HomeCelebs Update NewsInternationalFantastic Beasts 3 ရိုက်ကွင်းပေါ်မှာ Snyder Cut အတွက် ရိုက်ကူးခဲ့တဲ့ Ezra Miller

Fantastic Beasts 3 ရိုက်ကွင်းပေါ်မှာ Snyder Cut အတွက် ရိုက်ကူးခဲ့တဲ့ Ezra Miller

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

Ezra Miller ဟာ Fantastic Beasts 3 ရိုက်ကွင်းပေါ်မှာ သရုပ်ဆောင်နေရင်းနဲ့ Snyder Cut အတွက် Flash အနေနဲ့ ပြန်လည်ရိုက်ကူးမယ့် အခန်းတွေကို Zoom ကနေတစ်ဆင့် ရိုက်ကူးခဲ့ပါတယ်လို့ ဒါရိုက်တာ Zack Snyder က ပြောပြခဲ့ပါတယ်။ Snyder Cut ဟာ တကယ်ထွက်လာမယ်လို့ အတည်ပြုသွားတဲ့ နောက်ပိုင်းမှာတော့ လိုအပ်တဲ့အခန်းတွေကို ပြန်လည်ရိုက်ကူးဖို့အတွက် ပြင်ဆင်ခဲ့ရပါတယ်။ အဲ့ဒါကြောင့်ပဲ Ben Affleck နဲ့ Ray Fisher တို့ကလည်း Batman နဲ့ Cyborg တို့အနေနဲ့ ပြန်လည်ရိုက်ကူးခဲ့ရပါတယ်။

အဲ့လိုမျိူး ပြန်လည်ရိုက်ကူးမယ့် အချိန်မှာတော့ တစ်ချို့သရုပ်ဆောင်တွေကတော့ တစ်ခြားရုပ်ရှင်တွေမှာ သရုပ်ဆောင်နေရတာကြောင့် မအားလပ်တာမျိူးတွေ ရှိလာပါတယ်။ Flash အဖြစ်နဲ့ သရုပ်ဆောင်ခဲ့တဲ့ Ezra Miller ကလည်း လန်ဒန်မြို့မှာ Fantastic Beasts 3 အတွက် ရိုက်ကူးရေးကို ရောက်နေတာကြောင့် Snyder Cut အတွက် ရိုက်ကွင်းကို ပြန်မလာနိုင်ခဲ့ပါဘူး။ ဒါပေမယ့်လည်း Snyder ကတော့ ပုံမှန်နည်းလမ်းတွေနဲ့ မဟုတ်ဘဲ နှစ်ဘက်လုံး အဆင်ပြေစေမယ့် နည်းလမ်းကို ရှာတွေ့ခဲ့ပါတယ်။

photo via screenrant

Beyond the Trailer ဆိုတဲ့ YouTube channel နဲ့ အင်တာဗျူးမှာတော့ Snyder ဟာ Justice League အတွက် Zoom ကနေ တစ်ဆင့် ဘယ်လိုမျိူး ပြန်လည်ရိုက်ကူးခဲ့ရလည်း ဆိုတာကို ပြောပြခဲ့ပါတယ်။ Synder ပြောခဲ့တဲ့ စကားအပြည့်အစုံကတော့ “Justice League အတွက် ပြန်လည်ရိုက်ကူးနေတဲ့အချိန်မှာတော့ Ezra ရဲ့ ဇာတ်ဝင်ခန်းအနည်းငယ်ကို ပြန်လည်ရိုက်ကူးဖို့ လိုအပ်ခဲ့ပါတယ်။ သူကတော့ လန်ဒန်မြို့ပေါ်က Fantastic Beasts ရိုက်ကွင်းကို ရောက်နေခဲ့ပါတယ်။ ” လို့ပြောခဲ့ပါတယ်။

