HomeEntertainmentFilmBrad Pitt သရုပ်ဆောင်ဖို့ ငြင်းပယ်ခဲ့တဲ့ နာမည်ကြီးဇာတ်ကောင်များ

Brad Pitt သရုပ်ဆောင်ဖို့ ငြင်းပယ်ခဲ့တဲ့ နာမည်ကြီးဇာတ်ကောင်များ

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

Brat Pitt ဟာ ၁၉၆၃ခုနှစ် ဒီဇင်ဘာလ(၁၈)ရက်နေ့မှာ မွေးဖွားခဲ့ပြီးတော့ အခုချိန်မှာ အသက်(၅၆)နှစ်ရှိနေပြီ ဖြစ်ပါတယ်။ သူဟာ နာမည်ကြီးရုပ်ရှင်ကားတွေ အများကြီးမှာ ပါဝင်သရုပ်ဆောင်ခဲ့ပြီးတော့ ဟောလိဝုဒ်ရုပ်ရှင်လောကထဲက အအောင်မြင်ဆုံး သရုပ်ဆောင်တစ်ယောက်လို့လည်း ပြောလို့ရပါတယ်။ သူဟာ နာမည်ကြီးဇာတ်လမ်းတွေ အများကြီးကို သရုပ်ဆောင်ခဲ့ဖူးသလို သူငြင်းပယ်ခဲ့ဖူးတဲ့  နာမည်ကြီးဇာတ်ကောင်တွေလည်း ရှိခဲ့ပါတယ်။ ဒါကြောင့် ဒီတစ်ခါမှာတော့ Brad Pitt သရုပ်ဆောင်ဖို့ ငြင်းပယ်ခဲ့တဲ့ နာမည်ကြီးဇာတ်ကောင်တွေကို ဖော်ပြပေးချင်ပါတယ်။

(1) The Shawshank Redemption
photo via screenrant

ဒီဇာတ်လမ်းကတော့ ၁၉၉၄ခုနှစ်မှာ ထွက်ခဲ့ပြီးတော့ Stephen King ရဲ့ဝတ္ထုကို ဒါရိုက်တာ Frank Darabont က ပြန်လည်ရိုက်ကူးထားတာ ဖြစ်ပါတယ်။ ဒါ့အပြင် ဒီကားဟာ အော်စကာဆု(၇)ဆုအတွက် စံကာတင်စာရင်းဝင်ခဲ့တဲ့ ဇာတ်ကားဖြစ်ပြီး ဂန္ထဝင်ဇာတ်ကားတွေထဲမှာ ပါဝင်တဲ့ ဇာတ်ကားတစ်ကားလည်း ဖြစ်ပါတယ်။ ဒီဇာတ်ကားထဲမှာတော့ Brad Pitt ကို Tommy Williams ဆိုတဲ့ ဇာတ်ကောင်နေရာမှာ သရုပ်ဆောင်ဖို့အတွက် ကမ်းလှမ်းခဲ့ပါတယ်။

အဲ့ဒီတုန်းက ကမ်းလှမ်းခဲ့တဲ့ ဇာတ်ကောင်နေရာဟာ အဓိကဇာတ်ကောင် မဟုတ်ပေမယ့်လည်း ဇာတ်လမ်းအတွက် အဓိကနေရာမှာ ပါဝင်တဲ့ ဇာတ်ကောင်တစ်ခု ဖြစ်ပါတယ်။ ဒါပေမယ့်လည်း Pitt ဟာ အဲ့ဒီဇာတ်ကောင်နေရာကို ငြင်းပယ်ခဲ့ပြီးတော့ Tom Cruise နဲ့အတူ Interview with Vampire ဇာတ်ကားမှာ သရုပ်ဆောင်ခဲ့ပါတယ်။ ဒါ့အပြင် Pitt ဟာ “အဲ့ဒီဇာတ်ကောင်ကို ငြင်းပယ်ခဲ့တာကြောင့် နောင်တမရပါဘူး။ အဲ့ဒီဇာတ်ကောင်ဟာ တစ်ခြားတစ်ယောက် သရုပ်ဆောင်ရမယ့်ဇာတ်ကောင် ဖြစ်ပါတယ်…” လို့ အင်တာဗျူးတစ်ခုမှာ ပြောခဲ့ဖူးပါတယ်။

