HomeEntertainmentFilmSecret Invasion အပိုင်း(၅)ထဲက စိတ်ဝင်စားစရာအချက်များနဲ့ Easter Egg များ

Secret Invasion အပိုင်း(၅)ထဲက စိတ်ဝင်စားစရာအချက်များနဲ့ Easter Egg များ

*** Spoiler Alert ***

Secret Invasion ဇာတ်လမ်းတွဲကတော့ မကြာသေးခင်ကပဲ အပိုင်း(၅) ထွက်ရှိလာပါတယ်။ ဒါကြောင့်ပဲ နောက်တစ်ပတ်ဆိုရင်တော့ ဒီဇာတ်လမ်းတွဲဟာ ဇာတ်သိမ်းတော့မှာ ဖြစ်ပါတယ်။ ဒီအပိုင်းထဲမှာတော့ Skrull တွေဟာ Gravik ရဲ့ လုပ်ရပ်တွေအပေါ် သဘောမကျတော့ဘဲ ပုန်ကန်မှုတွေ ရှိလာတာကိုလည်း တွေ့ရပါတယ်။ ဒါ့အပြင် Nick Fury ကလည်း Sonya နဲ့ ပူးပေါင်းပြီး ပြန်လည် တိုက်ခိုက်တော့မယ့်ပုံစံကို မြင်တွေ့ခဲ့ရပါတယ်။

Harvest ဆိုတာ Avenger တွေရဲ့ DNA ကို ပြောတာပါ။

photo credit Marvel Studios

ဒီဇာတ်လမ်းတလျှောက်လုံးမှာတော့ Gravik ဟာ သူ့ရဲ့လူတွေကို ဘာမှန်းမသိရတဲ့ Harvest ဆိုတဲ့အရာကို ရှာဖွေခိုင်းနေပါတယ်။ ဒီအပိုင်းထဲမှာတော့ အဲဒီ Harvest ဟာ Avenger တွေရဲ့ DNA ကို ပြောတာမှန်း သိလိုက်ရပါပြီ။ ဇာတ်ဝင်ခန်းတစ်ခုမှာတော့ Gravik ဟာ Nick Fury ဆီကို ဖုန်းဆက်ပြီး Avenger တွေရဲ့ DNA ကို လှမ်းတောင်းခဲ့ပါတယ်။ သူ့ရဲ့တောင်းဆိုမှုကို မလိုက်လျောရင်တော့ Skrull တွေအားလုံးကို စတေးပြီး တတိယကမ္ဘာစစ်ဖြစ်အောင် လုပ်ပစ်မယ်လို့ ပြောသွားပါတယ်။

O-T Fagbenle ရဲ့ Cameo

photo credit Marvel Studios

ဒီအပိုင်းထဲက အကြီးမားဆုံး Easter Egg ကတော့ သရုပ်ဆောင် O-T Fagbenle ရဲ့ Cameo ပဲ ဖြစ်ပါတယ်။ ဒီဇာတ်ကောင်ရဲ့ နာမည်ကတော့ Rick Mason ဖြစ်ပြီး Black Widow ရုပ်ရှင်ထဲမှာ Minor Character အဖြစ် ပါဝင်ခဲ့ပါတယ်။ ဒီအပိုင်းထဲမှာလည်း Nick Fury က Sonya နဲ့တွေ့ဖို့ Private Jet စီးတဲ့အချိန်မှာ Rick Mason လည်း ပါဝင်ခဲ့ပါတယ်။

ဒါ့အပြင် Nick Fury ဟာ Helicarrier နဲ့သာ ခရီးသွားရရင် ပိုပြီးသက်တောင့်သက်သာ ဖြစ်မှာလို့လည်း ပြောလိုက်ပါသေးတယ်။ Helicarrier ကတော့ ၂၀၁၂ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ The Avengers နဲ့ ၂၀၁၅ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ The Avengers: Age of Ultron ထဲမှာ ပါဝင်ခဲ့တဲ့ Shield ရဲ့ ယာဉ်ပျံကြီးကို ပြောတာဖြစ်ပါတယ်။

Captain America: The Winter Soldier ထဲက ရုပ်ပြောင်းရုပ်လွှဲ ပြုလုပ်တဲ့ပစ္စည်း

photo credit Marvel Studios

Nick Fury ဟာ Private Jet စီးပြီး Finland ကို ရောက်တဲ့အချိန်မှာတော့ Captain America: The Winter Soldier ထဲက ရုပ်ပြောင်းရုပ်လွှဲ ပြုလုပ်တဲ့ပစ္စည်းကို အသုံးပြုသွားတာ တွေ့ရပါတယ်။ အကြောင်းကတော့ Nick Fury ဟာ Shield အေးဂျင့်ဟောင်း Maria Hill ကို သတ်ဖြတ်မှုနဲ့ နိုင်ငံတကာမှာ ဝရမ်းထုတ်ခံထားရလို့ ဖြစ်ပါတယ်။ အဲဒီပစ္စည်းကိုတော့ MCU ထဲမှာ Black Widow က ပထမဆုံး အသုံးပြုခဲ့တာဖြစ်ပြီး Widow’s Veil လို့ ခေါ်ပါတယ်။

Sonya ရဲ့ ကားထဲကသီချင်း

photo credit Marvel Studios

Nick Fury နဲ့ တွေ့တဲ့အချိန်မှာတော့ Sonya ဟာ ကားထဲမှာ သီချင်းတစ်ပုဒ်ကို ဖွင့်လိုက်ပါတယ်။ အဲဒီသီချင်းရဲ့ နာမည်ကတော့ “Audacity” လို့ခေါ်ပြီး ဗြိတိန်ရက်ပ်ပါ Stormzy က သီဆိုထားပါတယ်။ ဒါ့အပြင် လာနေတဲ့ သီချင်းစာသားဟာလည်း Secret Invasion ဇာတ်လမ်းတွဲရဲ့ Plot ကို Reference ပြုလုပ်ထားသလို ဖြစ်နေပါတယ်။ စာသားကတော့ “သိုးရေခြုံထားတဲ့ ဝံပုလွေက ငါ့ကို အလိမ်အညာတွေ ပြောနေတယ်” လို့ အဓိပ္ပာယ်ရပါတယ်။ ဒီစာသားဟာ ဒီဇာတ်လမ်းတွဲတစ်ခုလုံးရဲ့ Plot ကို တင်စားထားတာပဲ ဖြစ်ပါတယ်။

Nick Fury ရဲ့အုတ်ဂူ

photo credit Marvel Studios

ဒီအပိုင်းရဲ့ အဆုံးသတ်မှာတော့ Nick Fury ဟာ Finland မှာ သူကိုယ်တိုင်ပြုလုပ်ထားတဲ့ သူ့ရဲ့အုတ်ဂူထဲက Avenger တွေရဲ့ DNA ကို ထုတ်ယူခဲ့ပါတယ်။ အဲဒီအချိန်မှာတော့ Sonya ဟာ “နင့်မှာ တခြားအုတ်ဂူတွေ ရှိသေးတယ်မှတ်လား”လို့ မေးခဲ့ပါတယ်။ အကြောင်းကတော့ Captain America: The Winter Soldier ထဲမှာဆိုရင် Nick Fury ဟာ သေချင်ယောင်ဆောင်သွားပြီး Steve Rogers ၊ Sam Wilson နဲ့ Natasha Romanoff တို့သွားခဲ့တဲ့ Nick Fury ရဲ့ အုတ်ဂူက Washington FC မှာ ရှိနေတာကြောင့် ဖြစ်ပါတယ်။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

RELATED ARTICLES

Most Popular