ဒါ့အပြင် ” ကျွန်တော်ကိုယ်တိုင်က လန်ဒန်ကို သွားချင်ခဲ့ပေမယ့်လည်း ကံမကောင်းစွာနဲ့ပဲ သွားလို့မရခဲ့ပါဘူး။ အဲ့ဒါကြောင့်ပဲ ကျွန်တော်တို့က Ezra ရဲ့ ဇာတ်ဝင်ခန်းတွေကို Zoom ကနေတစ်ဆင့် ရိုက်ကူးခဲ့ပါတယ်။ ကျွန်တော်ကတော့ Ezra သရုပ်ဆောင်ရမယ့် ပုံစံတွေကို ပို့ပေးခဲ့ပြီး ဘယ်လိုမျိူး သရုပ်ဆောင်မလည်း ဆိုတာကို အနည်းငယ် ကြီးကြပ်ပေးခဲ့ပါတယ်။ ကျွန်တော်ကတော့ ရုံးခန်းထဲက ပြောခဲ့ပြီး သူကတော့ Fantastic Beasts ရိုက်ကွင်းပေါ်မှာ သရုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။ ကျွန်တော့်အတွက်တော့ Ezra နဲ့ ရိုက်ကွင်းကို သေချာမြင်ရဖို့အတွက် မော်နီတာသုံးလုံးနဲ့ ကြည့်ရှုခဲ့ရပါတယ် ” လို့ပြောခဲ့ပါတယ်။

photo via screenrant

Justice League ရော Fantastic  Beasts ရောဟာ Warner Bros က ဖြစ်တာကြောင့် Snyder Cut ပြန်လည်ရိုက်ကူးဖို့အတွက် သိပ်ပြီးတော့ မခက်ခဲခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် Ezra ပြန်လည်သရုပ်ဆောင်ခဲ့ရတာလည်း အများကြီးမဟုတ်ဘဲ ရုပ်ရှင်ထဲမှာ ထည့်ဖို့အတွက် Snyder ရွေးခဲ့တာကလည်း ငါးမိနစ်စာလောက်ပဲ ဖြစ်ပါတယ်။ အခုလိုမျိူး အခက်အခဲတွေနဲ့ ရိုက်ကူးထားတဲ့ Justice League ကတော့ ဘယ်လိုပုံစံမျိူး ထွက်လာမလည်း ဆိုတာကတော့ စောင့်ကြည့်ရမှာပဲ ဖြစ်ပါတယ်။

Legos

Source : Screenrant

(Zawgyi Version)

Ezra Miller ဟာ Fantastic Beasts 3 ႐ိုက္ကြင္းေပၚမွာ သ႐ုပ္ေဆာင္ေနရင္းနဲ႔ Snyder Cut အတြက္ Flash အေနနဲ႔ ျပန္လည္႐ိုက္ကူးမယ့္ အခန္းေတြကို Zoom ကေနတစ္ဆင့္ ႐ိုက္ကူးခဲ့ပါတယ္လို႔ ဒါ႐ိုက္တာ Zack Snyder က ေျပာျပခဲ့ပါတယ္။ Snyder Cut ဟာ တကယ္ထြက္လာမယ္လို႔ အတည္ျပဳသြားတဲ့ ေနာက္ပိုင္းမွာေတာ့ လိုအပ္တဲ့အခန္းေတြကို ျပန္လည္႐ိုက္ကူးဖို႔အတြက္ ျပင္ဆင္ခဲ့ရပါတယ္။ အဲ့ဒါေၾကာင့္ပဲ Ben Affleck နဲ႔ Ray Fisher တို႔ကလည္း Batman နဲ႔ Cyborg တို႔အေနနဲ႔ ျပန္လည္႐ိုက္ကူးခဲ့ရပါတယ္။

အဲ့လိုမ်ိဴး ျပန္လည္႐ိုက္ကူးမယ့္ အခ်ိန္မွာေတာ့ တစ္ခ်ိဳ႕သ႐ုပ္ေဆာင္ေတြကေတာ့ တစ္ျခား႐ုပ္ရွင္ေတြမွာ သ႐ုပ္ေဆာင္ေနရတာေၾကာင့္ မအားလပ္တာမ်ိဴးေတြ ရွိလာပါတယ္။ Flash အျဖစ္နဲ႔ သ႐ုပ္ေဆာင္ခဲ့တဲ့ Ezra Miller ကလည္း လန္ဒန္ၿမိဳ႕မွာ Fantastic Beasts 3 အတြက္ ႐ိုက္ကူးေရးကို ေရာက္ေနတာေၾကာင့္ Snyder Cut အတြက္ ႐ိုက္ကြင္းကို ျပန္မလာႏိုင္ခဲ့ပါဘူး။ ဒါေပမယ့္လည္း Snyder ကေတာ့ ပုံမွန္နည္းလမ္းေတြနဲ႔ မဟုတ္ဘဲ ႏွစ္ဘက္လုံး အဆင္ေျပေစမယ့္ နည္းလမ္းကို ရွာေတြ႕ခဲ့ပါတယ္။