(2) Apollo 13
photo via screenrant

ဒီဇာတ်လမ်းကတော့ ၁၉၉၅ခုနှစ်မှာ ထွက်ရှိခဲ့ပြီးတော့ Apollo 13 ဆိုတဲ့ အာကာသထဲမှာ ပြုလုပ်ရမယ့် မစ်ရှင်တစ်ခုအကြောင်းကို ရိုက်ကူးထားတာ ဖြစ်ပါတယ်။ ဒီကားထဲမှာတော့ Tom Hanks ၊ Kevin Bacon နဲ့ Bill Paxton တို့က အာကာသယာဉ်မှူးတွေအဖြစ် သရုပ်ဆောင်ခဲ့ပြီးတော့ ဒီဇာတ်ကားဟာ အော်စကာဆု(၂)ဆုတောင် ရရှိခဲ့ပါတယ်။

Brad Pitt ဟာ အင်တာဗျူးတစ်ခုမှာတော့ အဲ့ဒီဇာတ်ကားထဲက Kevin Bacon သရုပ်ဆောင်ထားတဲ့ Jack Swigert ဆိုတဲ့ ဇာတ်ကောင်နေရာမှာ သရုပ်ဆောင်လုနီးနီးထိ ဖြစ်သွားခဲ့ပေမယ့်လည်း ငြင်းပယ်ခဲ့တယ်လို့ ပြောခဲ့ဖူးပါတယ်။ အကြောင်းကတော့ ၁၉၉၅ခုနှစ်မှာပဲ ထွက်ခဲ့တဲ့ Seven ဆိုတဲ့ ဇာတ်ကားမှာ သရုပ်ဆောင်ဖို့အတွက် ဆုံးဖြတ်ခဲ့တာကြောင့် အဲ့ဒီဇာတ်ကောင်ကို ငြင်းပယ်ခဲ့တာ ဖြစ်ပါတယ်။

(3) The Matrix
photo via screenrant

ဒီဇာတ်ကားကတော့ ၁၉၉၉ခုနှစ်မှာ ထွက်ရှိခဲ့တာဖြစ်ပြီး အော်စကာဆု(၄)ဆုတောင် ရရှိခဲ့တဲ့ ဇာတ်ကားတစ်ခု ဖြစ်ပါတယ်။ ဒီဇာတ်ကားအကြောင်းကတော့ အများကြီး ပြောစရာမလိုဘဲ လူကြိုက်များပြီး အောင်မြင်ခဲ့တဲ့ ဇာတ်ကားတွေထဲက တစ်ခု ဖြစ်ပါတယ်။ ၂၀၁၉ခုနှစ်မှာ ပြုလုပ်ခဲ့တဲ့ ရုပ်ရှင်ပွဲတော်တစ်ခုမှာတော့ Brad Pitt ဟာ ဒီကားထဲက Neo နေရာမှာ ပါဝင်သရုပ်ဆောင်ဖို့အတွက် ကမ်းလှမ်းခံခဲ့ရပါတယ် ဆိုပြီးတော့ ပြောပြခဲ့ပါတယ်။ Neo ဇာတ်ကောင်ကို ငြင်းပြီး Pitt သရုပ်ဆောင်ဖို့ ရွေးချယ်ခဲ့တဲ့ ဇာတ်ကားကတော့ သူ့ရဲ့အအောင်မြင်ဆုံး ရုပ်ရှင်ဇာတ်ကားတွေထဲက တစ်ခုဖြစ်တဲ့ Fight Club ပဲ ဖြစ်ပါတယ်။

(4) Almost Famous
photo via screenrant

ဒီဇာတ်လမ်းကတော့ ၂၀၀၀ခုနှစ်မှာ ထွက်ရှိခဲ့တာဖြစ်ပြီး အော်စကာဆုတစ်ခု ရရှိထားတဲ့ ဟာသဒရာမာဇာတ်ကား ဖြစ်ပါတယ်။ Pitt ဟာ ဒီဇာတ်လမ်းထဲက Russell Hammond လို့ခေါ်တဲ့ ဇာတ်ကောင်နေရာမှာ ပါဝင်သရုပ်ဆောင်ဖို့အတွက် ကမ်းလှမ်းခံခဲ့ရဖူးပါတယ်။ ဒါပေမယ့်လည်း ဒါရိုက်တာဖြစ်သူ Cameron Crowe ဟာ ဒီဇာတ်ကောင်နဲ့ Brad Pitt ဟာ အသက်ကွာခြားမှု အနည်းငယ်ရှိနေတာကြောင့် သိပ်ပြီးအဆင်မပြေလောက်ဘူးလို့ ထင်ခဲ့တဲ့အပြင် Brad Pitt ဟာလည်း အဲ့ဒီဇာတ်ကောင်ကို ငြင်းပယ်ခဲ့ပါတယ်။

