရာနဲ႔ခ်ီၿပီး တန္ဖိုးရိွေနတယ္ေလ။ အဲ့ဒီ့မွာ ကၽြန္ေတာ္ခန္႔မွန္းၾကည့္ရမယ္ဆိုရင္ သူတို႔ေတာင္းတဲ့ ပမာဏက Taylor သုံးမယ္လို႔ ရည္ရြယ္ထားတဲ့ ပမာဏထက္ အဆမ်ားစြာ မ်ားေနတာ ျဖစ္ေနတာမ်ိဳး၊ ဒါမွမဟုတ္ ကမ္းလွမ္းတဲ့ အေပးအယူက Taylor မလုပ္ႏိုင္မယ့္ အေနအထားမ်ိဳး ျဖစ္ေနေလာက္ပါတယ္။ အဲ့လိုမွမဟုတ္ရင္ အစတည္းက Taylor ၀ယ္ထားေလာက္ၿပီေပါ့။ ဒီမာစတာေတြရဲ႕ မူပိုင္ခြင့္ကို ျပန္၀ယ္ဖို႔ သူ႔အေနနဲ႔ အေက်အလည္ ညိွႏိႈင္းတာမ်ိဳးေတြလည္း လုပ္ဖူးေလာက္တယ္။ ေပးရမယ့္ တန္ေၾကးက သိပ္မ်ားလြန္းေနတာသာ ျဖစ္ေလာက္တယ္။ တကယ္တမ္း ဘာျဖစ္တယ္ဆိုတာေတာ့ ကၽြန္ေတာ္တို႔ေတြ ဘယ္သူမွ မသိၾကရဘူးဆိုေတာ့ေလ” လို႔ ေရွ႕ေန Ben က ေျပာပါတယ္။

“အေမရိကန္ျပည္ေထာင္စုမွာက မာစတာ၊ ဒါမွမဟုတ္ မူပိုင္ခြင့္ဆိုတာက ဖန္တီးတဲ့ အႏုပညာရွင္ ေသဆုံးၿပီး ေနာက္ႏွစ္ေပါင္း(၇၀)အထိ အက်ဳံး၀င္တယ္။ ဆိုေတာ့ ဒီေလာက္ ငယ္ရြယ္ေသးတဲ့ Taylor ရဲ႕ မာစတာေတြက ေနာက္ႏွစ္ေပါင္းမ်ားစြာအထိမွာ ဘယ္လိုေတြ တန္ေၾကးျဖစ္လာမယ္ဆိုတာ မွန္းလို႔ေတာင္ မရပါဘူး။ မူပိုင္ခြင့္ဆိုတဲ့ေနရာမွာလည္း အေခြေရာင္းရတဲ့ေငြေတြ၊ အြန္လိုင္းမွာ Streaming လုပ္လို႔ရလာတဲ့ေငြေတြနဲ႔ မူပိုင္ခြင့္ကို ပိုင္ဆိုင္ထားတဲ့ သက္တမ္းတစ္ေလွ်ာက္လုံး ရေနမယ့္ လိုင္စင္ေၾကးေတြ အားလုံးပါ၀င္တယ္။ မာစတာတစ္ခုရဲ႕ တန္ဖိုးဆိုတာ ဒါေတြအားလုံးကိုတြက္ၿပီး ေခၚပါတယ္။ တစ္ေယာက္ေယာက္က မာစတာကို ၀ယ္လိုက္ၿပီဆိုရင္ အနာဂတ္မွာ ျဖစ္လာမယ့္တန္ဖိုးေတြကို ၀ယ္လိုက္တာျဖစ္တယ္။

ၿပီးေတာ့ Taylor Swift ဆိုတာကလည္း နာမည္ႀကီးဆိုေတာ့ မူပိုင္ခြင့္သက္တမ္းတစ္ေလွ်ာက္လုံးဆိုရင္ ေဒၚလာဘီလ်ံနဲ႔ခ်ီၿပီး တန္ေၾကးရိွေနပါတယ္။ အခုက Taylor ဆုံးရႈံးလိုက္ရတာ အယ္လ္ဘမ္(၆)ခ်ပ္စာဆိုေတာ့ အယ္လ္ဘမ္တစ္ခ်ပ္ကို သီခ်င္းဆယ္ပုဒ္ ပါတယ္လို႔ပဲ တြက္ၾကည့္ရင္ေတာင္ မာစတာ (၆၀)စာေလာက္ အနည္းဆုံးရိွပါတယ္။ ဒါေတြ ဘယ္ေလာက္တန္ဖိုး ရိွမလည္းဆိုတာ အတိအက် ေျပာလို႔မရပါဘူး။ အၾကမ္းဖ်င္း အနည္းဆုံးတြက္ၾကည့္မယ္ဆိုရင္ေတာင္ ေဒၚလာသန္းရာနဲ႔ခ်ီၿပီး တန္ဖိုးရိွပါတယ္”လို႔ ေျပာျပပါတယ္။

