HomeCelebs Update NewsInternationalထိခိုက်သူတွေနဲ့ ပရိသတ်တွေအားလုံးကို တောင်းပန်လာတဲ့ Ezra Miller

ထိခိုက်သူတွေနဲ့ ပရိသတ်တွေအားလုံးကို တောင်းပန်လာတဲ့ Ezra Miller

The Flash သရုပ်ဆောင်ဖြစ်တဲ့ Ezra Miller ကတော့ ဖြစ်ပျက်ခဲ့သမျှ အရာတွေအားလုံးအတွက် ထိခိုက်သူတွေနဲ့ ပရိသတ်တွေအားလုံးကို တောင်းပန်လိုက်ပါတယ်။ Ezra Miller ကတော့ ၂၀၁၄ ခုနှစ်မှာ စတင်ပြီး DCEU ရဲ့ The Flash အနေနဲ့ ပါဝင်သရုပ်ဆောင်ခဲ့ပြီး သူ့ရဲ့ ဆိုလိုရုပ်ရှင်ကလည်း ရှေ့နှစ်ထဲမှာ ထွက်ရှိလာတော့မှာ ဖြစ်ပါတယ်။ ဒီရုပ်ရှင်ရဲ့ ရိုက်ကူးရေး ပြီးဆုံးပြီး မကြာခင်မှာပဲ Ezra Miller ကတော့ လူတွေကြားမှာ အငြင်းပွားစရာ ဖြစ်စေမယ့် ကိစ္စတွေကို တောက်လျှောက် ပြုလုပ်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ မတ်လက စတင်ပြီး Ezra Miller ဟာ တရားစွဲဆိုမှုများစွာနဲ့ ရင်ဆိုင်ခဲ့ရသလို Hawaii မှာလည်း အကြိမ်ကြိမ် အဖမ်းခံခဲ့ရပါတယ်။ အဲဒီနောက်မှာတော့ သူဟာ ထွက်ပြေးနေတယ်လို့ ယူဆရပြီး အာဏာပိုင်တွေကလည်း သူ့ကို ရှာဖွေလို့ မရဘူးလို့ ပြောထားပါတယ်။ သိပ်မကြာခင်တုန်းကလည်း Miller ဟာ အိမ်တစ်အိမ်ထဲကို ဖောက်ထွင်းဝင်ရောက်ပြီး အရက်ပုလင်းတွေ ခိုးယူခဲ့တာကြောင့် ထပ်မံတရားစွဲခံထားရပါတယ်။

photo via screenrant

ဒါကြောင့်ပဲ Miller ဟာ မီဒီယာတွေရဲ့ သတင်းခေါင်းစီးတွေမှာ အကြိမ်ကြိမ် ပါဝင်ခဲ့ပြီး ယခုအချိန်မှာတော့ အားလုံးကို တောင်းပန်တဲ့ ကြေညာချက်တစ်ခု ထုတ်ပြန်လိုက်ပါတယ်။ ဒီထုတ်ပြန်ချက်ကိုတော့ Miller ရဲ့ကိုယ်စားလှယ်က Variety သတင်းဌာနကို ပေးပို့ခဲ့တာ ဖြစ်ပါတယ်။

“အလွန်ဆိုးရွားပြင်းထန်တဲ့ အကျပ်အတည်းတွေကို ဖြတ်သန်းခဲ့ပြီးတော့ ကျွန်တော် သိလိုက်ရတာက ရှုပ်ထွေးတဲ့ စိတ်ကျန်းမာရေး ပြဿနာတစ်ခုကို ခံစားနေရတယ်ဆိုတာပါပဲ။ ဒီအတွက် ကုသမှုတွေကိုလည်း ခံယူနေပါပြီ။ ကျွန်တော့်ရဲ့ အတိတ်ကလုပ်ရပ်တွေကြောင့် အလန့်တကြား ဖြစ်ခဲ့ရသူတွေနဲ့ စိတ်ပျက်ခဲ့ရသူတွေအားလုံးကို တောင်းပန်ချင်ပါတယ်။ ကျွန်တော့်ဘဝကို အရင်လိုမျိူး ပုံမှန်ပြန်ဖြစ်စေဖို့ လိုအပ်တာတွေအားလုံးကို လုပ်သွားဖို့လည်း ဆုံးဖြတ်ထားပါတယ် …”

photo via screenrant

ဒီသတင်းရဲ့ ဖော်ပြချက်အရ Ezra Miller ဟာ စိတ်ကျန်းမာရေး အထူးကုတွေနဲ့ တိုင်ပင်ဆွေးနွေးပြီး ကုသမှုခံယူဖို့အတွက် Warner Bros. Discovery ကလည်း အကူအညီပေးနေတယ်လို့ သိရပါတယ်။ လောလောဆယ်အထိတော့ The Flash ရုပ်ရှင်ဟာ ၂၀၂၃ ခုနှစ် ဇွန်လ (၂၃)ရက်နေ့မှာ ရုံတင်ဖို့ သတ်မှတ်ထားပြီး Flash နေရာမှာလည်း သရုပ်ဆောင်အစားထိုးဖို့ အစီအစဉ်မရှိသေးဘူးလို့ သိရပါတယ်။ ဒါပေမယ့်လည်း WB Discovery ဟာ Ezra Miller နဲ့ ထပ်မံအလုပ်လုပ်သွားဦးမယ်လို့ ကြေညာထားတာတော့ မရှိသေးပါဘူး။

Legos

Source: Screenrant

RELATED ARTICLES

Most Popular