(5) The Bourne Identity
photo via screenrant

၂၀၀၂ခုနှစ်တုန်းက ထွက်ရှိခဲ့ပြီး Matt Damon သရုပ်ဆောင်ထားတဲ့ The Bourne Identity ဇာတ်ကားကိုတော့ အက်ရှင်ပရိသတ် တော်တော်များများ ကြည့်ဖူးကြမယ်လို့ ထင်ပါတယ်။ ဒီကားထဲက Jason Bourne ဇာတ်ကောင်နေရာမှာ သရုပ်ဆောင်ဖို့အတွက် Matt Damon ကို မကမ်းလှမ်းခင် အရင်ဆုံး ကမ်းလှမ်းခဲ့တဲ့ သရုပ်ဆောင်ကတော့ Brad Pitt ပဲ ဖြစ်ပါတယ်။

Pitt ဟာ ဒီဇာတ်ကောင်ကို သဘောကျတဲ့အပြင် သူနဲ့လည်း လိုက်ဖက်တယ်လို့ ခံစားရပေမယ့် အဲ့ဒီအချိန်တုန်းက Spy Game ဇာတ်ကားမှာ သရုပ်ဆောင်ဖို့အတွက် သဘောတူပြီးသား ဖြစ်နေတာကြောင့် ဒီဇာတ်ကောင်ကို လက်လွှတ်ခဲ့ရပါတယ်။ အဲ့ဒီနောက်မှသာ Matt Damon ကို ကမ်းလှမ်းခဲ့တာ ဖြစ်ပေမယ့်လည်း Matt Damon ဟာလည်း အကောင်းဆုံး သရုပ်ဆောင်ခဲ့ပြီးတော့ အက်ရှင်ကားတွေထဲမှာလည်း တော်တော်လေးကို အောင်မြင်ခဲ့ပါတယ်။

(6) About A Boy
photo via screenrant

ဒီဇာတ်ကားကတော့ ၂၀၀၂ခုနှစ်မှာ ထွက်ရှိခဲ့တာဖြစ်ပြီး အော်စကာဆုတစ်ဆုအတွက် စံကာတင်စာရင်းဝင်ခဲ့တဲ့ ဇာတ်ကားတစ်ကား ဖြစ်ပါတယ်။ ဇာတ်လမ်းကတော့ တာဝန်ယူမှုလည်း မရှိသလို မရင့်ကျက်သေးတဲ့ Will ဆိုတဲ့လူတစ်ယောက်ဟာ လူကြီးတစ်ယောက်လို ဘယ်လိုနေထိုင်ရမလည်း ဆိုတာကို ကလေးတစ်ယောက်ဆီက ပြန်လည်သင်ယူရတဲ့ အကြောင်းကို ရိုက်ကူးထားတာ ဖြစ်ပါတယ်။ အဲ့ဒီ Will ဆိုတဲ့ ဇာတ်ကောင်နေရာမှာ သရုပ်ဆောင်ဖို့အတွက် Brad Pitt ကို ကမ်းလှမ်းခဲ့ပေမယ့်လည်း သူဟာ အဲ့ဒီဇာတ်ကောင်ကို မကြိုက်တာကြောင့် ငြင်းပယ်ခဲ့ပါတယ်။

(7) The Departed
photo via screenrant

ဒီဇာတ်ကားကတော့ ၂၀၀၆ခုနှစ်မှာ ထွက်ရှိခဲ့တာ ဖြစ်ပြီး အော်စကာဆု(၄)ဆုတောင် ရရှိထားပါတယ်။ ဒီဇာတ်ကားဟာ  Leonardo DiCaprio နဲ့ Matt Damon တို့ သရုပ်ဆောင်ထားတဲ့ မှုခင်းဒရာမာကားပဲ ဖြစ်ပါတယ်။ ဒီဇာတ်လမ်းထဲမှာလည်း Matt Damon သရုပ်ဆောင်ထားတဲ့ Colin Sullivan ဆိုတဲ့ ဇာတ်ကောင်နေရာမှာ သရုပ်ဆောင်ဖို့ Brad Pitt ကို ကမ်းလှမ်းခဲ့ပါသေးတယ်။