 

View this post on Instagram

 

✌️Friday calmness✌️

A post shared by Taylor Swift (@taylorswift) on

Scooter ဟာ သူမကို အႏိုင္က်င့္တယ္၊ ခ်ဳပ္ကိုင္တယ္လို႔ Taylor က ေျပာထားတဲ့အတြက္ Scooter အေနနဲ႔လည္း သူ႔ရဲ႕လုပ္ပိုင္ခြင့္ေနရာကေန Taylor ပ်က္စီးေအာင္ ဘယ္လိုေတြ လုပ္လို႔ရႏိုင္လည္းဆိုတာ ေမးၾကည့္တဲ့အခါမွာေတာ့ ….

“လက္ေတြ႕မွာေတာ့ Scooter ကလည္း ဒီမာစတာေတြကေန ပိုက္ဆံရွာခ်င္မွာပါပဲ။ အဲ့ဒီ့အခါ Taylor ကလည္း သူမရဲ႕မူပိုင္ခ(အႏုပညာေၾကး)ကို ရေနဦးမွာပါပဲ။ အဲ့ေတာ့ Taylor အေနနဲ႔ စီးပြားေရးအရေတာ့ ထိခုိက္ဖို႔ မရိွပါဘူး။ ဒါေပမယ့္ သိသာတဲ့အခ်က္တစ္ခုက သူ႔အေနနဲ႔ Scooter က အဲ့ဒီ့မာစတာေတြကို ထိန္းခ်ဳပ္ခ်ယ္လွယ္တာကို မႏွစ္သက္တာ ျဖစ္ပါတယ္”လို႔ ဆိုပါတယ္။

ဒီေရာင္းခ်မႈဟာ Taylor ကို စိတ္ကသိကေအာက္ ျဖစ္ေစေပမယ့္ Ben ရဲ႕ ေျပာၾကားခ်က္အရ Taylor အေနနဲ႔ ဥပေဒအရ လုပ္ႏိုင္တာ ဘာမွမရိွဘူးလို႔ သိရပါတယ္။ “မာစတာေတြကို ဘယ္သူပဲပိုင္ပိုင္ ဘာပဲလုပ္လုပ္ ဒါဟာ မူပိုင္ခြင့္အရ ဘာမွသြားေျပာလို႔ မရပါဘူး။ ဥပမာ လူတစ္ေယာက္က အိမ္တစ္လုံးကို ၀ယ္လိုက္ၿပီးၿပီဆိုရင္ အဲ့ဒီ့အိမ္ကို ဘယ္သူ႔ဆီပဲေရာင္းေရာင္း သူႀကိဳက္သလို လုပ္လို႔ရပါတယ္။ Taylor အေနနဲ႔ ဥပေဒနဲ႔ပတ္သက္ၿပီး လုပ္လို႔ရတာေတာ့ မရိွပါဘူး”လို႔ ဆိုပါတယ္။

 

View this post on Instagram

 

🧡 au revoir 🧡

A post shared by Taylor Swift (@taylorswift) on

Taylor အေနနဲ႔ မာစတာေတြကို ျပန္ရႏိုင္မယ့္ တစ္ခုတည္းေသာ နည္းလမ္းကေတာ့ Scooter နဲ႔ အေပးအယူလုပ္မွသာ ရမယ္လို႔ Ben က ဆိုပါတယ္။ “သူတို႔အေနနဲ႔ မာစတာေတြကို Taylor ကို ေရာင္းေပးခ်င္ရင္ ေရာင္းေပးလို႔ ရပါတယ္။ ဒါေပမယ့္ အဲ့ဒီ့အတြက္ တန္ေၾကးကို သူတို႔ဘာျပန္ေတာင္းမလည္းဆိုတာေတာ့ ဘုရားပဲ သိပါလိမ့္မယ္”လို႔ ေဖ်ာ္ေျဖေရးေလာကရဲ႕ ကၽြမ္းက်င္ေရွ႕ေန Ben က ေျဖၾကားထားပါတယ္။

