HomeEntertainmentFilmExtraction 2 ကို ၂၀၂၁ ခုနှစ်မှာ စတင်ရိုက်ကူးသွားနိုင်ချေရှိ

Extraction 2 ကို ၂၀၂၁ ခုနှစ်မှာ စတင်ရိုက်ကူးသွားနိုင်ချေရှိ

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

Extraction 2 ရဲ့ ဇာတ်ညွှန်းကိုသာ အချိန်မီရခဲ့မယ်ဆိုရင် ၂၀၂၁ ခုနှစ်လောက်မှာ စတင်ရိုက်ကူးသွားနိုင်ချေ ရှိပါတယ်လို့ ထုတ်လုပ်သူ Joe Russo က ပြောခဲ့ပါတယ်။ ဒီနှစ်ထဲမှာပဲ ထွက်ရှိခဲ့တဲ့ Extraction ဟာလည်း ဝေဖန်ချက်ကောင်းတွေကို ရရှိခဲ့သလို ပရိသတ်တွေကြားထဲမှာလည်း အောင်မြင်ခဲ့ပါတယ်။ ဒါ့အပြင် ပရိသတ်တွေအများစုကလည်း ဒီရုပ်ရှင်ရဲ့ sequel ကို မြင်ချင်နေကြပါတယ်။ အဲ့ဒါကြောင့်ပဲ ဒီသတင်းကတော့ ပရိသတ်တွေအတွက် သတင်းကောင်းတစ်ခု ဖြစ်မယ်ဆိုတာ သေချာပါတယ်။

Comicbook သတင်းဌာနနဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးတစ်ခုထဲမှာတော့ Russo ညီအစ်ကိုနှစ်ယောက်ဟာ Extraction 2 ထွက်လာမယ် ဆိုပြီးတော့ အတည်ပြုခဲ့ပါတယ်။ အဲ့ဒီရုပ်ရှင်အတွက် ဇာတ်ညွှန်းကိုတော့ ရေးနေဆဲဖြစ်ပြီးတော့ အဲ့ဒီဇာတ်ညွှန်းသာ အချိန်မီပြီးခဲ့မယ် ဆိုရင်တော့ ဒီရုပ်ရှင်ဟာ ၂၀၂၁ ခုနှစ်မှာ စတင်ပြီးတော့ ရိုက်ကူးနိုင်မယ်လို့လည်း ပြောခဲ့ပါတယ်။ ဒါ့အပြင် Chris Hemsworth နဲ့ Netflix တို့ဟာလည်း sequel ကို ဖန်တီးဖို့အတွက် စိတ်အားထက်သန်နေကြပါတယ်လို့ ပြောခဲ့ပါသေးတယ်။

photo via screenrant

သူပြောသွားတဲ့ စကားအပြည့်အစုံကတော့ ” ဟုတ်ပါတယ်။ ကျွန်တော်တို့က Extraction 2 ကို ဖန်တီးဖို့အတွက် ပြုလုပ်နေကြပါပြီ။ အခုချိန်မှာတော့ ဇာတ်ညွှန်းရေးနေတုန်းပဲ ရှိသေးပြီးတော့ ရှေ့နှစ်ထဲမှာတော့ ရိုက်ကူးနိုင်မယ်လို့ မျှော်လင့်ပါတယ်။ ကျွန်တော်ကရော Chris Hemsworth ကရော Netflix ကရော အဲ့ဒီရုပ်ရှင်အတွက် အရမ်းကိုစိတ်လှုပ်ရှားနေကြပါတယ်။ အဲ့ဒါကြောင့်ပဲ ဇာတ်ညွှန်းကို အချိန်မီပြီးဖို့အတွက်ပဲ လိုအပ်ပါတယ် ” ဆိုပြီးတော့ ပြောခဲ့ပါတယ်။

Extraction ဟာလည်း Netflix ကထုတ်လုပ်ခဲ့တဲ့ ရုပ်ရှင်တစ်ကား ဖြစ်ပြီး အတော်လေးကို အောင်မြင်ခဲ့ပါတယ်။ အဲ့ဒါကြောင့်ပဲ အဲ့ဒီရုပ်ရှင်အဆက်ကို ဆက်လက်ဖန်တီးဖို့အတွက် သရုပ်ဆောင်တွေရော Netflix ကပါ စိတ်လှုပ်ရှားနေကြပါတယ်။ Extraction 2 ထွက်လာရင်လည်း ပထမထက် ပိုပြီးတော့ ကောင်းတဲ့ဇာတ်လမ်းမျိူးကို မြင်တွေ့ရဖို့အတွက် ပရိသတ်တွေကလည်း မျှော်လင့်နေကြပါတယ်။ Joe Russo ပြောသွားတဲ့စကားအရဆိုရင်တော့ ဇာတ်ညွှန်းကို အချိန်မီပြီးခဲ့မယ်ဆိုရင်တော့ ၂၀၂၁ ခုနှစ်ထဲမှာ စတင်ရိုက်ကူးနိုင်ပြီး ၂၀၂၂ ခုနှစ်လောက်ဆိုရင်တော့ ကြည့်လို့ရပြီလို့ မျှော်လင့်လို့ရပါတယ်။

Legos

Source : Screenrant

(Zawgyi Version)