ဒါပေမယ့်လည်း Brad Pitt ဟာ “ဒီဇာတ်ကောင်က ပိုပြီးတော့ ငယ်ရွယ်တဲ့ လူတစ်ယောက်နဲ့ဆိုရင် ပိုလိုက်ဖက်မယ်…” လို့ ပြောခဲ့ပြီး ဒီဇာတ်ကောင်ကို ငြင်းပယ်ခဲ့ပါတယ်။ ဒါကြောင့်ပဲ နောက်ပိုင်းမှာတော့ အဲ့ဒီဇာတ်ကောင်နေရာမှာ Matt Damon က ပါဝင်သရုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။

(8) Kick-Ass
photo via screenrant

Iron Man နဲ့ The Dark Knight တို့ ထွက်ခဲ့ပြီးချိန် နောက်ပိုင်းကစလို့ စူပါဟီးရိုးရုပ်ရှင်တွေဟာ ဟောလိဝုဒ်ရုပ်ရှင်လောကကို တဖြည်းဖြည်းနဲ့ ကြီးစိုးလာခဲ့ပါတယ်။ ဒီ Kick-Ass ဇာတ်ကားကတော့ ၂၀၁၀ခုနှစ်မှာ ထွက်ရှိခဲ့တာဖြစ်ပြီးတော့ သဘာဝအဆန်ဆုံး ဟီးရိုးဇာတ်လမ်းတွေထဲက တစ်ခုလည်း ဖြစ်ပါတယ်။

ဒီကားကို ရိုက်ဖို့ ရုပ်ရှင်ထုတ်လုပ်သူတွေ စတင်စီစဉ်ကြချိန်မှာ Damon Macready (Big Daddy) ဆိုတဲ့ ဇာတ်ကောင်အတွက် သူတို့နှစ်သက်တဲ့ မင်းသားဟာ Brad Pitt သာ ဖြစ်ခဲ့ပါတယ်။ ဒါကြောင့်လည်း Brad Pitt ကို လိုလိုလားလားနဲ့ ကမ်းလှမ်းခဲ့ကြပေမယ့် တစ်ဖက်မှာ Inglourious Basterds ဇာတ်ကားကို ရိုက်ကူးနေတဲ့ Pitt ဟာ သူရွေးချယ်ထားတဲ့ ဇာတ်ကားပေါ်မှာ အာရုံစိုက်ချင်တာကြောင့် ကမ်းလှမ်းလာတဲ့ Big Daddy ဇာတ်ကောင်ကို ငြင်းပယ်ခဲ့ပါတယ်။

ဒါကတော့ နာမည်ကျော်မင်းသားကြီး Brad Pitt ငြင်းပယ်ခဲ့ဖူးတဲ့ နာမည်ကြီးဇာတ်ကောင်တွေပဲ ဖြစ်ပါတယ်။ စာဖတ်သူတို့ နှစ်သက်တဲ့ မင်းသားကြီးရဲ့ ဇာတ်ကောင်တွေကိုလည်း မျှဝေပေးခဲ့ပါဦး။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

(Zawgyi Version)