ယခုလက္ရိွမွာေတာ့ Taylor ရဲ႕စြဲခ်က္ေတြအေပၚ Scooter က တစ္စုံတစ္ရာ တုံ႔ျပန္မႈ မေတြ႕ရပါေသးပါဘူး။ သို႔ေပမယ့္ Taylor နဲ႔ စကားေျပာႏိုင္ဖို႔အတြက္ ႀကိဳးစားေနတယ္လို႔ေတာ့ သိရပါတယ္။ ဘာေတြဆက္ျဖစ္လာဦးမလည္းဆိုတာကေတာ့ စိတ္၀င္စားစရာပါပဲ။

Xei

Source: hollywoodlife

(Unicode Version)

Taylor Swift ရဲ့ Label ဟောင်း Big Machine Records ကို Justin Bieber ရဲ့ မန်နေဂျာ Scooter Braun က ဒေါ်လာသန်း(၃၀၀)နဲ့ ဝယ်ယူသွားပြီးနောက် Taylor ဟာ ထွက်ရှိထားသမျှ သူမရဲ့ စတူဒီယိုအယ်လ်ဘမ်တွေရဲ့ မူပိုင်ခွင့်ကို ဆုံးရှုံးလိုက်ရပါတယ်။ Taylor ဟာ သူမရဲ့အဆိုးဝါးဆုံး အိပ်မက်ထဲမှာတောင် ဒီလိုဖြစ်လာမယ်လို့ မတွေးခဲ့ဖူးဘူးလို့ Tumblr မှာ တင်ထားတဲ့ သူမရဲ့ပို့စ်မှာ ရေးထားပြီး သူမရဲ့ပရိသတ်တွေကလည်း နှမျောပြီး ဝမ်းနည်းနေကြပါတယ်။ ဒါပေမယ့်လည်း ဘယ်လိုကြောင့် Taylor ဟာ သူမကိုယ်တိုင် ဖန်တီးထားတဲ့ အယ်လ်ဘမ်(၆)ချပ်စလုံးကို မူပိုင်ခွင့်ဆုံးရှုံးခဲ့ရတယ်ဆိုတာကို ဖျော်ဖြေရေးလောကရဲ့ ကျွမ်းကျင်ရှေ့နေ Ben Mclane က hollywoodlife သတင်းဌာနကို ရှင်းပြထားပါတယ်။

“အဆိုတော်တစ်ယောက်က Label တစ်ခုနဲ့ စာချုပ်ချုပ်တဲ့အခါ၊အထူးသဖြင့် Taylor Swift လိုမျိုး အသစ်စက်စက်အနေနဲ့ ဂီတလမ်းကြောင်းပေါ် တက်တဲ့အခါ ယေဘူယျအားဖြင့် Label က မူရင်းအသံသွင်းထားတဲ့ recording တွေကို ပိုင်ပါတယ်။ အဲ့ဒါတွေကို မာစတာလို့ ခေါ်ပါတယ်။ ဒါကလည်း ပုံမှန်ပါပဲ။ အသစ်စက်စက် လူမသိသေးတဲ့ အဆိုတော်တစ်ယောက်ကို Recording လုပ်ပေးရတယ်။ စတူဒီယိုကို ပို့ပေးရတယ်။ ကြော်ငြာပေးရတယ်။ တစ်ခါတစ်လေကျတော့ အဲ့ဒီ့အဆိုတော်က နောက်ပိုင်းမှာ အောင်မြင်ကျော်ကြားလာတဲ့အခါ သူတို့ရဲ့မာစတာတွေကို ပြန်ဝယ်ဖို့ ကြိုးစားကြတယ်။ Taylor က သူ့ရဲ့မာစတာတွေကို ပြန်ဝယ်ဖို့ ကြိုးစားသလိုပဲပေါ့။