photo via screenrant

Beyond the Trailer ဆိုတဲ့ YouTube channel နဲ႔ အင္တာဗ်ဴးမွာေတာ့ Snyder ဟာ Justice League အတြက္ Zoom ကေန တစ္ဆင့္ ဘယ္လိုမ်ိဴး ျပန္လည္႐ိုက္ကူးခဲ့ရလည္း ဆိုတာကို ေျပာျပခဲ့ပါတယ္။ Synder ေျပာခဲ့တဲ့ စကားအျပည့္အစုံကေတာ့ “Justice League အတြက္ ျပန္လည္႐ိုက္ကူးေနတဲ့အခ်ိန္မွာေတာ့ Ezra ရဲ႕ ဇာတ္ဝင္ခန္းအနည္းငယ္ကို ျပန္လည္႐ိုက္ကူးဖို႔ လိုအပ္ခဲ့ပါတယ္။ သူကေတာ့ လန္ဒန္ၿမိဳ႕ေပၚက Fantastic Beasts ႐ိုက္ကြင္းကို ေရာက္ေနခဲ့ပါတယ္။ ” လို႔ေျပာခဲ့ပါတယ္။

ဒဒါ့အျပင္ ” ကြၽန္ေတာ္ကိုယ္တိုင္က လန္ဒန္ကို သြားခ်င္ခဲ့ေပမယ့္လည္း ကံမေကာင္းစြာနဲ႔ပဲ သြားလို႔မရခဲ့ပါဘူး။ အဲ့ဒါေၾကာင့္ပဲ ကြၽန္ေတာ္တို႔က Ezra ရဲ႕ ဇာတ္ဝင္ခန္းေတြကို Zoom ကေနတစ္ဆင့္ ႐ိုက္ကူးခဲ့ပါတယ္။ ကြၽန္ေတာ္ကေတာ့ Ezra သ႐ုပ္ေဆာင္ရမယ့္ ပုံစံေတြကို ပို႔ေပးခဲ့ၿပီး ဘယ္လိုမ်ိဴး သ႐ုပ္ေဆာင္မလည္း ဆိုတာကို အနည္းငယ္ ႀကီးၾကပ္ေပးခဲ့ပါတယ္။ ကြၽန္ေတာ္ကေတာ့ ႐ုံးခန္းထဲက ေျပာခဲ့ၿပီး သူကေတာ့ Fantastic Beasts ႐ိုက္ကြင္းေပၚမွာ သ႐ုပ္ေဆာင္ခဲ့တာ ျဖစ္ပါတယ္။ ကြၽန္ေတာ့္အတြက္ေတာ့ Ezra နဲ႔ ႐ိုက္ကြင္းကို ေသခ်ာျမင္ရဖို႔အတြက္ ေမာ္နီတာသုံးလုံးနဲ႔ ၾကည့္ရႈခဲ့ရပါတယ္ ” လို႔ေျပာခဲ့ပါတယ္။

photo via screenrant

Justice League ေရာ Fantastic  Beasts ေရာဟာ Warner Bros က ျဖစ္တာေၾကာင့္ Snyder Cut ျပန္လည္႐ိုက္ကူးဖို႔အတြက္ သိပ္ၿပီးေတာ့ မခက္ခဲခဲ့တာ ျဖစ္ပါတယ္။ ဒါ့အျပင္ Ezra ျပန္လည္သ႐ုပ္ေဆာင္ခဲ့ရတာလည္း အမ်ားႀကီးမဟုတ္ဘဲ ႐ုပ္ရွင္ထဲမွာ ထည့္ဖို႔အတြက္ Snyder ေ႐ြးခဲ့တာကလည္း ငါးမိနစ္စာေလာက္ပဲ ျဖစ္ပါတယ္။ အခုလိုမ်ိဴး အခက္အခဲေတြနဲ႔ ႐ိုက္ကူးထားတဲ့ Justice League ကေတာ့ ဘယ္လိုပုံစံမ်ိဴး ထြက္လာမလည္း ဆိုတာကေတာ့ ေစာင့္ၾကည့္ရမွာပဲ ျဖစ္ပါတယ္။

Legos

Source : Screenrant

RELATED ARTICLES

Most Popular