Brat Pitt ဟာ ၁၉၆၃ခုႏွစ္ ဒီဇင္ဘာလ(၁၈)ရက္ေန႔မွာ ေမြးဖြားခဲ့ၿပီးေတာ့ အခုခ်ိန္မွာ အသက္(၅၆)ႏွစ္ရွိေနၿပီ ျဖစ္ပါတယ္။ သူဟာ နာမည္ႀကီး႐ုပ္ရွင္ကားေတြ အမ်ားႀကီးမွာ ပါဝင္သ႐ုပ္ေဆာင္ခဲ့ၿပီးေတာ့ ေဟာလိဝုဒ္႐ုပ္ရွင္ေလာကထဲက အေအာင္ျမင္ဆုံး သ႐ုပ္ေဆာင္တစ္ေယာက္လို႔လည္း ေျပာလို႔ရပါတယ္။ သူဟာ နာမည္ႀကီးဇာတ္လမ္းေတြ အမ်ားႀကီးကို သ႐ုပ္ေဆာင္ခဲ့ဖူးသလို သူျငင္းပယ္ခဲ့ဖူးတဲ့  နာမည္ႀကီးဇာတ္ေကာင္ေတြလည္း ရွိခဲ့ပါတယ္။ ဒါေၾကာင့္ ဒီတစ္ခါမွာေတာ့ Brad Pitt သ႐ုပ္ေဆာင္ဖို႔ ျငင္းပယ္ခဲ့တဲ့ နာမည္ႀကီးဇာတ္ေကာင္ေတြကို ေဖာ္ျပေပးခ်င္ပါတယ္။

(1) The Shawshank Redemption
photo via screenrant

ဒီဇာတ္လမ္းကေတာ့ ၁၉၉၄ခုႏွစ္မွာ ထြက္ခဲ့ၿပီးေတာ့ Stephen King ရဲ႕ဝတၳဳကို ဒါ႐ိုက္တာ Frank Darabont က ျပန္လည္႐ိုက္ကူးထားတာ ျဖစ္ပါတယ္။ ဒါ့အျပင္ ဒီကားဟာ ေအာ္စကာဆု(၇)ဆုအတြက္ စံကာတင္စာရင္းဝင္ခဲ့တဲ့ ဇာတ္ကားျဖစ္ၿပီး ဂႏၴဝင္ဇာတ္ကားေတြထဲမွာ ပါဝင္တဲ့ ဇာတ္ကားတစ္ကားလည္း ျဖစ္ပါတယ္။ ဒီဇာတ္ကားထဲမွာေတာ့ Brad Pitt ကို Tommy Williams ဆိုတဲ့ ဇာတ္ေကာင္ေနရာမွာ သ႐ုပ္ေဆာင္ဖို႔အတြက္ ကမ္းလွမ္းခဲ့ပါတယ္။

အဲ့ဒီတုန္းက ကမ္းလွမ္းခဲ့တဲ့ ဇာတ္ေကာင္ေနရာဟာ အဓိကဇာတ္ေကာင္ မဟုတ္ေပမယ့္လည္း ဇာတ္လမ္းအတြက္ အဓိကေနရာမွာ ပါဝင္တဲ့ ဇာတ္ေကာင္တစ္ခု ျဖစ္ပါတယ္။ ဒါေပမယ့္လည္း Pitt ဟာ အဲ့ဒီဇာတ္ေကာင္ေနရာကို ျငင္းပယ္ခဲ့ၿပီးေတာ့ Tom Cruise နဲ႔အတူ Interview with Vampire ဇာတ္ကားမွာ သ႐ုပ္ေဆာင္ခဲ့ပါတယ္။ ဒါ့အျပင္ Pitt ဟာ “အဲ့ဒီဇာတ္ေကာင္ကို ျငင္းပယ္ခဲ့တာေၾကာင့္ ေနာင္တမရပါဘူး။ အဲ့ဒီဇာတ္ေကာင္ဟာ တစ္ျခားတစ္ေယာက္ သ႐ုပ္ေဆာင္ရမယ့္ဇာတ္ေကာင္ ျဖစ္ပါတယ္…” လို႔ အင္တာဗ်ဴးတစ္ခုမွာ ေျပာခဲ့ဖူးပါတယ္။

(2) Apollo 13
photo via screenrant

ဒီဇာတ္လမ္းကေတာ့ ၁၉၉၅ခုႏွစ္မွာ ထြက္ရွိခဲ့ၿပီးေတာ့ Apollo 13 ဆိုတဲ့ အာကာသထဲမွာ ျပဳလုပ္ရမယ့္ မစ္ရွင္တစ္ခုအေၾကာင္းကို ႐ိုက္ကူးထားတာ ျဖစ္ပါတယ္။ ဒီကားထဲမွာေတာ့ Tom Hanks ၊ Kevin Bacon နဲ႔ Bill Paxton တို႔က အာကာသယာဥ္မႉးေတြအျဖစ္ သ႐ုပ္ေဆာင္ခဲ့ၿပီးေတာ့ ဒီဇာတ္ကားဟာ ေအာ္စကာဆု(၂)ဆုေတာင္ ရရွိခဲ့ပါတယ္။