Photo: flickr

သူ့အနေနဲ့ အခုချိန်မှာ အရမ်းအောင်မြင်လာတဲ့အခါကျတော့ သူ့ရဲ့မာစတာတွေကလည်း ဒေါ်လာသန်းရာနဲ့ချီပြီး တန်ဖိုးရှိနေတယ်လေ။ အဲ့ဒီ့မှာ ကျွန်တော်ခန့်မှန်းကြည့်ရမယ်ဆိုရင် သူတို့တောင်းတဲ့ ပမာဏက Taylor သုံးမယ်လို့ ရည်ရွယ်ထားတဲ့ ပမာဏထက် အဆများစွာ များနေတာ ဖြစ်နေတာမျိုး၊ ဒါမှမဟုတ် ကမ်းလှမ်းတဲ့ အပေးအယူက Taylor မလုပ်နိုင်မယ့် အနေအထားမျိုး ဖြစ်နေလောက်ပါတယ်။ အဲ့လိုမှမဟုတ်ရင် အစတည်းက Taylor ဝယ်ထားလောက်ပြီပေါ့။ ဒီမာစတာတွေရဲ့ မူပိုင်ခွင့်ကို ပြန်ဝယ်ဖို့ သူ့အနေနဲ့ အကျေအလည် ညှိနှိုင်းတာမျိုးတွေလည်း လုပ်ဖူးလောက်တယ်။ ပေးရမယ့် တန်ကြေးက သိပ်များလွန်းနေတာသာ ဖြစ်လောက်တယ်။ တကယ်တမ်း ဘာဖြစ်တယ်ဆိုတာတော့ ကျွန်တော်တို့တွေ ဘယ်သူမှ မသိကြရဘူးဆိုတော့လေ” လို့ ရှေ့နေ Ben က ပြောပါတယ်။

“အမေရိကန်ပြည်ထောင်စုမှာက မာစတာ၊ ဒါမှမဟုတ် မူပိုင်ခွင့်ဆိုတာက ဖန်တီးတဲ့ အနုပညာရှင် သေဆုံးပြီး နောက်နှစ်ပေါင်း(၇၀)အထိ အကျုံးဝင်တယ်။ ဆိုတော့ ဒီလောက် ငယ်ရွယ်သေးတဲ့ Taylor ရဲ့ မာစတာတွေက နောက်နှစ်ပေါင်းများစွာအထိမှာ ဘယ်လိုတွေ တန်ကြေးဖြစ်လာမယ်ဆိုတာ မှန်းလို့တောင် မရပါဘူး။ မူပိုင်ခွင့်ဆိုတဲ့နေရာမှာလည်း အခွေရောင်းရတဲ့ငွေတွေ၊ အွန်လိုင်းမှာ Streaming လုပ်လို့ရလာတဲ့ငွေတွေနဲ့ မူပိုင်ခွင့်ကို ပိုင်ဆိုင်ထားတဲ့ သက်တမ်းတစ်လျှောက်လုံး ရနေမယ့် လိုင်စင်ကြေးတွေ အားလုံးပါဝင်တယ်။ မာစတာတစ်ခုရဲ့ တန်ဖိုးဆိုတာ ဒါတွေအားလုံးကိုတွက်ပြီး ခေါ်ပါတယ်။ တစ်ယောက်ယောက်က မာစတာကို ဝယ်လိုက်ပြီဆိုရင် အနာဂတ်မှာ ဖြစ်လာမယ့်တန်ဖိုးတွေကို ဝယ်လိုက်တာဖြစ်တယ်။

ပြီးတော့ Taylor Swift ဆိုတာကလည်း နာမည်ကြီးဆိုတော့ မူပိုင်ခွင့်သက်တမ်းတစ်လျှောက်လုံးဆိုရင် ဒေါ်လာဘီလျံနဲ့ချီပြီး တန်ကြေးရှိနေပါတယ်။ အခုက Taylor ဆုံးရှုံးလိုက်ရတာ အယ်လ်ဘမ်(၆)ချပ်စာဆိုတော့ အယ်လ်ဘမ်တစ်ချပ်ကို သီချင်းဆယ်ပုဒ် ပါတယ်လို့ပဲ တွက်ကြည့်ရင်တောင် မာစတာ (၆၀)စာလောက် အနည်းဆုံးရှိပါတယ်။ ဒါတွေ ဘယ်လောက်တန်ဖိုး ရှိမလည်းဆိုတာ အတိအကျ ပြောလို့မရပါဘူး။ အကြမ်းဖျင်း အနည်းဆုံးတွက်ကြည့်မယ်ဆိုရင်တောင် ဒေါ်လာသန်းရာနဲ့ချီပြီး တန်ဖိုးရှိပါတယ်”လို့ ပြောပြပါတယ်။

 

View this post on Instagram

 

✌️Friday calmness✌️

A post shared by Taylor Swift (@taylorswift) on

Scooter ဟာ သူမကို အနိုင်ကျင့်တယ်၊ ချုပ်ကိုင်တယ်လို့ Taylor က ပြောထားတဲ့အတွက် Scooter အနေနဲ့လည်း သူ့ရဲ့လုပ်ပိုင်ခွင့်နေရာကနေ Taylor ပျက်စီးအောင် ဘယ်လိုတွေ လုပ်လို့ရနိုင်လည်းဆိုတာ မေးကြည့်တဲ့အခါမှာတော့ ….