Extraction 2 ရဲ႕ ဇာတ္ၫႊန္းကိုသာ အခ်ိန္မီရခဲ့မယ္ဆိုရင္ ၂၀၂၁ ခုႏွစ္ေလာက္မွာ စတင္႐ိုက္ကူးသြားႏိုင္ေခ် ရွိပါတယ္လို႔ ထုတ္လုပ္သူ Joe Russo က ေျပာခဲ့ပါတယ္။ ဒီႏွစ္ထဲမွာပဲ ထြက္ရွိခဲ့တဲ့ Extraction ဟာလည္း ေဝဖန္ခ်က္ေကာင္းေတြကို ရရွိခဲ့သလို ပရိသတ္ေတြၾကားထဲမွာလည္း ေအာင္ျမင္ခဲ့ပါတယ္။ ဒါ့အျပင္ ပရိသတ္ေတြအမ်ားစုကလည္း ဒီ႐ုပ္ရွင္ရဲ႕ sequel ကို ျမင္ခ်င္ေနၾကပါတယ္။ အဲ့ဒါေၾကာင့္ပဲ ဒီသတင္းကေတာ့ ပရိသတ္ေတြအတြက္ သတင္းေကာင္းတစ္ခု ျဖစ္မယ္ဆိုတာ ေသခ်ာပါတယ္။

Comicbook သတင္းဌာနနဲ႔ ျပဳလုပ္ခဲ့တဲ့ အင္တာဗ်ဴးတစ္ခုထဲမွာေတာ့ Russo ညီအစ္ကိုႏွစ္ေယာက္ဟာ Extraction 2 ထြက္လာမယ္ ဆိုၿပီးေတာ့ အတည္ျပဳခဲ့ပါတယ္။ အဲ့ဒီ႐ုပ္ရွင္အတြက္ ဇာတ္ၫႊန္းကိုေတာ့ ေရးေနဆဲျဖစ္ၿပီးေတာ့ အဲ့ဒီဇာတ္ၫႊန္းသာ အခ်ိန္မီၿပီးခဲ့မယ္ ဆိုရင္ေတာ့ ဒီ႐ုပ္ရွင္ဟာ ၂၀၂၁ ခုႏွစ္မွာ စတင္ၿပီးေတာ့ ႐ိုက္ကူးႏိုင္မယ္လို႔လည္း ေျပာခဲ့ပါတယ္။ ဒါ့အျပင္ Chris Hemsworth နဲ႔ Netflix တို႔ဟာလည္း sequel ကို ဖန္တီးဖို႔အတြက္ စိတ္အားထက္သန္ေနၾကပါတယ္လို႔ ေျပာခဲ့ပါေသးတယ္။

photo via screenrant

သူေျပာသြားတဲ့ စကားအျပည့္အစုံကေတာ့ ” ဟုတ္ပါတယ္။ ကြၽန္ေတာ္တို႔က Extraction 2 ကို ဖန္တီးဖို႔အတြက္ ျပဳလုပ္ေနၾကပါၿပီ။ အခုခ်ိန္မွာေတာ့ ဇာတ္ၫႊန္းေရးေနတုန္းပဲ ရွိေသးၿပီးေတာ့ ေရွ႕ႏွစ္ထဲမွာေတာ့ ႐ိုက္ကူးႏိုင္မယ္လို႔ ေမွ်ာ္လင့္ပါတယ္။ ကြၽန္ေတာ္ကေရာ Chris Hemsworth ကေရာ Netflix ကေရာ အဲ့ဒီ႐ုပ္ရွင္အတြက္ အရမ္းကိုစိတ္လႈပ္ရွားေနၾကပါတယ္။ အဲ့ဒါေၾကာင့္ပဲ ဇာတ္ၫႊန္းကို အခ်ိန္မီၿပီးဖို႔အတြက္ပဲ လိုအပ္ပါတယ္ ” ဆိုၿပီးေတာ့ ေျပာခဲ့ပါတယ္။

Extraction ဟာလည္း Netflix ကထုတ္လုပ္ခဲ့တဲ့ ႐ုပ္ရွင္တစ္ကား ျဖစ္ၿပီး အေတာ္ေလးကို ေအာင္ျမင္ခဲ့ပါတယ္။ အဲ့ဒါေၾကာင့္ပဲ အဲ့ဒီ႐ုပ္ရွင္အဆက္ကို ဆက္လက္ဖန္တီးဖို႔အတြက္ သ႐ုပ္ေဆာင္ေတြေရာ Netflix ကပါ စိတ္လႈပ္ရွားေနၾကပါတယ္။ Extraction 2 ထြက္လာရင္လည္း ပထမထက္ ပိုၿပီးေတာ့ ေကာင္းတဲ့ဇာတ္လမ္းမ်ိဴးကို ျမင္ေတြ႕ရဖို႔အတြက္ ပရိသတ္ေတြကလည္း ေမွ်ာ္လင့္ေနၾကပါတယ္။ Joe Russo ေျပာသြားတဲ့စကားအရဆိုရင္ေတာ့ ဇာတ္ၫႊန္းကို အခ်ိန္မီၿပီးခဲ့မယ္ဆိုရင္ေတာ့ ၂၀၂၁ ခုႏွစ္ထဲမွာ စတင္႐ိုက္ကူးႏိုင္ၿပီး ၂၀၂၂ ခုႏွစ္ေလာက္ဆိုရင္ေတာ့ ၾကည့္လို႔ရၿပီလို႔ ေမွ်ာ္လင့္လို႔ရပါတယ္။

Legos

Source : Screenrant

RELATED ARTICLES

Most Popular