Brad Pitt ဟာ အင္တာဗ်ဴးတစ္ခုမွာေတာ့ အဲ့ဒီဇာတ္ကားထဲက Kevin Bacon သ႐ုပ္ေဆာင္ထားတဲ့ Jack Swigert ဆိုတဲ့ ဇာတ္ေကာင္ေနရာမွာ သ႐ုပ္ေဆာင္လုနီးနီးထိ ျဖစ္သြားခဲ့ေပမယ့္လည္း ျငင္းပယ္ခဲ့တယ္လို႔ ေျပာခဲ့ဖူးပါတယ္။ အေၾကာင္းကေတာ့ ၁၉၉၅ခုႏွစ္မွာပဲ ထြက္ခဲ့တဲ့ Seven ဆိုတဲ့ ဇာတ္ကားမွာ သ႐ုပ္ေဆာင္ဖို႔အတြက္ ဆုံးျဖတ္ခဲ့တာေၾကာင့္ အဲ့ဒီဇာတ္ေကာင္ကို ျငင္းပယ္ခဲ့တာ ျဖစ္ပါတယ္။

(3) The Matrix
photo via screenrant

ဒီဇာတ္ကားကေတာ့ ၁၉၉၉ခုႏွစ္မွာ ထြက္ရွိခဲ့တာျဖစ္ၿပီး ေအာ္စကာဆု(၄)ဆုေတာင္ ရရွိခဲ့တဲ့ ဇာတ္ကားတစ္ခု ျဖစ္ပါတယ္။ ဒီဇာတ္ကားအေၾကာင္းကေတာ့ အမ်ားႀကီး ေျပာစရာမလိုဘဲ လူႀကိဳက္မ်ားၿပီး ေအာင္ျမင္ခဲ့တဲ့ ဇာတ္ကားေတြထဲက တစ္ခု ျဖစ္ပါတယ္။ ၂၀၁၉ခုႏွစ္မွာ ျပဳလုပ္ခဲ့တဲ့ ႐ုပ္ရွင္ပြဲေတာ္တစ္ခုမွာေတာ့ Brad Pitt ဟာ ဒီကားထဲက Neo ေနရာမွာ ပါဝင္သ႐ုပ္ေဆာင္ဖို႔အတြက္ ကမ္းလွမ္းခံခဲ့ရပါတယ္ ဆိုၿပီးေတာ့ ေျပာျပခဲ့ပါတယ္။ Neo ဇာတ္ေကာင္ကို ျငင္းၿပီး Pitt သ႐ုပ္ေဆာင္ဖို႔ ေ႐ြးခ်ယ္ခဲ့တဲ့ ဇာတ္ကားကေတာ့ သူ႔ရဲ႕အေအာင္ျမင္ဆုံး ႐ုပ္ရွင္ဇာတ္ကားေတြထဲက တစ္ခုျဖစ္တဲ့ Fight Club ပဲ ျဖစ္ပါတယ္။

(4) Almost Famous
photo via screenrant

ဒီဇာတ္လမ္းကေတာ့ ၂၀၀၀ခုႏွစ္မွာ ထြက္ရွိခဲ့တာျဖစ္ၿပီး ေအာ္စကာဆုတစ္ခု ရရွိထားတဲ့ ဟာသဒရာမာဇာတ္ကား ျဖစ္ပါတယ္။ Pitt ဟာ ဒီဇာတ္လမ္းထဲက Russell Hammond လို႔ေခၚတဲ့ ဇာတ္ေကာင္ေနရာမွာ ပါဝင္သ႐ုပ္ေဆာင္ဖို႔အတြက္ ကမ္းလွမ္းခံခဲ့ရဖူးပါတယ္။ ဒါေပမယ့္လည္း ဒါ႐ိုက္တာျဖစ္သူ Cameron Crowe ဟာ ဒီဇာတ္ေကာင္နဲ႔ Brad Pitt ဟာ အသက္ကြာျခားမႈ အနည္းငယ္ရွိေနတာေၾကာင့္ သိပ္ၿပီးအဆင္မေျပေလာက္ဘူးလို႔ ထင္ခဲ့တဲ့အျပင္ Brad Pitt ဟာလည္း အဲ့ဒီဇာတ္ေကာင္ကို ျငင္းပယ္ခဲ့ပါတယ္။