“လက်တွေ့မှာတော့ Scooter ကလည်း ဒီမာစတာတွေကနေ ပိုက်ဆံရှာချင်မှာပါပဲ။ အဲ့ဒီ့အခါ Taylor ကလည်း သူမရဲ့မူပိုင်ခ(အနုပညာကြေး)ကို ရနေဦးမှာပါပဲ။ အဲ့တော့ Taylor အနေနဲ့ စီးပွားရေးအရတော့ ထိခိုက်ဖို့ မရှိပါဘူး။ ဒါပေမယ့် သိသာတဲ့အချက်တစ်ခုက သူ့အနေနဲ့ Scooter က အဲ့ဒီ့မာစတာတွေကို ထိန်းချုပ်ချယ်လှယ်တာကို မနှစ်သက်တာ ဖြစ်ပါတယ်”လို့ ဆိုပါတယ်။

ဒီရောင်းချမှုဟာ Taylor ကို စိတ်ကသိကအောက် ဖြစ်စေပေမယ့် Ben ရဲ့ ပြောကြားချက်အရ Taylor အနေနဲ့ ဥပဒေအရ လုပ်နိုင်တာ ဘာမှမရှိဘူးလို့ သိရပါတယ်။ “မာစတာတွေကို ဘယ်သူပဲပိုင်ပိုင် ဘာပဲလုပ်လုပ် ဒါဟာ မူပိုင်ခွင့်အရ ဘာမှသွားပြောလို့ မရပါဘူး။ ဥပမာ လူတစ်ယောက်က အိမ်တစ်လုံးကို ဝယ်လိုက်ပြီးပြီဆိုရင် အဲ့ဒီ့အိမ်ကို ဘယ်သူ့ဆီပဲရောင်းရောင်း သူကြိုက်သလို လုပ်လို့ရပါတယ်။ Taylor အနေနဲ့ ဥပဒေနဲ့ပတ်သက်ပြီး လုပ်လို့ရတာတော့ မရှိပါဘူး”လို့ ဆိုပါတယ်။

 

View this post on Instagram

 

🧡 au revoir 🧡

A post shared by Taylor Swift (@taylorswift) on

Taylor အနေနဲ့ မာစတာတွေကို ပြန်ရနိုင်မယ့် တစ်ခုတည်းသော နည်းလမ်းကတော့ Scooter နဲ့ အပေးအယူလုပ်မှသာ ရမယ်လို့ Ben က ဆိုပါတယ်။ “သူတို့အနေနဲ့ မာစတာတွေကို Taylor ကို ရောင်းပေးချင်ရင် ရောင်းပေးလို့ ရပါတယ်။ ဒါပေမယ့် အဲ့ဒီ့အတွက် တန်ကြေးကို သူတို့ဘာပြန်တောင်းမလည်းဆိုတာတော့ ဘုရားပဲ သိပါလိမ့်မယ်”လို့ ဖျော်ဖြေရေးလောကရဲ့ ကျွမ်းကျင်ရှေ့နေ Ben က ဖြေကြားထားပါတယ်။

ယခုလက်ရှိမှာတော့ Taylor ရဲ့စွဲချက်တွေအပေါ် Scooter က တစ်စုံတစ်ရာ တုံ့ပြန်မှု မတွေ့ရပါသေးပါဘူး။ သို့ပေမယ့် Taylor နဲ့ စကားပြောနိုင်ဖို့အတွက် ကြိုးစားနေတယ်လို့တော့ သိရပါတယ်။ ဘာတွေဆက်ဖြစ်လာဦးမလည်းဆိုတာကတော့ စိတ်ဝင်စားစရာပါပဲ။

Xei

Source: hollywoodlife

 

 

RELATED ARTICLES

Most Popular