(5) The Bourne Identity
photo via screenrant

၂၀၀၂ခုႏွစ္တုန္းက ထြက္ရွိခဲ့ၿပီး Matt Damon သ႐ုပ္ေဆာင္ထားတဲ့ The Bourne Identity ဇာတ္ကားကိုေတာ့ အက္ရွင္ပရိသတ္ ေတာ္ေတာ္မ်ားမ်ား ၾကည့္ဖူးၾကမယ္လို႔ ထင္ပါတယ္။ ဒီကားထဲက Jason Bourne ဇာတ္ေကာင္ေနရာမွာ သ႐ုပ္ေဆာင္ဖို႔အတြက္ Matt Damon ကို မကမ္းလွမ္းခင္ အရင္ဆုံး ကမ္းလွမ္းခဲ့တဲ့ သ႐ုပ္ေဆာင္ကေတာ့ Brad Pitt ပဲ ျဖစ္ပါတယ္။

Pitt ဟာ ဒီဇာတ္ေကာင္ကို သေဘာက်တဲ့အျပင္ သူနဲ႔လည္း လိုက္ဖက္တယ္လို႔ ခံစားရေပမယ့္ အဲ့ဒီအခ်ိန္တုန္းက Spy Game ဇာတ္ကားမွာ သ႐ုပ္ေဆာင္ဖို႔အတြက္ သေဘာတူၿပီးသား ျဖစ္ေနတာေၾကာင့္ ဒီဇာတ္ေကာင္ကို လက္လႊတ္ခဲ့ရပါတယ္။ အဲ့ဒီေနာက္မွသာ Matt Damon ကို ကမ္းလွမ္းခဲ့တာ ျဖစ္ေပမယ့္လည္း Matt Damon ဟာလည္း အေကာင္းဆုံး သ႐ုပ္ေဆာင္ခဲ့ၿပီးေတာ့ အက္ရွင္ကားေတြထဲမွာလည္း ေတာ္ေတာ္ေလးကို ေအာင္ျမင္ခဲ့ပါတယ္။

(6) About A Boy
photo via screenrant

ဒီဇာတ္ကားကေတာ့ ၂၀၀၂ခုႏွစ္မွာ ထြက္ရွိခဲ့တာျဖစ္ၿပီး ေအာ္စကာဆုတစ္ဆုအတြက္ စံကာတင္စာရင္းဝင္ခဲ့တဲ့ ဇာတ္ကားတစ္ကား ျဖစ္ပါတယ္။ ဇာတ္လမ္းကေတာ့ တာဝန္ယူမႈလည္း မရွိသလို မရင့္က်က္ေသးတဲ့ Will ဆိုတဲ့လူတစ္ေယာက္ဟာ လူႀကီးတစ္ေယာက္လို ဘယ္လိုေနထိုင္ရမလည္း ဆိုတာကို ကေလးတစ္ေယာက္ဆီက ျပန္လည္သင္ယူရတဲ့ အေၾကာင္းကို ႐ိုက္ကူးထားတာ ျဖစ္ပါတယ္။ အဲ့ဒီ Will ဆိုတဲ့ ဇာတ္ေကာင္ေနရာမွာ သ႐ုပ္ေဆာင္ဖို႔အတြက္ Brad Pitt ကို ကမ္းလွမ္းခဲ့ေပမယ့္လည္း သူဟာ အဲ့ဒီဇာတ္ေကာင္ကို မႀကိဳက္တာေၾကာင့္ ျငင္းပယ္ခဲ့ပါတယ္။

(7) The Departed
photo via screenrant

ဒီဇာတ္ကားကေတာ့ ၂၀၀၆ခုႏွစ္မွာ ထြက္ရွိခဲ့တာ ျဖစ္ၿပီး ေအာ္စကာဆု(၄)ဆုေတာင္ ရရွိထားပါတယ္။ ဒီဇာတ္ကားဟာ  Leonardo DiCaprio နဲ႔ Matt Damon တို႔ သ႐ုပ္ေဆာင္ထားတဲ့ မႈခင္းဒရာမာကားပဲ ျဖစ္ပါတယ္။ ဒီဇာတ္လမ္းထဲမွာလည္း Matt Damon သ႐ုပ္ေဆာင္ထားတဲ့ Colin Sullivan ဆိုတဲ့ ဇာတ္ေကာင္ေနရာမွာ သ႐ုပ္ေဆာင္ဖို႔ Brad Pitt ကို ကမ္းလွမ္းခဲ့ပါေသးတယ္။

ဒါေပမယ့္လည္း Brad Pitt ဟာ “ဒီဇာတ္ေကာင္က ပိုၿပီးေတာ့ ငယ္႐ြယ္တဲ့ လူတစ္ေယာက္နဲ႔ဆိုရင္ ပိုလိုက္ဖက္မယ္…” လို႔ ေျပာခဲ့ၿပီး ဒီဇာတ္ေကာင္ကို ျငင္းပယ္ခဲ့ပါတယ္။ ဒါေၾကာင့္ပဲ ေနာက္ပိုင္းမွာေတာ့ အဲ့ဒီဇာတ္ေကာင္ေနရာမွာ Matt Damon က ပါဝင္သ႐ုပ္ေဆာင္ခဲ့တာ ျဖစ္ပါတယ္။

(8) Kick-Ass
photo via screenrant

Iron Man နဲ႔ The Dark Knight တို႔ ထြက္ခဲ့ၿပီးခ်ိန္ ေနာက္ပိုင္းကစလို႔ စူပါဟီး႐ိုး႐ုပ္ရွင္ေတြဟာ ေဟာလိဝုဒ္႐ုပ္ရွင္ေလာကကို တျဖည္းျဖည္းနဲ႔ ႀကီးစိုးလာခဲ့ပါတယ္။ ဒီ Kick-Ass ဇာတ္ကားကေတာ့ ၂၀၁၀ခုႏွစ္မွာ ထြက္ရွိခဲ့တာျဖစ္ၿပီးေတာ့ သဘာဝအဆန္ဆုံး ဟီး႐ိုးဇာတ္လမ္းေတြထဲက တစ္ခုလည္း ျဖစ္ပါတယ္။

ဒီကားကို ႐ိုက္ဖို႔ ႐ုပ္ရွင္ထုတ္လုပ္သူေတြ စတင္စီစဥ္ၾကခ်ိန္မွာ Damon Macready (Big Daddy) ဆိုတဲ့ ဇာတ္ေကာင္အတြက္ သူတို႔ႏွစ္သက္တဲ့ မင္းသားဟာ Brad Pitt သာ ျဖစ္ခဲ့ပါတယ္။ ဒါေၾကာင့္လည္း Brad Pitt ကို လိုလိုလားလားနဲ႔ ကမ္းလွမ္းခဲ့ၾကေပမယ့္ တစ္ဖက္မွာ Inglourious Basterds ဇာတ္ကားကို ႐ိုက္ကူးေနတဲ့ Pitt ဟာ သူေ႐ြးခ်ယ္ထားတဲ့ ဇာတ္ကားေပၚမွာ အာ႐ုံစိုက္ခ်င္တာေၾကာင့္ ကမ္းလွမ္းလာတဲ့ Big Daddy ဇာတ္ေကာင္ကို ျငင္းပယ္ခဲ့ပါတယ္။

ဒါကေတာ့ နာမည္ေက်ာ္မင္းသားႀကီး Brad Pitt ျငင္းပယ္ခဲ့ဖူးတဲ့ နာမည္ႀကီးဇာတ္ေကာင္ေတြပဲ ျဖစ္ပါတယ္။ စာဖတ္သူတို႔ ႏွစ္သက္တဲ့ မင္းသားႀကီးရဲ႕ ဇာတ္ေကာင္ေတြကိုလည္း မွ်ေဝေပးခဲ့ပါဦး။

Legos

(ဆံရစ္ဝိုင္းဝက္ဘ္ဆိုဒ္တြင္ ေဖာ္ျပထားေသာ သတင္း၊ေဆာင္းပါးမ်ားကို အျခားမည္သည့္ ဝက္ဘ္ဆိုဒ္၊ Facebook စာမ်က္ႏွာတြင္မွ် ကူးယူေဖာ္ျပခြင့္ မျပဳပါေၾကာင္း အသိေပးအပ္ပါသည္။)

RELATED ARTICLES

Most Popular